HomeEntertainmentFilmJames Bond သရုပ်ဆောင်အသစ်ဟာ လူငယ်မဟုတ်ဘူးလို့ Producer ကပြောလာ

James Bond သရုပ်ဆောင်အသစ်ဟာ လူငယ်မဟုတ်ဘူးလို့ Producer ကပြောလာ

James Bond ဇာတ်ကောင်နေရာအတွက် သရုပ်ဆောင်သစ် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ခန့်မှန်းမှုတွေအမျိုးမျိုး၊ ကောလာဟလတွေ အမျိုးမျိုး ထွက်ရှိခဲ့ပေမယ့် ယခုအခါမှာတော့ James Bond သရုပ်ဆောင်ဟာ လူငယ်မဖြစ်နိုင်ဘူးလို့ ထုတ်လုပ်သူတွေက ပြောလိုက်ပါတယ်။ James Bond ရဲ့ casting အဖွဲ့ကတော့ သရုပ်ဆောင်သစ်ကို အတွေ့အကြုံ ပြည့်ဝတဲ့ ဝါရင့်သရုပ်ဆောင်ကိုသာ ရွေးချယ်လိုတယ်လို့ ဆိုပါတယ်။

မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ No Time To Die ရုပ်ရှင်ဟာ မင်းသားကြီး Daniel Craig ရဲ့ နောက်ဆုံး James Bond ဇာတ်ကား ဖြစ်တာကြောင့် မင်းသားကြီး ဒီဇာတ်ရုပ်က ထွက်ခွာသွားပြီးနောက်မှာတော့ ဘယ်သူက ဒီဇာတ်ကောင်ကို ဆက်ခံမလည်းဆိုတာ ပရိသတ်တွေကြားမှာ အလွန်ကိုရေပန်းစားနေခဲ့ပါတယ်။

Photo: Universal Pictures

James Bond ဇာတ်ကားတွေရဲ့ ကာလရှည်ကြာ ထုတ်လုပ်သူဖြစ်တဲ့ Michael G. Wilson ကတော့ James Bond အတွက် ဇာတ်ကောင်ရွေးချယ်မှု မစတင်သေးပေမယ့် လူငယ်သရုပ်ဆောင်တွေကိုတော့ စဉ်းစားမှာ မဟုတ်ဘူးလို့ မကြာသေးခင်ကပဲ Deadline သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ကာလတွေမှာတော့ အသက်ငယ်တဲ့ သရုပ်ဆောင်ကို ရွေးရင်အဆင်ပြေမလားလို့ ကျုပ်တို့ ကြိုးစားကြည့်ခဲ့ပါသေးတယ်။ ဒါပေမယ့် Bond ကို အသက်ငယ်ငယ်လေးနဲ့ မြင်ယောင်ကြည့်ရတာနဲ့တင် ဘယ်လိုမှ အဆင်မပြေပါဘူး။ တကယ်တော့ Bond ဟာ ဝါရင့်သမ္ဘာရင့် လူတစ်ယောက်ဆိုတာ မမေ့သင့်ဘူးဗျ … ”

Photo: Universal Pictures

“သူက အတွေ့အကြုံတွေ ရှိထားတဲ့သူ။ ပြောရရင် စစ်ပွဲကာလတွေကိုတောင် ကျော်ဖြတ်လာတဲ့ လူတစ်ယောက်လေ။ သူက အထူးလေတပ်အဖွဲ့ထဲမှာတောင် ပါခဲ့ဖူးတဲ့သူပဲ။ ဒီလိုဇာတ်ကောင်ကို အထက်တန်းကျောင်းက ကလေးတစ်ယောက်ကို ခေါ်လာပြီး သရုပ်ဆောင်ခိုင်းလို့ ဘယ်ဖြစ်မလည်းဗျ။ အဲဒါကြောင့်မို့လို့ ဒီဇာတ်ကောင်အတွက်ဆိုရင် အသက်သုံးဆယ်ကျော်လောက်မှကို အဆင်ပြေမှာပါ … ” လို့ Michael G. Wilson က ပြောပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular