HomeCharacterPennywise ရဲ့ တကယ့်ပုံစံအစစ်အမှန်ဟာ ဘယ်လိုမျိူးလဲ?

Pennywise ရဲ့ တကယ့်ပုံစံအစစ်အမှန်ဟာ ဘယ်လိုမျိူးလဲ?

It ဇာတ်လမ်းထဲက Pennywise ကတော့ ယခုခေတ်ရဲ့ Horror Icon တစ်ခု ဖြစ်လာပါပြီ။ Pennywise ဟာ ပုံစံအမျိူးမျိူး ပြောင်းလဲနေပြီး ကလေးတွေကို ခြောက်လှန့်တတ်တာကို လူတိုင်းသိကြပါတယ်။ Pennywise ဟာ Shapeshifter တစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့ပုံသဏ္ဍာန်ကို လိုသလို ပြောင်းလဲနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ ပုံသဏ္ဍာန်အစစ်အမှန်က ဘယ်လိုမျိူးလည်းဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

photo via screenrant

It ရုပ်ရှင်ထဲမှာတော့ Pennywise ဟာ ပုံစံအမျိူးမျိူး ပြောင်းလဲကာ Loser Club ထဲက ကလေးတွေကို ခြောက်လှန့်ခဲ့ပါတယ်။ ဥပမာပြောရရင် သူဟာ အရေပြားရောဂါ ခံစားနေရတဲ့ အိမ်ခြေရာမဲ့ပုံစံနဲ့ Eddie ကို ခြောက်လှန့်ခဲ့သလို Stan ကိုလည်း ပန်းချီကားထဲက အမျိူးသမီးပုံစံနဲ့ ခြောက်လှန့်ခဲ့ပါတယ်။ Pennywise ဟာ သူ့သားကောင်တွေရဲ့ အကြောက်ဆုံးအရာပေါ် မူတည်ပြီး သူ့ရဲ့ပုံစံကို ပြောင်းလဲခြောက်လှန့်တာပဲ ဖြစ်ပါတယ်။

ဝတ္ထုထဲမှာတော့ Pennywise ဟာ ရုပ်ရှင်ထဲမှာထက် အခြားပုံစံတွေများစွာကို ပြောင်းလဲခဲ့ပါတယ်။ သူဟာ ကြီးမားလွန်းတဲ့ ပင့်ကူကြီးအဖြစ် ပြောင်းလဲခဲ့သလို၊ It ရုပ်ရှင်ရဲ့ Producer တွေ မူပိုင်ခွင့်မရှိတဲ့ အခြားဇာတ်ကောင်တွေအဖြစ်လည်း ပြောင်းလဲခဲ့ပါတယ်။ အဲဒီဇာတ်ကောင်တွေထဲမှာတော့ Dracula ၊ Wolfman ၊ ၁၉၅၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Creature from Black Lagoon ရုပ်ရှင်ထဲက သတ္တဝါကြီး၊ Frankenstein ရဲ့ မွန်းစတားကြီး၊ Sharks ရုပ်ရှင်ထဲက ငါးမန်းနဲ့ Rodan တို့ ပါဝင်ပါတယ်။

photo via screenrant

ဝတ္ထုထဲမှာတော့ Billy ဟာ Pennywise ရဲ့ ပုံသဏ္ဍာန်အစစ်အမှန်ကို ခဏတာ မြင်တွေ့ခဲ့ရပါတယ်။ Billy ကတော့ အဲဒီပုံစံကို “အမွှေးအမျှင်တွေ ထူထပ်ပြီး လိမ္မော်ရောင်အလင်းတွေ ထွက်နေတဲ့၊ အဆုံးမရှိလောက်အောင် ရှည်လျားတဲ့ တွားသွားသတ္တဝါကြီး” လို့ ဆိုပါတယ်။ It: Chapter 2 ထဲမှာတော့ Richie ဟာလည်း Pennywise ရဲ့ ပုံစံအစစ်အမှန်ကို မြင်တွေ့ခဲ့ရပြီး ဒီရုပ်ရှင်ထဲမှာတော့ လင်းလက်တဲ့ အလင်းရောင်သုံးခုအဖြစ် ဖော်ပြထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular