HomeCharacterMarvel ပရိသတ်တိုင်း သိထားသင့်တဲ့ Thanos ရဲ့ စိတ်ဝင်စားစရာအကြောင်းများ

Marvel ပရိသတ်တိုင်း သိထားသင့်တဲ့ Thanos ရဲ့ စိတ်ဝင်စားစရာအကြောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Thanos ဟာ ကောမစ်ထဲမှာရော၊ ရုပ်ရှင်ထဲမှာပါ Marvel universe ရဲ့ အဓိကကျတဲ့နေရာမှာ ပါဝင်နေသူတစ်ယောက် ဖြစ်ပါတယ်။ Thanos ဟာ Marvel စူပါဟီးရိုးတွေ ရင်ဆိုင်ခဲ့ဖူးသမျှထဲမှာ စွမ်းအားအကြီးမားဆုံးနဲ့ အရက်စက်ဆုံးသူတစ်ယောက်လို့ ပြောရင်လည်း မမှားပါဘူး။

ကောမစ်ထဲမှာတော့ ၁၉၇၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Invincible Iron Man အတွဲနံပါတ်(55)မှာ ပထမဆုံးပါဝင်ခဲ့ပြီး ရုပ်ရှင်ထဲမှာတော့ easter egg ပေါင်း မြောက်များစွာနဲ့ ဖြည်းဖြည်းချင်းစီ မိတ်ဆက်ပေးပြီးတော့မှ Avengers: Infinity War နဲ့ Avengers: Endgame ရုပ်ရှင်တွေထဲမှာ အရေးကြီးတဲ့ ဇာတ်ကောင်အဖြစ်နဲ့ ပါဝင်လာခဲ့တာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ပဲကြည့်ထားတဲ့ ပရိသတ်တွေအနေနဲ့ Thanos နဲ့ ပတ်သက်ပြီး မသိသေးတာတွေ အများအပြား ရှိနေကြဦးမှာပါ။ ဒါကြောင့် Thanos နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ သူ့ရဲ့ဘဝဇာတ်ကြောင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Thanos ရဲ့ ဇစ်မြစ်
photo via imdb

သူဟာ စေတန်ဂြိုဟ်ရဲ့ လတစ်ခုဖြစ်တဲ့ တိုက်တန်ဂြိုဟ်ပေါ်မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့မိဘတွေကတော့ Mentor နဲ့ Sui-San တို့ဖြစ်ပါတယ်။ Thanos ဆိုတဲ့ နာမည်ကတော့ သေခြင်းလို့ အဓိပ္ပာယ်ရတဲ့ ဂရိနတ်ဘုရားရဲ့နာမည် Thanatos ကို မှီငြမ်းပြီး ပေးထားတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ သူဟာ အရပ် ခြောက်ပေနဲ့ ခုနှစ်လက်မရှိပြီး ကိုယ်အလေးချိန်ကတော့ (၉၈၅)ပေါင် ရှိပါတယ်။

Eternal အများစုဟာ ရုပ်ရည်ချောမော ပြေပြစ်ကြပေမယ့် Thanos ကတော့ မိစ္ဆာလို ရုပ်ဆိုးဆိုးလေးနဲ့ မွေးဖွားလာခဲ့ပါတယ်။ ဒါကြောင့်လည်း မိခင်ဖြစ်သူက စကြဝဠာကြီးတစ်ခုလုံးကို ဖျက်ဆီးမယ့်ကလေးလို့ နိမိတ်ဖတ်ပြီး ကြောက်အားလန့်အားနဲ့ သတ်ပစ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဖခင်ဖြစ်သူ Mentor က တားဆီးခဲ့တာကြောင့် Thanos တစ်ယောက် ရှင်သန်ခွင့် ရသွားခဲ့တာ ဖြစ်ပါတယ်။

Thanos ဟာ ကလေးဘဝတုန်းက စစ်မက်ဖြစ်ပွားတာတွေ၊ အကြမ်းဖက်တာတွေကို မုန်းတီးသူဖြစ်ပြီး စစ်ကြောင့် ငြိမ်းချမ်းရေးကိုရော၊ တရားမျှတမှုကိုရော မဖန်တီးနိုင်ဘူးလို့ ယုံကြည်ထားတဲ့ စစ်ဆန့်ကျင်ရေးဝါဒီတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် သူဟာ ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာ သတ်မှတ်ချက်၊ ယုံကြည်မှုတွေကို ငြင်းဆန်တဲ့ သုညဝါဒီတစ်ယောက်ဖြစ်ပြီး စိတ်ညှိုးနွမ်း၊ အားငယ်တတ်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကလေးဘဝမှာ အစ်ကိုဖြစ်သူ Eros ရယ်၊ သူ့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေရယ်နဲ့သာ ကစားလေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ သေခြင်းတရားပေါ်မှာသာ သူ့ကိုယ်သူ မြှုပ်နှံခဲ့တာကြောင့် အားလုံးသိထားကြတဲ့ Thanos ပုံစံကို ဖြစ်လာခဲ့ပါတယ်။

သူဟာ သန္ဓေပြောင်း လူသားတစ်ယောက် ဖြစ်ပါတယ်။
photo via imdb

Thanos ဟာ mutant လို့ခေါ်တဲ့ သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်ပါတယ်။ mutant ဗီဇပါလာတာကြောင့် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတို့ကို စွမ်းအားကြီးမားစေတာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာ ခွန်အားကြီးမားပြီး အစွမ်းထက်သလို စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လည်း စိတ်ညှို့တာ၊ စိတ်ချင်းဆက်သွယ်တာလို စိတ်စွမ်းအားတွေ ပိုင်ဆိုင်ထားပါတယ်။ သူဟာ လေပေါ်မှာ ပျံသန်းနိုင်သလို စွမ်းအင်တွေကိုလည်း လိုသလို ထိန်းချုပ်နိုင်တဲ့အပြင် teleport လို အရာတွေနဲ့ အခြားအစွမ်းများစွာကို ပြုလုပ်နိုင်သူ ဖြစ်ပါတယ်။

Drax ဟာ Thanos ကို သတ်ဖို့အတွက် ဖန်တီးထားတာပါ။
photo via wikipedia

Thanos က သူ့ရဲ့အာကာသယာဉ်ပျံနဲ့ လူတွေ လိုက်လံတိုက်ခိုက်၊ သတ်ဖြတ်ပြီးနောက်မှာတော့ အဖေဖြစ်သူ Mentor နဲ့ အဖိုးဖြစ်သူ Kronos တို့နှစ်ယောက်ဟာ Thanos ကို တားဆီးရတော့မယ်လို့ သိလိုက်ကြပါတယ်။ ဒီမှာတင် အဖိုးဖြစ်သူဟာ Thanos ရဲ့ လက်ချက်ကြောင့် မိသားစုဆုံးရှုံးသွားရတဲ့ Arthur Douglas ဆိုတဲ့လူရဲ့ ဝိဉာဉ်ကို ရွှံ့ရုပ်ထဲမှာ ပြောင်းထည့်ပြီး Drax ကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒီ့နောက်Thanos ကိုသတ်ဖို့အတွက် Drax ကို တာဝန်ပေးခဲ့ပါတယ်။

Thanos နဲ့ Lady Death
photo via flickr

Thanos ဟာ စကြဝဠာကြီးကို ဖျက်စီးဖို့ပဲ တွေးနေပြီး အစီအစဉ်တွေ ဆွဲနေတာကြောင့် တဖြည်းဖြည်းနဲ့ သေခြင်းတရားကို နှစ်သက်ခုံမင်လာပါတယ်။ ဒါကြောင့်လည်း တဖြည်းဖြည်းနဲ့ Death လို့ခေါ်တဲ့ သေခြင်းတရားရဲ့ လူအမျိုးသမီးပုံစံ အဆင်းသဏ္ဍာန်နဲ့ ချစ်ကြိုက်သွားတာ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးကို Lady Death လို့လည်း ခေါ်ကြသလို Mistress Death လို့လည်း ခေါ်ကြပါတယ်။ Lady Death ဟာ သူကိုယ်တိုင်ကိုက သေခြင်းတရားဖြစ်ပြီး လူပုံစံအဖြစ် အသွင်သဏ္ဍာန် ယူထားတာ ဖြစ်ပါတယ်။

Thanos ဟာ Lady Death နဲ့ ချစ်ကြိုက်ပြီး Rot လို့ခေါ်တဲ့ သားတစ်ယောက် ရခဲ့ပါသေးတယ်။ အဲ့ဒီ့နောက်ပိုင်း သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြအပြီးမှာတော့ Lady Death ဟာ Thanos ကို သူ့ရဲ့နယ်မြေထဲ မလာနိုင်အောင် တားမြစ်ပိတ်ပင်လိုက်ပါတယ်။ ဒါကြောင့်ပဲ သူဟာ မသေနိုင်တော့တဲ့ immortal တစ်ယောက် ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒီ့အချိန်ကစလို့ Thanos ဟာ သေခြင်းတရားကို အလွန်အမင်း စွဲလမ်းရူးသွပ်ခဲ့ပြီး Lady Death ရဲ့ အထင်ကြီးလေးစားမှုကို ရယူဖို့အတွက် လူ့အသက်တွေကို လိုက်လံနှုတ်ယူပါတော့တယ်။ Lady Death က သူ့ကို အထင်ကြီးစေဖို့ သူ့မိသားစုတစ်ခုလုံးကိုတောင် ပြန်ပြီးတော့ သတ်ခဲ့ပါသေးတယ်။

Thanos ဟာ Marvel universe တစ်ခုလုံးမှာ Infinity stone တွေအကုန်လုံးကို စုစည်းနိုင်ခဲ့ပြီး infinity gauntlet ကို ဖန်တီးနိုင်ခဲ့တဲ့ ပထမဆုံးသောသူတစ်ယောက် ဖြစ်ပြီး အဲ့ဒီ့ stone တွေအားလုံးကို Lady Death ရဲ့ အချစ်ကို ပိုင်ဆိုင်ဖို့အတွက် စကြဝဠာတစ်ဝက် ဖျောက်ရာမှာ အသုံးပြုခဲ့ပါတယ်။

သူ့အတွက် သံချပ်ကာ ဝတ်စုံဟာ မလိုအပ်ပါဘူး။
photo via imdb

Thanos ဟာ Marvel universe ထဲက စွမ်းအားအကြီးဆုံး ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တာကြောင့် တော်တန်ရုံ ကျည်ဆန်တွေ၊ တိုက်ခိုက်တာတွေလောက်ကို သံချပ်ကာဝတ်စုံ မပါဘဲ၊ ခြစ်ရာတောင် မထင်ဘဲ ရင်ဆိုင်နိုင်သူ ဖြစ်ပါတယ်။ သံချပ်ကာဝတ်ထားရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ စကြဝဠာကြီးတစ်ခုလုံးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြေအနေတွေကနေ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက်သာ ဖြစ်ပါတယ်။

Thanos ရဲ့ အားနည်းချက်
photo via cbr

Thanos ဟာ စွမ်းအားကြီးမားလွန်းပြီး အနိုင်ယူဖို့ ခက်ခဲတဲ့ ဇာတ်ကောင်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းလိုပဲ သူ့မှာလည်း အားနည်းချက်တစ်ခုတော့ ရှိပါတယ်။ Thanos ရဲ့အားနည်းချက်ဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာပဲ ဖြစ်ပါတယ်။ သူဟာ သေခြင်းတရားကို အလွန်အမင်း စွဲလမ်းလွန်းပြီး ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်ချင်စိတ်တွေ စိုးမိုးနေသူ ဖြစ်ပါတယ်။

မယုံကြည်နိုင်စရာတော့ ကောင်းပေမယ့် သူ့ရဲ့မသိစိတ်ထဲမှာ မယုံမရဲစိတ်နဲ့ ရှုံးနိမ့်ချင်တဲ့ဆန္ဒ ရှိနေပါတယ်။ သူလုပ်တဲ့အရာအများစုက အရှုံးနဲ့ အဆုံးသတ်သွားရတဲ့ တစ်ခုတည်းသော အကြောင်းရင်းဟာ သူကိုယ်တိုင်ကိုက သူ့ကိုယ်သူ အနိုင်မပေးချင်တာကြောင့် ဖြစ်ပါတယ်။

ဒါကတော့ Thanos နဲ့ ပတ်သက်လို့ လူသိပ်မသိသေးတဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာ အချက်လေးတွေ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ သဘောကျတယ်ဆို မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Thanos ဟာ ေကာမစ္ထဲမွာေရာ၊ ႐ုပ္ရွင္ထဲမွာပါ Marvel universe ရဲ႕ အဓိကက်တဲ့ေနရာမွာ ပါဝင္ေနသူတစ္ေယာက္ ျဖစ္ပါတယ္။ Thanos ဟာ Marvel စူပါဟီး႐ိုးေတြ ရင္ဆိုင္ခဲ့ဖူးသမွ်ထဲမွာ စြမ္းအားအႀကီးမားဆုံးနဲ႔ အရက္စက္ဆုံးသူတစ္ေယာက္လို႔ ေျပာရင္လည္း မမွားပါဘူး။

ေကာမစ္ထဲမွာေတာ့ ၁၉၇၃ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Invincible Iron Man အတြဲနံပါတ္(55)မွာ ပထမဆုံးပါဝင္ခဲ့ၿပီး ႐ုပ္ရွင္ထဲမွာေတာ့ easter egg ေပါင္း ေျမာက္မ်ားစြာနဲ႔ ျဖည္းျဖည္းခ်င္းစီ မိတ္ဆက္ေပးၿပီးေတာ့မွ Avengers: Infinity War နဲ႔ Avengers: Endgame ႐ုပ္ရွင္ေတြထဲမွာ အေရးႀကီးတဲ့ ဇာတ္ေကာင္အျဖစ္နဲ႔ ပါဝင္လာခဲ့တာကို ေတြ႕ၾကရမွာ ျဖစ္ပါတယ္။ ႐ုပ္ရွင္ပဲၾကည့္ထားတဲ့ ပရိသတ္ေတြအေနနဲ႔ Thanos နဲ႔ ပတ္သက္ၿပီး မသိေသးတာေတြ အမ်ားအျပား ရွိေနၾကဦးမွာပါ။ ဒါေၾကာင့္ Thanos နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားစရာေကာင္းတဲ့ သူ႔ရဲ႕ဘဝဇာတ္ေၾကာင္းအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

Thanos ရဲ႕ ဇစ္ျမစ္
photo via imdb

သူဟာ ေစတန္ၿဂိဳဟ္ရဲ႕ လတစ္ခုျဖစ္တဲ့ တိုက္တန္ၿဂိဳဟ္ေပၚမွာ ေမြးဖြားခဲ့ၿပီး သူ႔ရဲ႕မိဘေတြကေတာ့ Mentor နဲ႔ Sui-San တို႔ျဖစ္ပါတယ္။ Thanos ဆိုတဲ့ နာမည္ကေတာ့ ေသျခင္းလို႔ အဓိပၸာယ္ရတဲ့ ဂရိနတ္ဘုရားရဲ႕နာမည္ Thanatos ကို မွီျငမ္းၿပီး ေပးထားတာ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ သူဟာ အရပ္ ေျခာက္ေပနဲ႔ ခုႏွစ္လက္မရွိၿပီး ကိုယ္အေလးခ်ိန္ကေတာ့ (၉၈၅)ေပါင္ ရွိပါတယ္။

Eternal အမ်ားစုဟာ ႐ုပ္ရည္ေခ်ာေမာ ေျပျပစ္ၾကေပမယ့္ Thanos ကေတာ့ မိစာၦလို ႐ုပ္ဆိုးဆိုးေလးနဲ႔ ေမြးဖြားလာခဲ့ပါတယ္။ ဒါေၾကာင့္လည္း မိခင္ျဖစ္သူက စၾကဝဠာႀကီးတစ္ခုလုံးကို ဖ်က္ဆီးမယ့္ကေလးလို႔ နိမိတ္ဖတ္ၿပီး ေၾကာက္အားလန႔္အားနဲ႔ သတ္ပစ္ဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ဖခင္ျဖစ္သူ Mentor က တားဆီးခဲ့တာေၾကာင့္ Thanos တစ္ေယာက္ ရွင္သန္ခြင့္ ရသြားခဲ့တာ ျဖစ္ပါတယ္။

Thanos ဟာ ကေလးဘဝတုန္းက စစ္မက္ျဖစ္ပြားတာေတြ၊ အၾကမ္းဖက္တာေတြကို မုန္းတီးသူျဖစ္ၿပီး စစ္ေၾကာင့္ ၿငိမ္းခ်မ္းေရးကိုေရာ၊ တရားမွ်တမႈကိုေရာ မဖန္တီးႏိုင္ဘူးလို႔ ယုံၾကည္ထားတဲ့ စစ္ဆန႔္က်င္ေရးဝါဒီတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ သို႔ေပမယ့္ သူဟာ ဘာသာေရးနဲ႔ လူမႈေရးဆိုင္ရာ သတ္မွတ္ခ်က္၊ ယုံၾကည္မႈေတြကို ျငင္းဆန္တဲ့ သုညဝါဒီတစ္ေယာက္ျဖစ္ၿပီး စိတ္ညႇိဳးႏြမ္း၊ အားငယ္တတ္သူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ကေလးဘဝမွာ အစ္ကိုျဖစ္သူ Eros ရယ္၊ သူ႔ရဲ႕အိမ္ေမြးတိရစာၦန္ေလးေတြရယ္နဲ႔သာ ကစားေလ့ရွိခဲ့တာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ေနာက္ပိုင္းမွာေတာ့ ေသျခင္းတရားေပၚမွာသာ သူ႔ကိုယ္သူ ျမႇဳပ္ႏွံခဲ့တာေၾကာင့္ အားလုံးသိထားၾကတဲ့ Thanos ပုံစံကို ျဖစ္လာခဲ့ပါတယ္။

သူဟာ သေႏၶေျပာင္း လူသားတစ္ေယာက္ ျဖစ္ပါတယ္။
photo via imdb

Thanos ဟာ mutant လို႔ေခၚတဲ့ သေႏၶေျပာင္းလူသားတစ္ေယာက္ ျဖစ္ပါတယ္။ mutant ဗီဇပါလာတာေၾကာင့္ သူ႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာတို႔ကို စြမ္းအားႀကီးမားေစတာ ျဖစ္ပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာမွာ ခြန္အားႀကီးမားၿပီး အစြမ္းထက္သလို စိတ္ပိုင္းဆိုင္ရာမွာဆိုရင္လည္း စိတ္ညႇိဳ႕တာ၊ စိတ္ခ်င္းဆက္သြယ္တာလို စိတ္စြမ္းအားေတြ ပိုင္ဆိုင္ထားပါတယ္။ သူဟာ ေလေပၚမွာ ပ်ံသန္းႏိုင္သလို စြမ္းအင္ေတြကိုလည္း လိုသလို ထိန္းခ်ဳပ္ႏိုင္တဲ့အျပင္ teleport လို အရာေတြနဲ႔ အျခားအစြမ္းမ်ားစြာကို ျပဳလုပ္ႏိုင္သူ ျဖစ္ပါတယ္။

Drax ဟာ Thanos ကို သတ္ဖို႔အတြက္ ဖန္တီးထားတာပါ။
photo via wikipedia

Thanos က သူ႔ရဲ႕အာကာသယာဥ္ပ်ံနဲ႔ လူေတြ လိုက္လံတိုက္ခိုက္၊ သတ္ျဖတ္ၿပီးေနာက္မွာေတာ့ အေဖျဖစ္သူ Mentor နဲ႔ အဖိုးျဖစ္သူ Kronos တို႔ႏွစ္ေယာက္ဟာ Thanos ကို တားဆီးရေတာ့မယ္လို႔ သိလိုက္ၾကပါတယ္။ ဒီမွာတင္ အဖိုးျဖစ္သူဟာ Thanos ရဲ႕ လက္ခ်က္ေၾကာင့္ မိသားစုဆုံးရႈံးသြားရတဲ့ Arthur Douglas ဆိုတဲ့လူရဲ႕ ဝိဉာဥ္ကို ႐ႊံ႕႐ုပ္ထဲမွာ ေျပာင္းထည့္ၿပီး Drax ကို ဖန္တီးခဲ့ပါတယ္။ အဲ့ဒီ့ေနာက္Thanos ကိုသတ္ဖို႔အတြက္ Drax ကို တာဝန္ေပးခဲ့ပါတယ္။

Thanos နဲ႔ Lady Death
photo via flickr

Thanos ဟာ စၾကဝဠာႀကီးကို ဖ်က္စီးဖို႔ပဲ ေတြးေနၿပီး အစီအစဥ္ေတြ ဆြဲေနတာေၾကာင့္ တျဖည္းျဖည္းနဲ႔ ေသျခင္းတရားကို ႏွစ္သက္ခုံမင္လာပါတယ္။ ဒါေၾကာင့္လည္း တျဖည္းျဖည္းနဲ႔ Death လို႔ေခၚတဲ့ ေသျခင္းတရားရဲ႕ လူအမ်ိဳးသမီးပုံစံ အဆင္းသ႑ာန္နဲ႔ ခ်စ္ႀကိဳက္သြားတာ ျဖစ္ပါတယ္။ အဆိုပါ အမ်ိဳးသမီးကို Lady Death လို႔လည္း ေခၚၾကသလို Mistress Death လို႔လည္း ေခၚၾကပါတယ္။ Lady Death ဟာ သူကိုယ္တိုင္ကိုက ေသျခင္းတရားျဖစ္ၿပီး လူပုံစံအျဖစ္ အသြင္သ႑ာန္ ယူထားတာ ျဖစ္ပါတယ္။

Thanos ဟာ Lady Death နဲ႔ ခ်စ္ႀကိဳက္ၿပီး Rot လို႔ေခၚတဲ့ သားတစ္ေယာက္ ရခဲ့ပါေသးတယ္။ အဲ့ဒီ့ေနာက္ပိုင္း သူတို႔ႏွစ္ေယာက္ လမ္းခြဲလိုက္ၾကအၿပီးမွာေတာ့ Lady Death ဟာ Thanos ကို သူ႔ရဲ႕နယ္ေျမထဲ မလာႏိုင္ေအာင္ တားျမစ္ပိတ္ပင္လိုက္ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ မေသႏိုင္ေတာ့တဲ့ immortal တစ္ေယာက္ ျဖစ္သြားခဲ့ပါတယ္။

အဲ့ဒီ့အခ်ိန္ကစလို႔ Thanos ဟာ ေသျခင္းတရားကို အလြန္အမင္း စြဲလမ္း႐ူးသြပ္ခဲ့ၿပီး Lady Death ရဲ႕ အထင္ႀကီးေလးစားမႈကို ရယူဖို႔အတြက္ လူ႔အသက္ေတြကို လိုက္လံႏႈတ္ယူပါေတာ့တယ္။ Lady Death က သူ႔ကို အထင္ႀကီးေစဖို႔ သူ႔မိသားစုတစ္ခုလုံးကိုေတာင္ ျပန္ၿပီးေတာ့ သတ္ခဲ့ပါေသးတယ္။

Thanos ဟာ Marvel universe တစ္ခုလုံးမွာ Infinity stone ေတြအကုန္လုံးကို စုစည္းႏိုင္ခဲ့ၿပီး infinity gauntlet ကို ဖန္တီးႏိုင္ခဲ့တဲ့ ပထမဆုံးေသာသူတစ္ေယာက္ ျဖစ္ၿပီး အဲ့ဒီ့ stone ေတြအားလုံးကို Lady Death ရဲ႕ အခ်စ္ကို ပိုင္ဆိုင္ဖို႔အတြက္ စၾကဝဠာတစ္ဝက္ ေဖ်ာက္ရာမွာ အသုံးျပဳခဲ့ပါတယ္။

သူ႔အတြက္ သံခ်ပ္ကာ ဝတ္စုံဟာ မလိုအပ္ပါဘူး။
photo via imdb

Thanos ဟာ Marvel universe ထဲက စြမ္းအားအႀကီးဆုံး ဇာတ္ေကာင္ေတြထဲက တစ္ေယာက္ျဖစ္တာေၾကာင့္ ေတာ္တန္႐ုံ က်ည္ဆန္ေတြ၊ တိုက္ခိုက္တာေတြေလာက္ကို သံခ်ပ္ကာဝတ္စုံ မပါဘဲ၊ ျခစ္ရာေတာင္ မထင္ဘဲ ရင္ဆိုင္ႏိုင္သူ ျဖစ္ပါတယ္။ သံခ်ပ္ကာဝတ္ထားရတဲ့ တစ္ခုတည္းေသာ အေၾကာင္းရင္းကေတာ့ စၾကဝဠာႀကီးတစ္ခုလုံးကို အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ အေျခအေနေတြကေန သူ႔ကိုယ္သူ ကာကြယ္ဖို႔အတြက္သာ ျဖစ္ပါတယ္။

Thanos ရဲ႕ အားနည္းခ်က္
photo via cbr

Thanos ဟာ စြမ္းအားႀကီးမားလြန္းၿပီး အႏိုင္ယူဖို႔ ခက္ခဲတဲ့ ဇာတ္ေကာင္တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ လူတိုင္းလိုပဲ သူ႔မွာလည္း အားနည္းခ်က္တစ္ခုေတာ့ ရွိပါတယ္။ Thanos ရဲ႕အားနည္းခ်က္ဟာ သူ႔ရဲ႕စိတ္ပိုင္းဆိုင္ရာပဲ ျဖစ္ပါတယ္။ သူဟာ ေသျခင္းတရားကို အလြန္အမင္း စြဲလမ္းလြန္းၿပီး ကိုယ့္ကိုယ္ကို ဖ်က္ဆီးပစ္ခ်င္စိတ္ေတြ စိုးမိုးေနသူ ျဖစ္ပါတယ္။

မယုံၾကည္ႏိုင္စရာေတာ့ ေကာင္းေပမယ့္ သူ႔ရဲ႕မသိစိတ္ထဲမွာ မယုံမရဲစိတ္နဲ႔ ရႈံးနိမ့္ခ်င္တဲ့ဆႏၵ ရွိေနပါတယ္။ သူလုပ္တဲ့အရာအမ်ားစုက အရႈံးနဲ႔ အဆုံးသတ္သြားရတဲ့ တစ္ခုတည္းေသာ အေၾကာင္းရင္းဟာ သူကိုယ္တိုင္ကိုက သူ႔ကိုယ္သူ အႏိုင္မေပးခ်င္တာေၾကာင့္ ျဖစ္ပါတယ္။

ဒါကေတာ့ Thanos နဲ႔ ပတ္သက္လို႔ လူသိပ္မသိေသးတဲ့ ေကာမစ္ထဲက စိတ္ဝင္စားစရာ အခ်က္ေလးေတြ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ သေဘာက်တယ္ဆို မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular