HomeCelebs Update NewsInternationalဒိုင်ယာနာမင်းသမီး ကွယ်လွန်ခြင်း (၂၄)နှစ်ပြည့် လွမ်းဆွတ်ခြင်းအမှတ်တရ ပြုလုပ်

ဒိုင်ယာနာမင်းသမီး ကွယ်လွန်ခြင်း (၂၄)နှစ်ပြည့် လွမ်းဆွတ်ခြင်းအမှတ်တရ ပြုလုပ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဝေလနယ်ရဲ့ မင်းသမီး ဒိုင်ယာနာဟာ ၁၉၉၇ ခုနှစ် ဩဂုတ်လ(၃၁)ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ယခုဆိုရင် (၂၄)နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ကာလတွေ ကြာမြင့်ပြီ ဖြစ်ပေမယ့် သူမရဲ့ ကျန်ရစ်တဲ့မိသားစုနဲ့ ပရိသတ်တွေကတော့ သူမကို အမှတ်ရနေမြဲ ဖြစ်ပါတယ်။

ဒိုင်ယာနာရဲ့ မောင်အရင်း တော်စပ်သူ Charles Spencer ကတော့ ငယ်ဘဝတည်းက ကြီးပြင်းလာခဲ့တဲ့ မိသားစုအိမ်ဖြစ်တဲ့ Northamptonshire က Althorp အိမ်တော်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ မိသားစုအလံကို တစ်ဝက်လွှင့်တင်ထားပါတယ်။ အဆိုပါနေအိမ်ဟာ ဒိုင်ယာနာ အပါအဝင် သူမတို့မောင်နှမအားလုံး မွေးဖွား ကြီးပြင်းခဲ့တဲ့ နေအိမ်လည်း ဖြစ်ပါတယ်။

Photo: charles.earl.spencer/ Instagram

မင်းသမီးဒိုင်ယာနာဟာ ပါရီမြို့က ကားတိုက်မှုမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၃၆)နှစ်သာ ရှိပါသေးတယ်။ Althorp က နေအိမ်အနီးတဝိုက်မှာတော့ မင်းသမီးဒိုင်ယာနာကို လွမ်းဆွတ်တမ်းတခြင်းတွေဟာ အချိန်တိုင်း လွင့်ပျံ့လို့နေပါတယ်။ အဲဒါကတော့ မောင်ဖြစ်သူ Charles Spencer ဟာ အစ်မဖြစ်သူရဲ့ အသက်တာကို အမှတ်ရနေစေဖို့ တစ်နှစ်ကို ဝက်သစ်ချပင်တစ်ပင် စိုက်ပျိုးပေးခဲ့တာဖြစ်ပြီး စုစုပေါင်း (၃၆)ပင် ရှိတယ်လို့ သိရပါတယ်။

Photo: AlthorpHouse/ Twitter

ဒိုင်ယာနာ ကွယ်လွန်ပြီး နှစ်အနည်းငယ်မှာ စတင်စိုက်ပျိုးပေးခဲ့တဲ့ အဆိုပါ ဝက်သစ်ချပင်တွေကတော့ မိသားစုပိုင်ခြံကြီးထဲမှာ အပြိုင်းအရိုင်း ကြီးထွားကာ လှပနေပြီ ဖြစ်သလို လွမ်းဆွတ်တမ်းတမှုကိုလည်း အတိုင်းသား မြင်ရစေပါတယ်။

Photo: LizzieITV/ Twitter

ဒါ့အပြင် ဒိုင်ယာနာရဲ့ ပရိသတ်တွေကလည်း ယနေ့ထိတိုင် သူမကို မမေ့မလျော့ သတိရနေကြဆဲ ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ရာစုနှစ်အတွင်း အထင်ကရ ပုဂ္ဂိုလ်တွေထဲမှာ ပါဝင်ခဲ့တဲ့ သူမအတွက် ယခုကွယ်လွန်ခြင်း (၂၄)နှစ်ပြည့်မှာလည်း Kensington နန်းတော်ရှေ့မှာ ပန်းတွေ၊ စာတွေနဲ့ လွမ်းဆွတ်ခြင်း အထိမ်းအမှတ် ပြုလုပ်ပေးခဲ့ကြပါသေးတယ်။

သေသောသူ ကြာရင်မေ့ ဆိုပေမယ့် မင်းသမီးဒိုင်ယာနာလို လူတစ်ယောက်အတွက်ကတော့ ဘယ်သောအခါမှ အမေ့လျော့ခံ ဖြစ်မှာ မဟုတ်တာ အသေအချာပါပဲ။

Glasgow

Source: people

(Zawgyi Version)

ေဝလနယ္ရဲ႕ မင္းသမီး ဒိုင္ယာနာဟာ ၁၉၉၇ ခုႏွစ္ ဩဂုတ္လ(၃၁)ရက္ေန႔မွာ ကြယ္လြန္သြားခဲ့တာ ျဖစ္ၿပီး ယခုဆိုရင္ (၂၄)ႏွစ္တိတိ ျပည့္ခဲ့ၿပီ ျဖစ္ပါတယ္။ ႏွစ္ကာလေတြ ၾကာျမင့္ၿပီ ျဖစ္ေပမယ့္ သူမရဲ႕ က်န္ရစ္တဲ့မိသားစုနဲ႔ ပရိသတ္ေတြကေတာ့ သူမကို အမွတ္ရေနၿမဲ ျဖစ္ပါတယ္။

ဒိုင္ယာနာရဲ႕ ေမာင္အရင္း ေတာ္စပ္သူ Charles Spencer ကေတာ့ ငယ္ဘဝတည္းက ႀကီးျပင္းလာခဲ့တဲ့ မိသားစုအိမ္ျဖစ္တဲ့ Northamptonshire က Althorp အိမ္ေတာ္မွာ ဝမ္းနည္းျခင္း အထိမ္းအမွတ္နဲ႔ မိသားစုအလံကို တစ္ဝက္လႊင့္တင္ထားပါတယ္။ အဆိုပါေနအိမ္ဟာ ဒိုင္ယာနာ အပါအဝင္ သူမတို႔ေမာင္ႏွမအားလုံး ေမြးဖြား ႀကီးျပင္းခဲ့တဲ့ ေနအိမ္လည္း ျဖစ္ပါတယ္။

Photo: charles.earl.spencer/ Instagram

မင္းသမီးဒိုင္ယာနာဟာ ပါရီၿမိဳ႕က ကားတိုက္မႈမွာ ကြယ္လြန္သြားခဲ့တာ ျဖစ္ၿပီး ကြယ္လြန္ခ်ိန္မွာ အသက္(၃၆)ႏွစ္သာ ရွိပါေသးတယ္။ Althorp က ေနအိမ္အနီးတဝိုက္မွာေတာ့ မင္းသမီးဒိုင္ယာနာကို လြမ္းဆြတ္တမ္းတျခင္းေတြဟာ အခ်ိန္တိုင္း လြင့္ပ်ံ႕လို႔ေနပါတယ္။ အဲဒါကေတာ့ ေမာင္ျဖစ္သူ Charles Spencer ဟာ အစ္မျဖစ္သူရဲ႕ အသက္တာကို အမွတ္ရေနေစဖို႔ တစ္ႏွစ္ကို ဝက္သစ္ခ်ပင္တစ္ပင္ စိုက္ပ်ိဳးေပးခဲ့တာျဖစ္ၿပီး စုစုေပါင္း (၃၆)ပင္ ရွိတယ္လို႔ သိရပါတယ္။

Photo: AlthorpHouse/ Twitter

ဒိုင္ယာနာ ကြယ္လြန္ၿပီး ႏွစ္အနည္းငယ္မွာ စတင္စိုက္ပ်ိဳးေပးခဲ့တဲ့ အဆိုပါ ဝက္သစ္ခ်ပင္ေတြကေတာ့ မိသားစုပိုင္ၿခံႀကီးထဲမွာ အၿပိဳင္းအ႐ိုင္း ႀကီးထြားကာ လွပေနၿပီ ျဖစ္သလို လြမ္းဆြတ္တမ္းတမႈကိုလည္း အတိုင္းသား ျမင္ရေစပါတယ္။

Photo: LizzieITV/ Twitter

ဒါ့အျပင္ ဒိုင္ယာနာရဲ႕ ပရိသတ္ေတြကလည္း ယေန႔ထိတိုင္ သူမကို မေမ့မေလ်ာ့ သတိရေနၾကဆဲ ျဖစ္ပါတယ္။ က်န္ခဲ့တဲ့ ရာစုႏွစ္အတြင္း အထင္ကရ ပုဂၢိဳလ္ေတြထဲမွာ ပါဝင္ခဲ့တဲ့ သူမအတြက္ ယခုကြယ္လြန္ျခင္း (၂၄)ႏွစ္ျပည့္မွာလည္း Kensington နန္းေတာ္ေရွ႕မွာ ပန္းေတြ၊ စာေတြနဲ႔ လြမ္းဆြတ္ျခင္း အထိမ္းအမွတ္ ျပဳလုပ္ေပးခဲ့ၾကပါေသးတယ္။

ေသေသာသူ ၾကာရင္ေမ့ ဆိုေပမယ့္ မင္းသမီးဒိုင္ယာနာလို လူတစ္ေယာက္အတြက္ကေတာ့ ဘယ္ေသာအခါမွ အေမ့ေလ်ာ့ခံ ျဖစ္မွာ မဟုတ္တာ အေသအခ်ာပါပဲ။

Glasgow

Source: people

RELATED ARTICLES

Most Popular