HomeEntertainmentFilm၂၀၂၃ ခုနှစ်မှာ စတင်ရိုက်ကူးသွားမယ့် Peaky Blinders ရုပ်ရှင်

၂၀၂၃ ခုနှစ်မှာ စတင်ရိုက်ကူးသွားမယ့် Peaky Blinders ရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Peaky Blinders ဇာတ်လမ်းတွဲကို ဖန်တီးသူ Steven Knight ဟာ Shelby မိသားစုအကြောင်းကို ဖန်တီးသွားမယ့် ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်မှာ စတင်ရိုက်ကူးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ Steven Knight ဟာ A Girl in the Spider’s Web နဲ့ See တို့လို ဇာတ်လမ်းတွေအတွက်လည်း ဇာတ်ညွှန်းရေးသားခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ၂၀ ရာစုအတွင်းက Birmingham မြို့မှာ တကယ်ရှိခဲ့တဲ့ Peaky Blinders ဂိုဏ်းကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

photo via screenrant

အစတုန်းကတော့ ဒီဇာတ်လမ်းတွဲဟာ BBC ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှ Netflix က မူပိုင်ခွင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပထမကမ္ဘာစစ်အပြီးကာလမှာ အခြေခံထားပြီး Shelby မိသားစုဟာ သူတို့ရဲ့ဂိုဏ်းကို တဖြည်းဖြည်းနဲ့ ကြီးမားလာအောင် ပြုလုပ်ကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ နောက်ဆုံး Season ဟာ ၂၀၂၂ ခုနှစ်မှာ ပြသသွားမယ်လို့ သိရပါတယ်။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ Steven Knight ဟာ ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံး Season ကို ရိုက်ကူးအပြီးမှာ Shelby မိသားစုတွေအကြောင်း ရုပ်ရှင်တစ်ကား ရိုက်ကူးသွားဦးမယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ နောက်ဆုံး Season ဟာ ရိုက်ကူးရေး ပြီးဆုံးသွားပြီဖြစ်ပြီး ထုတ်လွှင့်ဖို့အတွက် ပြင်ဆင်မှုတွေလည်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီ။ နောက်ဆုံး Season အပြီးမှာ ရိုက်ကူးသွားမယ့် ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာ ရိုက်ကူးရေးစတင်သွားပြီး ဒီရုပ်ရှင်ဟာ Shelby မိသားစုရဲ့ အဆုံးသတ်ကို ပုံဖော်သွားမှာ ဖြစ်ပါတယ်။

photo via screenrant

Season 5 ကိုတော့ ၂၀၁၉ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး နောက်ဆုံး Season ဟာ ၂၀၂၀ ခုနှစ် မတ်လမှာ ပြသသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အားလုံးသိကြတဲ့အတိုင်း ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေများစွာ ဖြစ်သွားခဲ့တာကြောင့် ၂၀၂၂ ခုနှစ်မှ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ နောက်ဆုံး Season ကို ကြည့်ရှုဖို့အတွက် စိတ်အားထက်သန်နေကြပြီး သတင်းကောင်းကတော့ နောက်ဆုံး Season ပြီးဆုံးသွားရင်တောင် Shelby မိသားစုတွေကို ရုပ်ရှင်တစ်ကားအနေနဲ့ ထပ်မံမြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Peaky Blinders ဇာတ္လမ္းတြဲကို ဖန္တီးသူ Steven Knight ဟာ Shelby မိသားစုအေၾကာင္းကို ဖန္တီးသြားမယ့္ ႐ုပ္ရွင္ဟာ ၂၀၂၃ ခုႏွစ္မွာ စတင္႐ိုက္ကူးသြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။ Steven Knight ဟာ A Girl in the Spider’s Web နဲ႔ See တို႔လို ဇာတ္လမ္းေတြအတြက္လည္း ဇာတ္ၫႊန္းေရးသားခဲ့ဖူးပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ၂၀ ရာစုအတြင္းက Birmingham ၿမိဳ႕မွာ တကယ္ရွိခဲ့တဲ့ Peaky Blinders ဂိုဏ္းကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။

photo via screenrant

အစတုန္းကေတာ့ ဒီဇာတ္လမ္းတြဲဟာ BBC ႐ုပ္သံလိုင္းက ထုတ္လႊင့္ျပသခဲ့တာ ျဖစ္ၿပီး ေနာက္ပိုင္းမွ Netflix က မူပိုင္ခြင့္ ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ပထမကမာၻစစ္အၿပီးကာလမွာ အေျခခံထားၿပီး Shelby မိသားစုဟာ သူတို႔ရဲ႕ဂိုဏ္းကို တျဖည္းျဖည္းနဲ႔ ႀကီးမားလာေအာင္ ျပဳလုပ္ၾကပုံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ ေနာက္ဆုံး Season ဟာ ၂၀၂၂ ခုႏွစ္မွာ ျပသသြားမယ္လို႔ သိရပါတယ္။

Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ Steven Knight ဟာ ဒီဇာတ္လမ္းတြဲရဲ႕ ေနာက္ဆုံး Season ကို ႐ိုက္ကူးအၿပီးမွာ Shelby မိသားစုေတြအေၾကာင္း ႐ုပ္ရွင္တစ္ကား ႐ိုက္ကူးသြားဦးမယ္လို႔ သိရပါတယ္။ ေလာေလာဆယ္မွာေတာ့ ေနာက္ဆုံး Season ဟာ ႐ိုက္ကူးေရး ၿပီးဆုံးသြားၿပီျဖစ္ၿပီး ထုတ္လႊင့္ဖို႔အတြက္ ျပင္ဆင္မႈေတြလည္း ၿပီးဆုံးလုနီးပါး ျဖစ္ေနၿပီ။ ေနာက္ဆုံး Season အၿပီးမွာ ႐ိုက္ကူးသြားမယ့္ ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၃ ခုႏွစ္မွာ ႐ိုက္ကူးေရးစတင္သြားၿပီး ဒီ႐ုပ္ရွင္ဟာ Shelby မိသားစုရဲ႕ အဆုံးသတ္ကို ပုံေဖာ္သြားမွာ ျဖစ္ပါတယ္။

photo via screenrant

Season 5 ကိုေတာ့ ၂၀၁၉ ခုႏွစ္မွာ ထုတ္လႊင့္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံး Season ဟာ ၂၀၂၀ ခုႏွစ္ မတ္လမွာ ျပသသြားဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အားလုံးသိၾကတဲ့အတိုင္း ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးမႈေတြမ်ားစြာ ျဖစ္သြားခဲ့တာေၾကာင့္ ၂၀၂၂ ခုႏွစ္မွ ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ေနာက္ဆုံး Season ကို ၾကည့္ရႈဖို႔အတြက္ စိတ္အားထက္သန္ေနၾကၿပီး သတင္းေကာင္းကေတာ့ ေနာက္ဆုံး Season ၿပီးဆုံးသြားရင္ေတာင္ Shelby မိသားစုေတြကို ႐ုပ္ရွင္တစ္ကားအေနနဲ႔ ထပ္မံျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular