HomeEntertainmentFilmNetflix ရဲ့ အကြီးဆုံးပရောဂျက်ဆိုတဲ့ သူတို့သုံးယောက်ရဲ့ Red Notice ဇာတ်ကား

Netflix ရဲ့ အကြီးဆုံးပရောဂျက်ဆိုတဲ့ သူတို့သုံးယောက်ရဲ့ Red Notice ဇာတ်ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Dwayne Johnson ၊ Gal Gadot နဲ့ Ryan Reynolds တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Red Notice အက်ရှင်ဇာတ်ကားဟာ Netflix က ရိုက်ကူးဖူးသမျှ ဇာတ်ကားတွေထဲမှာ အကြီးမားဆုံး ပရောဂျက်ဖြစ်တယ်လို့ သိရပါတယ်။

“Red Notice ဟာ ပျော်စရာကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီကားက Netflix က ရိုက်ဖူးသမျှ ကားတွေထဲမှာ အကြီးမားဆုံး ပရောဂျက်တစ်ခုပါပဲ။ ဒါ့အပြင် အခုလို ကမ္ဘာ့ကပ်ရောဂါကာလအတွင်းမှာ ကျွန်တော်တို့ဘက်က လုပ်ဖို့လိုတာတွေအားလုံးကို ပြီးစီးအောင် ကူညီပေးတဲ့ Netflix ဟာလည်း တကယ့် ပါတနာကောင်း ဖြစ်ပါတယ် … ” လို့ Seven Bucks Production ရိုက်ကူးရေးဌာနရဲ့ အကြီးအကဲဖြစ်သူ Hiram Garcia က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Photo via people

“Gal ၊ Ryan နဲ့ DJ တို့သုံးယောက်လုံးက တကယ် အတွဲညီကြပါတယ်။ သူတို့သုံးယောက်ကို ကြည့်ရတာ တကယ် စိတ်ထဲမှာ အကျေနပ်ဆုံးပါပဲ။ DJ က ကမ္ဘာ့အလိုရှိဆုံး ပန်းချီသူခိုးတွေကို လိုက်ဖမ်းရတဲ့ အက်ဖ်ဘီအိုင် အရာရှိနေရာက သရုပ်ဆောင်ထားတာကလည်း တကယ် ဇာတ်အသွက်၊ အမြူးပုံစံနဲ့ ကြည့်ကောင်းမှာပါ … ” လို့ Hiram Garcia က ဆိုထားပါတယ်။

ဒါတင်မက Black Adam ၊ Deadpool နဲ့ Wonder Woman တို့ကို မတူညီတဲ့ ဗားရှင်းနောက်တစ်မျိုးနဲ့ ကြည့်ရမှာကို ပရိသတ်တွေ ရင်မခုန်ကြဘူးလားလို့လည်း ထပ်လောင်း ပြောကြားထားပါသေးတယ်။

Red Notice ရုပ်ရှင်ဇာတ်ကားဟာ Dwayne Johnson အတွက်ရော Gal Gadot အတွက်ပါ Netflix နဲ့ ပထမဆုံး ရိုက်ကူးဖူးတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ Ryan Reynolds ကတော့ ၂၀၁၉ ခုနှစ်မှာ 6 Underground ဆိုတဲ့ ရုပ်ရှင်တစ်ကားကို Netflix နဲ့ တွဲရိုက်ခဲ့ဖူးတဲ့မို့ ဒီဇာတ်ကားဟာ ဒုတိယမြောက် လက်တွဲဖြစ်တဲ့ကား ဖြစ်ပါတယ်။

Photo via IMDb

ဒီဇာတ်ကားကို ရိုက်ကူးထုတ်လုပ်တဲ့ Seven Bucks Production ကတော့ မင်းသား Dwayne Johnson နဲ့ ဇနီးဟောင်း Dany Garcia တို့ ပူးတွဲ တည်ထောင်ထားတဲ့ ရုပ်ရှင်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒါတင်မက ဒီကုမ္ပဏီရဲ့ ရိုက်ကူးရေးအပိုင်းကို တာဝန်ယူထားတဲ့ Hiram Garcia ကတော့ Dany Garcia ရဲ့ မောင်တော်စပ်သူ ဖြစ်ပါတယ်။

ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ Red Notice ရုပ်ရှင်ဇာတ်ကားကိုတော့ လာမယ့် နိုဝင်ဘာလ(၁၂)ရက်နေ့မှာ Netflix မှာ ပြသသွားမှာ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Dwayne Johnson ၊ Gal Gadot နဲ႔ Ryan Reynolds တို႔ အဓိက ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Red Notice အက္ရွင္ဇာတ္ကားဟာ Netflix က ႐ိုက္ကူးဖူးသမွ် ဇာတ္ကားေတြထဲမွာ အႀကီးမားဆုံး ပေရာဂ်က္ျဖစ္တယ္လို႔ သိရပါတယ္။

“Red Notice ဟာ ေပ်ာ္စရာေကာင္းတဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ဒီကားက Netflix က ႐ိုက္ဖူးသမွ် ကားေတြထဲမွာ အႀကီးမားဆုံး ပေရာဂ်က္တစ္ခုပါပဲ။ ဒါ့အျပင္ အခုလို ကမာၻ႔ကပ္ေရာဂါကာလအတြင္းမွာ ကြၽန္ေတာ္တို႔ဘက္က လုပ္ဖို႔လိုတာေတြအားလုံးကို ၿပီးစီးေအာင္ ကူညီေပးတဲ့ Netflix ဟာလည္း တကယ့္ ပါတနာေကာင္း ျဖစ္ပါတယ္ … ” လို႔ Seven Bucks Production ႐ိုက္ကူးေရးဌာနရဲ႕ အႀကီးအကဲျဖစ္သူ Hiram Garcia က ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

Photo via people

“Gal ၊ Ryan နဲ႔ DJ တို႔သုံးေယာက္လုံးက တကယ္ အတြဲညီၾကပါတယ္။ သူတို႔သုံးေယာက္ကို ၾကည့္ရတာ တကယ္ စိတ္ထဲမွာ အေက်နပ္ဆုံးပါပဲ။ DJ က ကမာၻ႔အလိုရွိဆုံး ပန္းခ်ီသူခိုးေတြကို လိုက္ဖမ္းရတဲ့ အက္ဖ္ဘီအိုင္ အရာရွိေနရာက သ႐ုပ္ေဆာင္ထားတာကလည္း တကယ္ ဇာတ္အသြက္၊ အျမဴးပုံစံနဲ႔ ၾကည့္ေကာင္းမွာပါ … ” လို႔ Hiram Garcia က ဆိုထားပါတယ္။

ဒါတင္မက Black Adam ၊ Deadpool နဲ႔ Wonder Woman တို႔ကို မတူညီတဲ့ ဗားရွင္းေနာက္တစ္မ်ိဳးနဲ႔ ၾကည့္ရမွာကို ပရိသတ္ေတြ ရင္မခုန္ၾကဘူးလားလို႔လည္း ထပ္ေလာင္း ေျပာၾကားထားပါေသးတယ္။

Red Notice ႐ုပ္ရွင္ဇာတ္ကားဟာ Dwayne Johnson အတြက္ေရာ Gal Gadot အတြက္ပါ Netflix နဲ႔ ပထမဆုံး ႐ိုက္ကူးဖူးတဲ့ ဇာတ္ကား ျဖစ္ပါတယ္။ Ryan Reynolds ကေတာ့ ၂၀၁၉ ခုႏွစ္မွာ 6 Underground ဆိုတဲ့ ႐ုပ္ရွင္တစ္ကားကို Netflix နဲ႔ တြဲ႐ိုက္ခဲ့ဖူးတဲ့မို႔ ဒီဇာတ္ကားဟာ ဒုတိယေျမာက္ လက္တြဲျဖစ္တဲ့ကား ျဖစ္ပါတယ္။

Photo via IMDb

ဒီဇာတ္ကားကို ႐ိုက္ကူးထုတ္လုပ္တဲ့ Seven Bucks Production ကေတာ့ မင္းသား Dwayne Johnson နဲ႔ ဇနီးေဟာင္း Dany Garcia တို႔ ပူးတြဲ တည္ေထာင္ထားတဲ့ ႐ုပ္ရွင္ကုမၸဏီတစ္ခု ျဖစ္ပါတယ္။ ဒါတင္မက ဒီကုမၸဏီရဲ႕ ႐ိုက္ကူးေရးအပိုင္းကို တာဝန္ယူထားတဲ့ Hiram Garcia ကေတာ့ Dany Garcia ရဲ႕ ေမာင္ေတာ္စပ္သူ ျဖစ္ပါတယ္။

ပရိသတ္ေတြ ေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ Red Notice ႐ုပ္ရွင္ဇာတ္ကားကိုေတာ့ လာမယ့္ ႏိုဝင္ဘာလ(၁၂)ရက္ေန႔မွာ Netflix မွာ ျပသသြားမွာ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular