HomeCharacterMs. Marvel ဇာတ်လမ်းတွဲထဲက Red Dagger (Kareem)ရဲ့ ကောမစ် Origin

Ms. Marvel ဇာတ်လမ်းတွဲထဲက Red Dagger (Kareem)ရဲ့ ကောမစ် Origin

Ms. Marvel ဇာတ်လမ်းတွဲကတော့ မကြာသေးခင်ကပဲ ဇာတ်သိမ်းသွားပြီ ဖြစ်ပြီး အဆုံးသတ်မှာ ပြသသွားတဲ့ Credit Scene ကတော့ ပရိသတ်တွေအတွက် ပဟေဠိ ဖြစ်နေပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ဇာတ်ကောင်အသစ်တွေကို မြင်တွေ့ခဲ့ရပြီး Red Dagger (Kareem) ကလည်း အဲဒီထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ဟာလည်း Ms. Marvel ကောမစ်ထဲက ဇာတ်ကောင် ဖြစ်တာကြောင့် ဒီတစ်ခါမှာတော့ စာဖတ်သူတို့အတွက် ကောမစ်ထဲက Red Dagger ရဲ့ Origin ကို ဖော်ပြပေးချင်ပါတယ်။

Red Dagger ရဲ့ နာမည်အရင်းကတော့ ဒီဇာတ်လမ်းတွဲထဲကအတိုင်း Kareem ပဲ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ms. Marvel #12 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ ကောမစ်ထဲမှာ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ကြတာကတော့ ဒီဇာတ်လမ်းတွဲထဲကလို ဘာမှသိပ်ထူးခြားမှုတွေ မရှိပါဘူး။ ဒါပေမယ့်လည်း အနည်းငယ် ဆင်တူတဲ့ အချက်လေးတွေတော့ ရှိပါတယ်။

photo via screenrant

Kamala ဟာ သူမရဲ့အဘွားနဲ့ တခြားမိသားစုဝင်တွေဆီ သွားလည်ဖို့အတွက် ပါကစ္စတန်ကို သွားခဲ့ပြီး အဲဒီခရီးမှာပဲ သူမဟာ Kareem နဲ့ စတင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ Kareem ကတော့ Kamala အဒေါ်ရဲ့ သားနဲ့ သူငယ်ချင်းတွေ ဖြစ်ကြပြီး သူတို့နှစ်ယောက်ဟာ ကျောင်းအတူတူတက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Kareem ဟာ တက္ကသိုလ်ကိုသွားဖို့ စာလေ့လာနေရင်း Kamala ရဲ့ အဘွားနဲ့အတူ လာရောက် နေထိုင်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီအချိန်ထိတော့ Kareem ဟာ Red Dagger ဖြစ်တယ် ဆိုတာကို Kamala က မသိသေးပါဘူး။ Kareem နဲ့ Kamala တို့နှစ်ယောက်ဟာ Red Dagger နဲ့ Ms. Marvel တို့အဖြစ် ပါကစ္စတန်မှာ အတူတူ တိုက်ခိုက်ခဲ့ကြသေးပါတယ်။ အဲဒီနောက်မှာတော့ Kareem ဟာ Student Exchange Program ကြောင့် New Jersey မြို့မှာ ကျောင်းလာတက်ခွင့် ရခဲ့ပါတယ်။

photo via screenrant

အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်း ပိုမိုနီးစပ်လာကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း ယုံကြည်မှုတွေ ရှိလာပါတယ်။ ဒါကြောင့်ပဲ Red Dagger ဟာ သူတတ်မြောက်တဲ့ ပညာတွေအားလုံးဟာ သူ့ဘာသာ သင်ယူထားတာ ဖြစ်ပြီး သူ့ရဲ့အကောင်းဆုံး တိုက်ကွက်တွေနဲ့ Trick တွေအများစုဟာ YouTube က သင်ယူထားတာပါလို့ Kamala ဆီမှာ ဝန်ခံခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ ပိုမိုယုံကြည်မှုရလာပြီး သူတို့နှစ်ယောက်လုံးဟာ Secret Identity တွေကို အချင်းချင်း ပြောပြခဲ့ကြပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ ချစ်ကြိုက်သွားကြပါသေးတယ်။ Red Dagger ကတော့ သာမန်လူတစ်ယောက်ပဲ ဖြစ်ပြီး အဆောက်အဦးတွေပေါ်မှာ ခုန်လွှားသွားတဲ့ Parkour နည်းပညာကို တတ်မြောက်ထားတဲ့သူ ဖြစ်ကာ ဓားတွေကိုပစ်ပေါက်ပြီး တိုက်ခိုက်တတ်သူ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular