HomeEntertainmentFilmPirates of the Caribbean ရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Pirates of the Caribbean ရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Pirates of the Caribbean ရုပ်ရှင်ဇာတ်ကားတွေဟာ မြန်မာပရိသတ်ရော၊ နိုင်ငံတကာက ပရိသတ်တွေပါ တခဲနက် အားပေးခဲ့ကြတဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ ၂၀၀၃ခုနှစ်မှာ Pirates of the Caribbean: The Curse of the Black Pearl ဆိုတဲ့ ပထမဆုံးရုပ်ရှင်ကို စတင်ထွက်ရှိခဲ့ပြီး ၂၀၁၇ခုနှစ်အထိ ဆယ့်လေးနှစ်ဝန်းကျင်မှာ ရုပ်ရှင်ငါးကားတိတိ ထွက်ရှိထားပြီး ဖြစ်ပါတယ်။

ရုပ်ရှင်ငါးကားလုံးအတွက် ဘတ်ဂျက်မှာ ဒေါ်လာ(၁.၂၇၄)ဘီလျံ ရှိခဲ့ပြီး စုစုပေါင်းဝင်ငွေကတော့ ဒေါ်လာ(၄.၅၂၄)ဘီလျံအထိ သောက်သောက်လဲ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင် franchise တွေရဲ့စာရင်းမှာ နံပါတ်(၁၂)နေရာကို ရယူထားနိုင်တာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ဖန်တီးရိုက်ကူးလာခဲ့တဲ့ Pirates of the Caribbean ရုပ်ရှင်တွေရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်တချို့ကို ဖော်ပြပေးရမယ်ဆိုရင်တော့ …

Captain Jack Sparrow ဇာတ်ကောင်ဟာ Hugh Jackman ကိုကြည့်ပြီး ဖန်တီးထားတာပါ။
Photo via screenrant

မင်းသား Johnny Depp ဟာ Jack Sparrow ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ နာမည်ကျော် ရော့ခ်ဂီတဝိုင်း Rolling Stones က ဂစ်တာသမား Keith Richards နဲ့ Pepe Le Pew ဆိုတဲ့ ကာတွန်းဇာတ်ကောင်တွေကို အခြေခံပြီး စိတ်ကူးပုံဖော်ခဲ့သလိုပဲ ဇာတ်ညွှန်းရေးဆရာ Stuart Beattie ကလည်း မင်းသား Hugh Jackman ကို ကြည့်‌ပြီး ဒီကာရိုက်တာကို ဖန်တီးရေးသားခဲ့တာ ဖြစ်ပါတယ်။

ပြောစကားတွေအရ ဇာတ်ညွှန်းရေးဆရာ Stuart ဟာ ဇာတ်ကောင်နာမည်ကိုတောင် Hugh Jackman ရဲ့ နာမည်နဲ့ ဆင်တူနေအောင် Jack Sparrow လို့ပေးခဲ့တာလို့လည်း ဆိုကြပါတယ်။ သို့ပေမယ့်လည်း ဇာတ်ကားကို ရိုက်ကူးဖို့ ပြင်ဆင်နေချိန်တုန်းက Hugh Jackman ဟာ အခုလောက်ထိ နာမည်ကြီးတဲ့ သရုပ်ဆောင်တစ်ယောက် မဟုတ်သေးပါဘူး။ ဒါကြောင့်လည်း Captain Jack Sparrow နေရာမှာ သူ့ကိုသရုပ်ဆောင်ခိုင်းဖို့ရာ ပရိုဂျူဆာတွေက သိပ်ပြီးအလေးအနက်ထား မစဉ်းစားခဲ့ကြတာ ဖြစ်ပါတယ်။ Hugh Jackman ကို တကယ်သရုပ်ဆောင်စေချင်တဲ့ တစ်ဦးတည်းသောသူဟာ ဇာတ်ညွှန်းရေးသူ Stuart သာ ရှိခဲ့ပါတယ်။

Jack Sparrow ဇာတ်ကောင်အတွက် ပထမဆုံး ကမ်းလှမ်းခံရသူဟာ Robert De Niro ပါ။
Photo via screenrant

ရုပ်ရှင်တစ်ကားဟာ သရုပ်ဆောင်တစ်ယောက်လောက် ပြောင်းလဲသွားတာနဲ့ အများကြီး ပြောင်းလဲမှုတွေ ဖြစ်သွားနိုင်ပါတယ်။ Johnny Depp ဟာ သူ့ရဲ့တမူထူးတဲ့ သရုပ်ဆောင်မှုနဲ့ Captain Jack Sparrow ဇာတ်ကောင်ကို ပရိသတ်တွေ ရင်ထဲစွဲသွားအောင် လုပ်ပြနိုင်စွမ်းရှိတာ မှန်ပေမယ့် ဒီဇာတ်ကောင်ကို ပထမဆုံး ကမ်းလှမ်းခံရသူဟာ သူ မဟုတ်ခဲ့ပါဘူး။

Johnny Depp မတိုင်ခင်မှာ Jack Sparrow ဇာတ်ကောင်အတွက် ကမ်းလှမ်းခံခဲ့ရသူတွေကတော့ မင်းသားကြီး Robert De Niro ၊ Jim Carrey နဲ့ Matthew McConaughey တို့ ဖြစ်ပါတယ်။ မင်းသားကြီး Robert De Niro ဟာ တလေးတစားနဲ့ အသိအမှတ်ပြုရမယ့် ထိပ်တန်းမင်းသားကြီးတစ်လက် ဖြစ်ပေမယ့် လူငယ်ပရိသတ်တွေကို အဓိကထား ဆွဲဆောင်ရမယ့် ဒီဇာတ်ကောင်ဟာ သူနဲ့တော့ ဘယ်လိုမှ မကိုက်ညီတာ အမှန်ပါပဲ။ မင်းသားကြီးဘက်ကလည်း ဒီပင်လယ်ဓားပြရုပ်ရှင်ဟာ လောက်လောက်လားလား အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ ဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။

Tom Hiddleston ဟာ Will Turner နေရာမှာ သရုပ်ဆောင်ဖို့ ဝင်အရွေးခံခဲ့ပါသေးတယ်။
Photo via screenrant

Will Turner ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသားတော်တော်များများ ဝင်အရွေးခံခဲ့ကြပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ Tobey Maguire ၊ Ewan McGregor နဲ့ Jude Law တို့ပါ ဝင်အရွေးခံခဲ့ကြတယ်လို့ သိရပါတယ်။

မင်းသားတွေ အများကြီးရဲ့ အားပြိုင်မှုတွေအပြီးမှာတော့ Will Turner ဇာတ်ကောင်ဟာ မင်းသား Orlando Bloom နဲ့ Heath Ledger ဆီကို ရောက်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြား အကျိတ်အနယ် ယှဉ်ပြိုင်ရာမှာတော့ The Lord of the Rings ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ခံနဲ့ မင်းသား Orlando Bloom က ဇာတ်ကောင်ကို နောက်ဆုံး အနိုင်ရရှိသွားပါတယ်။

Will Turner ဇာတ်ကောင်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မင်းသားတွေထဲမှာ အင်္ဂလန်မင်းသားတစ်လက်ဖြစ်တဲ့ Tom Hiddleston လည်း ပါဝင်ခဲ့ပါတယ်။ Tom အတွက်တော့ ဒီဇာတ်ကောင်ကို လက်လွှတ်ခဲ့ရတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ Will Turner ဇာတ်ကောင်ကို ဆုံးရှုံးပြီး ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ပြီးတော့မှ Thor ဇာတ်ကားနဲ့ ပရိသတ်ကြားကို ထိုးဖောက်နိုင်တဲ့ ဇာတ်ရုပ်ကို ရရှိခဲ့လို့ပါပဲ။

ပထမဆုံးဇာတ်ကားမှာ ပါဝင်တုန်းက Keira Knightley ဟာ ဆယ်ကျော်သက်အရွယ်ပဲ ရှိပါသေးတယ်။
Photo via screenrant

ပထမဆုံးဇာတ်ကားဖြစ်တဲ့ Pirates of the Caribbean: The Curse of the Black Pearl ကို ရိုက်ကူးတုန်းက မင်းသမီး Keira Knightley ရဲ့အသက်ဟာ (၁၇)နှစ်ပဲ ရှိပါသေးတယ်။ ရုပ်ရှင်ထဲမှာ ကြည့်ရတုန်းက အရွယ်ရောက်ပြီးသား မိန်းကလေးတစ်ယောက်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဆယ်ကျော်သက်ရွယ်လေးပဲ ရှိသေးတာကြောင့် သူမရဲ့မိခင်ဖြစ်သူက ရိုက်ကွင်းအထိ လိုက်ပြီး စောင့်ရှောက်ပေးခဲ့ရပါတယ်။

အတွေ့အကြုံလည်း သိပ်မရှိသေးတဲ့ မင်းသမီးငယ်လေး ဖြစ်တာကြောင့် တကယ်လို့များ ရိုက်ကွင်းကနေ ချက်ချင်း အလုပ်ထုတ်ခံရသည်ရှိသော်ဆိုပြီး သူမရဲ့ပစ္စည်းပစ္စယတွေကို ရိုက်ကွင်းစတည်းက တစ်ပါတည်း ယူဆောင်လာတတ်တယ်လို့လည်း အင်တာဗျူးတစ်ခုမှာ ပြောပြဖူးပါသေးတယ်။ Johnny Depp လို ဝါရင့်မင်းသားတစ်လက်နဲ့သာမက စန်းတရိပ်ရိပ် တက်နေတဲ့ မင်းသား Orlando Bloom နဲ့ပါ တွဲပြီး အလုပ်လုပ်ခဲ့ရတာကြောင့် Keira တစ်ယောက် ရှိန်ပြီး ကြောက်နေခဲ့တဲ့ ခံစားချက်ကို နားလည်ပေးလို့ ရကြမှာပါ။

ပထမဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ ရတနာလှိုဏ်ဂူကြီးကို ငါးလကြာ တည်ဆောက်ခဲ့ရပါတယ်။
Photo via screenrant

ဒီရုပ်ရှင် franchise မှာ ဘတ်ဂျက်အသုံးစွဲရဆုံးနေရာတစ်ခုကတော့ ရိုက်ကွင်းပြင်ဆင်မှုပါပဲ။ ရုပ်ရှင်ငါးကားလုံးရဲ့ ရိုက်ကွင်းတည်ဆောက်မှုတွေထဲကမှ အမှတ်ရစရာအကောင်းဆုံး တစ်ခုကတော့ The Curse of the Black Pearl မှာ ပါဝင်ခဲ့တဲ့ ရတနာလှိုဏ်ဂူကြီးပဲ ဖြစ်ပါတယ်။

အဲ့ဒီ့လှိုဏ်ဂူကြီးဟာ ဟောလိဝုဒ်မှာ တည်ဆောက်ခဲ့ဖူးသမျှ အကြီးဆုံး indoor set တွေထဲမှာ ပါဝင်ပါတယ်။ ဖော့ပြားတွေ၊ တိုင်ကီစည်ပိုင်းတွေနဲ့ ပလာစတာကိုင်ပြီး တကယ့် ကျောက်ဂူကြီးတစ်ခုလို ဖြစ်အောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့ဂူကြီးတစ်ခုလုံးကို ဆောက်လုပ်ပြီးစီးဖို့ လက်သမား အယောက်တစ်ရာခန့် သုံးစွဲခဲ့ရပြီး ငါးလကြာ ဆောက်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီဂူကို တည်ဆောက်တဲ့အချိန်နဲ့တင် တော်ရုံတန်ရုံ ရုပ်ရှင်တစ်ကားကို ရိုက်ကူးဖို့အချိန် လုံလောက်ပါတယ်။

ရိုက်ကူးရေးလုပ်တုန်းက လှေမတော်တဆမှု တကယ်ဖြစ်ခဲ့ပါတယ်။
Photo via screenrant

Pirates of the Caribbean ဟာ ပင်လယ်ဓားပြဇာတ်လမ်းပီပီ တကယ့် ပင်လယ်ပြင်ကြီးထဲမှာ တကယ့်လှေတွေနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်နောက်ခံနဲ့ ရုပ်ရှင်အများစုဟာ စတူဒီယိုထဲမှာပဲ ရိုက်ကူးလေ့ရှိပေမယ့် ဒီရုပ်ရှင်ဇာတ်ကားတွေကတော့ ဘတ်ဂျက်ကို ရှယ်သုံးနိုင်တဲ့အတွက် တကယ့်ပင်လယ်ပြင်ထဲမှာ ရိုက်ကူးခဲ့ပါတယ်။

ပထမဆုံးဇာတ်ကားဖြစ်တဲ့ The Curse of the Black Pearl မှာတုန်းက ညဘက်ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသမီး Keira Knightley ကို သယ်ဆောင်လာတဲ့ လှေနဲ့ နောက်ထပ်လှေအကြီးတစ်ခုဟာ သန္တာကျောက်တန်းတွေနဲ့ ငြိပြီး မတော်တဆ ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ရိုက်ကွင်းအနီးအနားက ဒေသခံတွေကလည်း ညဘက်ဆိုရင် သန္တာကျောက်တန်းကို မမြင်ရနိုင်တဲ့အကြောင်း သတိပေးခဲ့ကြပါတယ်။ မင်းသမီးအပါအဝင် သင်္ဘောပေါ်က လူတွေမှာ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပေမယ့် ကျန်နေတဲ့ ညဘက်အခန်းတွေကို စတူဒီယိုထဲမှာပဲ ရိုက်ကူးဖို့ ပရိုဂျူဆာတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

အိုင်ဒီယာဆင်တူသွားလို့ The Lord of the Rings: Return of the King ကို ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ပါတယ်။
Photo via screenrant

Pirates of the Caribbean ထဲက undead crew တွေ ပါလာတဲ့အခန်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ထုတ်လုပ်ရေးအဖွဲ့ဟာ undead crew တွေကို ပုံစံအမျိုးမျိုး ဒီဇိုင်းဆွဲကြည့်ပြီးတဲ့နောက် တစ်ကိုယ်လုံး အရိုးခြောက်ဖြစ်နေတဲ့ပုံစံကိုမှ အခြေအနေ အမျိုးမျိုးနဲ့ ဆွေးမြေ့နေတဲ့ ဒီဇိုင်းကို အတည်ပြုလိုက်ကြပါတယ်။

ဒါဟာ မထင်မှတ်ဘဲနဲ့ The Lord of the Rings ဇာတ်ကားတွေကို ရိုက်ခတ်မှုတွေ သွားဖြစ်စေခဲ့ပါတယ်။ LOTR ရဲ့ ထုတ်လုပ်ရေးအဖွဲ့တွေဟာလည်း Aragorn ရဲ့ Army of Dead ကို ဒီဇိုင်းဆွဲထားရာမှာ Pirates of the Caribbean ထဲက undead crew တွေနဲ့ ခပ်ဆင်ဆင် သွားဖြစ်နေပါတယ်။ ဒါကြောင့်ပဲ Pirates ဇာတ်ကားရဲ့ ထွေလာကို ကြည့်ပြီးတဲ့နောက်မှာ LOTR တစ်ဖွဲ့သားလုံးဟာ သူတို့ရဲ့ Army of Dead ဒီဇိုင်းကို အစအဆုံး ပြန်လုပ်ဖို့ သဘောတူခဲ့ကြပြီး လုံးဝမတူတဲ့ ပုံစံတစ်ခုကို ဖန်တီးခဲ့ကြပါတယ်။

ဒါကတော့ ပရိသတ်တွေ အားပေးခဲ့ကြတဲ့ Pirates of the Caribbean ဇာတ်ကားတွေရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာ အချက်တချို့ကို ရွေးချယ်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ သိထားတဲ့ အခြားအချက်တွေ ရှိခဲ့ရင်လည်း ပြန်လည်မျှဝေပေးခဲ့နိုင်ပါတယ်။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Pirates of the Caribbean ႐ုပ္ရွင္ဇာတ္ကားေတြဟာ ျမန္မာပရိသတ္ေရာ၊ ႏိုင္ငံတကာက ပရိသတ္ေတြပါ တခဲနက္ အားေပးခဲ့ၾကတဲ့ ႐ုပ္ရွင္ franchise တစ္ခု ျဖစ္ပါတယ္။ ၂၀၀၃ခုႏွစ္မွာ Pirates of the Caribbean: The Curse of the Black Pearl ဆိုတဲ့ ပထမဆုံး႐ုပ္ရွင္ကို စတင္ထြက္ရွိခဲ့ၿပီး ၂၀၁၇ခုႏွစ္အထိ ဆယ့္ေလးႏွစ္ဝန္းက်င္မွာ ႐ုပ္ရွင္ငါးကားတိတိ ထြက္ရွိထားၿပီး ျဖစ္ပါတယ္။

႐ုပ္ရွင္ငါးကားလုံးအတြက္ ဘတ္ဂ်က္မွာ ေဒၚလာ(၁.၂၇၄)ဘီလ်ံ ရွိခဲ့ၿပီး စုစုေပါင္းဝင္ေငြကေတာ့ ေဒၚလာ(၄.၅၂၄)ဘီလ်ံအထိ ေသာက္ေသာက္လဲ ေအာင္ျမင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဝင္ေငြအေကာင္းဆုံး ႐ုပ္ရွင္ franchise ေတြရဲ႕စာရင္းမွာ နံပါတ္(၁၂)ေနရာကို ရယူထားႏိုင္တာ ျဖစ္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ဖန္တီး႐ိုက္ကူးလာခဲ့တဲ့ Pirates of the Caribbean ႐ုပ္ရွင္ေတြရဲ႕ ပိတ္ကားေနာက္ကြယ္က စိတ္ဝင္စားစရာအခ်က္တခ်ိဳ႕ကို ေဖာ္ျပေပးရမယ္ဆိုရင္ေတာ့ …

Captain Jack Sparrow ဇာတ္ေကာင္ဟာ Hugh Jackman ကိုၾကည့္ၿပီး ဖန္တီးထားတာပါ။
Photo via screenrant

မင္းသား Johnny Depp ဟာ Jack Sparrow ဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ဖို႔ နာမည္ေက်ာ္ ေရာ့ခ္ဂီတဝိုင္း Rolling Stones က ဂစ္တာသမား Keith Richards နဲ႔ Pepe Le Pew ဆိုတဲ့ ကာတြန္းဇာတ္ေကာင္ေတြကို အေျခခံၿပီး စိတ္ကူးပုံေဖာ္ခဲ့သလိုပဲ ဇာတ္ၫႊန္းေရးဆရာ Stuart Beattie ကလည္း မင္းသား Hugh Jackman ကို ၾကည့္‌ၿပီး ဒီကာ႐ိုက္တာကို ဖန္တီးေရးသားခဲ့တာ ျဖစ္ပါတယ္။

ေျပာစကားေတြအရ ဇာတ္ၫႊန္းေရးဆရာ Stuart ဟာ ဇာတ္ေကာင္နာမည္ကိုေတာင္ Hugh Jackman ရဲ႕ နာမည္နဲ႔ ဆင္တူေနေအာင္ Jack Sparrow လို႔ေပးခဲ့တာလို႔လည္း ဆိုၾကပါတယ္။ သို႔ေပမယ့္လည္း ဇာတ္ကားကို ႐ိုက္ကူးဖို႔ ျပင္ဆင္ေနခ်ိန္တုန္းက Hugh Jackman ဟာ အခုေလာက္ထိ နာမည္ႀကီးတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ မဟုတ္ေသးပါဘူး။ ဒါေၾကာင့္လည္း Captain Jack Sparrow ေနရာမွာ သူ႔ကိုသ႐ုပ္ေဆာင္ခိုင္းဖို႔ရာ ပ႐ိုဂ်ဴဆာေတြက သိပ္ၿပီးအေလးအနက္ထား မစဥ္းစားခဲ့ၾကတာ ျဖစ္ပါတယ္။ Hugh Jackman ကို တကယ္သ႐ုပ္ေဆာင္ေစခ်င္တဲ့ တစ္ဦးတည္းေသာသူဟာ ဇာတ္ၫႊန္းေရးသူ Stuart သာ ရွိခဲ့ပါတယ္။

Jack Sparrow ဇာတ္ေကာင္အတြက္ ပထမဆုံး ကမ္းလွမ္းခံရသူဟာ Robert De Niro ပါ။
Photo via screenrant

႐ုပ္ရွင္တစ္ကားဟာ သ႐ုပ္ေဆာင္တစ္ေယာက္ေလာက္ ေျပာင္းလဲသြားတာနဲ႔ အမ်ားႀကီး ေျပာင္းလဲမႈေတြ ျဖစ္သြားႏိုင္ပါတယ္။ Johnny Depp ဟာ သူ႔ရဲ႕တမူထူးတဲ့ သ႐ုပ္ေဆာင္မႈနဲ႔ Captain Jack Sparrow ဇာတ္ေကာင္ကို ပရိသတ္ေတြ ရင္ထဲစြဲသြားေအာင္ လုပ္ျပႏိုင္စြမ္းရွိတာ မွန္ေပမယ့္ ဒီဇာတ္ေကာင္ကို ပထမဆုံး ကမ္းလွမ္းခံရသူဟာ သူ မဟုတ္ခဲ့ပါဘူး။

Johnny Depp မတိုင္ခင္မွာ Jack Sparrow ဇာတ္ေကာင္အတြက္ ကမ္းလွမ္းခံခဲ့ရသူေတြကေတာ့ မင္းသားႀကီး Robert De Niro ၊ Jim Carrey နဲ႔ Matthew McConaughey တို႔ ျဖစ္ပါတယ္။ မင္းသားႀကီး Robert De Niro ဟာ တေလးတစားနဲ႔ အသိအမွတ္ျပဳရမယ့္ ထိပ္တန္းမင္းသားႀကီးတစ္လက္ ျဖစ္ေပမယ့္ လူငယ္ပရိသတ္ေတြကို အဓိကထား ဆြဲေဆာင္ရမယ့္ ဒီဇာတ္ေကာင္ဟာ သူနဲ႔ေတာ့ ဘယ္လိုမွ မကိုက္ညီတာ အမွန္ပါပဲ။ မင္းသားႀကီးဘက္ကလည္း ဒီပင္လယ္ဓားျပ႐ုပ္ရွင္ဟာ ေလာက္ေလာက္လားလား ေအာင္ျမင္မွာ မဟုတ္ဘူးဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ ဒီကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ပါတယ္။

Tom Hiddleston ဟာ Will Turner ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ဝင္အေ႐ြးခံခဲ့ပါေသးတယ္။
Photo via screenrant

Will Turner ဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ဖို႔ ေဟာလိဝုဒ္ရဲ႕ နာမည္ေက်ာ္မင္းသားေတာ္ေတာ္မ်ားမ်ား ဝင္အေ႐ြးခံခဲ့ၾကပါတယ္။ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ Tobey Maguire ၊ Ewan McGregor နဲ႔ Jude Law တို႔ပါ ဝင္အေ႐ြးခံခဲ့ၾကတယ္လို႔ သိရပါတယ္။

မင္းသားေတြ အမ်ားႀကီးရဲ႕ အားၿပိဳင္မႈေတြအၿပီးမွာေတာ့ Will Turner ဇာတ္ေကာင္ဟာ မင္းသား Orlando Bloom နဲ႔ Heath Ledger ဆီကို ေရာက္လာခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ၾကား အက်ိတ္အနယ္ ယွဥ္ၿပိဳင္ရာမွာေတာ့ The Lord of the Rings ႐ုပ္ရွင္ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ေနာက္ခံနဲ႔ မင္းသား Orlando Bloom က ဇာတ္ေကာင္ကို ေနာက္ဆုံး အႏိုင္ရရွိသြားပါတယ္။

Will Turner ဇာတ္ေကာင္အတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ မင္းသားေတြထဲမွာ အဂၤလန္မင္းသားတစ္လက္ျဖစ္တဲ့ Tom Hiddleston လည္း ပါဝင္ခဲ့ပါတယ္။ Tom အတြက္ေတာ့ ဒီဇာတ္ေကာင္ကို လက္လႊတ္ခဲ့ရတာဟာ ႀကီးမားတဲ့ ဆုံးရႈံးမႈတစ္ခုျဖစ္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ Will Turner ဇာတ္ေကာင္ကို ဆုံးရႈံးၿပီး ဆယ္စုႏွစ္တစ္ခုနီးပါး ၾကာျမင့္ၿပီးေတာ့မွ Thor ဇာတ္ကားနဲ႔ ပရိသတ္ၾကားကို ထိုးေဖာက္ႏိုင္တဲ့ ဇာတ္႐ုပ္ကို ရရွိခဲ့လို႔ပါပဲ။

ပထမဆုံးဇာတ္ကားမွာ ပါဝင္တုန္းက Keira Knightley ဟာ ဆယ္ေက်ာ္သက္အ႐ြယ္ပဲ ရွိပါေသးတယ္။
Photo via screenrant

ပထမဆုံးဇာတ္ကားျဖစ္တဲ့ Pirates of the Caribbean: The Curse of the Black Pearl ကို ႐ိုက္ကူးတုန္းက မင္းသမီး Keira Knightley ရဲ႕အသက္ဟာ (၁၇)ႏွစ္ပဲ ရွိပါေသးတယ္။ ႐ုပ္ရွင္ထဲမွာ ၾကည့္ရတုန္းက အ႐ြယ္ေရာက္ၿပီးသား မိန္းကေလးတစ္ေယာက္လို႔ ထင္ရေပမယ့္ တကယ္တမ္းမွာ ဆယ္ေက်ာ္သက္႐ြယ္ေလးပဲ ရွိေသးတာေၾကာင့္ သူမရဲ႕မိခင္ျဖစ္သူက ႐ိုက္ကြင္းအထိ လိုက္ၿပီး ေစာင့္ေရွာက္ေပးခဲ့ရပါတယ္။

အေတြ႕အႀကဳံလည္း သိပ္မရွိေသးတဲ့ မင္းသမီးငယ္ေလး ျဖစ္တာေၾကာင့္ တကယ္လို႔မ်ား ႐ိုက္ကြင္းကေန ခ်က္ခ်င္း အလုပ္ထုတ္ခံရသည္ရွိေသာ္ဆိုၿပီး သူမရဲ႕ပစၥည္းပစၥယေတြကို ႐ိုက္ကြင္းစတည္းက တစ္ပါတည္း ယူေဆာင္လာတတ္တယ္လို႔လည္း အင္တာဗ်ဴးတစ္ခုမွာ ေျပာျပဖူးပါေသးတယ္။ Johnny Depp လို ဝါရင့္မင္းသားတစ္လက္နဲ႔သာမက စန္းတရိပ္ရိပ္ တက္ေနတဲ့ မင္းသား Orlando Bloom နဲ႔ပါ တြဲၿပီး အလုပ္လုပ္ခဲ့ရတာေၾကာင့္ Keira တစ္ေယာက္ ရွိန္ၿပီး ေၾကာက္ေနခဲ့တဲ့ ခံစားခ်က္ကို နားလည္ေပးလို႔ ရၾကမွာပါ။

ပထမဇာတ္ကားထဲမွာ ပါဝင္ခဲ့တဲ့ ရတနာလႈိဏ္ဂူႀကီးကို ငါးလၾကာ တည္ေဆာက္ခဲ့ရပါတယ္။
Photo via screenrant

ဒီ႐ုပ္ရွင္ franchise မွာ ဘတ္ဂ်က္အသုံးစြဲရဆုံးေနရာတစ္ခုကေတာ့ ႐ိုက္ကြင္းျပင္ဆင္မႈပါပဲ။ ႐ုပ္ရွင္ငါးကားလုံးရဲ႕ ႐ိုက္ကြင္းတည္ေဆာက္မႈေတြထဲကမွ အမွတ္ရစရာအေကာင္းဆုံး တစ္ခုကေတာ့ The Curse of the Black Pearl မွာ ပါဝင္ခဲ့တဲ့ ရတနာလႈိဏ္ဂူႀကီးပဲ ျဖစ္ပါတယ္။

အဲ့ဒီ့လႈိဏ္ဂူႀကီးဟာ ေဟာလိဝုဒ္မွာ တည္ေဆာက္ခဲ့ဖူးသမွ် အႀကီးဆုံး indoor set ေတြထဲမွာ ပါဝင္ပါတယ္။ ေဖာ့ျပားေတြ၊ တိုင္ကီစည္ပိုင္းေတြနဲ႔ ပလာစတာကိုင္ၿပီး တကယ့္ ေက်ာက္ဂူႀကီးတစ္ခုလို ျဖစ္ေအာင္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ့ဂူႀကီးတစ္ခုလုံးကို ေဆာက္လုပ္ၿပီးစီးဖို႔ လက္သမား အေယာက္တစ္ရာခန႔္ သုံးစြဲခဲ့ရၿပီး ငါးလၾကာ ေဆာက္လုပ္ခဲ့ရတာ ျဖစ္ပါတယ္။ ဒီဂူကို တည္ေဆာက္တဲ့အခ်ိန္နဲ႔တင္ ေတာ္႐ုံတန္႐ုံ ႐ုပ္ရွင္တစ္ကားကို ႐ိုက္ကူးဖို႔အခ်ိန္ လုံေလာက္ပါတယ္။

႐ိုက္ကူးေရးလုပ္တုန္းက ေလွမေတာ္တဆမႈ တကယ္ျဖစ္ခဲ့ပါတယ္။
Photo via screenrant

Pirates of the Caribbean ဟာ ပင္လယ္ဓားျပဇာတ္လမ္းပီပီ တကယ့္ ပင္လယ္ျပင္ႀကီးထဲမွာ တကယ့္ေလွေတြနဲ႔ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ပင္လယ္ေနာက္ခံနဲ႔ ႐ုပ္ရွင္အမ်ားစုဟာ စတူဒီယိုထဲမွာပဲ ႐ိုက္ကူးေလ့ရွိေပမယ့္ ဒီ႐ုပ္ရွင္ဇာတ္ကားေတြကေတာ့ ဘတ္ဂ်က္ကို ရွယ္သုံးႏိုင္တဲ့အတြက္ တကယ့္ပင္လယ္ျပင္ထဲမွာ ႐ိုက္ကူးခဲ့ပါတယ္။

ပထမဆုံးဇာတ္ကားျဖစ္တဲ့ The Curse of the Black Pearl မွာတုန္းက ညဘက္႐ိုက္ကူးတဲ့ ဇာတ္ဝင္ခန္းတစ္ခုမွာ မင္းသမီး Keira Knightley ကို သယ္ေဆာင္လာတဲ့ ေလွနဲ႔ ေနာက္ထပ္ေလွအႀကီးတစ္ခုဟာ သႏၲာေက်ာက္တန္းေတြနဲ႔ ၿငိၿပီး မေတာ္တဆ ျဖစ္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္လို႔ ႐ိုက္ကြင္းအနီးအနားက ေဒသခံေတြကလည္း ညဘက္ဆိုရင္ သႏၲာေက်ာက္တန္းကို မျမင္ရႏိုင္တဲ့အေၾကာင္း သတိေပးခဲ့ၾကပါတယ္။ မင္းသမီးအပါအဝင္ သေဘၤာေပၚက လူေတြမွာ ထိခိုက္ဒဏ္ရာရတာမ်ိဳး မရွိခဲ့ေပမယ့္ က်န္ေနတဲ့ ညဘက္အခန္းေတြကို စတူဒီယိုထဲမွာပဲ ႐ိုက္ကူးဖို႔ ပ႐ိုဂ်ဴဆာေတြက ဆုံးျဖတ္ခဲ့ၾကပါတယ္။

အိုင္ဒီယာဆင္တူသြားလို႔ The Lord of the Rings: Return of the King ကို ႐ိုက္ခတ္မႈေတြ ျဖစ္ေစခဲ့ပါတယ္။
Photo via screenrant

Pirates of the Caribbean ထဲက undead crew ေတြ ပါလာတဲ့အခန္းကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ထုတ္လုပ္ေရးအဖြဲ႕ဟာ undead crew ေတြကို ပုံစံအမ်ိဳးမ်ိဳး ဒီဇိုင္းဆြဲၾကည့္ၿပီးတဲ့ေနာက္ တစ္ကိုယ္လုံး အ႐ိုးေျခာက္ျဖစ္ေနတဲ့ပုံစံကိုမွ အေျခအေန အမ်ိဳးမ်ိဳးနဲ႔ ေဆြးေျမ့ေနတဲ့ ဒီဇိုင္းကို အတည္ျပဳလိုက္ၾကပါတယ္။

ဒါဟာ မထင္မွတ္ဘဲနဲ႔ The Lord of the Rings ဇာတ္ကားေတြကို ႐ိုက္ခတ္မႈေတြ သြားျဖစ္ေစခဲ့ပါတယ္။ LOTR ရဲ႕ ထုတ္လုပ္ေရးအဖြဲ႕ေတြဟာလည္း Aragorn ရဲ႕ Army of Dead ကို ဒီဇိုင္းဆြဲထားရာမွာ Pirates of the Caribbean ထဲက undead crew ေတြနဲ႔ ခပ္ဆင္ဆင္ သြားျဖစ္ေနပါတယ္။ ဒါေၾကာင့္ပဲ Pirates ဇာတ္ကားရဲ႕ ေထြလာကို ၾကည့္ၿပီးတဲ့ေနာက္မွာ LOTR တစ္ဖြဲ႕သားလုံးဟာ သူတို႔ရဲ႕ Army of Dead ဒီဇိုင္းကို အစအဆုံး ျပန္လုပ္ဖို႔ သေဘာတူခဲ့ၾကၿပီး လုံးဝမတူတဲ့ ပုံစံတစ္ခုကို ဖန္တီးခဲ့ၾကပါတယ္။

ဒါကေတာ့ ပရိသတ္ေတြ အားေပးခဲ့ၾကတဲ့ Pirates of the Caribbean ဇာတ္ကားေတြရဲ႕ ပိတ္ကားေနာက္ကြယ္က စိတ္ဝင္စားစရာ အခ်က္တခ်ိဳ႕ကို ေ႐ြးခ်ယ္ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ သိထားတဲ့ အျခားအခ်က္ေတြ ရွိခဲ့ရင္လည္း ျပန္လည္မွ်ေဝေပးခဲ့ႏိုင္ပါတယ္။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

 

RELATED ARTICLES

Most Popular