HomeEntertainmentFilmThe New Mutants ဇာတ်ကားအတွက် ရုပ်ရှင်အကဲဖြတ်တွေရဲ့ ကနဦးသုံးသပ်ချက်များ

The New Mutants ဇာတ်ကားအတွက် ရုပ်ရှင်အကဲဖြတ်တွေရဲ့ ကနဦးသုံးသပ်ချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The New Mutants ဇာတ်ကားဟာ အစတုန်းက ၂၀၁၈ ခုနှစ်လောက်ကတည်းက ထွက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြိုက်တဲ့ ဇာတ်ဝင်ခန်းကို ပြန်ရိုက်ရင်းနဲ့ အချိန်ဇယားတွေပါ ပြောင်းလဲသွားပြီးတော့ ထွက်ရှိလာမယ့်နေ့ရက်ကို အကြိိမ်ကြိမ် ပြောင်းရွှေ့ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Disney ဟာ ၂၀၂၀ ခုနှစ် မေလထဲမှာ ထွက်ဖို့အတွက် ပြောင်းရွှေ့ခဲ့ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံပြောင်းရွှေ့ခဲ့ရပြီး နောက်ဆုံးမှာတော့ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ကို ပြောင်းရွှေ့ခဲ့ရပါတယ်။

ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့ Maisie Williams ၊ Anya Taylor-Joy ၊ Charlie Heaton ၊ Blu Hunt နဲ့ Henry Zaga တို့ ဖြစ်ကြပြီးတော့ ဒါရိုက်တာ Josh Boone က ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူငယ်ငါးယောက်ဟာ လျှို့ဝှက်အဆောက်အဉီးတစ်ခုထဲမှာ နေနေရင်းနဲ့ သူတို့ရဲ့ စွမ်းအားတွေကို ရှာတွေ့ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းဟာ စူပါဟီးရိုးဇာတ်လမ်းနဲ့ horror ကိုရောထားတဲ့ ပုံစံမျိုး တွေ့ရမှာ ဖြစ်ပါတယ်။ Horror အမျိူးအစား ပါတယ်ဆိုပေမယ့်လည်း ဒီကားဟာ ပီဂျီ-၁၃ လောက်ပဲ ဖြစ်အောင် ဇာတ်ညွှန်းကို သေချာရေးသားထားပါတယ်။

photo via screenrant

ဒီဇာတ်လမ်းအတွက် ပထမဆုံးရရှိခဲ့တဲ့ ဝေဖန်မှုတွေကတော့ “သာမန်စူပါဟီးရိုးရုပ်ရှင် တစ်ကားပါပဲ” ဆိုပြီးတော့ THR သတင်းဌာနက ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ထုတ်လုပ်သူ Jordan Mintzer ကတော့ ” Nightmare on Elm Street နဲ့ Buffy the Vampire Slayer တို့လိုဇာတ်ကားတွေကို မကြည့်ဖူးရင်တော့ The New Mutants ဟာ သင့်အတွက် အရမ်းကိုကောင်းနေမှာပါ” ဆိုပြီးတော့ ဝေဖန်ခဲ့ပါတယ်။

အစပိုင်းဝေဖန်မှုတွေက သိပ်တော့ မကောင်းပေမယ့်လည်း တကယ်ထွက်လာတဲ့အချိန်မှာ ဘယ်လိုမျိုး ဖြစ်နေမလည်းဆိုတာတော့ မသိသေးပါဘူး။ ဒါ့အပြင် နောက်ဆုံးထွက်ခဲ့တဲ့ X-Men ဇာတ်ကားဖြစ်တဲ့ Dark Phoenix တုန်းကလည်း Box Office မှာ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ အဲ့ဒါကြောင့် ဒီဇာတ်ကားကရော ပရိသတ်တွေ မျှော်လင့်ထားသလောက် ဖြစ်လာနိုင်ပါ့မလား? ဒါမှမဟုတ် ဝေဖန်သူတွေ ပြောသလို ဘာမှသိပ်မထူးခြားတဲ့ ပုံမှန်ဇာတ်ကားတစ်ကားပဲလား ဆိုတာကတော့ ကိုယ်တိုင်ကြည့်ရှုပြီး ဆုံးဖြတ်လိုက်ကြပါ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The New Mutant ဇာတ္ကားဟာ အစတုန္းက ၂၀၁၈ ခုႏွစ္ေလာက္ကတည္းက ထြက္ဖို႔ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း မႀကိဳက္တဲ့ ဇာတ္ဝင္ခန္းကို ျပန္႐ိုက္ရင္းနဲ႔ အခ်ိန္ဇယားေတြပါ ေျပာင္းလဲသြားၿပီးေတာ့ ထြက္ရွိလာမယ့္ေန႔ရက္ကို အႀကိိမ္ႀကိမ္ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Disney ဟာ ၂၀၂၀ ခုႏွစ္ ေမလထဲမွာ ထြက္ဖို႔အတြက္ ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္လည္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထပ္မံေျပာင္းေ႐ႊ႕ခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ ၂၀၂၀ ခုႏွစ္ ဩဂုတ္လ ၂၈ ရက္ေန႔ကို ေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။

ပါဝင္သ႐ုပ္ေဆာင္ထားတဲ့သူေတြကေတာ့ Maisie Williams ၊ Anya Taylor-Joy ၊ Charlie Heaton ၊ Blu Hunt နဲ႔ Henry Zaga တို႔ ျဖစ္ၾကၿပီးေတာ့ ဒါ႐ိုက္တာ Josh Boone က ႐ိုက္ကူးခဲ့ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ လူငယ္ငါးေယာက္ဟာ လွ်ိဳ႕ဝွက္အေဆာက္အဉီးတစ္ခုထဲမွာ ေနေနရင္းနဲ႔ သူတို႔ရဲ႕ စြမ္းအားေတြကို ရွာေတြ႕ခဲ့ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းဟာ စူပါဟီး႐ိုးဇာတ္လမ္းနဲ႔ horror ကိုေရာထားတဲ့ ပုံစံမ်ိဳး ေတြ႕ရမွာ ျဖစ္ပါတယ္။ Horror အမ်ိဴးအစား ပါတယ္ဆိုေပမယ့္လည္း ဒီကားဟာ ပီဂ်ီ-၁၃ ေလာက္ပဲ ျဖစ္ေအာင္ ဇာတ္ၫႊန္းကို ေသခ်ာေရးသားထားပါတယ္။

photo via screenrant

ဒီဇာတ္လမ္းအတြက္ ပထမဆုံးရရွိခဲ့တဲ့ ေဝဖန္မႈေတြကေတာ့ “သာမန္စူပါဟီး႐ိုး႐ုပ္ရွင္ တစ္ကားပါပဲ” ဆိုၿပီးေတာ့ THR သတင္းဌာနက ေဝဖန္ခဲ့ပါတယ္။ ဒါ့အျပင္ ႐ုပ္ရွင္ထုတ္လုပ္သူ Jordan Mintzer ကေတာ့ ” Nightmare on Elm Street နဲ႔ Buffy the Vampire Slayer တို႔လိုဇာတ္ကားေတြကို မၾကည့္ဖူးရင္ေတာ့ The New Mutant ဟာ သင့္အတြက္ အရမ္းကိုေကာင္းေနမွာပါ” ဆိုၿပီးေတာ့ ေဝဖန္ခဲ့ပါတယ္။

အစပိုင္းေဝဖန္မႈေတြက သိပ္ေတာ့ မေကာင္းေပမယ့္လည္း တကယ္ထြက္လာတဲ့အခ်ိန္မွာ ဘယ္လိုမ်ိဳး ျဖစ္ေနမလည္းဆိုတာေတာ့ မသိေသးပါဘူး။ ဒါ့အျပင္ ေနာက္ဆုံးထြက္ခဲ့တဲ့ X-Men ဇာတ္ကားျဖစ္တဲ့ Dark Phoenix တုန္းကလည္း Box Office မွာ ထင္သေလာက္ ျဖစ္မလာခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ ဒီဇာတ္ကားကေရာ ပရိသတ္ေတြ ေမွ်ာ္လင့္ထားသေလာက္ ျဖစ္လာႏိုင္ပါ့မလား? ဒါမွမဟုတ္ ေဝဖန္သူေတြ ေျပာသလို ဘာမွသိပ္မထူးျခားတဲ့ ပုံမွန္ဇာတ္ကားတစ္ကားပဲလား ဆိုတာကေတာ့ ကိုယ္တိုင္ၾကည့္ရႈၿပီး ဆုံးျဖတ္လိုက္ၾကပါ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular