HomeEntertainmentFilmပရိသတ်တွေ အကြိုက်တွေ့ကြဦးမယ့် Pixar ရဲ့ Animation အသစ် Elio

ပရိသတ်တွေ အကြိုက်တွေ့ကြဦးမယ့် Pixar ရဲ့ Animation အသစ် Elio

Pixar ကတော့ Animation အသစ်ဖြစ်တဲ့ Elio ရဲ့ ထွေလာကို မကြာသေးခင်ကပဲ ထုတ်ပေးလိုက်ပါပြီ။ ဇာတ်လမ်းကတော့ Elio ဆိုတဲ့ အထီးကျန်နေတဲ့ကောင်လေးဟာ ဂြိုဟ်သားတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပြီး နားလည်မှုတွေလွဲကာ ဂြိုဟ်သားတွေကြားမှာ ကမ္ဘာမြေကို ကိုယ်စားပြုသူ ဖြစ်လာခဲ့ပါတယ်။ ဒီ Animation ထွက်လာမယ် ဆိုတာကိုတော့ ၂၀၂၂ ခုနှစ်က ပြုလုပ်ခဲ့တဲ့ D23 Expo ပွဲမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

photo credit Pixar Studios

Elio ကတော့ ၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး Pixar Animation ဖြစ်လာမှာ ဖြစ်ပြီး အဲဒီနောက်မှာတော့ Inside Out 2 လည်း ဆက်လက်ထွက်ရှိလာမှာပါ။ ဒီ Animation ကိုတော့ ဒါရိုက်တာ Adrian Molina က ရိုက်ကူးထားပါတယ်။ ဒါရိုက်တာ Adrian Molina ကတော့ Coco ရဲ့ တွဲဖက်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနဲ့ သီချင်းရေးဆရာအဖြစ်လည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ထွေလာထဲမှာတော့ ဂြိုဟ်သားတွေဟာ Elio ကို ကမ္ဘာရဲ့ခေါင်းဆောင်အထင်နဲ့ မှားယွင်းပြီး ခေါ်သွားတာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ Elio ဟာ အခြားဂြိုဟ်တွေဆီ ရောက်သွားတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဂြိုဟ်သားတစ်ယောက်ဟာ ကမ္ဘာမြေက စွဲချက်တင်ခံထားရတယ်လို့ ပြောသွားတာကြောင့် Elio ဟာ လူသားတွေကို ကယ်တင်ဖို့ ဖြစ်လာနိုင်ပါတယ်။

Elio နေရာမှာတော့ Yonas Kibreab နဲ့ Elio ရဲ့ အမေနေရာမှာတော့ America Ferrera တို့က အသံသရုပ်ဆောင်ထားပြီး အခြားဇာတ်ကောင်တွေနေရာမှာတော့ ဘယ်သူတွေက အသံသရုပ်ဆောင်ထားလည်းဆိုတာ မသိရသေးပါဘူး။ ဒီ Animation ဟာ Pixar ရဲ့ထုံးစံအတိုင်း ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ Animation ကောင်းတစ်ကား ဖြစ်လာနိုင်ပါတယ်။ Elio ကိုတော့ ၂၀၂၄ ခုနှစ် မတ်လ (၁)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

 Legos

Source: Screenrant

RELATED ARTICLES

Most Popular