HomeCharacterPennywise ရဲ့ ပစ်မှတ်ဟာ ကလေးတွေပဲ ဖြစ်နေရတဲ့နောက်ကွယ်က အကြောင်းရင်း 

Pennywise ရဲ့ ပစ်မှတ်ဟာ ကလေးတွေပဲ ဖြစ်နေရတဲ့နောက်ကွယ်က အကြောင်းရင်း 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

IT ဟာ နာမည်ကျော် ထိတ်လန့်သည်းဖို စာရေးဆရာကြီးဖြစ်တဲ့ Stephen King ရဲ့ နာမည်ကျော် လက်ရာတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဝတ္ထုအဖြစ် ထုတ်ဝေတုန်းကလည်း အောင်မြင်ခဲ့သလို ရုပ်ရှင်အဖြစ် ပြန်ရိုက်တော့လည်း ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။ IT ရုပ်ရှင်ကို ကြည့်ဖူးသူတွေအနေနဲ့ Pennywise က ကလေးတွေကိုပဲ ပစ်မှတ်ထားတာဟာ သူတို့ရဲ့ကြောက်စိတ်တွေက ရိုးရှင်းလို့ဆိုတဲ့ အကြောင်းကို သတိထားမိကြမှာပါ။ သို့ပေမယ့် ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ နောက်ကွယ်မှာ မြှုပ်ထားတဲ့ နက်နဲတဲ့ အဓိပ္ပာယ်တွေ ရှိနေသေးတယ်လို့ ပရိသတ်အချို့က ယူဆထားကြပါတယ်။

Stephen King ဟာ သူ့ရဲ့ဝတ္ထုပေါင်းများစွာထဲမှာ လူ၊ အရာဝတ္ထု၊ မကောင်းဆိုးဝါးစတာတွေရဲ့ ခြောက်လှန့်မှုတွေကို လက်ရာမြောက်အောင် ဖန်တီးရေးသားပြထားတဲ့ စာရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ ဆရာကြီးရဲ့လက်ရာတွေထဲမှာ ၁၉၈၆ခုနှစ်က ထုတ်ဝေခဲ့တဲ့ IT ဝတ္ထုကလည်း နာမည်ကျော်ဝတ္ထုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Photo via imdb

IT ဝတ္ထုဇာတ်လမ်းထဲမှာတော့ Derry ဆိုတဲ့ စိတ်ကူးယဉ်မြို့လေးမှာ loser club လို့ နာမည်ပေးထားတဲ့ အဖွဲ့လေးတစ်ဖွဲ့က ကလေးတွေရှိပြီး တစ်ဘက်မှာတော့ မြို့ရဲ့အောက်ခြေမှာ နေထိုင်ပြီး ပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့ မကောင်းဆိုးဝါးတစ်ကောင် ရှိနေတဲ့အကြောင်း ပုံဖော်ထားပါတယ်။ အဆိုပါ မကောင်းဆိုးဝါးကြီးကို loser club က ကလေးတွေကတော့ IT လို့ နာမည်ပေးထားပြီး သူဟာ (၂၇)နှစ်ပြည့်တိုင်း တစ်ခါ ပြန်လည်နိုးထလာကာ ကလေးတွေကို ပစ်မှတ်ထား စားသုံးလေ့ ရှိပါတယ်။

IT ဝတ္ထုဟာ အကြောက်တရား၊ လျစ်လျူရှုမှု၊ ကလေးဘဝရဲ့ ဖြူစင်မှုများ ပျောက်ဆုံးမှု အစရှိတဲ့ အကြောင်းအရာတွေနဲ့ သိုင်းဝိုင်းပုံဖော်ထားပါတယ်။ သို့ပေမယ့် အချို့သော စာဖတ်သူတွေကတော့ ဒီအဓိပ္ပာယ်တွေအပြင် IT ဟာ အခြားသော နက်နဲတဲ့ အဓိပ္ပာယ်တစ်ခုကိုလည်း တင်စားပုံဖော်ထားတယ်လို့ ယူဆထားကြပါတယ်။

ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုကို တင်စားပုံဖော်ထားတဲ့ Stephen King ရဲ့ IT
Photo via imdb

တကယ်တော့ IT ဇာတ်လမ်းတစ်ခုလုံးဟာ ကလေးသူငယ် ညှင်းပန်းနှိပ်စက်သူနဲ့ ဒီစက်ကွင်းမှာ ကျရောက်ရတဲ့ ကလေးငယ်တွေရဲ့ အကြောင်းကို စိတ်ကူးယဉ် တင်စားပုံဖော်ထားတာလို့လည်း ယူဆနိုင်ပါတယ်။ IT ဟာ အားနည်းပြီး ပစ်မှတ်ထားရလွယ်တဲ့ ကလေးတွေကို ရွေးချယ်တဲ့ပုံစံဟာ အပြင်လောကမှာ ဒီလိုကျူးလွန်လေ့ရှိတဲ့ တရားခံတွေရဲ့ အမူအကျင့်တွေနဲ့ ဆင်တူနေပါတယ်။

အပြင်လောကနဲ့ ပိုတူနေရတဲ့ နောက်ထပ် အမူအကျင့်တစ်ခုကတော့ အချိန်ကာလ အပိုင်းအခြားတစ်ခု ရောက်တော့မှ တစ်ပတ်လည် ထပ်ကျူးလွန်တဲ့ပုံစံ ဖြစ်ပါတယ်။ ဒီလိုကျူးလွန်သူအများစုဟာ သူတို့ရဲ့ပစ်မှတ်ဖြစ်တဲ့ ကလေးငယ်တွေနဲ့ ရင်းနှီးပြီး ကြင်နာသနားတတ်တဲ့ပုံစံ အသွင်ယူပြီးတော့မှ ကျူးလွန်ကြတာ ဖြစ်ပါတယ်။

Photo via imdb

ဒီအကြောင်းအရာတင်မက ပရိသတ်တွေ နောက်ထပ် ဆွေးနွေးထားကြတဲ့ ပွိုင့်တစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ ကလေးတွေမှာ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတွေကို လူကြီးတွေအနေနဲ့ လျစ်လျူရှုခြင်းပါပဲ။ အပြင်လောကမှာဆိုရင် တစ်ချို့လူကြီးတွေဟာ ဒီလိုအဖြစ်အပျက်မျိုး ကိုယ့်မျက်စိရှေ့မှာ မြင်တွေ့ရရင်တောင် အရှုပ်ထုပ်ထဲ ပါမှာစိုးတဲ့ စိုးရိမ်စိတ်နဲ့ မသိကျိုးကျွန်ပြုနေတတ်ကြတာဟာ ကလေးတွေအတွက် ပိုဆိုးရွားတဲ့ ကံကြမ္မာကို ဖန်တီးပေးရာ ရောက်စေပါတယ်။

IT ထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းနဲ့ ဥပမာပေးရရင် Beverly ရဲ့ သွေးတွေ ပေကျံနေတဲ့ ရေချိုးခန်းကို သူ့အဖေက လုံးဝမမြင်တဲ့ ဇာတ်ဝင်ခန်း ဖြစ်ပါတယ်။ တကယ့်လက်တွေ့ဘဝမှာဆိုရင်လည်း လူကြီးအများစုဟာ ကလေးတွေပြောတဲ့ အရာတွေကို မယုံကြည်တတ်ကြဘဲ လျစ်လျူရှုထားတတ်ကြတာနဲ့ သဘောတရား အတူတူပဲ ဖြစ်ပါတယ်။

Photo via imdb

ကလေးတွေရဲ့ စိတ်ထဲမှာရှိနေတဲ့ အကြီးမားဆုံးသော အကြောက်တရားကို အသွင်ပြောင်းနိုင်စွမ်းရှိတဲ့ IT ဟာ ကလေးတွေကို တုန်ရင်နေအောင် ကြောက်လန့်စေနိုင်စွမ်း ရှိပြီး ပိုမိုလွှမ်းမိုးနိုင်စွမ်းတွေ ရရှိလာပါတယ်။ ဒါဟာ ကလေးတွေကို တန်ပြန်တိုက်ခိုက်ဖို့ မတတ်သာအောင် လှည့်စားတဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် loser club ထဲက ကလေးတွေအကုန်လုံးကို ရဖို့အတွက် တစ်ယောက်ချင်းစီကို သွေးကွဲအောင် တိုက်ထုတ်ပြီးမှ တစ်ယောက်ချင်းစီ လိုက်လံတိုက်ခိုက်တတ်တဲ့ ဗျူဟာကိုလည်း Pennywise ကြီးက သုံးစွဲလေ့ ရှိပါတယ်။

ကလေးငယ်တွေကို ညှင်းပန်းနှိပ်စက်သူတွေမှာဆိုရင်လည်း ကျူးလွန်ရလွယ်ကူအောင် ကလေးကို တစ်ယောက်တည်းဖြစ်စေမယ့် နည်းလမ်းကို ရှာဖွေတတ်ကြတာက Pennywise ရဲ့ နည်းလမ်းနဲ့ အတူတူပါပဲ။ IT ထဲမှာ Bill ကို အနိုင်ယူဖို့အတွက် Georgie ရဲ့ပုံစံကို အသွင်ယူတာမျိုးကလည်း ပြင်ပက တကယ့်တရားခံတွေလိုပဲ ရင်းနှီးချစ်ခင်ဖွယ်ရာ၊ အပြစ်ကင်းစင်သူတစ်ယောက်လို ကလေးရဲ့စိတ်ထဲမှာ ထင်မြင်သွားအောင် ပုံမှားရိုက်တဲ့နည်းလမ်း ဖြစ်ပါတယ်။

Photo via imdb

IT ဝတ္ထုဟာ တကယ်တမ်း နက်နက်ရှိုင်းရှိုင်း တူးဆွကြည့်မယ်ဆိုရင် အလွှာတွေ အထပ်ထပ် ပါဝင်နေပြီး ရှုပ်ထေွးတဲ့ ဖွဲ့စည်းပုံနဲ့ တည်ဆောက်ထားပါတယ်။ ဆရာကြီး Stephen King ကတော့ တမင်ရည်ရွယ်ချက်နဲ့ ရည်ညွှန်းထားတာ ဖြစ်ချင်မှ ဖြစ်နိုင်မှာ မှန်ပေမယ့် ဒီရှုထောင့်ကနေ ကြည့်လိုက်မယ်ဆိုရင်တော့ IT ဇာတ်ကားဟာ တစ်မျိုးတစ်ဖုံ အဓိပ္ပာယ် ပြောင်းလဲသွားမယ်ဆိုတာ အသေအချာပါပဲလို့ တင်ပြရင်း … ။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

IT ဟာ နာမည္ေက်ာ္ ထိတ္လန႔္သည္းဖို စာေရးဆရာႀကီးျဖစ္တဲ့ Stephen King ရဲ႕ နာမည္ေက်ာ္ လက္ရာေတြထဲကတစ္ခု ျဖစ္ပါတယ္။ ဝတၳဳအျဖစ္ ထုတ္ေဝတုန္းကလည္း ေအာင္ျမင္ခဲ့သလို ႐ုပ္ရွင္အျဖစ္ ျပန္႐ိုက္ေတာ့လည္း ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့ပါတယ္။ IT ႐ုပ္ရွင္ကို ၾကည့္ဖူးသူေတြအေနနဲ႔ Pennywise က ကေလးေတြကိုပဲ ပစ္မွတ္ထားတာဟာ သူတို႔ရဲ႕ေၾကာက္စိတ္ေတြက ႐ိုးရွင္းလို႔ဆိုတဲ့ အေၾကာင္းကို သတိထားမိၾကမွာပါ။ သို႔ေပမယ့္ ဒီဇာတ္လမ္းတစ္ခုလုံးရဲ႕ ေနာက္ကြယ္မွာ ျမႇဳပ္ထားတဲ့ နက္နဲတဲ့ အဓိပၸာယ္ေတြ ရွိေနေသးတယ္လို႔ ပရိသတ္အခ်ိဳ႕က ယူဆထားၾကပါတယ္။

Stephen King ဟာ သူ႔ရဲ႕ဝတၳဳေပါင္းမ်ားစြာထဲမွာ လူ၊ အရာဝတၳဳ၊ မေကာင္းဆိုးဝါးစတာေတြရဲ႕ ေျခာက္လွန႔္မႈေတြကို လက္ရာေျမာက္ေအာင္ ဖန္တီးေရးသားျပထားတဲ့ စာေရးဆရာတစ္ေယာက္ ျဖစ္ပါတယ္။ ဆရာႀကီးရဲ႕လက္ရာေတြထဲမွာ ၁၉၈၆ခုႏွစ္က ထုတ္ေဝခဲ့တဲ့ IT ဝတၳဳကလည္း နာမည္ေက်ာ္ဝတၳဳအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

Photo via imdb

IT ဝတၳဳဇာတ္လမ္းထဲမွာေတာ့ Derry ဆိုတဲ့ စိတ္ကူးယဥ္ၿမိဳ႕ေလးမွာ loser club လို႔ နာမည္ေပးထားတဲ့ အဖြဲ႕ေလးတစ္ဖြဲ႕က ကေလးေတြရွိၿပီး တစ္ဘက္မွာေတာ့ ၿမိဳ႕ရဲ႕ေအာက္ေျခမွာ ေနထိုင္ၿပီး ပုံသ႑ာန္ေျပာင္းလဲႏိုင္တဲ့ မေကာင္းဆိုးဝါးတစ္ေကာင္ ရွိေနတဲ့အေၾကာင္း ပုံေဖာ္ထားပါတယ္။ အဆိုပါ မေကာင္းဆိုးဝါးႀကီးကို loser club က ကေလးေတြကေတာ့ IT လို႔ နာမည္ေပးထားၿပီး သူဟာ (၂၇)ႏွစ္ျပည့္တိုင္း တစ္ခါ ျပန္လည္ႏိုးထလာကာ ကေလးေတြကို ပစ္မွတ္ထား စားသုံးေလ့ ရွိပါတယ္။

IT ဝတၳဳဟာ အေၾကာက္တရား၊ လ်စ္လ်ဴရႈမႈ၊ ကေလးဘဝရဲ႕ ျဖဴစင္မႈမ်ား ေပ်ာက္ဆုံးမႈ အစရွိတဲ့ အေၾကာင္းအရာေတြနဲ႔ သိုင္းဝိုင္းပုံေဖာ္ထားပါတယ္။ သို႔ေပမယ့္ အခ်ိဳ႕ေသာ စာဖတ္သူေတြကေတာ့ ဒီအဓိပၸာယ္ေတြအျပင္ IT ဟာ အျခားေသာ နက္နဲတဲ့ အဓိပၸာယ္တစ္ခုကိုလည္း တင္စားပုံေဖာ္ထားတယ္လို႔ ယူဆထားၾကပါတယ္။

ကေလးသူငယ္ ညႇင္းပန္းႏွိပ္စက္မႈကို တင္စားပုံေဖာ္ထားတဲ့ Stephen King ရဲ႕ IT
Photo via imdb

တကယ္ေတာ့ IT ဇာတ္လမ္းတစ္ခုလုံးဟာ ကေလးသူငယ္ ညႇင္းပန္းႏွိပ္စက္သူနဲ႔ ဒီစက္ကြင္းမွာ က်ေရာက္ရတဲ့ ကေလးငယ္ေတြရဲ႕ အေၾကာင္းကို စိတ္ကူးယဥ္ တင္စားပုံေဖာ္ထားတာလို႔လည္း ယူဆႏိုင္ပါတယ္။ IT ဟာ အားနည္းၿပီး ပစ္မွတ္ထားရလြယ္တဲ့ ကေလးေတြကို ေ႐ြးခ်ယ္တဲ့ပုံစံဟာ အျပင္ေလာကမွာ ဒီလိုက်ဴးလြန္ေလ့ရွိတဲ့ တရားခံေတြရဲ႕ အမူအက်င့္ေတြနဲ႔ ဆင္တူေနပါတယ္။

အျပင္ေလာကနဲ႔ ပိုတူေနရတဲ့ ေနာက္ထပ္ အမူအက်င့္တစ္ခုကေတာ့ အခ်ိန္ကာလ အပိုင္းအျခားတစ္ခု ေရာက္ေတာ့မွ တစ္ပတ္လည္ ထပ္က်ဴးလြန္တဲ့ပုံစံ ျဖစ္ပါတယ္။ ဒီလိုက်ဴးလြန္သူအမ်ားစုဟာ သူတို႔ရဲ႕ပစ္မွတ္ျဖစ္တဲ့ ကေလးငယ္ေတြနဲ႔ ရင္းႏွီးၿပီး ၾကင္နာသနားတတ္တဲ့ပုံစံ အသြင္ယူၿပီးေတာ့မွ က်ဴးလြန္ၾကတာ ျဖစ္ပါတယ္။

Photo via imdb

ဒီအေၾကာင္းအရာတင္မက ပရိသတ္ေတြ ေနာက္ထပ္ ေဆြးေႏြးထားၾကတဲ့ ပြိဳင့္တစ္ခုလည္း ရွိပါေသးတယ္။ အဲ့ဒါကေတာ့ ကေလးေတြမွာ ႀကဳံေတြ႕ေနရတဲ့ ၿခိမ္းေျခာက္မႈေတြကို လူႀကီးေတြအေနနဲ႔ လ်စ္လ်ဴရႈျခင္းပါပဲ။ အျပင္ေလာကမွာဆိုရင္ တစ္ခ်ိဳ႕လူႀကီးေတြဟာ ဒီလိုအျဖစ္အပ်က္မ်ိဳး ကိုယ့္မ်က္စိေရွ႕မွာ ျမင္ေတြ႕ရရင္ေတာင္ အရႈပ္ထုပ္ထဲ ပါမွာစိုးတဲ့ စိုးရိမ္စိတ္နဲ႔ မသိက်ိဳးကြၽန္ျပဳေနတတ္ၾကတာဟာ ကေလးေတြအတြက္ ပိုဆိုး႐ြားတဲ့ ကံၾကမၼာကို ဖန္တီးေပးရာ ေရာက္ေစပါတယ္။

IT ထဲမွာ ပါဝင္တဲ့ ဇာတ္ဝင္ခန္းတစ္ခန္းနဲ႔ ဥပမာေပးရရင္ Beverly ရဲ႕ ေသြးေတြ ေပက်ံေနတဲ့ ေရခ်ိဳးခန္းကို သူ႔အေဖက လုံးဝမျမင္တဲ့ ဇာတ္ဝင္ခန္း ျဖစ္ပါတယ္။ တကယ့္လက္ေတြ႕ဘဝမွာဆိုရင္လည္း လူႀကီးအမ်ားစုဟာ ကေလးေတြေျပာတဲ့ အရာေတြကို မယုံၾကည္တတ္ၾကဘဲ လ်စ္လ်ဴရႈထားတတ္ၾကတာနဲ႔ သေဘာတရား အတူတူပဲ ျဖစ္ပါတယ္။

Photo via imdb

ကေလးေတြရဲ႕ စိတ္ထဲမွာရွိေနတဲ့ အႀကီးမားဆုံးေသာ အေၾကာက္တရားကို အသြင္ေျပာင္းႏိုင္စြမ္းရွိတဲ့ IT ဟာ ကေလးေတြကို တုန္ရင္ေနေအာင္ ေၾကာက္လန႔္ေစႏိုင္စြမ္း ရွိၿပီး ပိုမိုလႊမ္းမိုးႏိုင္စြမ္းေတြ ရရွိလာပါတယ္။ ဒါဟာ ကေလးေတြကို တန္ျပန္တိုက္ခိုက္ဖို႔ မတတ္သာေအာင္ လွည့္စားတဲ့နည္းလမ္းလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ loser club ထဲက ကေလးေတြအကုန္လုံးကို ရဖို႔အတြက္ တစ္ေယာက္ခ်င္းစီကို ေသြးကြဲေအာင္ တိုက္ထုတ္ၿပီးမွ တစ္ေယာက္ခ်င္းစီ လိုက္လံတိုက္ခိုက္တတ္တဲ့ ဗ်ဴဟာကိုလည္း Pennywise ႀကီးက သုံးစြဲေလ့ ရွိပါတယ္။

ကေလးငယ္ေတြကို ညႇင္းပန္းႏွိပ္စက္သူေတြမွာဆိုရင္လည္း က်ဴးလြန္ရလြယ္ကူေအာင္ ကေလးကို တစ္ေယာက္တည္းျဖစ္ေစမယ့္ နည္းလမ္းကို ရွာေဖြတတ္ၾကတာက Pennywise ရဲ႕ နည္းလမ္းနဲ႔ အတူတူပါပဲ။ IT ထဲမွာ Bill ကို အႏိုင္ယူဖို႔အတြက္ Georgie ရဲ႕ပုံစံကို အသြင္ယူတာမ်ိဳးကလည္း ျပင္ပက တကယ့္တရားခံေတြလိုပဲ ရင္းႏွီးခ်စ္ခင္ဖြယ္ရာ၊ အျပစ္ကင္းစင္သူတစ္ေယာက္လို ကေလးရဲ႕စိတ္ထဲမွာ ထင္ျမင္သြားေအာင္ ပုံမွား႐ိုက္တဲ့နည္းလမ္း ျဖစ္ပါတယ္။

Photo via imdb

IT ဝတၳဳဟာ တကယ္တမ္း နက္နက္ရႈိင္းရႈိင္း တူးဆြၾကည့္မယ္ဆိုရင္ အလႊာေတြ အထပ္ထပ္ ပါဝင္ေနၿပီး ရႈပ္ေထြးတဲ့ ဖြဲ႕စည္းပုံနဲ႔ တည္ေဆာက္ထားပါတယ္။ ဆရာႀကီး Stephen King ကေတာ့ တမင္ရည္႐ြယ္ခ်က္နဲ႔ ရည္ၫႊန္းထားတာ ျဖစ္ခ်င္မွ ျဖစ္ႏိုင္မွာ မွန္ေပမယ့္ ဒီရႈေထာင့္ကေန ၾကည့္လိုက္မယ္ဆိုရင္ေတာ့ IT ဇာတ္ကားဟာ တစ္မ်ိဳးတစ္ဖုံ အဓိပၸာယ္ ေျပာင္းလဲသြားမယ္ဆိုတာ အေသအခ်ာပါပဲလို႔ တင္ျပရင္း … ။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular