HomeEntertainmentFilmပရိသတ်တွေ သတိမထားမိလိုက်ဘဲ သရုပ်ဆောင်ပြောင်းလဲသွားတဲ့ ဇာတ်ကောင်များ

ပရိသတ်တွေ သတိမထားမိလိုက်ဘဲ သရုပ်ဆောင်ပြောင်းလဲသွားတဲ့ ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရုပ်ရှင်တွေမှာ အကြောင်းအမျိူးမျိူးကြောင့် ဇာတ်ကောင်တစ်နေရာထဲမှာ သရုပ်ဆောင်‌ ပြောင်းလဲလိုက်ရတာမျိူးတွေ ရှိပါတယ်။ သို့ပေမယ့်လည်း တစ်ချို့ဇာတ်ကောင်တွေကတော့ မိတ်ကပ်နဲ့ ပြုပြင်ထားတာကြောင့် သရုပ်ဆောင် ပြောင်းလဲသွားတာတောင်မှ ပရိသတ်က သတိမထားမိလိုက်တာတွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ပရိသတ်တွေအများစု သတိမထားမိလိုက်ဘဲ သရုပ်ဆောင်ပြောင်းလဲသွားတဲ့ ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Fandral
photo via screenrant

ဒီဇာတ်ကောင်ကတော့ Thor ဇာတ်ကားတွေမှာ ပါဝင်ခဲ့တာဖြစ်ပြီး Asgard ရဲ့စစ်သည်တော်တစ်ယောက် ဖြစ်ပါတယ်။ မူလတုန်းကတော့ Fandral နေရာမှာ Joshua Dallas က သရုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သူဟာ နှုတ်ထွက်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီဇာတ်ကောင်နေရာမှာ Shazam ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ Zachery Levi က အစားထိုးကာ ဝင်ရောက်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကောင်ရဲ့ ပုံစံကို ဆင်တူပြုလုပ်ထားတာကြောင့်ရော၊ ဇာတ်လမ်းထဲမှာ ပါဝင်တဲ့အချိန်က နည်းပါးတာကြောင့်ရော သရုပ်ဆောင် ပြောင်းသွားတာကို ပရိသတ်တွေအများစုဟာ သတိမထားမိခဲ့ကြပါဘူး။

(2) Rachel Dawes
photo via screenrant

ဒီဇာတ်ကောင်ကတော့ Batman Begins နဲ့ The Dark Knight တို့မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ Bruce ရဲ့ ငယ်သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး Batman Begins ထဲမှာတော့ Katie Holmes က သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ The Dark Knight ထဲမှာတော့ Maggie Gyllenhaal က ပြောင်းလဲသရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ တော်တော်လေး ဆင်တူနေတာကြောင့် ဒီမင်းသမီးနှစ်ယောက်နဲ့ သိပ်မရင်းနှီးတဲ့ တချို့ပရိသတ်တွေဟာ သရုပ်ဆောင် ပြောင်းလဲသွားမှန်း သတိမထားမိခဲ့ကြပါဘူး။

(3) The Night King
photo via screenrant

ဒီဇာတ်ကောင်ကိုတော့ Game of Thrones ကြည့်ဖူးတဲ့သူတိုင်း သိကြပါတယ်။ Night King ဟာ GoT ဇာတ်လမ်းတွဲထဲက အဓိကဗီလိန်တစ်ယောက် ဖြစ်ပြီးတော့ ဒီဇာတ်လမ်းကို မကြည့်ဖူးရင်တောင် ဟိုက ဒီကနေ မြင်ဖူးကြမှာပါ။ ဒီဇာတ်ကောင်ဟာလည်း ပရိသတ်တွေ လုံးဝမသိလိုက်ဘဲ သရုပ်ဆောင်ပြောင်းလဲခဲ့ပါတယ်။

Night King ရဲ့ လူပုံစံကိုတော့ The Children of Forest တွေက ပထမဆုံး white walker ဖန်တီးတဲ့အခန်းမှာ တစ်ခေါက် မြင်ဖူးခဲ့ကြမှာပါ။ အဲ့ဒီအချိန်တုန်းက Night King ဖြစ်မယ့် လူနေရာမှာ သရုပ်ဆောင်တဲ့သူကတော့ Richard Brake ဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒီဇာတ်လမ်းတွဲရဲ့ စတန့်သမားတစ်ယောက်ဖြစ်တဲ့ Vladimir Furdik က ပြောင်းလဲသရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Night King အဖြစ် သရုပ်မဆောင်ခင်တုန်းက အခြား White Walker အနေနဲ့လည်း ပါဝင်ခဲ့ဖူးပါသေးတယ်။

(4) Daario Naharis
photo via screenrant

အခုချိန်မှာတော့ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင် ပြောင်းလဲသွားတဲ့အကြောင်းကို GOT ပရိသတ်အများစုကတော့ သိထားကြမှာပါ။ ဒါပေမယ့်လည်း ရှိုးကို ပြသနေဆဲ အချိန်တုန်းကတော့ သရုပ်ဆောင်ပြောင်းလဲသွားတာကို ပရိသတ်အများစုက သိပ်ပြီး သတိမထားမိခဲ့ကြပါဘူး။ ဒီဇာတ်ကောင်နဲ့ ပထမဆုံး မိတ်ဆက်ပေးတဲ့အချိန်တုန်းကတော့ Ed Skrein က သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ အလုပ်တွေ များလာတာကြောင့် ဒီဇာတ်ကောင်နေရာကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Daario Naharis ဇာတ်ကောင်နေရာမှာ Michiel Huisman က အစားထိုး သရုပ်ဆောင်ခဲ့တာ‌ ဖြစ်ပါတယ်။

(5) Sara Lance
photo via screenrant

ဒီဇာတ်ကောင်ကတော့ Arrow နဲ့ DC’s Legends of Tomorrow ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ပရိသတ်တွေ ပထမဆုံး မြင်တွေ့ခဲ့ရတဲ့ Sara Lance ဇာတ်ကောင်နေရာမှာတော့ Jacqueline Maclnnes Wood က သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ White Canary ဖြစ်လာတဲ့ Sara Lance နေရာမှာတော့ Caity Lotz က ပြောင်းလဲသရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ကို အခုလိုမျိူး သရုပ်ဆောင်နှစ်ယောက်က သရုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်း တချို့ပရိသတ်တွေ သိပ်သတိမထားမိခဲ့ကြဘူး။

(6) Red Skull
photo via screenrant

Red Skull ကတော့ Captain America ရဲ့ အဓိကဗီလိန်တစ်ယောက် ဖြစ်ပြီး Hydra ရဲ့ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Captain America: First Avenger ထဲမှာတော့ သူဟာ Space Stone က စုပ်ယူတာကို ခံခဲ့ရပြီး သေသွားပြီလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Avengers: Endgame ထဲမှာတော့ သူဟာ Soul Stone ရဲ့ထိန်းသိမ်းသူ ဖြစ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ Captain America: First Avenger ထဲမှာ သရုပ်ဆောင်ခဲ့သူကတော့ Hugo Weaving ဖြစ်ပြီး Avengers: Endgame ထဲမှာတော့ Ross Marquand က သရုပ်ဆောင်ခဲ့ပါတယ်။

(7) Voldemort
photo via screenrant

Harry Potter ရုပ်ရှင်တွေကတော့ ပရိသတ်တွေကြားထဲမှာ တော်တော်လေး အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွေထဲမှာ ပါဝင်တဲ့ ဗီလိန်ကြီးတစ်ယောက် ဖြစ်တဲ့ Voldemort ဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကောင်ကို သရုပ်ဆောင်နှစ်ယောက်က ပါဝင်သရုပ်ဆောင်ထားကြတာကိုတော့ မိတ်ကပ်တွေကြောင့် သတိမထားမိလိုက်ကြပါဘူး။ အစပိုင်းမှာတော့ Voldemort နေရာမှာ Richard Bremme ကသရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Ralph Fiennes က ပြောင်းလဲသရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ ပရိသတ်တွေ သတိမထားမိလိုက်ဘဲ ဇာတ်ကောင်တစ်ခုတည်းမှာ ပြောင်းလဲသွားတဲ့ သရုပ်ဆောင်တွေ ဖြစ်ပါတယ်။ စာဖတ်သူတို့ သိထားတဲ့ အခြားသရုပ်ဆောင် ပြောင်းလဲမှုတွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိဝုဒ္႐ုပ္ရွင္ေတြမွာ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဇာတ္ေကာင္တစ္ေနရာထဲမွာ သ႐ုပ္ေဆာင္‌ ေျပာင္းလဲလိုက္ရတာမ်ိဴးေတြ ရွိပါတယ္။ သို႔ေပမယ့္လည္း တစ္ခ်ိဳ႕ဇာတ္ေကာင္ေတြကေတာ့ မိတ္ကပ္နဲ႔ ျပဳျပင္ထားတာေၾကာင့္ သ႐ုပ္ေဆာင္ ေျပာင္းလဲသြားတာေတာင္မွ ပရိသတ္က သတိမထားမိလိုက္တာေတြလည္း ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ပရိသတ္ေတြအမ်ားစု သတိမထားမိလိုက္ဘဲ သ႐ုပ္ေဆာင္ေျပာင္းလဲသြားတဲ့ ဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Fandral
photo via screenrant

ဒီဇာတ္ေကာင္ကေတာ့ Thor ဇာတ္ကားေတြမွာ ပါဝင္ခဲ့တာျဖစ္ၿပီး Asgard ရဲ႕စစ္သည္ေတာ္တစ္ေယာက္ ျဖစ္ပါတယ္။ မူလတုန္းကေတာ့ Fandral ေနရာမွာ Joshua Dallas က သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ သူဟာ ႏႈတ္ထြက္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီဇာတ္ေကာင္ေနရာမွာ Shazam ဇာတ္ကားမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Zachery Levi က အစားထိုးကာ ဝင္ေရာက္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒီဇာတ္ေကာင္ရဲ႕ ပုံစံကို ဆင္တူျပဳလုပ္ထားတာေၾကာင့္ေရာ၊ ဇာတ္လမ္းထဲမွာ ပါဝင္တဲ့အခ်ိန္က နည္းပါးတာေၾကာင့္ေရာ သ႐ုပ္ေဆာင္ ေျပာင္းသြားတာကို ပရိသတ္ေတြအမ်ားစုဟာ သတိမထားမိခဲ့ၾကပါဘူး။

(2) Rachel Dawes
photo via screenrant

ဒီဇာတ္ေကာင္ကေတာ့ Batman Begins နဲ႔ The Dark Knight တို႔မွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ သူမဟာ Bruce ရဲ႕ ငယ္သူငယ္ခ်င္းတစ္ေယာက္ျဖစ္ၿပီး Batman Begins ထဲမွာေတာ့ Katie Holmes က သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ The Dark Knight ထဲမွာေတာ့ Maggie Gyllenhaal က ေျပာင္းလဲသ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ဟာ ေတာ္ေတာ္ေလး ဆင္တူေနတာေၾကာင့္ ဒီမင္းသမီးႏွစ္ေယာက္နဲ႔ သိပ္မရင္းႏွီးတဲ့ တခ်ိဳ႕ပရိသတ္ေတြဟာ သ႐ုပ္ေဆာင္ ေျပာင္းလဲသြားမွန္း သတိမထားမိခဲ့ၾကပါဘူး။

(3) The Night King
photo via screenrant

ဒီဇာတ္ေကာင္ကိုေတာ့ Game of Thrones ၾကည့္ဖူးတဲ့သူတိုင္း သိၾကပါတယ္။ Night King ဟာ GoT ဇာတ္လမ္းတြဲထဲက အဓိကဗီလိန္တစ္ေယာက္ ျဖစ္ၿပီးေတာ့ ဒီဇာတ္လမ္းကို မၾကည့္ဖူးရင္ေတာင္ ဟိုက ဒီကေန ျမင္ဖူးၾကမွာပါ။ ဒီဇာတ္ေကာင္ဟာလည္း ပရိသတ္ေတြ လုံးဝမသိလိုက္ဘဲ သ႐ုပ္ေဆာင္ေျပာင္းလဲခဲ့ပါတယ္။

Night King ရဲ႕ လူပုံစံကိုေတာ့ The Children of Forest ေတြက ပထမဆုံး white walker ဖန္တီးတဲ့အခန္းမွာ တစ္ေခါက္ ျမင္ဖူးခဲ့ၾကမွာပါ။ အဲ့ဒီအခ်ိန္တုန္းက Night King ျဖစ္မယ့္ လူေနရာမွာ သ႐ုပ္ေဆာင္တဲ့သူကေတာ့ Richard Brake ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ဒီဇာတ္လမ္းတြဲရဲ႕ စတန႔္သမားတစ္ေယာက္ျဖစ္တဲ့ Vladimir Furdik က ေျပာင္းလဲသ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ Night King အျဖစ္ သ႐ုပ္မေဆာင္ခင္တုန္းက အျခား White Walker အေနနဲ႔လည္း ပါဝင္ခဲ့ဖူးပါေသးတယ္။

(4) Daario Naharis
photo via screenrant

အခုခ်ိန္မွာေတာ့ ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ ေျပာင္းလဲသြားတဲ့အေၾကာင္းကို GOT ပရိသတ္အမ်ားစုကေတာ့ သိထားၾကမွာပါ။ ဒါေပမယ့္လည္း ရႈိးကို ျပသေနဆဲ အခ်ိန္တုန္းကေတာ့ သ႐ုပ္ေဆာင္ေျပာင္းလဲသြားတာကို ပရိသတ္အမ်ားစုက သိပ္ၿပီး သတိမထားမိခဲ့ၾကပါဘူး။ ဒီဇာတ္ေကာင္နဲ႔ ပထမဆုံး မိတ္ဆက္ေပးတဲ့အခ်ိန္တုန္းကေတာ့ Ed Skrein က သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ အလုပ္ေတြ မ်ားလာတာေၾကာင့္ ဒီဇာတ္ေကာင္ေနရာကေန ႏႈတ္ထြက္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Daario Naharis ဇာတ္ေကာင္ေနရာမွာ Michiel Huisman က အစားထိုး သ႐ုပ္ေဆာင္ခဲ့တာ‌ ျဖစ္ပါတယ္။

(5) Sara Lance
photo via screenrant

ဒီဇာတ္ေကာင္ကေတာ့ Arrow နဲ႔ DC’s Legends of Tomorrow ဇာတ္လမ္းတြဲေတြထဲမွာ ပါဝင္ခဲ့ပါတယ္။ ပရိသတ္ေတြ ပထမဆုံး ျမင္ေတြ႕ခဲ့ရတဲ့ Sara Lance ဇာတ္ေကာင္ေနရာမွာေတာ့ Jacqueline Maclnnes Wood က သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ White Canary ျဖစ္လာတဲ့ Sara Lance ေနရာမွာေတာ့ Caity Lotz က ေျပာင္းလဲသ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္ေကာင္ကို အခုလိုမ်ိဴး သ႐ုပ္ေဆာင္ႏွစ္ေယာက္က သ႐ုပ္ေဆာင္ခဲ့တယ္ဆိုတာကိုလည္း တခ်ိဳ႕ပရိသတ္ေတြ သိပ္သတိမထားမိခဲ့ၾကဘူး။

(6) Red Skull
photo via screenrant

Red Skull ကေတာ့ Captain America ရဲ႕ အဓိကဗီလိန္တစ္ေယာက္ ျဖစ္ၿပီး Hydra ရဲ႕ေခါင္းေဆာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ Captain America: First Avenger ထဲမွာေတာ့ သူဟာ Space Stone က စုပ္ယူတာကို ခံခဲ့ရၿပီး ေသသြားၿပီလို႔ ယူဆခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း Avengers: Endgame ထဲမွာေတာ့ သူဟာ Soul Stone ရဲ႕ထိန္းသိမ္းသူ ျဖစ္ေနတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ Captain America: First Avenger ထဲမွာ သ႐ုပ္ေဆာင္ခဲ့သူကေတာ့ Hugo Weaving ျဖစ္ၿပီး Avengers: Endgame ထဲမွာေတာ့ Ross Marquand က သ႐ုပ္ေဆာင္ခဲ့ပါတယ္။

(7) Voldemort
photo via screenrant

Harry Potter ႐ုပ္ရွင္ေတြကေတာ့ ပရိသတ္ေတြၾကားထဲမွာ ေတာ္ေတာ္ေလး ေအာင္ျမင္ခဲ့ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းေတြထဲမွာ ပါဝင္တဲ့ ဗီလိန္ႀကီးတစ္ေယာက္ ျဖစ္တဲ့ Voldemort ဟာလည္း ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ႏွစ္ေယာက္က ပါဝင္သ႐ုပ္ေဆာင္ထားၾကတာကိုေတာ့ မိတ္ကပ္ေတြေၾကာင့္ သတိမထားမိလိုက္ၾကပါဘူး။ အစပိုင္းမွာေတာ့ Voldemort ေနရာမွာ Richard Bremme ကသ႐ုပ္ေဆာင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ Ralph Fiennes က ေျပာင္းလဲသ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ဒါကေတာ့ ပရိသတ္ေတြ သတိမထားမိလိုက္ဘဲ ဇာတ္ေကာင္တစ္ခုတည္းမွာ ေျပာင္းလဲသြားတဲ့ သ႐ုပ္ေဆာင္ေတြ ျဖစ္ပါတယ္။ စာဖတ္သူတို႔ သိထားတဲ့ အျခားသ႐ုပ္ေဆာင္ ေျပာင္းလဲမႈေတြ ရွိရင္လည္း ေျပာျပခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular