HomeCelebs Update NewsInternationalIron Man ဝတ်စုံရဲ့ ပြဿနာတစ်ခုကို ရင်ဖွင့်ခဲ့တဲ့ Robert Downey Jr.

Iron Man ဝတ်စုံရဲ့ ပြဿနာတစ်ခုကို ရင်ဖွင့်ခဲ့တဲ့ Robert Downey Jr.

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MCU ထဲမှာ Iron Man အဖြစ် သရုပ်ဆောင်ခဲ့တုန်းက Robert Downey Jr. ဟာ Iron Man ဝတ်စုံနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခု ရှိခဲ့တယ်လို့ ပြောလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ David Letterman နဲ့ အင်တာဗျူးလုပ်တဲ့အချိန်မှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။ Robert Downey ဟာ ပထမဆုံး Iron Man ခေါင်းစွပ်ကို ဝတ်ဆင်ရတာဟာ အဆင်ပြေမှုမရှိတာကြောင့် နောက်ပိုင်းရိုက်ကူးရေးတွေမှာတော့ အဲ့ဒီခေါင်းစွပ်ကို ဝတ်ဆင်ဖို့အတွက် ငြင်းဆိုခဲ့တယ် ဆိုပြီးလည်း ပြောပြခဲ့ပါတယ်။

photo via imdb

“အစတုန်းကတော့ ရိုက်ကူးရေးအဖွဲ့တွေက တတ်နိုင်သမျှ CGI အနည်းဆုံးပဲ အသုံးပြုချင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ရိုက်ကူးရေး စတင်တဲ့အချိန်မှာ အဲ့ဒီခေါင်းစွပ်ကို ဝတ်ဆင်ပြီး ရိုက်ကူးခဲ့ရပါတယ်… ” လို့ Robert က ဆိုပါတယ်။ အဲ့ဒီနောက်မှာတော့ ဒါရိုက်တာက ခေါင်မိုးပေါ်က ဆင်းတဲ့အခန်း ရိုက်မယ်ဆိုရင် ခေါင်မိုးပေါ်က ဆင်းတဲ့ပုံစံအဖြစ် သရုပ်ဆောင်ခဲ့ရပေမယ့်လည်း အဲ့ဒီခေါင်းစွပ်ကို ဝတ်ထားတဲ့အချိန်မှာ သူဟာ “ဘာမှကို မမြင်ရဘူး.. ” လို့လည်း ရင်ဖွင့်ခဲ့ပါသေးတယ်။

photo via robertdowneyjr/instagram

အဲ့ဒါကြောင့်ပဲ နောက်ပိုင်းဇာတ်လမ်းတွေကို ရိုက်ကူးတဲ့အချိန်မှာတော့ Robert ဟာ အဲ့ဒီခေါင်းစွပ်ကို ဝတ်ဆင်ဖို့ ငြင်းဆိုတယ်လို့လည်း ဆိုပါတယ်။ ရိုက်ကူးရေးအဖွဲ့သားတွေက “အဲ့ဒီခေါင်းစွပ်ကို ဝတ်ပေးလို့ရမလား…” ဆိုပြီး ပြောခဲ့ပေမယ့်လည်း သူကတော့ “မဝတ်နိုင်ဘူး…” လို့ ငြင်းဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Robert ဟာ “ကျုပ်မျက်နှာမှာပဲ အစက်နှစ်စက် ချထားလိုက်ဗျာ။ နောက်တော့မှ CGI နဲ့ ခေါင်းစွပ်ပြန်လုပ်လိုက်… ” ဆိုပြီး ကျန်တဲ့ဇာတ်ကားတွေကို ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

Legos

Source: cbr

(Zawgyi Version)

MCU ထဲမွာ Iron Man အျဖစ္ သ႐ုပ္ေဆာင္ခဲ့တုန္းက Robert Downey Jr. ဟာ Iron Man ဝတ္စုံနဲ႔ ပတ္သက္ၿပီး ျပႆနာတစ္ခု ရွိခဲ့တယ္လို႔ ေျပာလိုက္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ David Letterman နဲ႔ အင္တာဗ်ဴးလုပ္တဲ့အခ်ိန္မွာ ေျပာျပခဲ့တာ ျဖစ္ပါတယ္။ Robert Downey ဟာ ပထမဆုံး Iron Man ေခါင္းစြပ္ကို ဝတ္ဆင္ရတာဟာ အဆင္ေျပမႈမရွိတာေၾကာင့္ ေနာက္ပိုင္း႐ိုက္ကူးေရးေတြမွာေတာ့ အဲ့ဒီေခါင္းစြပ္ကို ဝတ္ဆင္ဖို႔အတြက္ ျငင္းဆိုခဲ့တယ္ ဆိုၿပီးလည္း ေျပာျပခဲ့ပါတယ္။

photo via imdb

“အစတုန္းကေတာ့ ႐ိုက္ကူးေရးအဖြဲ႕ေတြက တတ္ႏိုင္သမွ် CGI အနည္းဆုံးပဲ အသုံးျပဳခ်င္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ႐ိုက္ကူးေရး စတင္တဲ့အခ်ိန္မွာ အဲ့ဒီေခါင္းစြပ္ကို ဝတ္ဆင္ၿပီး ႐ိုက္ကူးခဲ့ရပါတယ္… ” လို႔ Robert က ဆိုပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဒါ႐ိုက္တာက ေခါင္မိုးေပၚက ဆင္းတဲ့အခန္း ႐ိုက္မယ္ဆိုရင္ ေခါင္မိုးေပၚက ဆင္းတဲ့ပုံစံအျဖစ္ သ႐ုပ္ေဆာင္ခဲ့ရေပမယ့္လည္း အဲ့ဒီေခါင္းစြပ္ကို ဝတ္ထားတဲ့အခ်ိန္မွာ သူဟာ “ဘာမွကို မျမင္ရဘူး.. ” လို႔လည္း ရင္ဖြင့္ခဲ့ပါေသးတယ္။

photo via robertdowneyjr/instagram

အဲ့ဒါေၾကာင့္ပဲ ေနာက္ပိုင္းဇာတ္လမ္းေတြကို ႐ိုက္ကူးတဲ့အခ်ိန္မွာေတာ့ Robert ဟာ အဲ့ဒီေခါင္းစြပ္ကို ဝတ္ဆင္ဖို႔ ျငင္းဆိုတယ္လို႔လည္း ဆိုပါတယ္။ ႐ိုက္ကူးေရးအဖြဲ႕သားေတြက “အဲ့ဒီေခါင္းစြပ္ကို ဝတ္ေပးလို႔ရမလား…” ဆိုၿပီး ေျပာခဲ့ေပမယ့္လည္း သူကေတာ့ “မဝတ္ႏိုင္ဘူး…” လို႔ ျငင္းဆိုခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Robert ဟာ “က်ဳပ္မ်က္ႏွာမွာပဲ အစက္ႏွစ္စက္ ခ်ထားလိုက္ဗ်ာ။ ေနာက္ေတာ့မွ CGI နဲ႔ ေခါင္းစြပ္ျပန္လုပ္လိုက္… ” ဆိုၿပီး က်န္တဲ့ဇာတ္ကားေတြကို ႐ိုက္ကူးခဲ့တယ္လို႔ ဆိုပါတယ္။

Legos

Source: cbr

RELATED ARTICLES

Most Popular