HomeEntertainmentFilmPrime Video ရဲ့ အသစ်ထွက်ရှိလာမယ့် The Power ဇာတ်လမ်းတွဲ

Prime Video ရဲ့ အသစ်ထွက်ရှိလာမယ့် The Power ဇာတ်လမ်းတွဲ

မကြာခင်မှာတော့ Prime Video ရဲ့ ဇာတ်လမ်းတွဲအသစ် ဖြစ်တဲ့ The Power ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ စာရေးဆရာမ Naomi Alderman ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်အရွယ် မိန်းကလေးအားလုံးဟာ တချိန်တည်းမှာပဲ လျှပ်စစ်စွမ်းအားတွေ ရရှိသွားတဲ့ အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via Prime Video

ဒီဇာတ်လမ်းတွဲကိုတော့ စာရေးဆရာမ Naomi Alderman ကိုယ်တိုင်နဲ့ Raelle Tucker ၊ Sarah Quintrell တို့က ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Toni Collette ၊ Auli’s Cravalho ၊ John Leguizamo ၊ Jorsh Charles ၊ Eddie Marsan နဲ့ Rob Delaney တို့ပဲ ဖြစ်ပါတယ်။ Prime Video ကတော့ မကြာခင်ကပဲ ဒီဇာတ်လမ်းတွဲရဲ့ ပထမဆုံး ထွေလာကို ထုတ်ပေးခဲ့ပါတယ်။

ဒီထွေလာရဲ့ အစမှာတော့ John Leguizamo ရဲ့ ဇာတ်ကောင်က သူ့ရဲ့သမီးနဲ့အတူ ကားမောင်းနေရင်း ရေဒီယိုက ရှော့ခ်ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ အနားမှာ ရှိသမျှ လျှပ်စစ်ပစ္စည်းတွေဟာ ပျက်ကုန်တယ်လို့ ပြောခဲ့ပြီး နောက်ပိုင်းမှာတော့ သူမဟာ လျှပ်စစ်စွမ်းအားတွေကို ရရှိနေတာကို သိလိုက်ရပါတယ်။ John Leguizamo ရဲ့ ဇာတ်ကောင်ကို ပိုပြီးအံ့ဩသွားစေတဲ့ အချက်ကတော့ သူမရဲ့ သမီးတစ်ယောက်တည်းကပဲ ဒီလိုမျိူး လျှပ်စစ်စွမ်းအားတွေ ရှိနေတာ မဟုတ်ဘဲ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေအားလုံးက အလားတူစွမ်းအားကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။

အစပိုင်းမှာတော့ ဒီဇာတ်လမ်းတွဲဟာ သာမန်စူပါဟီးရိုး ဇာတ်လမ်းတွဲ တစ်ခုလို ထင်ရပေမယ့်လည်း နောက်ပိုင်းမှာတော့ ပိုပြီးတော့ Dark ဖြစ်တဲ့ အရာတွေကို မြင်တွေ့ခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ ဆယ်ကျော်သက် မိန်းကလေးတွေများစွာ ရှိနေပေမယ့်လည်း အားလုံးက စိတ်ကောင်းရှိကြသူတွေ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ တချို့မိန်းကလေးတွေကတော့ ဒီစွမ်းအားတွေကို မကောင်းတဲ့ နေရာမှာ အသုံးချတာမျိူးတွေ ရှိလာပြီး Prank လုပ်တဲ့အနေနဲ့တောင် မြို့တစ်မြို့လုံးကို လျှပ်စစ်စွမ်းအား ပြတ်တောက်သွားအောင် ပြုလုပ်တာမျိူးတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ လာမယ့် မတ်လ (၃၁)ရက်နေ့မှာ စတင်ပြသသွားတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular