HomeEntertainmentFilmထူးခြားတဲ့ဇာတ်လမ်းနဲ့ စီးမျောရဦးမယ့် Pixar ရဲ့ Elemental ရုပ်ရှင်

ထူးခြားတဲ့ဇာတ်လမ်းနဲ့ စီးမျောရဦးမယ့် Pixar ရဲ့ Elemental ရုပ်ရှင်

Pixar ရဲ့ အသစ်ထွက်ရှိလာမယ့် Elemental ရုပ်ရှင်ရဲ့ ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Peter Sohn က ရိုက်ကူးထားပြီး ဒီရုပ်ရှင်ဟာလည်း Pixar ရဲ့ထုံးစံအတိုင်း Cars တို့ Inside Out တို့လို ထူးခြားတဲ့ ဇာတ်ကောင်တွေကို ဖန်တီးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Element တွေဖြစ်တဲ့ မီး၊ ရေ၊ လေ၊ မြေတို့ကို မြင်တွေ့ရမှာဖြစ်ပြီး မတူညီတဲ့ Element တွေ ဖြစ်ကြတဲ့ ဒေါသကြီးသူ Fire Element Ember နဲ့ Water Element Wade တို့ နှစ်ယောက်အကြောင်းကိုလည်း မြင်တွေ့ရမှာပါ။

photo credit Pixar Animation Studios

Fire Element Ember နဲ့ Water Element Wade တို့နှစ်ယောက်ဟာ ဆန့်ကျင်ဘက် Element တွေ ဖြစ်ကြပေမယ့်လည်း အတူတူရှိနိုင်ဖို့အတွက် ကွဲပြားခြားနားချက်တွေအားလုံးကို အတူတူရင်ဆိုင်ကြပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာတော့ Element တွေဟာ ရောနှောမနေထိုင်ကြဘဲ သပ်သပ်စီနေကြပါတယ်။ ဒါ့အပြင် မတူညီတဲ့ Element တွေကလည်း ပေါင်းစပ်လို့ မရဘူးဆိုတဲ့ အယူအဆတွေ ရှိနေတာကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးကတော့ အခက်အခဲတွေများစွာနဲ့ ပြည့်နှက်နေပါတယ်။

Pixar စတူဒီယိုဟာ Elemental ရုပ်ရှင်ရဲ့ ထွေလာအသစ်ကို ထုတ်ပေးထားပါတယ်။ ဒီထွေလာရဲ့ အစမှာတော့ Element တစ်ခုချင်းစီရဲ့ ယေဘူယျ စိတ်နေစိတ်ထားတွေနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မိတ်ဆက်ပေးထားပါတယ်။ ဒီရုပ်ရှင်ထဲက ဇာတ်ကောင်တွေကိုတော့ 2D ပုံစံ Animation ကိုမှ 3D အဖြစ် ထပ်မံဖန်တီးထားတဲ့ Animation Effect အသစ်တွေကို အသုံးပြုပြီး ဖန်တီးထားပါတယ်။ အထူးသဖြင့် ဒီအချက်ကိုတော့ Fire Element တွေမှာ သတိထားမိနိုင်ပါတယ်။

ဒီရုပ်ရှင်ဟာလည်း Pixar ရဲ့ ထုံးစံအတိုင်းပဲ ထူးခြားတဲ့ တင်ဆက်မှုပုံစံနဲ့ စိတ်ကျေနပ်စရာ ဇာတ်လမ်းကို ပေါင်းစပ်ထားတဲ့ Animation တစ်ခုပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဇာတ်လမ်းမျိူးဖြစ်တဲ့ မတူညီတဲ့လူနှစ်ယောက်က ချစ်ကြိုက်သွားကြတဲ့အခါ ဘယ်လိုတွေ ဖြစ်လာမလည်းဆိုတာကို ထူးခြားစွာ ပုံဖော်ထားပါတယ်။ Animation မှာဆိုရင်တော့ Pixar ရဲ့ဖန်တီးမှုဟာ အမြဲတမ်းချီးကျူးစရာ ဖြစ်နေတတ်တာကြောင့် ဒီ Animation ဟာလည်း သေချာပေါက် စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ Elemental ရုပ်ရှင်ကိုတော့ လာမယ့် ဇွန်လ (၁၆)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular