HomeEntertainmentFilmနိုဝင်ဘာလမှာ ထွက်ရှိလာမယ့် နာမည်ကြီး သရုပ်ဆောင်သုံးယောက်ရဲ့ Red Notice ရုပ်ရှင်ကား

နိုဝင်ဘာလမှာ ထွက်ရှိလာမယ့် နာမည်ကြီး သရုပ်ဆောင်သုံးယောက်ရဲ့ Red Notice ရုပ်ရှင်ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix က ထွက်ရှိလာမယ့် အက်ရှင်ကားတစ်ကား ဖြစ်တဲ့ Red Notice ဟာ ယခုနှစ် နိုဝင်ဘာလမှာ စတင်ကြည့်ရှုနိုင်ရမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Ryan Reynolds ၊ Gal Gadot နဲ့ Dwayne Johnson တို့က အဓိကသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။

ဒီရုပ်ရှင်ထွက်ရှိလာမယ့် အကြောင်းကိုတော့ ၂၀၁၈ ခုနှစ်မှာ စတင်ကြေညာခဲ့တာ ဖြစ်ပြီး Dwayne Johnson ပါဝင်လာမယ်လို့ စတင်ကြေညာခဲ့ပါတယ်။ အဲ့ဒီနောက်မှသာ Gal Gadot နဲ့ Ryan Reynolds တို့ပါ ထပ်မံပါဝင်လာမယ်လို့ သိရတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ဒီပရောဂျက်ကို Netflix က ပြန်လည်ဝယ်ယူခဲ့ပြီး မကြာခင်မှာ ကြည့်ရှုရတော့မှာပါ။

photo via screenrant

တစ်နှစ်ခွဲလောက် ကြာပြီးသွားတဲ့အချိန်မှာတော့ Netflix ဟာ ဒီရုပ်ရှင်ထွက်ရှိလာမယ့် နေ့ရက်ကို ကြေညာလိုက်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ယခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့မှာ စတင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Netflix ဟာ ဒီရုပ်ရှင်ရဲ့ ထွက်ရှိလာမယ့် နေ့ရက်ကို ကြေညာရုံတင်မကဘဲ Dwayne Johnson ၊ Gal Gadot နဲ့ Ryan Reynolds တို့ရဲ့ ဒီဇာတ်လမ်းထဲက ပုံရိပ်တွေကိုပါ ပြသခဲ့ပါသေးတယ်။ ဒီရုပ်ရှင်ထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်မယ့် ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ FBI ရဲ့ အတော်ဆုံး အေးဂျင့်တစ်ယောက်ဟာ ကမ္ဘာ့အလိုရှိဆုံး ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ စုံစမ်းနေပါတယ်။ အဲ့ဒီနောက် FBI အေးဂျင့်နဲ့ ကမ္ဘာ့အလိုအရှိဆုံး ရာဇဝတ်သားနှစ်ယောက်  တွေ့ဆုံကြတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်မလည်း ဆိုတာကို ကြည့်ရှုရမှာပါ။ Dwayne Johnson ကတော့ FBI အေးဂျင့်၊ Gal Gadot က ကမ္ဘာ့အလိုအရှိဆုံး ပန်းချီကားသူခိုးနဲ့ Ryan Reynolds ကတော့ အတော်ဆုံး လူလိမ်တစ်ယောက် နေရာက အသီးသီး ပါဝင်ထားကြပါတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင် ထွက်ရှိလာမယ့်နေ့ကို သိရပြီ ဖြစ်တာကြောင့် မကြာခင်မှာ ထွေလာ ထွက်ရှိလာတော့မှာပါ။

Legos

Source: Screenrant

(Zawgyi Version)

Netflix က ထြက္ရွိလာမယ့္ အက္ရွင္ကားတစ္ကား ျဖစ္တဲ့ Red Notice ဟာ ယခုႏွစ္ ႏိုဝင္ဘာလမွာ စတင္ၾကည့္ရႈႏိုင္ရမယ္လို႔ သိရပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Ryan Reynolds ၊ Gal Gadot နဲ႔ Dwayne Johnson တို႔က အဓိကသ႐ုပ္ေဆာင္ေတြအေနနဲ႔ ပါဝင္ထားပါတယ္။

ဒီ႐ုပ္ရွင္ထြက္ရွိလာမယ့္ အေၾကာင္းကိုေတာ့ ၂၀၁၈ ခုႏွစ္မွာ စတင္ေၾကညာခဲ့တာ ျဖစ္ၿပီး Dwayne Johnson ပါဝင္လာမယ္လို႔ စတင္ေၾကညာခဲ့ပါတယ္။ အဲ့ဒီေနာက္မွသာ Gal Gadot နဲ႔ Ryan Reynolds တို႔ပါ ထပ္မံပါဝင္လာမယ္လို႔ သိရတာ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ ဒီပေရာဂ်က္ကို Netflix က ျပန္လည္ဝယ္ယူခဲ့ၿပီး မၾကာခင္မွာ ၾကည့္ရႈရေတာ့မွာပါ။

photo via screenrant

တစ္ႏွစ္ခြဲေလာက္ ၾကာၿပီးသြားတဲ့အခ်ိန္မွာေတာ့ Netflix ဟာ ဒီ႐ုပ္ရွင္ထြက္ရွိလာမယ့္ ေန႔ရက္ကို ေၾကညာလိုက္ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ယခုႏွစ္ ႏိုဝင္ဘာလ (၁၂)ရက္ေန႔မွာ စတင္ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။ Netflix ဟာ ဒီ႐ုပ္ရွင္ရဲ႕ ထြက္ရွိလာမယ့္ ေန႔ရက္ကို ေၾကညာ႐ုံတင္မကဘဲ Dwayne Johnson ၊ Gal Gadot နဲ႔ Ryan Reynolds တို႔ရဲ႕ ဒီဇာတ္လမ္းထဲက ပုံရိပ္ေတြကိုပါ ျပသခဲ့ပါေသးတယ္။ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကလည္း နာမည္ႀကီး သ႐ုပ္ေဆာင္ေတြ ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ စိတ္အာ႐ုံကို ဖမ္းစားႏိုင္မယ့္ ႐ုပ္ရွင္တစ္ကားလည္း ျဖစ္ပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းအက်ဥ္းကေတာ့ FBI ရဲ႕ အေတာ္ဆုံး ေအးဂ်င့္တစ္ေယာက္ဟာ ကမာၻ႔အလိုရွိဆုံး ရာဇဝတ္သားေတြကို ဖမ္းဆီးဖို႔ စုံစမ္းေနပါတယ္။ အဲ့ဒီေနာက္ FBI ေအးဂ်င့္နဲ႔ ကမာၻ႔အလိုအရွိဆုံး ရာဇဝတ္သားႏွစ္ေယာက္  ေတြ႕ဆုံၾကတဲ့အခ်ိန္မွာေတာ့ ဘာေတြဆက္ျဖစ္မလည္း ဆိုတာကို ၾကည့္ရႈရမွာပါ။ Dwayne Johnson ကေတာ့ FBI ေအးဂ်င့္၊ Gal Gadot က ကမာၻ႔အလိုအရွိဆုံး ပန္းခ်ီကားသူခိုးနဲ႔ Ryan Reynolds ကေတာ့ အေတာ္ဆုံး လူလိမ္တစ္ေယာက္ ေနရာက အသီးသီး ပါဝင္ထားၾကပါတယ္။ ေလာေလာဆယ္မွာေတာ့ ဒီ႐ုပ္ရွင္ ထြက္ရွိလာမယ့္ေန႔ကို သိရၿပီ ျဖစ္တာေၾကာင့္ မၾကာခင္မွာ ေထြလာ ထြက္ရွိလာေတာ့မွာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular