HomeEntertainmentFilmPixar animated movie တွေရဲ့ ပိုစတာတွေထဲက လူတွေသိပ်သတိမထားမိတဲ့ အသေးစိတ်အချက်များ

Pixar animated movie တွေရဲ့ ပိုစတာတွေထဲက လူတွေသိပ်သတိမထားမိတဲ့ အသေးစိတ်အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Animated movie တွေနဲ့ ပတ်သက်လာရင် Pixar ဟာ တကယ့် နာမည်ကြီးဇာတ်လမ်းတွေကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Pixar က ထုတ်လုပ်ခဲ့တဲ့ animated movie တွေဟာ စီးပွားရေးအရလည်း အောင်မြင်ခဲ့သလို ပရိသတ်တွေရဲ့ အားပေးမှုတွေကိုလည်း ရရှိခဲ့ပြီး အော်စကာဆုတွေတောင် ရခဲ့ဖူးပါတယ်။

ဒါ့အပြင် Pixar က ထုတ်လုပ်ထားတဲ့ animated movie တွေထဲမှာ easter egg တွေလည်း ထည့်သွင်းလေ့ရှိသလို ဇာတ်လမ်းရဲ့ ပိုစတာထဲမှာတောင် လူတွေသိပ်သတိမထားမိလောက်တဲ့ အသေးစိတ်အချက်လေးတွေကို ထည့်သွင်းထားတတ်ပါသေးတယ်။ အဲ့ဒါကြောင့် ဒီတစ်မှာတော့ Pixar က ထုတ်လုပ်ထားတဲ့ animated movie တွေရဲ့ ပိုစတာတွေထဲက လူတွေ သတိမထားမိခဲ့ကြတဲ့ မြှုပ်ကွက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Coco – Hector ရဲ့ ဓာတ်ပုံ
photo via screenrant

Coco ရဲ့ ဇာတ်လမ်းကတော့ ကောင်လေးတစ်ယောက်ဟာ နာမည်ကြီး ဂီတပညာရှင်တစ်ယောက်ရဲ့ ဂစ်တာကို ခိုးယူမိပြီးတဲ့နောက် ဝိဉာဉ်တွေနေထိုင်တဲ့ နေရာကို ရောက်ရှိသွားတာပဲ ဖြစ်ပါတယ်။ အစတုန်းကတော့ အဲ့ဒီကောင်လေးဟာ အဲ့ဒီဂစ်တာရဲ့ ပိုင်ရှင်ကို သူ့ရဲ့အဘေးလို့ ထင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝိဉာဉ်လောကထဲမှာ စွန့်စားခန်းတေွ ဖွင့်နေရင်းနဲ့ သူ့ရဲ့တကယ့် အဘေးအစစ်ကို သိရှိသွားပြီး အဲ့ဒီအဘေးရဲ့ ဝိဉာဉ်ကို ကယ်တင်ဖို့အတွက် သူ့အဘေးရဲ့ ဓာတ်ပုံကို လူ့လောကဆီ ယူသွားပေးရမှာ ဖြစ်ပါတယ်။

အကြောင်းကတော့ လူ့ပြည်က လူတွေဟာ သေဆုံးသွားသူတွေကို သတိရနေမှသာ သူတို့ဟာ ဝိဉာဉ်လောကမှာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တာဖြစ်ပြီး လူတွေက တဖြည်းဖြည်း မေ့ပျောက်သွားရင်တော့ အမေ့ခံလိုက်ရတဲ့ ဝိဉာဉ်ဟာလည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ပိုစတာထဲမှာတော့ Mama Coco ဟာ သူ့ရဲ့အဖေဖြစ်သူ Hector နဲ့ မိသားစုဓာတ်ပုံလေးကို ကိုင်ထားတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီဇာတ်လမ်းဟာ အဲ့ဒီဓာတ်ပုံကြောင့် စတင်ခဲ့တာ ဖြစ်သလို အဲ့ဒီဓာတ်ပုံကြောင့်ပဲ ဇာတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အရေးကြီးတဲ့ ဒီအချက်ကို ပိုစတာထဲမှာ ထည့်သွင်းထားခဲ့ပေမယ့် လူတွေကတော့ သိပ်ပြီးသတိမထားမိခဲ့ကြပါဘူး။

(2) Toy Story 4 – Woody ရဲ့ ပျောက်ဆုံးနေသော ကြိုး
photo via screenrant

Toy Story 4 ဟာ စီးပွားရေးအရမှာရော ဝေဖန်သူတွေနဲ့ ပရိသတ်တွေကြားထဲမှာပါ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက အကြီးမားဆုံး ပြောင်းလဲမှုကတော့ Woody ဟာ သူ့ရဲ့တန်ဖိုးထားရတဲ့ ကျောနောက်က ကြိုးဆွဲကိရိယာလေးကို တစ်ခြားအရုပ်တစ်ရုပ်ရဲ့ ကောင်းကျိူးအတွက် ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Toy Story ဇာတ်လမ်း အစကတည်းက Woody ရဲ့ အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့တဲ့ အဲ့ဒီကိရိယာလေးဟာ ဒီဇာတ်လမ်းထဲမှာတော့ Woody ဆီမှာ မဟုတ်တော့ပါဘူး။ ဒီဇာတ်လမ်းရဲ့ ပိုစတာထဲမှာတော့ Woody ရဲ့ အနေအထားနဲ့ ပုံစံတို့ကို သေချာရွေးချယ်ထားပြီး သူ့ရဲ့ကျောကုန်းက ကြိုးလေးကို မမြင်ရနိုင်အောင် ဒီဇိုင်းလုပ်ထားတာ တွေ့ရပါတယ်။ ဒီအချက်ကတော့ ဇာတ်လမ်းထဲမှာ ဖြစ်လာမယ့် အကြောင်းအရာတွေကို အရိပ်အမြွက် ပြထားတာ ဖြစ်ပါတယ်။

(3) Up – Ellie ရဲ့ ရင်ထိုး
photo via screenrant

Up ဟာ Pixar ရဲ့ ဝမ်းနည်းစရာအကောင်းဆုံး ဇာတ်လမ်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပြီး အဲ့ဒီခံစားချက်တွေဟာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်သူ Carl နဲ့ သူ့ရဲ့ကွယ်လွန်သွားတဲ့ ဇနီး Ellie တို့အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ငယ်ဘဝတုန်းက အိပ်မက်ခဲ့ကြတဲ့ အိပ်မက်တစ်ခုကို တကယ်ဖြစ်လာအောင် အကောင်အထည်ဖို့အတွက် သူ့ရဲ့အိမ်တစ်ခုလုံးကို အမေရိကတိုက် တောင်ပိုင်းအထိ ခရီးထွက်ခဲ့ရာကနေ ဒီဇာတ်လမ်း ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းရဲ့ ပိုစတာထဲမှာတော့ Carl ရဲ့ ရင်ဘတ်မှာ Ellie ရဲ့ရင်ထိုးလေးကို ထိုးထားတာ‌ တွေ့ရပါတယ်။ ဒီဇာတ်လမ်းတစ်ခုလုံးဟာ Carl နဲ့ သူ့ဇနီးတို့ရဲ့ နှစ်ပေါင်းများစွာ မက်ခဲ့တဲ့ အိပ်မက်တစ်ခု ဖြစ်ပြီး ဒီစွန့်စားခန်းကို ထွက်တဲ့အချိန်မှာ သူ့ရဲ့ဇနီးသည်က မရှိနိုင်တော့တာကြောင့် Ellie ရဲ့ကိုယ်စား ရင်ထိုးလေးနဲ့ ဝမ်းနည်းစရာဇာတ်လမ်းကို ဒီဇိုင်းပုံဖော်ထားတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(4) Inside Out – နယ်မြေတွေ ပျက်စီးမှု
photo via screenrant

Riley ဟာ အရွယ်ရောက်လာတာနဲ့အမျှ သူ့ရဲ့စိတ်ဟာလည်း တဖြည်းဖြည်း ရှုပ်ထွေးလာပါတယ်။ အိမ်ကလည်း မြို့ကြီးတစ်ခုဆီကို ပြောင်းလာခဲ့တာကြောင့် သူမအတွက် စိန်ခေါ်မှုတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူမရဲ့ စိတ်ခံစားချက်တွေဟာ ရှုပ်ထွေးလာခဲ့ပါတယ်။ သူမရဲ့ စိတ်ထဲမှာတော့ မတူညီတဲ့အရာတွေကို ကိုယ်စားပြုတဲ့ မတူညီတဲ့ နယ်မြေရှိကြပါတယ်။ နောက်ပိုင်းမှာတော့ အကြောင်းအမျိူးမျိူးကြောင့် အဲ့ဒီနယ်မြေဟာ ပျက်စီးကုန်ပါတယ်။ အဲ့ဒီအချက်ကိုတော့ သိပ်ပြီးမထင်ရှားပေမယ့်လည်း ပိုစတာရဲ့ နောက်ကွယ်မှာ မြင်တွေ့နိုင်ပါတယ်။

(5) Onward – တောင်တန်းတွေရဲ့ အရေးပါမှု
photo via screenrant

Onward ကတော့ Pixar က နောက်ဆုံး ထုတ်လုပ်ထားတဲ့ animated movie ဖြစ်ပြီး ပရိသတ်တွေရဲ့ အကြိုက်တွေ့မှုကိုလည်း ရရှိထားပါတယ်။ ဒီဇာတ်လမ်းဟာ သူ့ရဲ့အကြီးမားဆုံး ဇာတ်အလှည့်အပြောင်းတစ်ခုကို spoiler လည်း မဖြစ်စေတဲ့နည်းလမ်းနဲ့ သိုသိပ်ကျစ်လျစ်စွာ ထည့်သွင်းထားတာ တွေ့ရပါတယ်။

ပိုစတာရဲ့နောက်မှာတော့ တောင်တန်းတွေကို သိသိသာသာကြီး ဖော်ပြထားပြီး အဲ့ဒီတောင်တန်းတွေကတော့ သူတို့ရဲ့အဖေကို ကယ်တင်ဖို့ ခရီးထွက်ရမယ့် နေရာတွေ ဖြစ်ပါတယ်။ တကယ်တမ်းမှာ သူတို့ဟာ အဲ့ဒီ့တောင်တန်းတွေမှာ ရှိနေရမှာ မဟုတ်ဘဲ ကျောင်းမှာ ရှိနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပိုစတာမှာ စာသင်ကျောင်းရဲ့ပုံအစား တောင်တန်းတွေရဲ့ပုံကို မသိမသာ ထည့်သွင်း‌ပြထားတာ ဖြစ်ပါတယ်။

(6) Monster Inc – Mike ကို မှီခိုနေခြင်း
photo via screenrant

Mike နဲ့ Sully တို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပေမယ့်လည်း ဇာတ်လမ်းတစ်လျှောက်မှာတော့ သူတို့ဟာ သဘောထားကွဲလွဲမှုတွေနဲ့ ပြဿနာ ဖြစ်ခဲ့ကြပါတယ်။ ဒီဇာတ်လမ်းထဲက သူတို့အတွက် ဒုက္ခအရောက်ဆုံး တစ်နေရာကတော့ နှင်းလူကြီးနဲ့ အန္တာတိကတိုက်မှာ သေအံ့ဆဲဆဲ ချန်ထားခံခဲ့ရတာပဲ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ‌တော့ Sully နဲ့ Mike တို့ အချင်းများ၊ ငြင်းခုန်ကြပြီး Sully ဟာ သူ့အပေါ်မှာ မှီခိုလွန်းအားကြီးပြီး သူ့ဘာသူ ဘာမှကိုမလုပ်နိုင်ဘူးလို့ Mike က ပြောရတဲ့အထိပါပဲ။ ဒါကြောင့်လည်း ပိုစတာထဲမှာ သူတို့နှစ်ယောက်ရဲ့ ပြဿနာကို အရိပ်အမြွက် ဖော်ပြထားတာ တွေ့ရပါတယ်။

(7) Wall-E – ကမ္ဘာကို ဖွက်ထားခြင်း
photo via screenrant

Wall-E ရဲ့ အဓိကအလုပ်ကတော့ ကမ္ဘာပေါ်က အမှိုက်တေွကို သိမ်းရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ရုပ်ရှင်မထွက်ခင် အရင်ဆုံး ပြသရတဲ့ ပိုစတာမှာတော့ Wall-E အလုပ်လုပ်နေရတဲ့ ကမ္ဘာမြေရဲ့ အနာဂတ်ကာလ အခြေအနေကို ပရိသတ်တွေဆီ တိုက်ရိုက်ကြီး မပြလိုက်ချင်ကြပါဘူး။ ဒါကြောင့်ပဲ ရုပ်ရှင်ရဲ့ ဇာတ်လမ်းအကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုစတာထဲမှာ သိုဝှက်စွာနဲ့ တင်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပိုစတာထဲမှာတော့ အနောက်မှာ ကမ္ဘာကြီးကို မြင်နေရပြီး Wall-E ဟာ လပေါ်ကို ရောက်နေသလို ပုံစံမျိူး ဒီဇိုင်းဆွဲထားပါတယ်။ တကယ်တော့ Wall-E ရောက်နေတဲ့ နေရာဟာ ကမ္ဘာဂြိုဟ်ပဲဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ပိုစတာကိုကြည့်ပြီး ဇာတ်လမ်းကို မခန့်မှန်းနိုင်အောင် အနည်းငယ် လှည့်စားထားတာ ဖြစ်ပါတယ်။

(8) Finding Nemo – ဆစ်ဒနီ
photo via screenrant

Nemo ကို ကယ်တင်ဖို့အတွက် အရေးကြီးဆုံး နေရာတွေထဲကတစ်ခုဟာ ဩစတေးလျနိုင်ငံက ဆစ်ဒနီမြို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာလည်း Dory ဟာ ဒီနေရာကိုပဲ ထပ်ခါထပ်ခါ ရွတ်နေတာ တွေ့ရမှာပါ။ ဒါကြောင့်လည်း ပိုစတာထဲမှာ အဲ့ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပြီး Nemo ကို ကယ်တင်ဖို့ ဩစတျေးလျကို သွားရမယ့်အကြောင်းကို ဆစ်ဒနီပြဇာတ်ရုံကြီးနဲ့ ထင်ထင်ရှားရှား အရိပ်အမြွက် ပြထားတာ ဖြစ်ပါတယ်။

(9) Brave – ပြောင်းလဲမှု
photo via screenrant

Brave ဇာတ်လမ်းကတော့ မိခင်နဲ့ သမီးကြားက ဆက်ဆံရေးကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ကောင်မလေးရဲ့မိခင်ဟာ ဝက်ဝံကြီးအဖြစ် ပြောင်းလဲသွားတာကြောင့် ဒီဇာတ်လမ်းဟာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပိုစတာထဲမှာ ဝက်ဝံကြီးကို ဟိုးအနောက်မှာ ခပ်မှိန်မှိန် ထည့်သွင်းထားတာ ဖြစ်ပြီး အပြာရောင်မီးလေးတွေလည်း ပါဝင်တာ တွေ့ရပါတယ်။

အဲ့ဒီအပြာရောင်မီးလေးတွေဟာ ပြောင်းလဲသွားမှုကို ကိုယ်စားပြုတာ ဖြစ်ပြီး ဝက်ဝံကြီးဖြစ်နေတဲ့ သူမရဲ့အမေကတော့ အပြာရောင် ခပ်မှိန်မှိန်နဲ့ ဝန်းရံခံထားရတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ သူမရဲ့အမေဟာ ဝက်ဝံကြီးအဖြစ် ပြောင်းလဲသွားပေမယ့် နောက်ပိုင်းမှာ ဒီဘဝက လွတ်မြောက်သွားမယ့်အကြောင်းကိုပါ အရိပ်အမြွက် ထည့်သွင်းထားတာ ဖြစ်ပါတယ်။

(10) Incredibles 2 – ဗီလိန်ရဲ့ Identity
photo via screenrant

Incredibles ဟာ ပထမတစ်ကားထွက်ပြီး နှစ်တွေအတော်ကြာမှ နောက်ထပ်တစ်ကား ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအသစ်ဖြစ်တာ‌ကြောင့် ဗီလိန်အသစ်လည်း လိုအပ်လာပြီးတော့ ပိုစတာမှာ ဗီလိန်ရဲ့ ပုံသဏ္ဍာန်ကို ပြသထားပါတယ်။

ဒါပေမယ့်လည်း ဇာတ်လမ်းထဲမှာတော့ အဲ့ဒီထူးဆန်းတဲ့ ဗီလိန်ဟာ ဘယ်သူမှန်းမသိဘဲ ကြည့်ရှုနေရင်းနဲ့မှ သံသယဖြစ်စရာကောင်းတဲ့ ဇာတ်ကောင်နှစ်ယောက်ကို တွေ့ရှိခဲ့ရပါတယ်။ အစတုန်းက Winston Deaver ဟာ အဓိက သံသယဖြစ်ဖို့ကောင်းသူ ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာမှ သူ့ရဲ့အစ်မဖြစ်နေမှန်း သိလိုက်ရပါတယ်။ ဒါကြောင့်လည်း ပိုစတာထဲမှာ ဗီလိန်က ဘယ်သူမှန်း မသိနိုင်အောင် အဲ့ဒီ့သံသယဇာတ်ကောင် နှစ်ယောက်လုံးကို ထည့်သွင်းမထားတာ ဖြစ်ပါတယ်။

ဒီလိုဆောင်းပါးတွေ ဖတ်ရတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Animated movie ေတြနဲ႔ ပတ္သက္လာရင္ Pixar ဟာ တကယ့္ နာမည္ႀကီးဇာတ္လမ္းေတြကို ထုတ္လုပ္ခဲ့တဲ့ ကုမၸဏီတစ္ခု ျဖစ္ပါတယ္။ Pixar က ထုတ္လုပ္ခဲ့တဲ့ animated movie ေတြဟာ စီးပြားေရးအရလည္း ေအာင္ျမင္ခဲ့သလို ပရိသတ္ေတြရဲ႕ အားေပးမႈေတြကိုလည္း ရရွိခဲ့ၿပီး ေအာ္စကာဆုေတြေတာင္ ရခဲ့ဖူးပါတယ္။

ဒါ့အျပင္ Pixar က ထုတ္လုပ္ထားတဲ့ animated movie ေတြထဲမွာ easter egg ေတြလည္း ထည့္သြင္းေလ့ရွိသလို ဇာတ္လမ္းရဲ႕ ပိုစတာထဲမွာေတာင္ လူေတြသိပ္သတိမထားမိေလာက္တဲ့ အေသးစိတ္အခ်က္ေလးေတြကို ထည့္သြင္းထားတတ္ပါေသးတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္မွာေတာ့ Pixar က ထုတ္လုပ္ထားတဲ့ animated movie ေတြရဲ႕ ပိုစတာေတြထဲက လူေတြ သတိမထားမိခဲ့ၾကတဲ့ ျမႇဳပ္ကြက္ေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Coco – Hector ရဲ႕ ဓာတ္ပုံ
photo via screenrant

Coco ရဲ႕ ဇာတ္လမ္းကေတာ့ ေကာင္ေလးတစ္ေယာက္ဟာ နာမည္ႀကီး ဂီတပညာရွင္တစ္ေယာက္ရဲ႕ ဂစ္တာကို ခိုးယူမိၿပီးတဲ့ေနာက္ ဝိဉာဥ္ေတြေနထိုင္တဲ့ ေနရာကို ေရာက္ရွိသြားတာပဲ ျဖစ္ပါတယ္။ အစတုန္းကေတာ့ အဲ့ဒီေကာင္ေလးဟာ အဲ့ဒီဂစ္တာရဲ႕ ပိုင္ရွင္ကို သူ႔ရဲ႕အေဘးလို႔ ထင္ထားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဝိဉာဥ္ေလာကထဲမွာ စြန႔္စားခန္းေတြ ဖြင့္ေနရင္းနဲ႔ သူ႔ရဲ႕တကယ့္ အေဘးအစစ္ကို သိရွိသြားၿပီး အဲ့ဒီအေဘးရဲ႕ ဝိဉာဥ္ကို ကယ္တင္ဖို႔အတြက္ သူ႔အေဘးရဲ႕ ဓာတ္ပုံကို လူ႔ေလာကဆီ ယူသြားေပးရမွာ ျဖစ္ပါတယ္။

အေၾကာင္းကေတာ့ လူ႔ျပည္က လူေတြဟာ ေသဆုံးသြားသူေတြကို သတိရေနမွသာ သူတို႔ဟာ ဝိဉာဥ္ေလာကမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနႏိုင္တာျဖစ္ၿပီး လူေတြက တျဖည္းျဖည္း ေမ့ေပ်ာက္သြားရင္ေတာ့ အေမ့ခံလိုက္ရတဲ့ ဝိဉာဥ္ဟာလည္း ေပ်ာက္ကြယ္သြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းရဲ႕ ပိုစတာထဲမွာေတာ့ Mama Coco ဟာ သူ႔ရဲ႕အေဖျဖစ္သူ Hector နဲ႔ မိသားစုဓာတ္ပုံေလးကို ကိုင္ထားတာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ တကယ္ေတာ့ ဒီဇာတ္လမ္းဟာ အဲ့ဒီဓာတ္ပုံေၾကာင့္ စတင္ခဲ့တာ ျဖစ္သလို အဲ့ဒီဓာတ္ပုံေၾကာင့္ပဲ ဇာတ္သိမ္းခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းရဲ႕ အေရးႀကီးတဲ့ ဒီအခ်က္ကို ပိုစတာထဲမွာ ထည့္သြင္းထားခဲ့ေပမယ့္ လူေတြကေတာ့ သိပ္ၿပီးသတိမထားမိခဲ့ၾကပါဘူး။

(2) Toy Story 4 – Woody ရဲ႕ ေပ်ာက္ဆုံးေနေသာ ႀကိဳး
photo via screenrant

Toy Story 4 ဟာ စီးပြားေရးအရမွာေရာ ေဝဖန္သူေတြနဲ႔ ပရိသတ္ေတြၾကားထဲမွာပါ ေအာင္ျမင္ခဲ့တဲ့ ဇာတ္လမ္းေကာင္းတစ္ခု ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲက အႀကီးမားဆုံး ေျပာင္းလဲမႈကေတာ့ Woody ဟာ သူ႔ရဲ႕တန္ဖိုးထားရတဲ့ ေက်ာေနာက္က ႀကိဳးဆြဲကိရိယာေလးကို တစ္ျခားအ႐ုပ္တစ္႐ုပ္ရဲ႕ ေကာင္းက်ိဴးအတြက္ ေပးခဲ့တာပဲ ျဖစ္ပါတယ္။

Toy Story ဇာတ္လမ္း အစကတည္းက Woody ရဲ႕ အေရးႀကီးတဲ့ တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္ခဲ့တဲ့ အဲ့ဒီကိရိယာေလးဟာ ဒီဇာတ္လမ္းထဲမွာေတာ့ Woody ဆီမွာ မဟုတ္ေတာ့ပါဘူး။ ဒီဇာတ္လမ္းရဲ႕ ပိုစတာထဲမွာေတာ့ Woody ရဲ႕ အေနအထားနဲ႔ ပုံစံတို႔ကို ေသခ်ာေ႐ြးခ်ယ္ထားၿပီး သူ႔ရဲ႕ေက်ာကုန္းက ႀကိဳးေလးကို မျမင္ရႏိုင္ေအာင္ ဒီဇိုင္းလုပ္ထားတာ ေတြ႕ရပါတယ္။ ဒီအခ်က္ကေတာ့ ဇာတ္လမ္းထဲမွာ ျဖစ္လာမယ့္ အေၾကာင္းအရာေတြကို အရိပ္အႁမြက္ ျပထားတာ ျဖစ္ပါတယ္။

(3) Up – Ellie ရဲ႕ ရင္ထိုး
photo via screenrant

Up ဟာ Pixar ရဲ႕ ဝမ္းနည္းစရာအေကာင္းဆုံး ဇာတ္လမ္းေတြထဲက တစ္ခုအပါအဝင္ ျဖစ္ၿပီး အဲ့ဒီခံစားခ်က္ေတြဟာ ဒီဇာတ္လမ္းရဲ႕ အဓိကဇာတ္ေကာင္ျဖစ္သူ Carl နဲ႔ သူ႔ရဲ႕ကြယ္လြန္သြားတဲ့ ဇနီး Ellie တို႔အေၾကာင္းပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ ငယ္ဘဝတုန္းက အိပ္မက္ခဲ့ၾကတဲ့ အိပ္မက္တစ္ခုကို တကယ္ျဖစ္လာေအာင္ အေကာင္အထည္ဖို႔အတြက္ သူ႔ရဲ႕အိမ္တစ္ခုလုံးကို အေမရိကတိုက္ ေတာင္ပိုင္းအထိ ခရီးထြက္ခဲ့ရာကေန ဒီဇာတ္လမ္း ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းရဲ႕ ပိုစတာထဲမွာေတာ့ Carl ရဲ႕ ရင္ဘတ္မွာ Ellie ရဲ႕ရင္ထိုးေလးကို ထိုးထားတာ‌ ေတြ႕ရပါတယ္။ ဒီဇာတ္လမ္းတစ္ခုလုံးဟာ Carl နဲ႔ သူ႔ဇနီးတို႔ရဲ႕ ႏွစ္ေပါင္းမ်ားစြာ မက္ခဲ့တဲ့ အိပ္မက္တစ္ခု ျဖစ္ၿပီး ဒီစြန႔္စားခန္းကို ထြက္တဲ့အခ်ိန္မွာ သူ႔ရဲ႕ဇနီးသည္က မရွိႏိုင္ေတာ့တာေၾကာင့္ Ellie ရဲ႕ကိုယ္စား ရင္ထိုးေလးနဲ႔ ဝမ္းနည္းစရာဇာတ္လမ္းကို ဒီဇိုင္းပုံေဖာ္ထားတာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(4) Inside Out – နယ္ေျမေတြ ပ်က္စီးမႈ
photo via screenrant

Riley ဟာ အ႐ြယ္ေရာက္လာတာနဲ႔အမွ် သူ႔ရဲ႕စိတ္ဟာလည္း တျဖည္းျဖည္း ရႈပ္ေထြးလာပါတယ္။ အိမ္ကလည္း ၿမိဳ႕ႀကီးတစ္ခုဆီကို ေျပာင္းလာခဲ့တာေၾကာင့္ သူမအတြက္ စိန္ေခၚမႈေတြ အမ်ားႀကီးနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမရဲ႕ စိတ္ခံစားခ်က္ေတြဟာ ရႈပ္ေထြးလာခဲ့ပါတယ္။ သူမရဲ႕ စိတ္ထဲမွာေတာ့ မတူညီတဲ့အရာေတြကို ကိုယ္စားျပဳတဲ့ မတူညီတဲ့ နယ္ေျမရွိၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ အဲ့ဒီနယ္ေျမဟာ ပ်က္စီးကုန္ပါတယ္။ အဲ့ဒီအခ်က္ကိုေတာ့ သိပ္ၿပီးမထင္ရွားေပမယ့္လည္း ပိုစတာရဲ႕ ေနာက္ကြယ္မွာ ျမင္ေတြ႕ႏိုင္ပါတယ္။

(5) Onward – ေတာင္တန္းေတြရဲ႕ အေရးပါမႈ
photo via screenrant

Onward ကေတာ့ Pixar က ေနာက္ဆုံး ထုတ္လုပ္ထားတဲ့ animated movie ျဖစ္ၿပီး ပရိသတ္ေတြရဲ႕ အႀကိဳက္ေတြ႕မႈကိုလည္း ရရွိထားပါတယ္။ ဒီဇာတ္လမ္းဟာ သူ႔ရဲ႕အႀကီးမားဆုံး ဇာတ္အလွည့္အေျပာင္းတစ္ခုကို spoiler လည္း မျဖစ္ေစတဲ့နည္းလမ္းနဲ႔ သိုသိပ္က်စ္လ်စ္စြာ ထည့္သြင္းထားတာ ေတြ႕ရပါတယ္။

ပိုစတာရဲ႕ေနာက္မွာေတာ့ ေတာင္တန္းေတြကို သိသိသာသာႀကီး ေဖာ္ျပထားၿပီး အဲ့ဒီေတာင္တန္းေတြကေတာ့ သူတို႔ရဲ႕အေဖကို ကယ္တင္ဖို႔ ခရီးထြက္ရမယ့္ ေနရာေတြ ျဖစ္ပါတယ္။ တကယ္တမ္းမွာ သူတို႔ဟာ အဲ့ဒီ့ေတာင္တန္းေတြမွာ ရွိေနရမွာ မဟုတ္ဘဲ ေက်ာင္းမွာ ရွိေနရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ပိုစတာမွာ စာသင္ေက်ာင္းရဲ႕ပုံအစား ေတာင္တန္းေတြရဲ႕ပုံကို မသိမသာ ထည့္သြင္း‌ျပထားတာ ျဖစ္ပါတယ္။

(6) Monster Inc – Mike ကို မွီခိုေနျခင္း
photo via screenrant

Mike နဲ႔ Sully တို႔ဟာ အခ်စ္ဆုံးသူငယ္ခ်င္းေတြ ျဖစ္ၾကေပမယ့္လည္း ဇာတ္လမ္းတစ္ေလွ်ာက္မွာေတာ့ သူတို႔ဟာ သေဘာထားကြဲလြဲမႈေတြနဲ႔ ျပႆနာ ျဖစ္ခဲ့ၾကပါတယ္။ ဒီဇာတ္လမ္းထဲက သူတို႔အတြက္ ဒုကၡအေရာက္ဆုံး တစ္ေနရာကေတာ့ ႏွင္းလူႀကီးနဲ႔ အႏၲာတိကတိုက္မွာ ေသအံ့ဆဲဆဲ ခ်န္ထားခံခဲ့ရတာပဲ ျဖစ္ပါတယ္။

အဲ့ဒီအခ်ိန္မွာ‌ေတာ့ Sully နဲ႔ Mike တို႔ အခ်င္းမ်ား၊ ျငင္းခုန္ၾကၿပီး Sully ဟာ သူ႔အေပၚမွာ မွီခိုလြန္းအားႀကီးၿပီး သူ႔ဘာသူ ဘာမွကိုမလုပ္ႏိုင္ဘူးလို႔ Mike က ေျပာရတဲ့အထိပါပဲ။ ဒါေၾကာင့္လည္း ပိုစတာထဲမွာ သူတို႔ႏွစ္ေယာက္ရဲ႕ ျပႆနာကို အရိပ္အႁမြက္ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။

(7) Wall-E – ကမာၻကို ဖြက္ထားျခင္း
photo via screenrant

Wall-E ရဲ႕ အဓိကအလုပ္ကေတာ့ ကမာၻေပၚက အမႈိက္ေတြကို သိမ္းရတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ႐ုပ္ရွင္ထုတ္လုပ္သူေတြဟာ ႐ုပ္ရွင္မထြက္ခင္ အရင္ဆုံး ျပသရတဲ့ ပိုစတာမွာေတာ့ Wall-E အလုပ္လုပ္ေနရတဲ့ ကမာၻေျမရဲ႕ အနာဂတ္ကာလ အေျခအေနကို ပရိသတ္ေတြဆီ တိုက္႐ိုက္ႀကီး မျပလိုက္ခ်င္ၾကပါဘူး။ ဒါေၾကာင့္ပဲ ႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ပိုစတာထဲမွာ သိုဝွက္စြာနဲ႔ တင္ဆက္ခဲ့ၾကတာ ျဖစ္ပါတယ္။

ပိုစတာထဲမွာေတာ့ အေနာက္မွာ ကမာၻႀကီးကို ျမင္ေနရၿပီး Wall-E ဟာ လေပၚကို ေရာက္ေနသလို ပုံစံမ်ိဴး ဒီဇိုင္းဆြဲထားပါတယ္။ တကယ္ေတာ့ Wall-E ေရာက္ေနတဲ့ ေနရာဟာ ကမာၻၿဂိဳဟ္ပဲျဖစ္ၿပီး ပရိသတ္ေတြအေနနဲ႔ ပိုစတာကိုၾကည့္ၿပီး ဇာတ္လမ္းကို မခန႔္မွန္းႏိုင္ေအာင္ အနည္းငယ္ လွည့္စားထားတာ ျဖစ္ပါတယ္။

(8) Finding Nemo – ဆစ္ဒနီ
photo via screenrant

Nemo ကို ကယ္တင္ဖို႔အတြက္ အေရးႀကီးဆုံး ေနရာေတြထဲကတစ္ခုဟာ ဩစေတးလ်ႏိုင္ငံက ဆစ္ဒနီၿမိဳ႕ပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းထဲမွာလည္း Dory ဟာ ဒီေနရာကိုပဲ ထပ္ခါထပ္ခါ ႐ြတ္ေနတာ ေတြ႕ရမွာပါ။ ဒါေၾကာင့္လည္း ပိုစတာထဲမွာ အဲ့ဒီအခ်က္ကို ထည့္သြင္းထားတာ ျဖစ္ၿပီး Nemo ကို ကယ္တင္ဖို႔ ဩစေတ်းလ်ကို သြားရမယ့္အေၾကာင္းကို ဆစ္ဒနီျပဇာတ္႐ုံႀကီးနဲ႔ ထင္ထင္ရွားရွား အရိပ္အႁမြက္ ျပထားတာ ျဖစ္ပါတယ္။

(9) Brave – ေျပာင္းလဲမႈ
photo via screenrant

Brave ဇာတ္လမ္းကေတာ့ မိခင္နဲ႔ သမီးၾကားက ဆက္ဆံေရးကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ ေကာင္မေလးရဲ႕မိခင္ဟာ ဝက္ဝံႀကီးအျဖစ္ ေျပာင္းလဲသြားတာေၾကာင့္ ဒီဇာတ္လမ္းဟာ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ပိုစတာထဲမွာ ဝက္ဝံႀကီးကို ဟိုးအေနာက္မွာ ခပ္မွိန္မွိန္ ထည့္သြင္းထားတာ ျဖစ္ၿပီး အျပာေရာင္မီးေလးေတြလည္း ပါဝင္တာ ေတြ႕ရပါတယ္။

အဲ့ဒီအျပာေရာင္မီးေလးေတြဟာ ေျပာင္းလဲသြားမႈကို ကိုယ္စားျပဳတာ ျဖစ္ၿပီး ဝက္ဝံႀကီးျဖစ္ေနတဲ့ သူမရဲ႕အေမကေတာ့ အျပာေရာင္ ခပ္မွိန္မွိန္နဲ႔ ဝန္းရံခံထားရတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ပဲ သူမရဲ႕အေမဟာ ဝက္ဝံႀကီးအျဖစ္ ေျပာင္းလဲသြားေပမယ့္ ေနာက္ပိုင္းမွာ ဒီဘဝက လြတ္ေျမာက္သြားမယ့္အေၾကာင္းကိုပါ အရိပ္အႁမြက္ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

(10) Incredibles 2 – ဗီလိန္ရဲ႕ Identity
photo via screenrant

Incredibles ဟာ ပထမတစ္ကားထြက္ၿပီး ႏွစ္ေတြအေတာ္ၾကာမွ ေနာက္ထပ္တစ္ကား ထြက္ခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းအသစ္ျဖစ္တာ‌ေၾကာင့္ ဗီလိန္အသစ္လည္း လိုအပ္လာၿပီးေတာ့ ပိုစတာမွာ ဗီလိန္ရဲ႕ ပုံသ႑ာန္ကို ျပသထားပါတယ္။

ဒါေပမယ့္လည္း ဇာတ္လမ္းထဲမွာေတာ့ အဲ့ဒီထူးဆန္းတဲ့ ဗီလိန္ဟာ ဘယ္သူမွန္းမသိဘဲ ၾကည့္ရႈေနရင္းနဲ႔မွ သံသယျဖစ္စရာေကာင္းတဲ့ ဇာတ္ေကာင္ႏွစ္ေယာက္ကို ေတြ႕ရွိခဲ့ရပါတယ္။ အစတုန္းက Winston Deaver ဟာ အဓိက သံသယျဖစ္ဖို႔ေကာင္းသူ ျဖစ္ေပမယ့္လည္း ေနာက္ပိုင္းမွာမွ သူ႔ရဲ႕အစ္မျဖစ္ေနမွန္း သိလိုက္ရပါတယ္။ ဒါေၾကာင့္လည္း ပိုစတာထဲမွာ ဗီလိန္က ဘယ္သူမွန္း မသိႏိုင္ေအာင္ အဲ့ဒီ့သံသယဇာတ္ေကာင္ ႏွစ္ေယာက္လုံးကို ထည့္သြင္းမထားတာ ျဖစ္ပါတယ္။

ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါလို႔ တိုက္တြန္းလိုက္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular