HomeEntertainmentFilmTwilight ဇာတ်ကားထဲက Cullen မိသားစုဝင်တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့စွမ်းအားများ 

Twilight ဇာတ်ကားထဲက Cullen မိသားစုဝင်တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့စွမ်းအားများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သွေးစုပ်ဖုတ်ကောင်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေဟာ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ အတော်လေး အောင်မြင်ခဲ့ပြီး လူကြိုက်လည်း များခဲ့ပါတယ်။ ဒီဇာတ်လမ်းအများစုထဲမှာ သွေးစုပ်ဖုတ်ကောင်တွေဟာ သာမန်လူတွေထက် သာလွန်တဲ့ ခွန်အားတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့်လည်း Twilight ဇာတ်ကားထဲက သွေးစုပ်ဖုတ်ကောင်တွေကတော့ တစ်ခြားဇာတ်လမ်းတွေထက် ထူးခြားပြီး သွေးစုပ်ဖုတ်ကောင် တစ်ယောက်စီတိုင်းဟာ ခွန်အားတွေ ကြီးမားရုံတင်မဟုတ်ဘဲ မတူညီတဲ့ စွမ်းအားတွေိကိုပါ ပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Twilight ဇာတ်ကားတွေထဲက သွေးစုပ်ဖုတ်ကောင်တစ်ယောက်ချင်းစီရဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Carlisle Cullen
photo via screenrant

Carlisle ကတော့ Edward အပါအဝင် တစ်ခြားသူတွေအပေါ်မှာ အဖေတစ်ယောက်လို စောင့်ရှောက်ပေးနေတဲ့သူတစ်ယောက် ဖြစ်ပြီး သူတို့အုပ်စုထဲမှာ အရင်ဆုံး သွေးစုပ်ဖုတ်ကောင် ဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့အုပ်စုထဲကလူတွေ တော်တော်များများကို အသက်ကယ်တင်ဖို့အတွက် သူကိုယ်တိုင် သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။

သူဟာ လူသားဘဝတည်းက သနားကရုဏာစိတ် ရှိတာကြောင့် သွေးစုပ်ဖုတ်ကောင် ဖြစ်လာတဲ့အခါမှာတော့ အဲ့ဒီစိတ်ခံစားမှုဟာ ပိုပြီးတော့ ပြင်းထန်လာပါတယ်။ ဒါ့အပြင် ရာစုနှစ်ပေါင်းများစွာ ဆေးပညာကို လေ့လာခဲ့တာကြောင့် သူဟာ အတော်ဆုံးဆရာဝန်တစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။ သူဟာ စာနာသနားစိတ် အင်မတန် ကြီးမားတာကြောင့်ပဲ လူတွေရဲ့ သွေးတွေကို မြင်တွေ့နေရတာတောင် အရိုင်းစိတ် ဖြစ်မလာပါဘူး။ သူ့ရဲ့စွမ်းအားဟာ တစ်ခြားသူတွေလို တိုက်ခိုက်လို့မရပေမယ့်လည်း ပြီးပြည့်စုံတဲ့ ဆရာဝန်တစ်ယောက် ဖြစ်လာစေပါတယ်။

(2) Esme Cullen
photo via screenrant

Esme ကတော့ Carlisle ရဲ့ အမျိူးသမီးဖြစ်ပြီးတော့ တစ်ခြားသူတွေအပေါ်မှာ အမေတစ်ယောက်လို စောင့်ရှောက်ပေးနေသူ ဖြစ်ပါတယ်။ သူမ အခုလိုမျိူး သွေးစုပ်ဖုတ်ကောင် ဖြစ်လာရတဲ့ အကြောင်းရင်းကတော့ သူမရဲ့ကလေးက အဆုတ်ရောဂါကြောင့် သေဆုံးသွားတဲ့အခါမှာ သူမကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။ အဲ့ဒီနောက် သေခါနီးအချိန်မှာပဲ Carlisle က သူမကို သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲကာ ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

သူမဟာလည်း တစ်ခြားသူတွေလို ထူးခြားတဲ့စွမ်းအားတွေ မရှိပေမယ့် သူမရဲ့ပတ်ဝန်းကျင်က လူတွေကို ချစ်ခင်တတ်တာကြောင့် ပြီးပြည့်စုံတဲ့ အမေတစ်ယောက် ဖြစ်လာစေပါတယ်။ ဒါ့အပြင် Eclipse ထဲမှာတော့ Bella ဟာ သူမကို တိုက်ခိုက်တဲ့နေရာမှာ တစ်ခြားသူတွေလောက် မတော်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ အဲ့ဒါကတော့ သူမဟာလည်း Carlisle လိုပဲ သနားကရုဏာစိတ် ကြီးမားတဲ့သူတစ်ယောက် ဖြစ်တာကြောင့် အခုလိုမျိူး တိုက်ခိုက်တဲ့နေရာမှာ မကျွမ်းကျင်တာ ဖြစ်ပါတယ်။

(3) Edward Cullen
photo via screenrant

Edward ကတော့ စပိန်တုပ်ကွေးကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတဲ့အချိန်မှာ Carlisle က သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲပြီး ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ သွေးစုပ်ဖုတ်ကောင်တိုင်းဟာ သာမန်လူတွေထက် သာလွန်တဲ့ ခွန်အားတွေနဲ့ လျင်မြန်မှုတွေ ရှိကြပေမယ့်လည်း သူတို့အဖွဲ့ထဲမှာတော့ Edward ဟာ အလျင်မြန်ဆုံး ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ထူးခြားတဲ့ စွမ်းအားကတော့ တစ်ခြားသူတွေရဲ့ စိတ်ကို ဖတ်လို့ရတာဖြစ်ပြီး လူတစ်ယောက်ရဲ့ စိတ်ကိုဖတ်ဖို့အတွက် Aro လိုမျိူး အသားချင်းထိစရာ မလိုအပ်ပါဘူး။ တကယ်တော့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ စွမ်းအားတွေဟာ သူတို့ကို ကိုယ်စားပြုပြီးတော့ လူ့ဘဝတုန်းက ကိုယ်အားသာခဲ့တဲ့အချက်တွေက စွမ်းအားတွေအဖြစ် ပြောင်းလဲကုန်တာ ဖြစ်ပါတယ်။ Edward ကတော့ လူဘဝတုန်းက တစ်ခြားသူတွေကို ဘာတွေဖြစ်နေတယ်ဆိုတာ ခန့်မှန်းတတ်တဲ့ အရည်အချင်းကြောင့် သွေးစုပ်ဖုတ်ကောင် ဖြစ်လာတဲ့အခါမှာတော့ စိတ်ဖတ်နိုင်တဲ့ စွမ်းအားကို ရရှိခဲ့တာ ဖြစ်ပါတယ်။

(4) Bella Swan
photo via screenrant

Bella ကတော့ သူမနဲ့ Edward တို့ရဲ့ သမီးကို မွေးဖွားပြီးတဲ့နောက်မှာ သေဆုံးလုနီးနီး ဖြစ်သွားပါတယ်။ ဒီလိုနဲ့ Breaking Dawn Part 1 ထဲမှာတော့ သူမဟာ သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ သူမဟာ လူသားဘဝတုန်းက သွေးစုပ်ဖုတ်ကောင်တွေရဲ့ စိတ်စွမ်းအားတွေဟာ သူမအပေါ်မှာ သက်ရောက်မှု မရှိတာကြောင့် Edward ဟာ သူမရဲ့စိတ်ကို ဖတ်လို့မရခဲ့ပါဘူး။ သူမကိုယ်တိုင် သွေးစုပ်ဖုတ်ကောင် ဖြစ်သွားပြီးတဲ့နောက်မှာတော့ သူမကိုယ်တိုင်နဲ့ သူမရဲ့ပတ်ဝန်းကျင်က လူတွေကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်တဲ့ စိတ်စွမ်းအားဒိုင်းကာတစ်ခုကို ဖန်တီးနိုင်စွမ်း ရသွားပါတယ်။

သူမရဲ့စွမ်းအားနဲ့ ကာကွယ်ထားတဲ့အချိန်ဆိုရင် Edward နဲ့ Aro တို့ရဲ့ စိတ်ဖတ်နိုင်စွမ်းကလည်း အလုပ်မလုပ်တော့ပါဘူး။ အလားတူပဲ Jane ရဲ့ စွမ်းအားဖြစ်တဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိခိုက်နာကျင်အောင် မလုပ်ဘဲ ဦးနှောက်ကို နာကျင်နေပါတယ် ဆိုပြီးတော့ အချက်အလက်အမှားတွေ ပေးပို့နိုင်တဲ့ စွမ်းအားဟာလည်း သက်ရောက်မှု လုံးဝမရှိတော့ပါဘူး။ သူမရဲ့ စွမ်းအားကို မတိုးတဲ့ တစ်ဦးတည်းသောသူကတော့ သူမရဲ့သမီးဖြစ်သူ Renesmee ပဲ ဖြစ်ပါတယ်။ Renesmee  ကတော့ သူမရဲ့အတွေးတွေနဲ့ စိတ်ထဲကပုံရိပ်တွေကို တစ်ခြားသူတွေရဲ့ စိတ်ထဲကို ပေးပို့နိုင်တဲ့အပြင် Bella လိုမျိူး စိတ်စွမ်းအား ခုခံမှုတွေကိုလည်း ချိူးဖောက်ပစ်လို့ ရပါတယ်။

(5) Alice Cullen
photo via screenrant

Alice ကတော့ စိတ်ကျန်းမာရေးဆေးရုံကို ပို့ခံခဲ့ရပြီး အဲ့ဒီဆေးရုံမှာရှိတဲ့ သွေးစုပ်ဖုတ်ကောင်တစ်ယောက်က သူမကို အခုလိုမျိူး ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှသာ Cullen မိသားစုထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ လူသားဘဝတုန်းက မကောင်းတဲ့ ဖြစ်ရပ်တွေကို မဖြစ်ခင်မှာ ကြိုသိနေတတ်တာကြောင့်ပဲ စိတ်ကျန်းမာရေးဆေးရုံကို ပို့ခံခဲ့ရတာဖြစ်ပြီး သွေးစုပ်ဖုတ်ကောင် ဖြစ်သွားတဲ့အချိန်မှာတော့ အဲ့ဒီအချက်ကို အခြေခံပြီးတော့ သူမဟာ ဖြစ်နိုင်ချေရှိတဲ့ အနာဂတ်တွေကို တစ်ချိန်တည်းမှာ မြင်နေရတဲ့အစွမ်းကို ရရှိသွားပါတယ်။

အနာဂတ်ဟာ ဆုံးဖြတ်ချက်တစ်ခုကြောင့် ပြောင်းလဲသွားနိုင်တဲ့အတွက် သူမ မြင်တွေ့နေရတဲ့ အနာဂတ်ပုံရိပ်တွေဟာလည်း အမြဲတမ်းလိုလို လိုက်ပါပြောင်းလဲနေပါတယ်။ သူမရဲ့ခွန်အား၊ လျင်မြန်မှုနဲ့ အနာဂတ်ကို ကြိုမြင်နိုင်တဲ့အစွမ်းကို အသုံးပြုကာ ကျွမ်းကျွမ်းကျင်ကျင် တိုက်ခိုက်တတ်တာကြောင့် Alice ဟာ Cullen မိသားစုထဲက အတော်ဆုံး တိုက်ခိုက်ရေးသမား သုံးယောက်ထဲမှာ ပါဝင်ပါတယ်။

(6) Jasper Hale
photo via screenrant

Jasper ကိုတော့ Maria လို့ခေါ်တဲ့ သွေးစုပ်ဖုတ်ကောင်တစ်ယောက်က ပြောင်းလဲပေးခဲ့တာ ဖြစ်ပြီး သွေးစုပ်ဖုတ်ကောင်တွေချည်းပဲ စုစည်းထားတဲ့ စစ်တပ်တစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းကျမှသာ သူဟာ Cullen မိသားစုထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး လူသားတွေရဲ့ သွေးကို မသောက်မိဖို့အတွက် ကြိုးစားနေထိုင်နေသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့စွမ်းအားဟာ Twilight universe ထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ Jasper ဟာ သူ့အနားမှာ ရှိနေတဲ့လူတွေရဲ့ စိတ်ခံစားမှုတွေကို အာရုံခံနိုင်ပြီး အဲ့ဒီစိတ်ခံစားချက်တွေကိုလည်း ပြောင်းလဲပစ်လို့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာဆိုရင်လည်း သူဟာ Cullen မိသားစုထဲမှာ ဒုတိယမြောက်အမြန်ဆုံးနဲ့ ဒုတိယအသန်မာဆုံး ဖြစ်ပြီး စစ်တပ်ထဲက အတွေ့အကြုံတွေပါ ရှိနေတာကြောင့် သူဟာ အတော်ဆုံး တိုက်ခိုက်ရေးသမား ဖြစ်နေပါတယ်။

(7) Rosalie Hale
photo via screenrant

Rosalie ကတော့ သူမရဲ့ ခင်ပွန်းလောင်းနဲ့ အပေါင်းအပါ သူငယ်ချင်းတွေက ဝိုင်းဝန်းရိုက်နှက်ကာ အဓမ္မကျင့်ခံခဲ့ရသူ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာမှ Carlisle က သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ စွမ်းအားကတော့ သူမရဲ့နဂိုလှပမှုတွေကို ပိုပြီးတော့ လှလာစေတဲ့အပြင် ဂီတနဲ့ စက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ပါရမီကိုလည်း ပိုပြီးတော့ ထူးချွန်လာစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာတော့ သူမဟာလည်း တိုက်ခိုက်ရေးသမားကောင်းတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း Eclipse ထဲမှာ Bella ကို တိုက်ခိုက်နည်း အနည်းငယ် သင်ပေးခဲ့ပြီး Breaking Dawn ထဲမှာတော့ သူမကို လေ့ကျင့်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

(8) Emmett Cullen
photo via screenrant

Emmett ကတော့ ဝက်ဝံတစ်ကောင်ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပြီး သေလုမြောပါး ဖြစ်နေတဲ့အချိန်မှာ Carlisle က သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။ သူဟာလည်း Carlisle နဲ့ Esme တို့လိုပဲ ထူးခြားတဲ့ စွမ်းအားတွေ မရှိပေမယ့် သွေးစုပ်ဖုတ်ကောင်ဖြစ်လာပြီး နောက်ပိုင်းမှာ သူ့ရဲ့ခွန်အားဟာ အင်မတန် ကြီးမားလာပြီး Cullen မိသားစုထဲမှာ ခွန်အားအကြီးဆုံးသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒါကတော့ Twilight ဇာတ်ကားထဲက Cullen မိသားစုရဲ့ မတူညီတဲ့စွမ်းအားတွေအကြောင်းကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေသြးစုပ္ဖုတ္ေကာင္ေတြအေၾကာင္း ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းေတြဟာ ေဟာလိဝုဒ္႐ုပ္ရွင္ေလာကမွာ အေတာ္ေလး ေအာင္ျမင္ခဲ့ၿပီး လူႀကိဳက္လည္း မ်ားခဲ့ပါတယ္။ ဒီဇာတ္လမ္းအမ်ားစုထဲမွာ ေသြးစုပ္ဖုတ္ေကာင္ေတြဟာ သာမန္လူေတြထက္ သာလြန္တဲ့ ခြန္အားေတြ ရွိတတ္ၾကပါတယ္။ ဒါေပမယ့္လည္း Twilight ဇာတ္ကားထဲက ေသြးစုပ္ဖုတ္ေကာင္ေတြကေတာ့ တစ္ျခားဇာတ္လမ္းေတြထက္ ထူးျခားၿပီး ေသြးစုပ္ဖုတ္ေကာင္ တစ္ေယာက္စီတိုင္းဟာ ခြန္အားေတြ ႀကီးမား႐ုံတင္မဟုတ္ဘဲ မတူညီတဲ့ စြမ္းအားေတြိကိုပါ ပိုင္ဆိုင္ထားၾကပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Twilight ဇာတ္ကားေတြထဲက ေသြးစုပ္ဖုတ္ေကာင္တစ္ေယာက္ခ်င္းစီရဲ႕ စြမ္းအားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Carlisle Cullen
photo via screenrant

Carlisle ကေတာ့ Edward အပါအဝင္ တစ္ျခားသူေတြအေပၚမွာ အေဖတစ္ေယာက္လို ေစာင့္ေရွာက္ေပးေနတဲ့သူတစ္ေယာက္ ျဖစ္ၿပီး သူတို႔အုပ္စုထဲမွာ အရင္ဆုံး ေသြးစုပ္ဖုတ္ေကာင္ ျဖစ္လာခဲ့သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူတို႔အုပ္စုထဲကလူေတြ ေတာ္ေတာ္မ်ားမ်ားကို အသက္ကယ္တင္ဖို႔အတြက္ သူကိုယ္တိုင္ ေသြးစုပ္ဖုတ္ေကာင္အျဖစ္ ေျပာင္းလဲေပးခဲ့တာ ျဖစ္ပါတယ္။

သူဟာ လူသားဘဝတည္းက သနားက႐ုဏာစိတ္ ရွိတာေၾကာင့္ ေသြးစုပ္ဖုတ္ေကာင္ ျဖစ္လာတဲ့အခါမွာေတာ့ အဲ့ဒီစိတ္ခံစားမႈဟာ ပိုၿပီးေတာ့ ျပင္းထန္လာပါတယ္။ ဒါ့အျပင္ ရာစုႏွစ္ေပါင္းမ်ားစြာ ေဆးပညာကို ေလ့လာခဲ့တာေၾကာင့္ သူဟာ အေတာ္ဆုံးဆရာဝန္တစ္ေယာက္လည္း ျဖစ္လာခဲ့ပါတယ္။ သူဟာ စာနာသနားစိတ္ အင္မတန္ ႀကီးမားတာေၾကာင့္ပဲ လူေတြရဲ႕ ေသြးေတြကို ျမင္ေတြ႕ေနရတာေတာင္ အ႐ိုင္းစိတ္ ျဖစ္မလာပါဘူး။ သူ႔ရဲ႕စြမ္းအားဟာ တစ္ျခားသူေတြလို တိုက္ခိုက္လို႔မရေပမယ့္လည္း ၿပီးျပည့္စုံတဲ့ ဆရာဝန္တစ္ေယာက္ ျဖစ္လာေစပါတယ္။

(2) Esme Cullen
photo via screenrant

Esme ကေတာ့ Carlisle ရဲ႕ အမ်ိဴးသမီးျဖစ္ၿပီးေတာ့ တစ္ျခားသူေတြအေပၚမွာ အေမတစ္ေယာက္လို ေစာင့္ေရွာက္ေပးေနသူ ျဖစ္ပါတယ္။ သူမ အခုလိုမ်ိဴး ေသြးစုပ္ဖုတ္ေကာင္ ျဖစ္လာရတဲ့ အေၾကာင္းရင္းကေတာ့ သူမရဲ႕ကေလးက အဆုတ္ေရာဂါေၾကာင့္ ေသဆုံးသြားတဲ့အခါမွာ သူမကိုယ္တိုင္ကလည္း ကိုယ့္ကိုယ္ကို သတ္ေသခဲ့ပါတယ္။ အဲ့ဒီေနာက္ ေသခါနီးအခ်ိန္မွာပဲ Carlisle က သူမကို ေသြးစုပ္ဖုတ္ေကာင္အျဖစ္ ေျပာင္းလဲကာ ကယ္တင္ခဲ့တာ ျဖစ္ပါတယ္။

သူမဟာလည္း တစ္ျခားသူေတြလို ထူးျခားတဲ့စြမ္းအားေတြ မရွိေပမယ့္ သူမရဲ႕ပတ္ဝန္းက်င္က လူေတြကို ခ်စ္ခင္တတ္တာေၾကာင့္ ၿပီးျပည့္စုံတဲ့ အေမတစ္ေယာက္ ျဖစ္လာေစပါတယ္။ ဒါ့အျပင္ Eclipse ထဲမွာေတာ့ Bella ဟာ သူမကို တိုက္ခိုက္တဲ့ေနရာမွာ တစ္ျခားသူေတြေလာက္ မေတာ္ဘူးလို႔ ေျပာခဲ့ဖူးပါတယ္။ အဲ့ဒါကေတာ့ သူမဟာလည္း Carlisle လိုပဲ သနားက႐ုဏာစိတ္ ႀကီးမားတဲ့သူတစ္ေယာက္ ျဖစ္တာေၾကာင့္ အခုလိုမ်ိဴး တိုက္ခိုက္တဲ့ေနရာမွာ မကြၽမ္းက်င္တာ ျဖစ္ပါတယ္။

(3) Edward Cullen
photo via screenrant

Edward ကေတာ့ စပိန္တုပ္ေကြးေၾကာင့္ အသက္အႏၲရာယ္ စိုးရိမ္ေနရတဲ့အခ်ိန္မွာ Carlisle က ေသြးစုပ္ဖုတ္ေကာင္အျဖစ္ ေျပာင္းလဲၿပီး ကယ္တင္ခဲ့တာ ျဖစ္ပါတယ္။ ေသြးစုပ္ဖုတ္ေကာင္တိုင္းဟာ သာမန္လူေတြထက္ သာလြန္တဲ့ ခြန္အားေတြနဲ႔ လ်င္ျမန္မႈေတြ ရွိၾကေပမယ့္လည္း သူတို႔အဖြဲ႕ထဲမွာေတာ့ Edward ဟာ အလ်င္ျမန္ဆုံး ျဖစ္ပါတယ္။

ဒါ့အျပင္ သူ႔ရဲ႕ထူးျခားတဲ့ စြမ္းအားကေတာ့ တစ္ျခားသူေတြရဲ႕ စိတ္ကို ဖတ္လို႔ရတာျဖစ္ၿပီး လူတစ္ေယာက္ရဲ႕ စိတ္ကိုဖတ္ဖို႔အတြက္ Aro လိုမ်ိဴး အသားခ်င္းထိစရာ မလိုအပ္ပါဘူး။ တကယ္ေတာ့ ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕ စြမ္းအားေတြဟာ သူတို႔ကို ကိုယ္စားျပဳၿပီးေတာ့ လူ႔ဘဝတုန္းက ကိုယ္အားသာခဲ့တဲ့အခ်က္ေတြက စြမ္းအားေတြအျဖစ္ ေျပာင္းလဲကုန္တာ ျဖစ္ပါတယ္။ Edward ကေတာ့ လူဘဝတုန္းက တစ္ျခားသူေတြကို ဘာေတြျဖစ္ေနတယ္ဆိုတာ ခန႔္မွန္းတတ္တဲ့ အရည္အခ်င္းေၾကာင့္ ေသြးစုပ္ဖုတ္ေကာင္ ျဖစ္လာတဲ့အခါမွာေတာ့ စိတ္ဖတ္ႏိုင္တဲ့ စြမ္းအားကို ရရွိခဲ့တာ ျဖစ္ပါတယ္။

(4) Bella Swan
photo via screenrant

Bella ကေတာ့ သူမနဲ႔ Edward တို႔ရဲ႕ သမီးကို ေမြးဖြားၿပီးတဲ့ေနာက္မွာ ေသဆုံးလုနီးနီး ျဖစ္သြားပါတယ္။ ဒီလိုနဲ႔ Breaking Dawn Part 1 ထဲမွာေတာ့ သူမဟာ ေသြးစုပ္ဖုတ္ေကာင္အျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။ သူမဟာ လူသားဘဝတုန္းက ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕ စိတ္စြမ္းအားေတြဟာ သူမအေပၚမွာ သက္ေရာက္မႈ မရွိတာေၾကာင့္ Edward ဟာ သူမရဲ႕စိတ္ကို ဖတ္လို႔မရခဲ့ပါဘူး။ သူမကိုယ္တိုင္ ေသြးစုပ္ဖုတ္ေကာင္ ျဖစ္သြားၿပီးတဲ့ေနာက္မွာေတာ့ သူမကိုယ္တိုင္နဲ႔ သူမရဲ႕ပတ္ဝန္းက်င္က လူေတြကို စိတ္ပိုင္းဆိုင္ရာ တိုက္ခိုက္မႈေတြကေန ကာကြယ္ေပးႏိုင္တဲ့ စိတ္စြမ္းအားဒိုင္းကာတစ္ခုကို ဖန္တီးႏိုင္စြမ္း ရသြားပါတယ္။

သူမရဲ႕စြမ္းအားနဲ႔ ကာကြယ္ထားတဲ့အခ်ိန္ဆိုရင္ Edward နဲ႔ Aro တို႔ရဲ႕ စိတ္ဖတ္ႏိုင္စြမ္းကလည္း အလုပ္မလုပ္ေတာ့ပါဘူး။ အလားတူပဲ Jane ရဲ႕ စြမ္းအားျဖစ္တဲ့ ခႏၶာကိုယ္ကို တိုက္႐ိုက္ထိခိုက္နာက်င္ေအာင္ မလုပ္ဘဲ ဦးေႏွာက္ကို နာက်င္ေနပါတယ္ ဆိုၿပီးေတာ့ အခ်က္အလက္အမွားေတြ ေပးပို႔ႏိုင္တဲ့ စြမ္းအားဟာလည္း သက္ေရာက္မႈ လုံးဝမရွိေတာ့ပါဘူး။ သူမရဲ႕ စြမ္းအားကို မတိုးတဲ့ တစ္ဦးတည္းေသာသူကေတာ့ သူမရဲ႕သမီးျဖစ္သူ Renesmee ပဲ ျဖစ္ပါတယ္။ Renesmee  ကေတာ့ သူမရဲ႕အေတြးေတြနဲ႔ စိတ္ထဲကပုံရိပ္ေတြကို တစ္ျခားသူေတြရဲ႕ စိတ္ထဲကို ေပးပို႔ႏိုင္တဲ့အျပင္ Bella လိုမ်ိဴး စိတ္စြမ္းအား ခုခံမႈေတြကိုလည္း ခ်ိဴးေဖာက္ပစ္လို႔ ရပါတယ္။

(5) Alice Cullen
photo via screenrant

Alice ကေတာ့ စိတ္က်န္းမာေရးေဆး႐ုံကို ပို႔ခံခဲ့ရၿပီး အဲ့ဒီေဆး႐ုံမွာရွိတဲ့ ေသြးစုပ္ဖုတ္ေကာင္တစ္ေယာက္က သူမကို အခုလိုမ်ိဴး ေျပာင္းလဲေပးခဲ့တာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွသာ Cullen မိသားစုထဲကို ဝင္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ သူမဟာ လူသားဘဝတုန္းက မေကာင္းတဲ့ ျဖစ္ရပ္ေတြကို မျဖစ္ခင္မွာ ႀကိဳသိေနတတ္တာေၾကာင့္ပဲ စိတ္က်န္းမာေရးေဆး႐ုံကို ပို႔ခံခဲ့ရတာျဖစ္ၿပီး ေသြးစုပ္ဖုတ္ေကာင္ ျဖစ္သြားတဲ့အခ်ိန္မွာေတာ့ အဲ့ဒီအခ်က္ကို အေျခခံၿပီးေတာ့ သူမဟာ ျဖစ္ႏိုင္ေခ်ရွိတဲ့ အနာဂတ္ေတြကို တစ္ခ်ိန္တည္းမွာ ျမင္ေနရတဲ့အစြမ္းကို ရရွိသြားပါတယ္။

အနာဂတ္ဟာ ဆုံးျဖတ္ခ်က္တစ္ခုေၾကာင့္ ေျပာင္းလဲသြားႏိုင္တဲ့အတြက္ သူမ ျမင္ေတြ႕ေနရတဲ့ အနာဂတ္ပုံရိပ္ေတြဟာလည္း အၿမဲတမ္းလိုလို လိုက္ပါေျပာင္းလဲေနပါတယ္။ သူမရဲ႕ခြန္အား၊ လ်င္ျမန္မႈနဲ႔ အနာဂတ္ကို ႀကိဳျမင္ႏိုင္တဲ့အစြမ္းကို အသုံးျပဳကာ ကြၽမ္းကြၽမ္းက်င္က်င္ တိုက္ခိုက္တတ္တာေၾကာင့္ Alice ဟာ Cullen မိသားစုထဲက အေတာ္ဆုံး တိုက္ခိုက္ေရးသမား သုံးေယာက္ထဲမွာ ပါဝင္ပါတယ္။

(6) Jasper Hale
photo via screenrant

Jasper ကိုေတာ့ Maria လို႔ေခၚတဲ့ ေသြးစုပ္ဖုတ္ေကာင္တစ္ေယာက္က ေျပာင္းလဲေပးခဲ့တာ ျဖစ္ၿပီး ေသြးစုပ္ဖုတ္ေကာင္ေတြခ်ည္းပဲ စုစည္းထားတဲ့ စစ္တပ္တစ္ခုမွာ ပါဝင္ခဲ့ပါတယ္။ ေနာက္ပိုင္းက်မွသာ သူဟာ Cullen မိသားစုထဲကို ဝင္ေရာက္လာခဲ့တာ ျဖစ္ၿပီး လူသားေတြရဲ႕ ေသြးကို မေသာက္မိဖို႔အတြက္ ႀကိဳးစားေနထိုင္ေနသူလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ သူ႔ရဲ႕စြမ္းအားဟာ Twilight universe ထဲမွာ စိတ္ဝင္စားဖို႔ အေကာင္းဆုံး ျဖစ္ပါတယ္။ Jasper ဟာ သူ႔အနားမွာ ရွိေနတဲ့လူေတြရဲ႕ စိတ္ခံစားမႈေတြကို အာ႐ုံခံႏိုင္ၿပီး အဲ့ဒီစိတ္ခံစားခ်က္ေတြကိုလည္း ေျပာင္းလဲပစ္လို႔ရပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာမွာဆိုရင္လည္း သူဟာ Cullen မိသားစုထဲမွာ ဒုတိယေျမာက္အျမန္ဆုံးနဲ႔ ဒုတိယအသန္မာဆုံး ျဖစ္ၿပီး စစ္တပ္ထဲက အေတြ႕အႀကဳံေတြပါ ရွိေနတာေၾကာင့္ သူဟာ အေတာ္ဆုံး တိုက္ခိုက္ေရးသမား ျဖစ္ေနပါတယ္။

(7) Rosalie Hale
photo via screenrant

Rosalie ကေတာ့ သူမရဲ႕ ခင္ပြန္းေလာင္းနဲ႔ အေပါင္းအပါ သူငယ္ခ်င္းေတြက ဝိုင္းဝန္း႐ိုက္ႏွက္ကာ အဓမၼက်င့္ခံခဲ့ရသူ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္မွာမွ Carlisle က ေသြးစုပ္ဖုတ္ေကာင္အျဖစ္ ေျပာင္းလဲေပးခဲ့တာ ျဖစ္ပါတယ္။ သူမရဲ႕ စြမ္းအားကေတာ့ သူမရဲ႕နဂိုလွပမႈေတြကို ပိုၿပီးေတာ့ လွလာေစတဲ့အျပင္ ဂီတနဲ႔ စက္ပစၥည္းေတြနဲ႔ ပတ္သက္တဲ့ ပါရမီကိုလည္း ပိုၿပီးေတာ့ ထူးခြၽန္လာေစပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာမွာေတာ့ သူမဟာလည္း တိုက္ခိုက္ေရးသမားေကာင္းတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Eclipse ထဲမွာ Bella ကို တိုက္ခိုက္နည္း အနည္းငယ္ သင္ေပးခဲ့ၿပီး Breaking Dawn ထဲမွာေတာ့ သူမကို ေလ့က်င့္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

(8) Emmett Cullen
photo via screenrant

Emmett ကေတာ့ ဝက္ဝံတစ္ေကာင္ရဲ႕ တိုက္ခိုက္တာကို ခံခဲ့ရၿပီး ေသလုေျမာပါး ျဖစ္ေနတဲ့အခ်ိန္မွာ Carlisle က ေသြးစုပ္ဖုတ္ေကာင္အျဖစ္ ေျပာင္းလဲေပးခဲ့တာ ျဖစ္ပါတယ္။ သူဟာလည္း Carlisle နဲ႔ Esme တို႔လိုပဲ ထူးျခားတဲ့ စြမ္းအားေတြ မရွိေပမယ့္ ေသြးစုပ္ဖုတ္ေကာင္ျဖစ္လာၿပီး ေနာက္ပိုင္းမွာ သူ႔ရဲ႕ခြန္အားဟာ အင္မတန္ ႀကီးမားလာၿပီး Cullen မိသားစုထဲမွာ ခြန္အားအႀကီးဆုံးသူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

ဒါကေတာ့ Twilight ဇာတ္ကားထဲက Cullen မိသားစုရဲ႕ မတူညီတဲ့စြမ္းအားေတြအေၾကာင္းကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular