HomeCelebs Update NewsInternationalအဖေနဲ့တူတဲ့ယောက်ျားကို လက်ထပ်ထားရသလိုပဲဆိုတဲ့ Priyanka Chopra 

အဖေနဲ့တူတဲ့ယောက်ျားကို လက်ထပ်ထားရသလိုပဲဆိုတဲ့ Priyanka Chopra 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့ လက်ရှိ ရိုမန့်တစ်အဆန်ဆုံး စုံတွဲတွေထဲမှာ Nick Jonas နဲ့ Priyanka Chopra တို့မောင်နှံလည်း ပါဝင်ပါတယ်။ အသက်ကွာဟမှု၊ မတူညီတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေက ခြားနားထားပေမယ့် အချစ်တတ်ဆုံး မောင်နှံတွေအဖြစ်နဲ့ နောက်ဆုံးမှာ ရွှေလက်တွဲနိုင်ခဲ့ကြလို့ ပရိသတ်အများရဲ့ အားကျပြီး ချစ်ခင်ခံရသူတွေလည်း ဖြစ်ပါတယ်။

Priyanka ဟာ မကြာသေးခင်ကပဲ InCharge with DVF အစီအစဉ်အတွက် နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Diane Von Furstenberg နဲ့ တွေ့ဆုံကာ အင်တာဗျူးလုပ်ခဲ့ပါတယ်။ အဆိုပါ စကားဝိုင်းမှာတော့ Priyanka ဟာ သူမရဲ့ငယ်ဘဝကနေစပြီး နာမည်ကျော် အမေရိကန်အဆိုတော် Nick Jonas နဲ့ လက်ထပ်ကာ အမေရိကကို ပြောင်းရွှေ့လာတဲ့ ဖြစ်ရပ်တွေကို ပြောပြခဲ့ပြီး သူမအပေါ် ခင်ပွန်းသည်က ဘယ်လောက်ချစ်ကြောင်းကိုလည်း ချီးမွမ်းခန်း ဖွင့်ထားပါသေးတယ်။

Photo: priyankachopra/ Instagram

Priyanka နဲ့ Nick တို့ဟာ ရှုပ်ထွေးလှတဲ့ အလုပ်အချိန်ဇယားတွေထဲကမှ တစ်ယောက်အတွက် တစ်ယောက် မရရအောင် အချိန်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်မတို့နှစ်ယောက်စလုံးက လက်ရှိမှာ အလုပ်တွေလည်း များနေကြတော့ တစ်ယောက်နဲ့တစ်ယောက်တော့ အချိန်ပေးဖြစ်အောင် ဂရုစိုက်ကြပါတယ်။ တစ်ယောက်က ဘယ်နိုင်ငံ၊ ဘယ်နေရာကိုပဲ ရောက်နေနေ နောက်တစ်ယောက်က အဲ့ဒီ့ကိုမရောက်ရောက်‌အောင် လိုက်လာတာပဲ။ သူ့ရှိုးပွဲတွေကို ကျွန်မ လိုက်သွားတယ်။ ကျွန်မရိုက်ကွင်းတွေကို သူ လာတယ်။ ပြီးတော့ မင်းသာ မရှိရင် ကိုယ်ဒီလိုအောင်မြင်နိုင်မှာ မဟုတ်ပါဘူးလို့ ယုံကြည်ချက်ရှိရှိ လူရှေ့သူရှေ့မှာ ထုတ်ပြောရဲတဲ့ ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ထားရတာကလည်း တကယ် စိတ်အားတက်ဖို့ ကောင်းပါတယ်…” လို့ Priyanka က ဆိုပါတယ်။

Photo: priyankachopra/ Instagram

ခင်ပွန်းသည် Nick ချစ်တတ်ပုံတွေကိုလည်း ဆက်လက်ပြီး ကြွားလုံးထုတ်ထားပါသေးတယ်။ “ကိုယ့်အဖေနဲ့ တစ်ပုံစံတည်းတူတဲ့ ယောက်ျားကို လက်ထပ်ထားရသလိုပါပဲ။ Nick ကလေ ကျွန်မအဖေလိုပဲ ပါတီတွေရဲ့အသက်။ သူမပါရင် ပွဲမစည်ဘူး။ ခြောက်ကပ်ကပ်နဲ့။ သူ့ဘေးမှာဆို အမြဲသူငယ်ချင်းတွေနဲ့ ဝိုင်းဝိုင်းလည်နေရော။ သူက လူတွေကို ရယ်အောင်လုပ်နိုင်တယ်။ ပြီးတော့ အမြော်အမြင်ရှိတယ်။ တာဝန်လည်း ကျေပွန်တတ်တဲ့သူ။ အရမ်းလည်း ကြင်နာသနားတတ်တယ်။ ကျွန်မအားတက်ရွှင်မြူးနေတာကို မြင်ရတာက သူ့ကိုလည်းအားရှိစေတယ်တဲ့လေ။ အဲ့ဒါမျိုးက အရမ်းရှားပါတယ်… ” လို့ ပြောထားတာပါ။

Priyanka ဟာ လက်ရှိမှာတော့ အိမ်ထောင်ရေးဟာသ ဇာတ်ကားတစ်ခု ရိုက်ကူးနေပြီး ခင်ပွန်းသည် Nick နဲ့အတူ အိန္ဒိယရိုးရာ မင်္ဂလာပွဲတွေအကြောင်းကို Amazon စတူဒီယိုနဲ့ reality show တစ်ခု ရိုက်ကူးနေကြောင်းလည်း သိရပါတယ်။

LaNina

(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕ လက္ရွိ ႐ိုမန႔္တစ္အဆန္ဆုံး စုံတြဲေတြထဲမွာ Nick Jonas နဲ႔ Priyanka Chopra တို႔ေမာင္ႏွံလည္း ပါဝင္ပါတယ္။ အသက္ကြာဟမႈ၊ မတူညီတဲ့ ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္းစဥ္လာေတြက ျခားနားထားေပမယ့္ အခ်စ္တတ္ဆုံး ေမာင္ႏွံေတြအျဖစ္နဲ႔ ေနာက္ဆုံးမွာ ေ႐ႊလက္တြဲႏိုင္ခဲ့ၾကလို႔ ပရိသတ္အမ်ားရဲ႕ အားက်ၿပီး ခ်စ္ခင္ခံရသူေတြလည္း ျဖစ္ပါတယ္။

Priyanka ဟာ မၾကာေသးခင္ကပဲ InCharge with DVF အစီအစဥ္အတြက္ နာမည္ေက်ာ္ ဖက္ရွင္ဒီဇိုင္နာ Diane Von Furstenberg နဲ႔ ေတြ႕ဆုံကာ အင္တာဗ်ဴးလုပ္ခဲ့ပါတယ္။ အဆိုပါ စကားဝိုင္းမွာေတာ့ Priyanka ဟာ သူမရဲ႕ငယ္ဘဝကေနစၿပီး နာမည္ေက်ာ္ အေမရိကန္အဆိုေတာ္ Nick Jonas နဲ႔ လက္ထပ္ကာ အေမရိကကို ေျပာင္းေ႐ႊ႕လာတဲ့ ျဖစ္ရပ္ေတြကို ေျပာျပခဲ့ၿပီး သူမအေပၚ ခင္ပြန္းသည္က ဘယ္ေလာက္ခ်စ္ေၾကာင္းကိုလည္း ခ်ီးမြမ္းခန္း ဖြင့္ထားပါေသးတယ္။

Photo: priyankachopra/ Instagram

Priyanka နဲ႔ Nick တို႔ဟာ ရႈပ္ေထြးလွတဲ့ အလုပ္အခ်ိန္ဇယားေတြထဲကမွ တစ္ေယာက္အတြက္ တစ္ေယာက္ မရရေအာင္ အခ်ိန္ေပးျဖစ္တယ္လို႔ ဆိုပါတယ္။ “ကြၽန္မတို႔ႏွစ္ေယာက္စလုံးက လက္ရွိမွာ အလုပ္ေတြလည္း မ်ားေနၾကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ေတာ့ အခ်ိန္ေပးျဖစ္ေအာင္ ဂ႐ုစိုက္ၾကပါတယ္။ တစ္ေယာက္က ဘယ္ႏိုင္ငံ၊ ဘယ္ေနရာကိုပဲ ေရာက္ေနေန ေနာက္တစ္ေယာက္က အဲ့ဒီ့ကိုမေရာက္ေရာက္‌ေအာင္ လိုက္လာတာပဲ။ သူ႔ရႈိးပြဲေတြကို ကြၽန္မ လိုက္သြားတယ္။ ကြၽန္မ႐ိုက္ကြင္းေတြကို သူ လာတယ္။ ၿပီးေတာ့ မင္းသာ မရွိရင္ ကိုယ္ဒီလိုေအာင္ျမင္ႏိုင္မွာ မဟုတ္ပါဘူးလို႔ ယုံၾကည္ခ်က္ရွိရွိ လူေရွ႕သူေရွ႕မွာ ထုတ္ေျပာရဲတဲ့ ေယာက္်ားတစ္ေယာက္ကို ပိုင္ဆိုင္ထားရတာကလည္း တကယ္ စိတ္အားတက္ဖို႔ ေကာင္းပါတယ္…” လို႔ Priyanka က ဆိုပါတယ္။

Photo: priyankachopra/ Instagram

ခင္ပြန္းသည္ Nick ခ်စ္တတ္ပုံေတြကိုလည္း ဆက္လက္ၿပီး ႂကြားလုံးထုတ္ထားပါေသးတယ္။ “ကိုယ့္အေဖနဲ႔ တစ္ပုံစံတည္းတူတဲ့ ေယာက္်ားကို လက္ထပ္ထားရသလိုပါပဲ။ Nick ကေလ ကြၽန္မအေဖလိုပဲ ပါတီေတြရဲ႕အသက္။ သူမပါရင္ ပြဲမစည္ဘူး။ ေျခာက္ကပ္ကပ္နဲ႔။ သူ႔ေဘးမွာဆို အၿမဲသူငယ္ခ်င္းေတြနဲ႔ ဝိုင္းဝိုင္းလည္ေနေရာ။ သူက လူေတြကို ရယ္ေအာင္လုပ္ႏိုင္တယ္။ ၿပီးေတာ့ အေျမာ္အျမင္ရွိတယ္။ တာဝန္လည္း ေက်ပြန္တတ္တဲ့သူ။ အရမ္းလည္း ၾကင္နာသနားတတ္တယ္။ ကြၽန္မအားတက္႐ႊင္ျမဴးေနတာကို ျမင္ရတာက သူ႔ကိုလည္းအားရွိေစတယ္တဲ့ေလ။ အဲ့ဒါမ်ိဳးက အရမ္းရွားပါတယ္… ” လို႔ ေျပာထားတာပါ။

Priyanka ဟာ လက္ရွိမွာေတာ့ အိမ္ေထာင္ေရးဟာသ ဇာတ္ကားတစ္ခု ႐ိုက္ကူးေနၿပီး ခင္ပြန္းသည္ Nick နဲ႔အတူ အိႏၵိယ႐ိုးရာ မဂၤလာပြဲေတြအေၾကာင္းကို Amazon စတူဒီယိုနဲ႔ reality show တစ္ခု ႐ိုက္ကူးေနေၾကာင္းလည္း သိရပါတယ္။

LaNina

RELATED ARTICLES

Most Popular