HomeEntertainmentFilmတကယ့်သမိုင်းဖြစ်ရပ်ကို အခြေခံထားတဲ့ Game of Thrones ရဲ့ Red Weddingဇာတ်ဝင်ခန်း 

တကယ့်သမိုင်းဖြစ်ရပ်ကို အခြေခံထားတဲ့ Game of Thrones ရဲ့ Red Weddingဇာတ်ဝင်ခန်း 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။
**SPOILER ALERT**

Red Wedding ဟာ Game of Thrones ဇာတ်လမ်းတွဲထဲက အကြမ်းတမ်းဆုံးနဲ့ အံ့ဩ၊ ဝမ်းနည်းဖို့အကောင်းဆုံး ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ပါတယ်။ စာရေးဆရာကြီး George R.R. Martin ဟာ Stark အိမ်တော်ရဲ့ အဓိကလူကြီးတွေ အသတ်ခံလိုက်ရတဲ့ အဆိုပါ ဇာတ်ဝင်ခန်းကို စကော့တလန်နိုင်ငံသမိုင်းထဲက တကယ့်ဖြစ်ရပ်တွေအပေါ် မှီငြမ်းပြီး ရေးသားဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Game of Thrones (GoT) ဇာတ်လမ်းတွဲရဲ့ season 3 ပြီးကာနီးမှာ ဖြစ်ပျက်ခဲ့တဲ့ red wedding ဖြစ်ရပ်ဟာ ဘုရင် Joffrey Baratheon အုပ်ချုပ်နေတဲ့ သံပုလ္လင်နဲ့ မြောက်ပိုင်းရဲ့ဘုရင် Robb ဦးဆောင်တဲ့ Stark အိမ်တော်တို့ကြားက အငြင်းပွားမှုအလယ်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။

©HBO

red wedding ဟာ GoT ထဲက သစ္စာဖောက်တဲ့ဖြစ်ရပ်တွေထဲက အပြင်းထန်ဆုံးနဲ့ ရုပ်အဆိုးဆုံးတစ်ခုလို့ ပြောရင်လည်း ရပါတယ်။ ဒီဖြစ်ရပ်ဟာ Frey အိမ်တော်က သမီးတစ်ယောက်နဲ့ လက်ဆက်ရမယ့်အစား Talisa ကို လက်ထပ်ခဲ့တဲ့ ဘုရင် Robb ကို အရှင် Walder Frey က လက်စားချေတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ မြောက်ပိုင်းရဲ့ဘုရင် Robb ဟာ Lannister အိမ်တော်ရဲ့ အမာခံ ခြေကုပ်တစ်ခုဖြစ်တဲ့ Casterly Rock ကို သွားရောက်တိုက်ခိုက်ဖို့အတွက် Frey အိမ်တော်က ပိုင်တဲ့ Twins ရဲတိုက်ကို ဖြတ်သန်းသွားဖို့ လိုအပ်ခဲ့ပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းခွင့်ပြုတဲ့အတွက် Frey အိမ်တော်က အရှင် Walder Frey ဟာ သူ့သမီးတွေထဲကတစ်ယောက်နဲ့ ဘုရင် Robb ကို လက်ဆက်ပေးဖို့ ဆန္ဒရှိခဲ့ပါတယ်။ သို့ပေမယ့် အချစ်နွံမှာ နစ်မျောနေပြီဖြစ်တဲ့ Robb ဟာ သူကိုယ်တိုင် လက်မထပ်လည်း ဦးလေးဖြစ်သူ အရှင် Edmure Tully က Frey အိမ်တော်က ကောင်မလေးတစ်ယောက်ကို လက်ထပ်လိုက်ရင် အဆင်ပြေမယ်လို့ ယူဆထားခဲ့ပါတယ်။

©HBO

ဒီလိုနဲ့ Stark အိမ်တော်ဟာ Walder Frey နဲ့ ထားရှိခဲ့တဲ့ ကတိကဝတ်တစ်ခုကို ပေါ့ပေါ့တွေးပြီး Frey အိမ်တော်က ဖိတ်ခေါ်တဲ့ ညစာစားပွဲကို လူစုံတက်စုံ တက်ရောက်ခဲ့ကြပါတယ်။ သို့ပေမယ့် စားပွဲခန်းမရဲ့ တံခါးတွေဟာ ရုတ်တရက် ပိတ်သွားခဲ့ပြီး Lannister အိမ်တော်ရဲ့ ကြောက်စရာ တေးသီချင်းဖြစ်တဲ့ The Rains of Castamere ကို ဂီတပညာရှင်တွေက စတင်တီးခတ်ခဲ့ကြပါတယ်။

လျှပ်တစ်ပြက်အတွင်းမှာပဲ Frey အိမ်တော်ကလူတွေဟာ Robb နဲ့ သူ့ရဲ့ဇနီးသည် Talisa ကိုသာမက သူမဗိုက်ထဲက ကလေးကိုပါ အရှင်မထားဘဲ ဓားနဲ့ထိုးသတ်ခဲ့ကြပါတယ်။ Catelyn Stark ကတော့ Frey အိမ်တော်က သမီးတစ်ယောက်ကို သတ်ပြီးမှ နောက်ဆုံးအနေနဲ့ လည်လှီးသတ်ခံခဲ့ရပါတယ်။ Frey အိမ်တော်ဟာ ကတိဖြတ်တဲ့ Stark အိမ်တော်အပေါ် ဒီလောက်နဲ့ပဲ မကျေနပ်သေးဘဲ Stark စစ်တပ်ကြီးတစ်ခုလုံးကို ခြုံခိုတိုက်ခိုက်၊ သတ်ဖြတ်ခဲ့ပြီး Robb ရဲ့ ဒိုင်းယားဝံပုလွေ Grey Wind ကိုပါ ခေါင်းဖြတ်သတ်ခဲ့ကြပါတယ်။

©HBO

အဲ့ဒီ့နောက်မှာတော့ အယုတ်မာဆုံးလုပ်ရပ်တစ်ခုအဖြစ် Robb ရဲ့ခေါင်းကိုပါ ဖြတ်ကာ ဒိုင်းယားဝံပုလွေ Grey Wind ရဲ့ခေါင်းကို သခင်ဖြစ်သူ Robb ရဲ့ ခန္ဓာကိုယ်မှာ တပ်ပြီး မြင်းပေါ်တင်ကာ ခြေဦးတည့်ရာ သွားစေဖို့ လွှတ်လိုက်ကြပါတယ်။ ဒီမြင်ကွင်းကိုတော့ မိသားစုနဲ့ ပြန်ဆုံဆည်းဖို့ ရဲတိုက်ကြီးဆီကို ရောက်လာတဲ့ Arya Stark က မြင်တွေ့ခဲ့ရပါတယ်။

သွေးစွန်းခဲ့တဲ့ စိတ်မကောင်းဖွယ်ဖြစ်ရပ်တွေနဲ့ ဒီ red wedding ဇာတ်ဝင်ခန်းဟာ ၁၄၄၀ခုနှစ် နိုဝင်ဘာလက စကော့တလန်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ နာမည်ကြီး Black Dinner ဆိုတဲ့ဖြစ်ရပ်ကို မှီငြမ်းရေးသားထားတာ ဖြစ်ပါတယ်။ Black Dinner ကတော့ (၁၀)နှစ်အရွယ် စကော့တလန်ဘုရင် James II က (၁၆)နှစ်အရွယ် Douglas မြို့စား William နဲ့ ညီဖြစ်သူ David တို့ကို Edinburgh ရဲတိုက်ကြီးဆီ ညစာဖိတ်ကျွေးခဲ့တဲ့ ဖြစ်ရပ်ပါ။ ဘုရင် James နဲ့ မြို့စား William တို့ဟာ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်ကြပေမယ့် Black Douglas အိမ်တော်ဟာ ထီးနန်းအတွက် ခြိမ်းခြောက်လာမယ်လို့ ယူဆတဲ့အတွက် စကော့လူမျိုးဝန်ကြီးချုပ် Sir William Crichton က စီမံဖန်တီးခဲ့တာ ဖြစ်ပါတယ်။

©HBO

အဆိုပါ ညစာစားပွဲမှာတော့ ကျွဲရိုင်းအမည်းကြီးတစ်ကောင်ရဲ့ ခေါင်းကိုဖြတ်ကာ Douglas အိမ်က ကောင်လေးနှစ်ယောက်ရဲ့ရှေ့မှာ ပန်းကန်နဲ့ ခင်းကျင်းထားစေပါတယ်။ အဓိပ္ပာယ်ကတော့ Black Douglas အိမ်တော်ရဲ့ သေဆုံးခြင်းကို နိမိတ်လက္ခဏာအဖြစ် ပြသထားတာပါ။ အဲ့ဒီ့နောက်မှာတော့ မြို့စား William နဲ့ ညီဖြစ်သူ David တို့ဟာ နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်တယ်ဆိုပြီး တစ်ဖက်သတ် စီရင်ချက်ချခံရကာ နှစ်ဦးစလုံး ခေါင်းဖြတ်သတ်ခံခဲ့ရပါတယ်။

အဲ့ဒီ့ဖြစ်ရပ်အပြီး ရာစုနှစ်လေးခုအကြာမှာတော့ စကော့လူမျိုး ဝတ္ထုရေးဆရာ Sir Walter Scott က Black Dinner အကြောင်းကို ဝတ္ထုအဖြစ် ရေးသားခဲ့ပါတယ်။ ဒီဝတ္ထုမှာ ပါဝင်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဆရာကြီး George R. R. Martin က မှီငြမ်းကာ Stark အိမ်တော်က သစ္စာဖောက်ခံခဲ့ရတာကနေ Robb ခေါင်းဖြတ်ခံခဲ့ရတာအထိ ပြန်လည်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

©HBO

ဒါတင်မက red wedding ဇာတ်ဝင်ခန်းဟာ ၁၆၉၂ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ Glencoe လူသတ်ပွဲနဲ့လည်း ဆက်စပ်မှု ရှိနေပါသေးတယ်။ ဒီဖြစ်ရပ်ကတော့ red wedding နဲ့ ပြောင်းပြန်ဖြစ်ပြီး ဧည့်သည်တွေက အိမ်ရှင်တွေကို ပြန်လည်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ အင်္ဂလန်နဲ့ စကော့တလန်ကို ပူးတွဲအုပ်ချုပ်မယ့် ဘုရင်အသစ် William III ကို ထောက်ခံအားပေးတဲ့ ဗိုလ်မှူးကြီး Robert Campbell ဟာ သူ့ရဲ့နောက်လိုက်တွေနဲ့အတူ Glencoe အရပ်ကို သွားရောက်ပြီး MacDonald အိမ်တော်မှာ ဧည့်သည်အဖြစ် သွားရောက်တည်းခိုဖို့ ကြိုးစားခဲ့ပါတယ်။

MacDonald အိမ်တော်ဟာ တစ်ချိန်မှာ ထီးနန်းအတွက် ရန်သူဖြစ်လာမယ်လို့ သုံးသပ်မိတဲ့အတွက် ဗိုလ်မှူးကြီး Campbell ဟာ တစ်အိမ်လုံးကို အပြတ်ရှင်းဖို့ အကွက်ချ၊ ကြံစည်ခဲ့တာ ဖြစ်ပါတယ်။ အိမ်တော်ကြီးမှာ ဆယ့်နှစ်ရက်ကြာ တည်းခိုခဲ့တဲ့ အချိန်အတွင်းမှာ Campbell နဲ့ သူ့ရဲ့နောက်လိုက်ပါတွေဟာ အိမ်ရှင်တွေကို ကြမ်းတမ်းရက်စက်စွာ တိုက်ခိုက်ပြီး မျိုးဖြုတ်၊ သတ်ဖြတ်ခဲ့ကြပါတယ်။

©HBO

Campbell နဲ့ သူ့လူတွေ မီးရှို့ဖျက်ဆီးလိုက်တဲ့ အိမ်တွေကနေ ထွက်ပြေးကြရတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာလည်း ကြမ်းတမ်းတဲ့ ဆောင်းရဲ့ဒဏ်ကို မခံနိုင်ဘဲ သေဆုံးခဲ့ကြရပါတယ်။ Black Dinner နဲ့ Red Wedding ရဲ့ အဖြစ်အပျက်တွေလိုပဲ Glencoe အရပ်ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟာလည်း ဖော်ရွေမှုအပေါ် အခွင့်ကောင်းယူပြီး ကောက်ကျစ်ယုတ်မာခဲ့တာပါပဲလို့ ဆိုရင်း … ။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)
**SPOILER ALERT**

Red Wedding ဟာ Game of Thrones ဇာတ္လမ္းတြဲထဲက အၾကမ္းတမ္းဆုံးနဲ႔ အံ့ဩ၊ ဝမ္းနည္းဖို႔အေကာင္းဆုံး ဇာတ္ဝင္ခန္းတစ္ခု ျဖစ္ပါတယ္။ စာေရးဆရာႀကီး George R.R. Martin ဟာ Stark အိမ္ေတာ္ရဲ႕ အဓိကလူႀကီးေတြ အသတ္ခံလိုက္ရတဲ့ အဆိုပါ ဇာတ္ဝင္ခန္းကို စေကာ့တလန္ႏိုင္ငံသမိုင္းထဲက တကယ့္ျဖစ္ရပ္ေတြအေပၚ မွီျငမ္းၿပီး ေရးသားဖန္တီးခဲ့တာ ျဖစ္ပါတယ္။

Game of Thrones (GoT) ဇာတ္လမ္းတြဲရဲ႕ season 3 ၿပီးကာနီးမွာ ျဖစ္ပ်က္ခဲ့တဲ့ red wedding ျဖစ္ရပ္ဟာ ဘုရင္ Joffrey Baratheon အုပ္ခ်ဳပ္ေနတဲ့ သံပုလႅင္နဲ႔ ေျမာက္ပိုင္းရဲ႕ဘုရင္ Robb ဦးေဆာင္တဲ့ Stark အိမ္ေတာ္တို႔ၾကားက အျငင္းပြားမႈအလယ္မွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္ပါတယ္။

©HBO

red wedding ဟာ GoT ထဲက သစၥာေဖာက္တဲ့ျဖစ္ရပ္ေတြထဲက အျပင္းထန္ဆုံးနဲ႔ ႐ုပ္အဆိုးဆုံးတစ္ခုလို႔ ေျပာရင္လည္း ရပါတယ္။ ဒီျဖစ္ရပ္ဟာ Frey အိမ္ေတာ္က သမီးတစ္ေယာက္နဲ႔ လက္ဆက္ရမယ့္အစား Talisa ကို လက္ထပ္ခဲ့တဲ့ ဘုရင္ Robb ကို အရွင္ Walder Frey က လက္စားေခ်တဲ့ ျဖစ္ရပ္ ျဖစ္ပါတယ္။ ေျမာက္ပိုင္းရဲ႕ဘုရင္ Robb ဟာ Lannister အိမ္ေတာ္ရဲ႕ အမာခံ ေျခကုပ္တစ္ခုျဖစ္တဲ့ Casterly Rock ကို သြားေရာက္တိုက္ခိုက္ဖို႔အတြက္ Frey အိမ္ေတာ္က ပိုင္တဲ့ Twins ရဲတိုက္ကို ျဖတ္သန္းသြားဖို႔ လိုအပ္ခဲ့ပါတယ္။

ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖတ္သန္းခြင့္ျပဳတဲ့အတြက္ Frey အိမ္ေတာ္က အရွင္ Walder Frey ဟာ သူ႔သမီးေတြထဲကတစ္ေယာက္နဲ႔ ဘုရင္ Robb ကို လက္ဆက္ေပးဖို႔ ဆႏၵရွိခဲ့ပါတယ္။ သို႔ေပမယ့္ အခ်စ္ႏြံမွာ နစ္ေမ်ာေနၿပီျဖစ္တဲ့ Robb ဟာ သူကိုယ္တိုင္ လက္မထပ္လည္း ဦးေလးျဖစ္သူ အရွင္ Edmure Tully က Frey အိမ္ေတာ္က ေကာင္မေလးတစ္ေယာက္ကို လက္ထပ္လိုက္ရင္ အဆင္ေျပမယ္လို႔ ယူဆထားခဲ့ပါတယ္။

©HBO

ဒီလိုနဲ႔ Stark အိမ္ေတာ္ဟာ Walder Frey နဲ႔ ထားရွိခဲ့တဲ့ ကတိကဝတ္တစ္ခုကို ေပါ့ေပါ့ေတြးၿပီး Frey အိမ္ေတာ္က ဖိတ္ေခၚတဲ့ ညစာစားပြဲကို လူစုံတက္စုံ တက္ေရာက္ခဲ့ၾကပါတယ္။ သို႔ေပမယ့္ စားပြဲခန္းမရဲ႕ တံခါးေတြဟာ ႐ုတ္တရက္ ပိတ္သြားခဲ့ၿပီး Lannister အိမ္ေတာ္ရဲ႕ ေၾကာက္စရာ ေတးသီခ်င္းျဖစ္တဲ့ The Rains of Castamere ကို ဂီတပညာရွင္ေတြက စတင္တီးခတ္ခဲ့ၾကပါတယ္။

လွ်ပ္တစ္ျပက္အတြင္းမွာပဲ Frey အိမ္ေတာ္ကလူေတြဟာ Robb နဲ႔ သူ႔ရဲ႕ဇနီးသည္ Talisa ကိုသာမက သူမဗိုက္ထဲက ကေလးကိုပါ အရွင္မထားဘဲ ဓားနဲ႔ထိုးသတ္ခဲ့ၾကပါတယ္။ Catelyn Stark ကေတာ့ Frey အိမ္ေတာ္က သမီးတစ္ေယာက္ကို သတ္ၿပီးမွ ေနာက္ဆုံးအေနနဲ႔ လည္လွီးသတ္ခံခဲ့ရပါတယ္။ Frey အိမ္ေတာ္ဟာ ကတိျဖတ္တဲ့ Stark အိမ္ေတာ္အေပၚ ဒီေလာက္နဲ႔ပဲ မေက်နပ္ေသးဘဲ Stark စစ္တပ္ႀကီးတစ္ခုလုံးကို ၿခဳံခိုတိုက္ခိုက္၊ သတ္ျဖတ္ခဲ့ၿပီး Robb ရဲ႕ ဒိုင္းယားဝံပုေလြ Grey Wind ကိုပါ ေခါင္းျဖတ္သတ္ခဲ့ၾကပါတယ္။

©HBO

အဲ့ဒီ့ေနာက္မွာေတာ့ အယုတ္မာဆုံးလုပ္ရပ္တစ္ခုအျဖစ္ Robb ရဲ႕ေခါင္းကိုပါ ျဖတ္ကာ ဒိုင္းယားဝံပုေလြ Grey Wind ရဲ႕ေခါင္းကို သခင္ျဖစ္သူ Robb ရဲ႕ ခႏၶာကိုယ္မွာ တပ္ၿပီး ျမင္းေပၚတင္ကာ ေျခဦးတည့္ရာ သြားေစဖို႔ လႊတ္လိုက္ၾကပါတယ္။ ဒီျမင္ကြင္းကိုေတာ့ မိသားစုနဲ႔ ျပန္ဆုံဆည္းဖို႔ ရဲတိုက္ႀကီးဆီကို ေရာက္လာတဲ့ Arya Stark က ျမင္ေတြ႕ခဲ့ရပါတယ္။

ေသြးစြန္းခဲ့တဲ့ စိတ္မေကာင္းဖြယ္ျဖစ္ရပ္ေတြနဲ႔ ဒီ red wedding ဇာတ္ဝင္ခန္းဟာ ၁၄၄၀ခုႏွစ္ ႏိုဝင္ဘာလက စေကာ့တလန္ႏိုင္ငံမွာ ျဖစ္ပ်က္ခဲ့တဲ့ နာမည္ႀကီး Black Dinner ဆိုတဲ့ျဖစ္ရပ္ကို မွီျငမ္းေရးသားထားတာ ျဖစ္ပါတယ္။ Black Dinner ကေတာ့ (၁၀)ႏွစ္အ႐ြယ္ စေကာ့တလန္ဘုရင္ James II က (၁၆)ႏွစ္အ႐ြယ္ Douglas ၿမိဳ႕စား William နဲ႔ ညီျဖစ္သူ David တို႔ကို Edinburgh ရဲတိုက္ႀကီးဆီ ညစာဖိတ္ေကြၽးခဲ့တဲ့ ျဖစ္ရပ္ပါ။ ဘုရင္ James နဲ႔ ၿမိဳ႕စား William တို႔ဟာ မိတ္ေဆြသူငယ္ခ်င္းေတြ ျဖစ္ၾကေပမယ့္ Black Douglas အိမ္ေတာ္ဟာ ထီးနန္းအတြက္ ၿခိမ္းေျခာက္လာမယ္လို႔ ယူဆတဲ့အတြက္ စေကာ့လူမ်ိဳးဝန္ႀကီးခ်ဳပ္ Sir William Crichton က စီမံဖန္တီးခဲ့တာ ျဖစ္ပါတယ္။

©HBO

အဆိုပါ ညစာစားပြဲမွာေတာ့ ကြၽဲ႐ိုင္းအမည္းႀကီးတစ္ေကာင္ရဲ႕ ေခါင္းကိုျဖတ္ကာ Douglas အိမ္က ေကာင္ေလးႏွစ္ေယာက္ရဲ႕ေရွ႕မွာ ပန္းကန္နဲ႔ ခင္းက်င္းထားေစပါတယ္။ အဓိပၸာယ္ကေတာ့ Black Douglas အိမ္ေတာ္ရဲ႕ ေသဆုံးျခင္းကို နိမိတ္လကၡဏာအျဖစ္ ျပသထားတာပါ။ အဲ့ဒီ့ေနာက္မွာေတာ့ ၿမိဳ႕စား William နဲ႔ ညီျဖစ္သူ David တို႔ဟာ ႏိုင္ငံေတာ္ ပုန္ကန္မႈ က်ဴးလြန္တယ္ဆိုၿပီး တစ္ဖက္သတ္ စီရင္ခ်က္ခ်ခံရကာ ႏွစ္ဦးစလုံး ေခါင္းျဖတ္သတ္ခံခဲ့ရပါတယ္။

အဲ့ဒီ့ျဖစ္ရပ္အၿပီး ရာစုႏွစ္ေလးခုအၾကာမွာေတာ့ စေကာ့လူမ်ိဳး ဝတၳဳေရးဆရာ Sir Walter Scott က Black Dinner အေၾကာင္းကို ဝတၳဳအျဖစ္ ေရးသားခဲ့ပါတယ္။ ဒီဝတၳဳမွာ ပါဝင္ခဲ့တဲ့ အျဖစ္အပ်က္ေတြကို ဆရာႀကီး George R. R. Martin က မွီျငမ္းကာ Stark အိမ္ေတာ္က သစၥာေဖာက္ခံခဲ့ရတာကေန Robb ေခါင္းျဖတ္ခံခဲ့ရတာအထိ ျပန္လည္ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

©HBO

ဒါတင္မက red wedding ဇာတ္ဝင္ခန္းဟာ ၁၆၉၂ခုႏွစ္က ျဖစ္ပ်က္ခဲ့တဲ့ Glencoe လူသတ္ပြဲနဲ႔လည္း ဆက္စပ္မႈ ရွိေနပါေသးတယ္။ ဒီျဖစ္ရပ္ကေတာ့ red wedding နဲ႔ ေျပာင္းျပန္ျဖစ္ၿပီး ဧည့္သည္ေတြက အိမ္ရွင္ေတြကို ျပန္လည္သတ္ျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ျဖစ္ပုံကေတာ့ အဂၤလန္နဲ႔ စေကာ့တလန္ကို ပူးတြဲအုပ္ခ်ဳပ္မယ့္ ဘုရင္အသစ္ William III ကို ေထာက္ခံအားေပးတဲ့ ဗိုလ္မႉးႀကီး Robert Campbell ဟာ သူ႔ရဲ႕ေနာက္လိုက္ေတြနဲ႔အတူ Glencoe အရပ္ကို သြားေရာက္ၿပီး MacDonald အိမ္ေတာ္မွာ ဧည့္သည္အျဖစ္ သြားေရာက္တည္းခိုဖို႔ ႀကိဳးစားခဲ့ပါတယ္။

MacDonald အိမ္ေတာ္ဟာ တစ္ခ်ိန္မွာ ထီးနန္းအတြက္ ရန္သူျဖစ္လာမယ္လို႔ သုံးသပ္မိတဲ့အတြက္ ဗိုလ္မႉးႀကီး Campbell ဟာ တစ္အိမ္လုံးကို အျပတ္ရွင္းဖို႔ အကြက္ခ်၊ ႀကံစည္ခဲ့တာ ျဖစ္ပါတယ္။ အိမ္ေတာ္ႀကီးမွာ ဆယ့္ႏွစ္ရက္ၾကာ တည္းခိုခဲ့တဲ့ အခ်ိန္အတြင္းမွာ Campbell နဲ႔ သူ႔ရဲ႕ေနာက္လိုက္ပါေတြဟာ အိမ္ရွင္ေတြကို ၾကမ္းတမ္းရက္စက္စြာ တိုက္ခိုက္ၿပီး မ်ိဳးျဖဳတ္၊ သတ္ျဖတ္ခဲ့ၾကပါတယ္။

©HBO

Campbell နဲ႔ သူ႔လူေတြ မီးရႈိ႕ဖ်က္ဆီးလိုက္တဲ့ အိမ္ေတြကေန ထြက္ေျပးၾကရတဲ့ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြဟာလည္း ၾကမ္းတမ္းတဲ့ ေဆာင္းရဲ႕ဒဏ္ကို မခံႏိုင္ဘဲ ေသဆုံးခဲ့ၾကရပါတယ္။ Black Dinner နဲ႔ Red Wedding ရဲ႕ အျဖစ္အပ်က္ေတြလိုပဲ Glencoe အရပ္ရဲ႕ အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္မႈဟာလည္း ေဖာ္ေ႐ြမႈအေပၚ အခြင့္ေကာင္းယူၿပီး ေကာက္က်စ္ယုတ္မာခဲ့တာပါပဲလို႔ ဆိုရင္း … ။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular