HomeEntertainmentFilmကနဦးအကဲဖြတ်မှုတွေအရ ချီးကျူးခံနေရတဲ့ A Quiet Place 2

ကနဦးအကဲဖြတ်မှုတွေအရ ချီးကျူးခံနေရတဲ့ A Quiet Place 2

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

A Quiet Place 2 ရုပ်ရှင်ဟာ ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့တဲ့ horror ဇာတ်ကား A Quiet Place ရဲ့ နောက်ဆက်တွဲရုပ်ရှင်အသစ် ဖြစ်ပါတယ်။ ပရိသတ်တွေ မရှုစားရသေးခင် ရုပ်ရှင်အသိုင်းအဝိုင်းက ပညာရှင်တွေရဲ့ ကနဦးဝေဖန် အကဲဖြတ်မှုတွေအရ A Quiet Place 2 ဟာ ချီးကျူးစကားတွေကိုပဲ တောက်လျှောက်ရရှိနေပါတယ်။

ဇာတ်လမ်းပိုင်းကို ပြောရမယ်ဆိုရင်တော့ ပရိသတ်အများစု ကြည့်ရှုထားကြပြီးဖြစ်သလိုပဲ အသံလာရာဘက်ကို တိုက်ခိုက်တတ်တဲ့ အမျိုးအမည်မသိ ကြောက်စရာသတ္တဝါကြီးတွေရဲ့ ရန်ကနေ အသက်ဘေးလွတ်အောင် ရှောင်ရှားကြရတဲ့ သည်းထိတ်ရင်ဖို အမျိုးအစား ဖြစ်ပါတယ်။ ပထမဇာတ်ကား A Quiet Place မှာ အဒ်ဘော့မိသားစု ရင်ဆိုင်တွေ့ခဲ့ရတာတွေပြီးနောက် ဘယ်လိုစိတ်လှုပ်ရှားစရာတွေကို ဆက်လက်ကြုံတွေ့ရမလည်းဆိုတာ အခုနောက်ဆက်တွဲ ထွက်လာမယ့် ရုပ်ရှင်အသစ်မှာ ကြည့်ကြရမှာ ဖြစ်ပါတယ်။

©Paramount Pictures

Franchise တစ်ခုလုံးကို ရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ ဇာတ်လမ်းထဲမှာလည်း ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားတဲ့ နာမည်ကျော် မင်းသား John Krasinski ဖြစ်ပါတယ်။ ယခုဒုတိယရုပ်ရှင်မှာလည်း John Krasinski  နဲ့ မင်းသမီး Emily Blunt တို့နှစ်ယောက်စလုံး ခေါင်းဆောင်အနေနဲ့ ပြန်လည်ပါဝင်ထားပါတယ်။ ထပ်တိုးလာတဲ့ ကာရိုက်တာတွေကတော့ နာမည်ကျော် Peaky Blinders ဇာတ်လမ်းတွဲထဲက မင်းသား Cillian Murphy နဲ့ နာမည်ကျော်မင်းသား Djimon Hounsou တို့ ဖြစ်ပါတယ်။

မကြာခင် ပိတ်ကားပေါ်မှာ ရှုစားကြရတော့မယ့် A Quiet Place 2 ရဲ့ အစောပိုင်းသုံးသပ်ချက်တွေအရ ရရှိထားတဲ့ မှတ်ချက်တွေကလည်း အတော်လေး ကောင်းပါတယ်။

©Paramount Pictures

“တစ်နာရီ လေးဆယ့်ငါးမိနစ်ကြာတဲ့ ဒီရုပ်ရှင်က ခုံနဲ့လူနဲ့ တစ်ခါတည်း ကပ်နေအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ ပြောဖို့စောသေးတယ်ဆိုပေမယ့် A Quiet Place 3 ရော လာဖို့ရှိသေးပါသလား ….” ဆိုပြီး Collider ရုပ်ရှင်ဝက်ဘ်ဆိုဒ်က မှတ်ချက်ပေးထားပါတယ်။

comic book ဝက်ဘ်ဆိုဒ်ကလည်း “John Krasinski ရဲ့ ဖန်တီးနိုင်မှုကို ချီးကျူးပါတယ်။ ဇာတ်လမ်းအစကနေ အဆုံးအထိ ဆွဲဆောင်မှုရှိပါတယ်…” လို့ ဆိုထားပါတယ်။

နာမည်ကျော် ရုပ်ရှင်အကဲဖြတ်ဝက်ဘ်ဆိုဒ် rotten tomatoes ကတော့ “John Krasinski ကို လေးစားပါတယ်။ တစ်ချို့ကြောက်စရာအခန်းလေးတွေကို ရိုက်ထားတာ တော်တော်မိုက်ပါတယ် ….” ဆိုပြီး မှတ်ချက်ပေးထားပါတယ်။

ပရိသတ်တွေ မျှော်လင့်နေကြပြီဖြစ်တဲ့ A Quiet Place 2 ရုပ်ရှင်ဟာ လာမယ့် မတ်လ(၁၈)ရက်မှာ ကမ္ဘာအဝှမ်းမှာ စတင်ရုံတင်ပြသမှာဖြစ်ပါတယ်။

Xei

(Zawgyi Version)

A Quiet Place 2 ႐ုပ္ရွင္ဟာ ၂၀၁၈ခုႏွစ္က ထြက္ရွိခဲ့တဲ့ horror ဇာတ္ကား A Quiet Place ရဲ႕ ေနာက္ဆက္တြဲ႐ုပ္ရွင္အသစ္ ျဖစ္ပါတယ္။ ပရိသတ္ေတြ မရႈစားရေသးခင္ ႐ုပ္ရွင္အသိုင္းအဝိုင္းက ပညာရွင္ေတြရဲ႕ ကနဦးေဝဖန္ အကဲျဖတ္မႈေတြအရ A Quiet Place 2 ဟာ ခ်ီးက်ဴးစကားေတြကိုပဲ ေတာက္ေလွ်ာက္ရရွိေနပါတယ္။

ဇာတ္လမ္းပိုင္းကို ေျပာရမယ္ဆိုရင္ေတာ့ ပရိသတ္အမ်ားစု ၾကည့္ရႈထားၾကၿပီးျဖစ္သလိုပဲ အသံလာရာဘက္ကို တိုက္ခိုက္တတ္တဲ့ အမ်ိဳးအမည္မသိ ေၾကာက္စရာသတၱဝါႀကီးေတြရဲ႕ ရန္ကေန အသက္ေဘးလြတ္ေအာင္ ေရွာင္ရွားၾကရတဲ့ သည္းထိတ္ရင္ဖို အမ်ိဳးအစား ျဖစ္ပါတယ္။ ပထမဇာတ္ကား A Quiet Place မွာ အဒ္ေဘာ့မိသားစု ရင္ဆိုင္ေတြ႕ခဲ့ရတာေတြၿပီးေနာက္ ဘယ္လိုစိတ္လႈပ္ရွားစရာေတြကို ဆက္လက္ႀကဳံေတြ႕ရမလည္းဆိုတာ အခုေနာက္ဆက္တြဲ ထြက္လာမယ့္ ႐ုပ္ရွင္အသစ္မွာ ၾကည့္ၾကရမွာ ျဖစ္ပါတယ္။

©Paramount Pictures

Franchise တစ္ခုလုံးကို ႐ိုက္ကူးထားတဲ့ ဒါ႐ိုက္တာကေတာ့ ဇာတ္လမ္းထဲမွာလည္း ေခါင္းေဆာင္မင္းသားအျဖစ္ ပါဝင္ထားတဲ့ နာမည္ေက်ာ္ မင္းသား John Krasinski ျဖစ္ပါတယ္။ ယခုဒုတိယ႐ုပ္ရွင္မွာလည္း John Krasinski  နဲ႔ မင္းသမီး Emily Blunt တို႔ႏွစ္ေယာက္စလုံး ေခါင္းေဆာင္အေနနဲ႔ ျပန္လည္ပါဝင္ထားပါတယ္။ ထပ္တိုးလာတဲ့ ကာ႐ိုက္တာေတြကေတာ့ နာမည္ေက်ာ္ Peaky Blinders ဇာတ္လမ္းတြဲထဲက မင္းသား Cillian Murphy နဲ႔ နာမည္ေက်ာ္မင္းသား Djimon Hounsou တို႔ ျဖစ္ပါတယ္။

မၾကာခင္ ပိတ္ကားေပၚမွာ ရႈစားၾကရေတာ့မယ့္ A Quiet Place 2 ရဲ႕ အေစာပိုင္းသုံးသပ္ခ်က္ေတြအရ ရရွိထားတဲ့ မွတ္ခ်က္ေတြကလည္း အေတာ္ေလး ေကာင္းပါတယ္။

©Paramount Pictures

“တစ္နာရီ ေလးဆယ့္ငါးမိနစ္ၾကာတဲ့ ဒီ႐ုပ္ရွင္က ခုံနဲ႔လူနဲ႔ တစ္ခါတည္း ကပ္ေနေအာင္ ဆြဲေဆာင္ထားႏိုင္ပါတယ္။ ေျပာဖို႔ေစာေသးတယ္ဆိုေပမယ့္ A Quiet Place 3 ေရာ လာဖို႔ရွိေသးပါသလား ….” ဆိုၿပီး Collider ႐ုပ္ရွင္ဝက္ဘ္ဆိုဒ္က မွတ္ခ်က္ေပးထားပါတယ္။

comic book ဝက္ဘ္ဆိုဒ္ကလည္း “John Krasinski ရဲ႕ ဖန္တီးႏိုင္မႈကို ခ်ီးက်ဴးပါတယ္။ ဇာတ္လမ္းအစကေန အဆုံးအထိ ဆြဲေဆာင္မႈရွိပါတယ္…” လို႔ ဆိုထားပါတယ္။

နာမည္ေက်ာ္ ႐ုပ္ရွင္အကဲျဖတ္ဝက္ဘ္ဆိုဒ္ rotten tomatoes ကေတာ့ “John Krasinski ကို ေလးစားပါတယ္။ တစ္ခ်ိဳ႕ေၾကာက္စရာအခန္းေလးေတြကို ႐ိုက္ထားတာ ေတာ္ေတာ္မိုက္ပါတယ္ ….” ဆိုၿပီး မွတ္ခ်က္ေပးထားပါတယ္။

ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကၿပီျဖစ္တဲ့ A Quiet Place 2 ႐ုပ္ရွင္ဟာ လာမယ့္ မတ္လ(၁၈)ရက္မွာ ကမာၻအဝွမ္းမွာ စတင္႐ုံတင္ျပသမွာျဖစ္ပါတယ္။

Xei

RELATED ARTICLES

Most Popular