HomeCelebs Update NewsBollywood၂၀၂၀ခုႏွစ္ ေအာ္စကာဆုအတြက္ Gully Boy ရုပ္ရွင္ကို တင္သြင္းရန္ အိႏိၵယေရြးခ်ယ္ထား

၂၀၂၀ခုႏွစ္ ေအာ္စကာဆုအတြက္ Gully Boy ရုပ္ရွင္ကို တင္သြင္းရန္ အိႏိၵယေရြးခ်ယ္ထား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Ranveer Singh နဲ႔ Alia Bhatt တို႔ ပါ၀င္သရုပ္ေဆာင္ထားၾကတဲ့ Gully Boy ရုပ္ရွင္ဇာတ္ကားကို အိႏိၵယႏိုင္ငံရဲ႕ ကိုယ္စားျပဳအေနနဲ႔ ၂၀၂၀ခုႏွစ္ ေအာ္စကာဆုေပးပြဲမွာ တင္သြင္းသြားဖို႔ အိႏိၵယက တရား၀င္ ေရြးခ်ယ္လိုက္ပါတယ္။

၂၀၂၀ခုႏွစ္မွာ က်င္းပသြားမယ့္ (၉၂)ႏွစ္ေျမာက္ အကယ္ဒမီဆုေပးပြဲႀကီးမွာ Best International Feature Film category အတြက္ Gully Boy ကို တင္သြင္းဖို႔ ေရြးခ်ယ္လိုက္တာလည္း ျဖစ္ပါတယ္။ ေအာ္စကာဆုေပးပြဲ (၀ါ) အကယ္ဒမီဆုေပးပြဲႀကီးဟာ အေမရိကန္ျပည္ေထာင္စုျပင္ပက အဂၤလိပ္စကားေျပာ မဟုတ္တဲ့ ရုပ္ရွင္ဇာတ္ကားေတြအတြက္ ႏိုင္ငံျခားဘာသာစကားရုပ္ရွင္ဆုဆိုၿပီး ခ်ီးျမွင့္ေလ့ ရိွပါတယ္။ ယခင္ႏွစ္မ်ားကေတာ့ အဆိုပါ category ကို Best Foreign Language Film လို႔ ေခၚေ၀ၚသတ္မွတ္ခဲ့ေပမယ့္ ယခုလာမယ့္ ၂၀၂၀ခုႏွစ္မွာေတာ့ Best International Feature Film လို႔ ေျပာင္းလဲေခၚေ၀ၚသြားမယ္လို႔ သိရပါတယ္။

Photo: The Hindu Business Line

ဒါရိုက္တာ Zoya Akhtar ရိုက္ကူးထားတဲ့ Gully Boy ရုပ္ရွင္ဇာတ္ကားႀကီးမွာ မင္းသား Ranveer Singh နဲ႔ မင္းသမီး Alia Bhatt တို႔က ေခါင္းေဆာင္ပါ၀င္ထားၾကပါတယ္။ ဇာတ္လမ္းအေၾကာင္းအရာကေတာ့ Murad ဆိုတဲ့ rapper တစ္ေယာက္ရဲ႕ဘ၀အေၾကာင္းကို စိတ္၀င္စားဖြယ္ရာ ရုိက္ကူးထားတဲ့ Musical Drama အမ်ိဳးအစားရုပ္ရွင္ ျဖစ္ပါတယ္။ ဒီရုပ္ရွင္ဟာ မြမ္ဘိုင္းၿမိဳ႕က rapper ေတြျဖစ္ၾကတဲ့ Divine နဲ႔ Naezy တုိ႔အေၾကာင္းကို အေျခခံရိုက္ကူးထားတဲ့ ျဖစ္ရပ္မွန္ ရုပ္ရွင္ဇာတ္ကားလည္း ျဖစ္ပါတယ္။

ဒီဇာတ္ကားႀကီးကို ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလက ရုံတင္ျပသခဲ့တာျဖစ္ၿပီး ေသာက္ေသာက္လဲ ေအာင္ျမင္မႈေတြ ရရိွခဲ့ပါတယ္။ IMDb မွာ 8.3  ရရိွထားၿပီး Rotten Tomatoes မွာေတာ့ 95% rating ရရိွထားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။

Photo: Exchange4media

Ranveer Singh ကေတာ့ ဒီဇာတ္ကားနဲ႔ ပတ္သက္တဲ့ သူ႔ရဲ႕အျမင္ကို အခုလိုေျပာျပထားပါတယ္။ “Gully Boy ဟာ လမ္းမေပၚက တကယ့္အသံေတြကို ကိုယ္စားျပဳထင္ဟပ္ေစပါတယ္။ ဒီဇာတ္ကားဟာ ကၽြန္ေတာ္အႀကိဳက္ဆုံး ရုပ္ရွင္ဇာတ္ကားေတြထဲမွာ ပါ၀င္ပါတယ္။ ကၽြန္ေတာ္ အၿမဲတမ္း ႀကိဳးစားေနခဲ့သလိုပဲ ဟင္ဒီရုပ္ရွင္ေတြရဲ႕ အလံကို အျမင့္ဆုံးေနရာအထိ စိုက္ထူႏိုင္ဖို႔ ႀကိဳးစားသြားပါမယ္။ ကၽြန္ေတာ္တို႔ သရုပ္ေဆာင္ေတြနဲ႔ ရုိက္ကူးေရးတစ္ဖြဲ႔သားလုံး စိတ္အျပည့္ထည့္ၿပီး ႀကိဳးစားထားတဲ့ ရလဒ္အေနနဲ႔ အခုလို ခ်ီးျမွင့္မႈေတြ ရရိွတာ သိပ္ကို၀မ္းသာရပါတယ္။ ကၽြန္ေတာ္တို႔တစ္ဖြဲ႔သားလုံးနဲ႔အတူ ဒါရိုက္တာ Zoya အတြက္လည္း သိပ္ကိုဂုဏ္ယူရပါတယ္။ ကၽြန္ေတာ္တို႔ခ်စ္ရတဲ့ ပရိသတ္ေတြရဲ႕ အားေပးခ်ီးေျမွာက္မႈေတြနဲ႔အတူ ကမာၻ႕စင္ျမင္ထက္မွာ ေအာင္ျမင္မႈေတြ ရရိွမယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္” လို႔ ဆိုထားပါတယ္။

Photo: Hindustan Times

မင္းသမီး Alia Bhatt ကလည္း သူမရဲ႕အျမင္နဲ႔ ခံစားခ်က္ကို ေျပာျပထားပါေသးတယ္။ “Gully Boy က ကၽြန္မအတြက္ေတာ့ သိပ္ကိုထူးျခားတဲ့ ရုပ္ရွင္တစ္ကားပါ။ ဒီဇာတ္ကားက Melbourne ရုပ္ရွင္ပြဲေတာ္မွာလည္း ဆုရခဲ့ပါေသးတယ္။ ေနာက္ၿပီး ဒီကားကို ဂ်ပန္မွာလည္း ျပခဲ့ရပါေသးတယ္။ အခုလည္း အိႏိၵယႏိုင္ငံကိုယ္စားျပဳအေနနဲ႔ တရား၀င္ ေအာ္စကာဆုေပးပြဲႀကီးကို တင္သြင္းခြင့္ရျပန္ပါၿပီ။ အခုကစၿပီးေတာ့ ဒီဇာတ္ကားႀကီးက စံကာတင္စာရင္းမွာ ပါ၀င္ၿပီး ဆုကိုပါ ဆြတ္ခူးသြားႏိုင္ဖို႔လည္း ဆုေတာင္းပါတယ္။ ဒါက ကၽြန္မတို႔အတြက္ ပထမဆုံးလည္းျဖစ္သလို တကယ့္အခြင့္အေရးႀကီးလည္း ျဖစ္ပါတယ္။ ကၽြန္မတို႔ တစ္ဖြဲ႔သားလုံးလည္း တကယ့္ကို အရမ္းစိတ္လႈပ္ရွားေနၾကပါတယ္” လို႔ ဆိုထားပါတယ္။

ရုပ္ရွင္ခ်စ္သူေတြအားလုံး စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္စားၾကည့္ရႈၾကရမယ့္ ေအာ္စကာဆုေပးပြဲႀကီးကိုေတာ့ ၂၀၂၀ခုႏွစ္ ေဖေဖာ္၀ါရီလမွာ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိစ့္ၿမိဳ႕က Dolby ျပဇာတ္ရုံႀကီးမွာ က်င္းပသြားမွာ ျဖစ္ပါတယ္။

LaNina

Ref: indianexpress

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Ranveer Singh နဲ့ Alia Bhatt တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Gully Boy ရုပ်ရှင်ဇာတ်ကားကို အိန္ဒိယနိုင်ငံရဲ့ ကိုယ်စားပြုအနေနဲ့ ၂၀၂၀ခုနှစ် အော်စကာဆုပေးပွဲမှာ တင်သွင်းသွားဖို့ အိန္ဒိယက တရားဝင် ရွေးချယ်လိုက်ပါတယ်။

၂၀၂၀ခုနှစ်မှာ ကျင်းပသွားမယ့် (၉၂)နှစ်မြောက် အကယ်ဒမီဆုပေးပွဲကြီးမှာ Best International Feature Film category အတွက် Gully Boy ကို တင်သွင်းဖို့ ရွေးချယ်လိုက်တာလည်း ဖြစ်ပါတယ်။ အော်စကာဆုပေးပွဲ (ဝါ) အကယ်ဒမီဆုပေးပွဲကြီးဟာ အမေရိကန်ပြည်ထောင်စုပြင်ပက အင်္ဂလိပ်စကားပြော မဟုတ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေအတွက် နိုင်ငံခြားဘာသာစကားရုပ်ရှင်ဆုဆိုပြီး ချီးမြှင့်လေ့ ရှိပါတယ်။ ယခင်နှစ်များကတော့ အဆိုပါ category ကို Best Foreign Language Film လို့ ခေါ်ဝေါ်သတ်မှတ်ခဲ့ပေမယ့် ယခုလာမယ့် ၂၀၂၀ခုနှစ်မှာတော့ Best International Feature Film လို့ ပြောင်းလဲခေါ်ဝေါ်သွားမယ်လို့ သိရပါတယ်။

Photo: The Hindu Business Line

ဒါရိုက်တာ Zoya Akhtar ရိုက်ကူးထားတဲ့ Gully Boy ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသား Ranveer Singh နဲ့ မင်းသမီး Alia Bhatt တို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ Murad ဆိုတဲ့ rapper တစ်ယောက်ရဲ့ဘဝအကြောင်းကို စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးထားတဲ့ Musical Drama အမျိုးအစားရုပ်ရှင် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ မွမ်ဘိုင်းမြို့က rapper တွေဖြစ်ကြတဲ့ Divine နဲ့ Naezy တို့အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလက ရုံတင်ပြသခဲ့တာဖြစ်ပြီး သောက်သောက်လဲ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ IMDb မှာ 8.3  ရရှိထားပြီး Rotten Tomatoes မှာတော့ 95% rating ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

Photo: Exchange4media

Ranveer Singh ကတော့ ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို အခုလိုပြောပြထားပါတယ်။ “Gully Boy ဟာ လမ်းမပေါ်က တကယ့်အသံတွေကို ကိုယ်စားပြုထင်ဟပ်စေပါတယ်။ ဒီဇာတ်ကားဟာ ကျွန်တော်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါဝင်ပါတယ်။ ကျွန်တော် အမြဲတမ်း ကြိုးစားနေခဲ့သလိုပဲ ဟင်ဒီရုပ်ရှင်တွေရဲ့ အလံကို အမြင့်ဆုံးနေရာအထိ စိုက်ထူနိုင်ဖို့ ကြိုးစားသွားပါမယ်။ ကျွန်တော်တို့ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးတစ်ဖွဲ့သားလုံး စိတ်အပြည့်ထည့်ပြီး ကြိုးစားထားတဲ့ ရလဒ်အနေနဲ့ အခုလို ချီးမြှင့်မှုတွေ ရရှိတာ သိပ်ကိုဝမ်းသာရပါတယ်။ ကျွန်တော်တို့တစ်ဖွဲ့သားလုံးနဲ့အတူ ဒါရိုက်တာ Zoya အတွက်လည်း သိပ်ကိုဂုဏ်ယူရပါတယ်။ ကျွန်တော်တို့ချစ်ရတဲ့ ပရိသတ်တွေရဲ့ အားပေးချီးမြှောက်မှုတွေနဲ့အတူ ကမ္ဘာ့စင်မြင်ထက်မှာ အောင်မြင်မှုတွေ ရရှိမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ဆိုထားပါတယ်။

Photo: Hindustan Times

မင်းသမီး Alia Bhatt ကလည်း သူမရဲ့အမြင်နဲ့ ခံစားချက်ကို ပြောပြထားပါသေးတယ်။ “Gully Boy က ကျွန်မအတွက်တော့ သိပ်ကိုထူးခြားတဲ့ ရုပ်ရှင်တစ်ကားပါ။ ဒီဇာတ်ကားက Melbourne ရုပ်ရှင်ပွဲတော်မှာလည်း ဆုရခဲ့ပါသေးတယ်။ နောက်ပြီး ဒီကားကို ဂျပန်မှာလည်း ပြခဲ့ရပါသေးတယ်။ အခုလည်း အိန္ဒိယနိုင်ငံကိုယ်စားပြုအနေနဲ့ တရားဝင် အော်စကာဆုပေးပွဲကြီးကို တင်သွင်းခွင့်ရပြန်ပါပြီ။ အခုကစပြီးတော့ ဒီဇာတ်ကားကြီးက စံကာတင်စာရင်းမှာ ပါဝင်ပြီး ဆုကိုပါ ဆွတ်ခူးသွားနိုင်ဖို့လည်း ဆုတောင်းပါတယ်။ ဒါက ကျွန်မတို့အတွက် ပထမဆုံးလည်းဖြစ်သလို တကယ့်အခွင့်အရေးကြီးလည်း ဖြစ်ပါတယ်။ ကျွန်မတို့ တစ်ဖွဲ့သားလုံးလည်း တကယ့်ကို အရမ်းစိတ်လှုပ်ရှားနေကြပါတယ်” လို့ ဆိုထားပါတယ်။

ရုပ်ရှင်ချစ်သူတွေအားလုံး စိတ်လှုပ်ရှားစွာနဲ့ စောင့်စားကြည့်ရှုကြရမယ့် အော်စကာဆုပေးပွဲကြီးကိုတော့ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလမှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ့်မြို့က Dolby ပြဇာတ်ရုံကြီးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

LaNina

Ref: indianexpress

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular