HomeEntertainmentFilmPixar က ထုတ်လုပ်ထားတဲ့ အကောင်းဆုံး animated ဇာတ်လမ်းတိုများ

Pixar က ထုတ်လုပ်ထားတဲ့ အကောင်းဆုံး animated ဇာတ်လမ်းတိုများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Pixar ဟာ သမိုင်းမှာ အအောင်မြင်ဆုံးလို့ ပြောလို့ရတဲ့ animation တွေကို ထုတ်လုပ်ခဲ့တာကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့်လည်း Pixar ဟာ animated ရုပ်ရှင်တွေတင် မဟုတ်ဘဲ short animation တွေကိုလည်း ထုတ်လုပ်လေ့ ရှိပါတယ်။ မူလကတော့ short animation တွေကို သူတို့ရဲ့ နည်းပညာတွေနဲ့ ဇာတ်လမ်းတွေကို စမ်းသပ်ဖို့အတွက်သာ ထုတ်လုပ်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ဒီဇာတ်လမ်းတိုလေးတွေဟာလည်း တဖြည်းဖြည်းနဲ့ နာမည်ကြီးလာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Pixar ထုတ်လုပ်ထားတဲ့ အကောင်းဆုံး short animation တွေကို ဖော်ပြပေးချင်ပါတယ်။

(10) Purl
photo via screenrant

ဒီဇာတ်လမ်းလေးကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (6.5) ရရှိထားကာ (၈)မိနစ်ပဲ ကြာမြင့်ပါတယ်။ ဇာတ်လမ်းကတော့ Purl လို့ ခေါ်တဲ့ ချည်လုံးလေးဟာ ပေးတဲ့ပိုက်ဆံနဲ့ မတန်အောင်ခိုင်းတဲ့ အလုပ်တစ်ခုမှာ အလုပ်ရသွားပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အသိအမှတ်ပြုခံရဖို့အတွက် ဘယ်လောက်ထိ ကြိုးစားသွားမလည်းဆိုတာကို ဆုံးဖြတ်ရပါတော့တယ်။

(9) Loop
photo via screenrant

ဒီဇာတ်လမ်းလေးကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.8) ရရှိထားကာ (၉) မိနစ်ပဲ ကြာမြင့်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကောင်လေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ဟာ camping ထွက်လာကြပါတယ်။ သူတို့နှစ်ယောက်လုံးဟာ တစ်ခြားသူတွေနဲ့ ဘယ်လိုမျိူး သူငယ်ချင်းဖြစ်အောင် လုပ်ရမလည်း ဆိုတာကို သိချင်နေကြသူတွေလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူတို့နှစ်ယောက်ရဲ့ကြားက ဆက်ဆံရေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(8) Sanjay’s Super Team
photo via screenrant

ဒီဇာတ်လမ်းလေးကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.9)  ရရှိထားကာ (၇)မိနစ်ပဲ ကြာမြင့်ပါတယ်။ ဇာတ်လမ်းကတော့ အဖေနဲ့ သားဖြစ်သူရဲ့ကြားက မတူညီမှုတွေအကြောင်းနဲ့ အဲ့ဒီမတူညီမှုတွေနဲ့ ဘယ်လိုမျိူး ရှေ့ဆက်ကြမလည်းဆိုတာကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ သားဖြစ်သူ Sanjay ကတော့ သူ့ရဲ့အရုပ်တွေနဲ့ ဆော့ကစားရတာ ကြိုက်ပြီး စူပါဟီးရိုးကာတွန်းတွေကိုပဲ စိတ်ဝင်စားသူ ဖြစ်ပါတယ်။ သူ့ရဲ့အဖေကတော့ သူ့ကို ယဉ်ကျေးမှုတွေနဲ့ ဘာသာရေးတွေကို ပိုပြီးတော့ စိတ်ဝင်စားစေချင်သူ ဖြစ်ပါတယ်။ ဒါနဲ့ပဲ သူတို့သားအဖနှစ်ယောက်ဟာ ဘယ်လိုရှေ့ဆက်ကြမလည်းဆိုတာ ကြည့်ရှုရမှာပါ။

(7) Lava
photo via screenrant

ဒီဇာတ်လမ်းလေးကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (7.2) ရရှိထားကာ (၇)မိနစ်ပဲ ကြာမြင့်ပါတယ်။ ဇာတ်လမ်းကတော့ ပင်လယ်ရဲ့ တစ်နေရာမှာ ရှိနေတဲ့ မီးတောင်ကြီးနဲ့ တစ်ခြားမီးတောင်တစ်ခုရဲ့ကြားက အချစ်ဇာတ်လမ်းလေးကို ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

(6) Float
photo via screenrant

ဒီဇာတ်လမ်းလေးကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားကာ (၇)မိနစ်ပဲ ကြာမြင့်ပါတယ်။ တစ်ရက်မှာတော့ ဖခင်တစ်ယောက်ဟာ သူ့ရဲ့သားက တစ်ခြားကလေးနဲ့ လုံးဝမတူဘဲ အလွန်ထူးခြားနေတာ သိခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်လုံး လုံခြုံဖို့အတွက် သူ့ရဲ့သားလေးကို ဖွက်ထားခဲ့ရပါတယ်။

(5) Boa
photo via screenrant

ဒီဇာတ်လမ်းလေးကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (7.5) ရရှိထားကာ (၈)မိနစ်ပဲ ကြာမြင့်ပါတယ်။ ဇာတ်လမ်းကတော့ တစ်ယောက်တည်း အထီးကျန်နေတဲ့ အမျိူးသမီးတစ်ယောက်ဟာ သူမကိုယ်တိုင် ပြုလုပ်ထားတဲ့ ပေါက်စီတစ်လုံးက အသက်ဝင်လာတာကို သိလိုက်ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ အမေတစ်ယောက် ဖြစ်လာဖို့အတွက် ဒုတိယအကြိမ် အခွင့်အရေး ရလာခဲ့ပါတယ်။

(4) The Blue Umbrella
photo via screenrant

ဒီဇာတ်လမ်းလေးကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (7.6) ရရှိထားကာ (၇)မိနစ်ပဲ ကြာမြင့်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိုးတွေ သည်းကြီးမည်းကြီး ရွာသွန်းနေတဲ့အချိန်မှာ စတွေ့ကြတဲ့ ထီးနှစ်ချောင်းတို့ဟာ မြင်မြင်ချင်းမှာပဲ ချစ်ကြိုက်မိသွားကြပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်ပေမယ့်လည်း အဆုံးသတ်မှာတော့ သင့်ကို ခံစားချက်တစ်ခုခု ကျန်ခဲ့စေမှာပါ။

(3) Out
photo via screenrant

ဒီဇာတ်လမ်းလေးကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားကာ (၉)မိနစ်ပဲ ကြာမြင့်ပါတယ်။ ဒီဇာတ်လမ်းကတော့ LGBT အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ လူငယ်တစ်ယောက်ဟာ သူ့မိဘတွေရဲ့အိမ်ကို ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အိမ်ပြောင်းနေတာကြောင့် ဖရိုဖရဲတွေ ဖြစ်နေတဲ့အချိန်မှာ သူဟာ သူ့ရဲ့ခွေးနဲ့ နေရာချင်းလဲသွားခဲ့ပါတယ်။

(2) Geri’s Game
photo via screenrant

ဒီဇာတ်လမ်းကတော့ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားကာ (၅)မိနစ်ပဲ ကြာမြင့်ပါတယ်။ ဇာတ်လမ်းကတော့ Geri ဆိုတဲ့ အဘိုးကြီးတစ်ယောက် စစ်တုရင်ဆော့နေတဲ့အကြောင်းကို ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Geri ဟာ ပန်းခြံထဲမှာ တစ်ယောက်တည်း ဘယ်လိုမျိူး စစ်တုရင် ကစားနေတာလည်း ဆိုတာကို မြင်ရမှာပါ။

(1) La Luna
photo via screenrant

ဒီဇာတ်လမ်းလေးကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (8.0) ရရှိထားကာ (၇)မိနစ်ပဲ ကြာမြင့်ပါတယ်။ ဇာတ်လမ်းကတော့ Bambino ဆိုတဲ့ ကောင်မလေးကို သူမရဲ့အဖေနဲ့ အဘိုးတို့က သူတို့မိသားစုရဲ့ အစဉ်အလာတွေကို သင်ပေးပြီးတော့ အလုပ်ကို ခေါ်သွားပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ အင်မတန် စိတ်လှုပ်ရှားနေပေမယ့်လည်း သိပ်မကြာခင်မှာတော့ သူမရဲ့စိတ်လှုပ်ရှားမှုတွေဟာ ရှုပ်ထွေးမှုတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ဒါကတော့ Pixar စတူဒီယိုက ထုတ်လုပ်ထားတဲ့ animation ဇာတ်လမ်းတိုလေးတွေထဲက အကောင်းဆုံးတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြည့်ဖူးတဲ့ အခြားဇာတ်လမ်းတိုလေးတွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Pixar ဟာ သမိုင္းမွာ အေအာင္ျမင္ဆုံးလို႔ ေျပာလို႔ရတဲ့ animation ေတြကို ထုတ္လုပ္ခဲ့တာကို လူတိုင္းသိၾကပါတယ္။ ဒါေပမယ့္လည္း Pixar ဟာ animated ႐ုပ္ရွင္ေတြတင္ မဟုတ္ဘဲ short animation ေတြကိုလည္း ထုတ္လုပ္ေလ့ ရွိပါတယ္။ မူလကေတာ့ short animation ေတြကို သူတို႔ရဲ႕ နည္းပညာေတြနဲ႔ ဇာတ္လမ္းေတြကို စမ္းသပ္ဖို႔အတြက္သာ ထုတ္လုပ္ခဲ့တာ ျဖစ္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဒီဇာတ္လမ္းတိုေလးေတြဟာလည္း တျဖည္းျဖည္းနဲ႔ နာမည္ႀကီးလာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Pixar ထုတ္လုပ္ထားတဲ့ အေကာင္းဆုံး short animation ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) Purl
photo via screenrant

ဒီဇာတ္လမ္းေလးကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (6.5) ရရွိထားကာ (၈)မိနစ္ပဲ ၾကာျမင့္ပါတယ္။ ဇာတ္လမ္းကေတာ့ Purl လို႔ ေခၚတဲ့ ခ်ည္လုံးေလးဟာ ေပးတဲ့ပိုက္ဆံနဲ႔ မတန္ေအာင္ခိုင္းတဲ့ အလုပ္တစ္ခုမွာ အလုပ္ရသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ အသိအမွတ္ျပဳခံရဖို႔အတြက္ ဘယ္ေလာက္ထိ ႀကိဳးစားသြားမလည္းဆိုတာကို ဆုံးျဖတ္ရပါေတာ့တယ္။

(9) Loop
photo via screenrant

ဒီဇာတ္လမ္းေလးကေတာ့ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.8) ရရွိထားကာ (၉) မိနစ္ပဲ ၾကာျမင့္ပါတယ္။ ဇာတ္လမ္းေလးကေတာ့ ေကာင္ေလးတစ္ေယာက္နဲ႔ မိန္းကေလးတစ္ေယာက္ဟာ camping ထြက္လာၾကပါတယ္။ သူတို႔ႏွစ္ေယာက္လုံးဟာ တစ္ျခားသူေတြနဲ႔ ဘယ္လိုမ်ိဴး သူငယ္ခ်င္းျဖစ္ေအာင္ လုပ္ရမလည္း ဆိုတာကို သိခ်င္ေနၾကသူေတြလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ၾကားက ဆက္ဆံေရးကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(8) Sanjay’s Super Team
photo via screenrant

ဒီဇာတ္လမ္းေလးကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.9)  ရရွိထားကာ (၇)မိနစ္ပဲ ၾကာျမင့္ပါတယ္။ ဇာတ္လမ္းကေတာ့ အေဖနဲ႔ သားျဖစ္သူရဲ႕ၾကားက မတူညီမႈေတြအေၾကာင္းနဲ႔ အဲ့ဒီမတူညီမႈေတြနဲ႔ ဘယ္လိုမ်ိဴး ေရွ႕ဆက္ၾကမလည္းဆိုတာကို ပုံေဖာ္ထားတာ ျဖစ္ပါတယ္။ သားျဖစ္သူ Sanjay ကေတာ့ သူ႔ရဲ႕အ႐ုပ္ေတြနဲ႔ ေဆာ့ကစားရတာ ႀကိဳက္ၿပီး စူပါဟီး႐ိုးကာတြန္းေတြကိုပဲ စိတ္ဝင္စားသူ ျဖစ္ပါတယ္။ သူ႔ရဲ႕အေဖကေတာ့ သူ႔ကို ယဥ္ေက်းမႈေတြနဲ႔ ဘာသာေရးေတြကို ပိုၿပီးေတာ့ စိတ္ဝင္စားေစခ်င္သူ ျဖစ္ပါတယ္။ ဒါနဲ႔ပဲ သူတို႔သားအဖႏွစ္ေယာက္ဟာ ဘယ္လိုေရွ႕ဆက္ၾကမလည္းဆိုတာ ၾကည့္ရႈရမွာပါ။

(7) Lava
photo via screenrant

ဒီဇာတ္လမ္းေလးကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (7.2) ရရွိထားကာ (၇)မိနစ္ပဲ ၾကာျမင့္ပါတယ္။ ဇာတ္လမ္းကေတာ့ ပင္လယ္ရဲ႕ တစ္ေနရာမွာ ရွိေနတဲ့ မီးေတာင္ႀကီးနဲ႔ တစ္ျခားမီးေတာင္တစ္ခုရဲ႕ၾကားက အခ်စ္ဇာတ္လမ္းေလးကို ဖန္တီးထားတာပဲ ျဖစ္ပါတယ္။

(6) Float
photo via screenrant

ဒီဇာတ္လမ္းေလးကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.4) ရရွိထားကာ (၇)မိနစ္ပဲ ၾကာျမင့္ပါတယ္။ တစ္ရက္မွာေတာ့ ဖခင္တစ္ေယာက္ဟာ သူ႔ရဲ႕သားက တစ္ျခားကေလးနဲ႔ လုံးဝမတူဘဲ အလြန္ထူးျခားေနတာ သိခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္လုံး လုံၿခဳံဖို႔အတြက္ သူ႔ရဲ႕သားေလးကို ဖြက္ထားခဲ့ရပါတယ္။

(5) Boa
photo via screenrant

ဒီဇာတ္လမ္းေလးကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (7.5) ရရွိထားကာ (၈)မိနစ္ပဲ ၾကာျမင့္ပါတယ္။ ဇာတ္လမ္းကေတာ့ တစ္ေယာက္တည္း အထီးက်န္ေနတဲ့ အမ်ိဴးသမီးတစ္ေယာက္ဟာ သူမကိုယ္တိုင္ ျပဳလုပ္ထားတဲ့ ေပါက္စီတစ္လုံးက အသက္ဝင္လာတာကို သိလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ အေမတစ္ေယာက္ ျဖစ္လာဖို႔အတြက္ ဒုတိယအႀကိမ္ အခြင့္အေရး ရလာခဲ့ပါတယ္။

(4) The Blue Umbrella
photo via screenrant

ဒီဇာတ္လမ္းေလးကေတာ့ ၂၀၁၃ ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (7.6) ရရွိထားကာ (၇)မိနစ္ပဲ ၾကာျမင့္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ မိုးေတြ သည္းႀကီးမည္းႀကီး ႐ြာသြန္းေနတဲ့အခ်ိန္မွာ စေတြ႕ၾကတဲ့ ထီးႏွစ္ေခ်ာင္းတို႔ဟာ ျမင္ျမင္ခ်င္းမွာပဲ ခ်စ္ႀကိဳက္မိသြားၾကပါတယ္။ ဇာတ္လမ္းေလးကေတာ့ ႐ိုး႐ိုးရွင္းရွင္းေလးပဲ ျဖစ္ေပမယ့္လည္း အဆုံးသတ္မွာေတာ့ သင့္ကို ခံစားခ်က္တစ္ခုခု က်န္ခဲ့ေစမွာပါ။

(3) Out
photo via screenrant

ဒီဇာတ္လမ္းေလးကေတာ့ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.7) ရရွိထားကာ (၉)မိနစ္ပဲ ၾကာျမင့္ပါတယ္။ ဒီဇာတ္လမ္းကေတာ့ LGBT အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ လူငယ္တစ္ေယာက္ဟာ သူ႔မိဘေတြရဲ႕အိမ္ကို ေျပာင္းလာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အိမ္ေျပာင္းေနတာေၾကာင့္ ဖ႐ိုဖရဲေတြ ျဖစ္ေနတဲ့အခ်ိန္မွာ သူဟာ သူ႔ရဲ႕ေခြးနဲ႔ ေနရာခ်င္းလဲသြားခဲ့ပါတယ္။

(2) Geri’s Game
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၁၉၉၇ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.9) ရရွိထားကာ (၅)မိနစ္ပဲ ၾကာျမင့္ပါတယ္။ ဇာတ္လမ္းကေတာ့ Geri ဆိုတဲ့ အဘိုးႀကီးတစ္ေယာက္ စစ္တုရင္ေဆာ့ေနတဲ့အေၾကာင္းကို ဖန္တီးထားတာပဲ ျဖစ္ပါတယ္။ Geri ဟာ ပန္းၿခံထဲမွာ တစ္ေယာက္တည္း ဘယ္လိုမ်ိဴး စစ္တုရင္ ကစားေနတာလည္း ဆိုတာကို ျမင္ရမွာပါ။

(1) La Luna
photo via screenrant

ဒီဇာတ္လမ္းေလးကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (8.0) ရရွိထားကာ (၇)မိနစ္ပဲ ၾကာျမင့္ပါတယ္။ ဇာတ္လမ္းကေတာ့ Bambino ဆိုတဲ့ ေကာင္မေလးကို သူမရဲ႕အေဖနဲ႔ အဘိုးတို႔က သူတို႔မိသားစုရဲ႕ အစဥ္အလာေတြကို သင္ေပးၿပီးေတာ့ အလုပ္ကို ေခၚသြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ အင္မတန္ စိတ္လႈပ္ရွားေနေပမယ့္လည္း သိပ္မၾကာခင္မွာေတာ့ သူမရဲ႕စိတ္လႈပ္ရွားမႈေတြဟာ ရႈပ္ေထြးမႈေတြအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။

ဒါကေတာ့ Pixar စတူဒီယိုက ထုတ္လုပ္ထားတဲ့ animation ဇာတ္လမ္းတိုေလးေတြထဲက အေကာင္းဆုံးေတြကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ၾကည့္ဖူးတဲ့ အျခားဇာတ္လမ္းတိုေလးေတြ ရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular