HomeCharacterDC Universe ထဲက အချမ်းသာဆုံးသော ကာရိုက်တာများ

DC Universe ထဲက အချမ်းသာဆုံးသော ကာရိုက်တာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ငွေကြေးချမ်းသာမှုတို့၊ ပိုက်ဆံတို့ဆိုတာဟာ အပြင်လောကမှာတင် အရေးကြီးတာ မဟုတ်ပါဘူး။ ကောမစ်ထဲက ဟီးရိုးတွေ၊ ဗီလိန်တွေအတွက်လည်း အရေးပါပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ပိုက်ဆံဆိုတာကို ဂရုစိုက်စရာကို မလိုတဲ့ DC Universe ထဲက အချမ်းသာဆုံးသော ကာရိုက်တာတွေအကြောင်း ဖြစ်ပါတယ်။ ဘယ်သူက အချမ်းသာဆုံး ဖြစ်နေမလည်းဆိုတာ ကြည့်လိုက်ကြရအောင်။

(7) Maxwell Lord – (၃.၈)ဘီလျံ
photo via cbr

Maxwell Lord ဟာ နာမည်ကြီး ဗီလိန်တစ်ယောက်ဖြစ်ပြီး Justice League အဖွဲ့ကို စိတ်ညှို့နိုင်ခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ဘီလျံနာတစ်ယောက် ဖြစ်ပြီးတော့ ပြဿနာတွေ တော်တော်များများကို ပိုက်ဆံနဲ့ ဖြေရှင်းတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားကြီးပြင်းလာပြီး Checkmate ဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ ဦးဆောင်သူ ဖြစ်ပါတယ်။ Maxwell ဟာ သူပိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ သူ့ရဲ့စိတ်စွမ်းအားကို အသုံးပြုပြီး ရာဇဝတ်မှုတွေကို ပြုလုပ်လေ့ ရှိပါတယ်။

(6) Blue Beetle – (၅) ဘီလျံ
photo via cbr

သူ့ရဲ့ နာမည်အရင်းက Ted Kord ဖြစ်ပြီး ဒုတိယမြောက် Blue Beetle ဖြစ်ပါတယ်။ ဂျီးနီးယက်စ် သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့အဖေသေဆုံးသွားပြီးနောက်မှာ Kord စီးပွားရေးလုပ်ငန်းစုကို အမွေဆက်ခံခဲ့ပါတယ်။ သူ့ရဲ့စီးပွားရေးကို နည်းပညာအသစ်တွေ တီထွင်ဖန်တီးဖို့ အသုံးပြုပြီး  Blue Beetle အဖြစ်နဲ့ ပြန်လည်အသုံးချလေ့ ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပိုမိုတိုးပွားလာတဲ့ အမြတ်အစွန်း ငွေကြေးတွေနဲ့ စူပါဟီးရိုးအလုပ်ကို အာရုံစိုက်လုပ်ကိုင်နိုင်ဖို့ Kord စီးပွားရေးလုပ်ငန်းစုကို Bruce Wayne ပိုင်တဲ့ Wayne Enterprises ဆီကို ရောင်းချခဲ့ပါတယ်။

(5) Green Arrow – (၇)ဘီလျံ
photo via cbr

Oliver Queen ဟာ ဘီလျံနာတစ်ယောက်ဖြစ်ပြီး Queen စီးပွားရေးလုပ်ငန်းစုရဲ့ စီအီးအိုတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Oliver Queen ဟာ သူ့ရဲ့အချိန်တွေကို အကူအညီလိုအပ်နေသူတွေကို Green Arrow အဖြစ်နဲ့ ကူညီရင်းနဲ့ပဲ ကုန်ဆုံးပါတယ်။ နတ်ဘုရားတစ်ယောက်လို သန်မာတဲ့ စွမ်းအားတွေ ရှိနေသူတွေကြားထဲမှာ Oliver Queen ဟာ သူ့ရဲ့လေးနဲ့မြားကို အသုံးပြုပြီး သူ့ရဲ့ကျွမ်းကျင်မှုတစ်ခုတည်းနဲ့ အခက်အခဲတွေ အားလုံးကို ရင်ဆိုင်တတ်သူလည်း ဖြစ်ပါတယ်။ သူဟာ အကြိမ်ပေါင်းများစွာ ငွေကြေးတွေ ဆုံးရှုံးသွားလိုက်၊ ပြန်ရလာလိုက် ဖြစ်ခဲ့ဖူးပေမယ့် ငွေကြေးတွေ ရှိနေတဲ့အချိန်တိုင်းမှာတော့ တစ်ခြားအရာတွေထက် အကူအညီလိုအပ်နေသူတွေအတွက် ပေးကမ်းစွန့်ကြဲလေ့ ရှိပါတယ်။

(4) Ozymandias – (၇)ဘီလျံ
photo via cbr

Adrian Veidt ကတော့ တစ်ခြားသူတွေနဲ့ တော်တော်လေးကို ကွာခြားပါတယ်။ အကြောင်းကတော့ သူဟာ ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာပြီး သူရမယ့် အမွေတွေအကုန်လုံးကို ပရဟိတလုပ်ဖို့အတွက် လှူဒါန်းလိုက်ပါတယ်။ ဘာမှမရှိတဲ့ အခြေအနေမှ သူ့ရဲ့ ထူးခြားလွန်းတဲ့ ဉာဏ်ရည်ကို အသုံးချပြီးတော့ အရင်က သူချမ်းသာခဲ့တာထက်ကို ပိုပြီးချမ်းသာလာအောင် လုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ကမ္ဘာပေါ်က ဉာဏ်အကောင်းဆုံး လူတွေထဲကတစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့ ပိုက်ဆံတွေကို ကောင်းတဲ့နေရာမှာပဲ အသုံးချခဲ့ပါတယ်။ အကယ်၍ သူသာ နယူးယော့ခ်မြို့က လူသုံးသန်းကို မသတ်ခဲ့ဘူးဆိုရင် Adrian Veidt ဟာ တော်တော်လေးကို စံနမူနာထားရလောက်တဲ့ လူတစ်ယောက် ဖြစ်မှာပါ။

(3) Lex Luthor – (၇၅)ဘီလျံ
photo via cbr

Lex Luthor ဟာ ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာတစ်ယောက် ဖြစ်ပြီးတော့ စီးပွားရေးအပြင် တစ်ခြားနယ်ပယ်တော်တော်များများမှာလည်း နှံ့စပ်သူတစ်ယောက် ဖြစ်ပါတယ်။ တီထွင်သူတစ်ယောက်ဖြစ်သလို ပရဟိတသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ အမြဲတမ်း Superman ကို ဖြုတ်ချဖို့အတွက်နဲ့ သူ့ကိုယ်သူ ပိုက်ဆံ၊ အာဏာနဲ့ ပါဝါတွေ တိုးတက်လာဖို့အတွက် အမြဲကြံစည်နေတတ်သူ ဖြစ်ပါတယ်။ သူပိုင်တဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ဖောင်ဒေးရှင်းတွေ၊ ပရဟိတလုပ်ငန်းတွေလည်း ထူထောင်ထားသလို အာကာသ အင်ဂျင်နီယာပညာရပ်ဆိုင်ရာလုပ်ငန်းများ၊ စက်သုံးဆီနဲ့ အိမ်ခြံမြေစျေးကွက် စတာတွေမှာလည်း ပိုင်ဆိုင်မှုတေွ လက်ညိုးထိုးမလွဲရှိသူ ဖြစ်ပါတယ်။

(2) Batman – (၈၀)ဘီလျံ
photo via cbr

Bruce Wayne ကတော့ အချမ်းသာဆုံး ကာရိုက်တွေရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး Wayne Enterprises ကို အမွေရထားသူတစ်ယောက် ဖြစ်ပါတယ်။ Bruce Wayne ဟာ သူ့ရဲ့ချမ်းသာကြွယ်ဝမှုကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ၊ ဆေးဝါးထုတ်လုပ်မှုတွေ၊ သဘာဝပတ်ဝန်းကျင်အကျိုးပြု စွမ်းအင်စနစ်တွေနဲ့ ဇီဝသိပ္ပံနည်းပညာတွေကို လုပ်ပေးထားသူ ဖြစ်ပါတယ်။ ဒါတင်မက သူ့ရဲ့ Wayne ဖောင်ဒေးရှင်းကနေပြီးတော့ ဆင်းရဲမွဲတေမှု ပပျောက်ဖို့နဲ့ မှုခင်းတွေ လျော့ကျဖို့ကိုပါ အကျိုးပြုထားပါသေးတယ်။

သူ့ချမ်းသာမှုတွေကို ပြည်သူလူထုတွေအတွက်သာမက Batman အဖြစ် တာဝန်ထမ်းဆောင်ဖို့ လိုအပ်တဲ့ နည်းပညာတွေ ထုတ်လုပ်ရာမှာလည်း ငွေလမ်းခင်းထားပါသေးတယ်။ Batman အတွက် လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေ၊ ကိုယ်ပိုင်ဂြိုဟ်တုတွေ၊ ကိုယ်ပိုင်ကွန်ယက်စနစ် အသုံးပြုထားတဲ့ မိုဘိုင်းလ်ဖုန်း၊ လေယာဉ်နဲ့ အခြားသော ယာဉ်ပေါင်းများစွာကို တီထွင်ရာမှာ အသုံးပြုထားပါတယ်။

(1) Aquaman – (၁၅၀)တြီလျံ
photo via cbr

Aquaman ကို နံပါတ်တစ်နေရာမှာ မြင်လိုက်ရတဲ့အတွက် အနည်းငယ် အံ့ဩရင် အံ့ဩသွားပါလိမ့်မယ်။ ဒါပေမယ့် သူဟာ Atlantis ရဲ့ ဘုရင်ဖြစ်တာကြောင့် ကမ္ဘာရဲ့ (၇၀)ရာခိုင်နှုန်းသော ရေထုကို ကြီးစိုးပိုင်ဆိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်က သမုဒ္ဒရာတွေအားလုံးထဲမှာ ရှိနေတဲ့ အရာအားလုံးကို ပိုင်ဆိုင်တယ်လို့ ပြောလို့ရပါတယ်။ ဒါဟာ ပင်လယ်ထဲမှာ ရှိတဲ့ စိန်ရွှေရတနာ ကျောက်သံပတ္တမြားတွေနဲ့ ရေနံလို တွင်းထွက်တွေ အားလုံးကိုပါ ပိုင်ဆိုင်တယ်လို့ ဆိုလိုတာပါ။ 

မြုပ်သွားတဲ့ သင်္ဘောတွေက ရတနာတွေကိုပဲ တွက်ကြည့်ရင်တောင် ခန့်မှန်းချေ ဒေါ်လာ(၆၀)ဘီလျံလောက် ရှိနိုင်ပါတယ်။ တကယ်တမ်းမှာ Aquaman ရဲ့ ပိုင်ဆိုင်မှုအတိအကျကို ရှာဖွေဖို့ရန် မလွယ်ကူဘဲ လက်ရှိရွှေပေါက်စျေးနဲ့ သမုဒ္ဒရာတွေမှာ ရှိနေနိုင်တဲ့ ရွှေအလေးချိန်တွေကို တွက်ဆခန့်မှန်းကြည့်ရာက အနီးစပ်ဆုံး ဒေါ်လာ(၁၅၀)တြီလျံ ရှိနေမယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။ 

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

ေငြေၾကးခ်မ္းသာမႈတို႔၊ ပိုက္ဆံတို႔ဆိုတာဟာ အျပင္ေလာကမွာတင္ အေရးႀကီးတာ မဟုတ္ပါဘူး။ ေကာမစ္ထဲက ဟီး႐ိုးေတြ၊ ဗီလိန္ေတြအတြက္လည္း အေရးပါပါတယ္။ အခုေဖာ္ျပေပးခ်င္တာကေတာ့ ပိုက္ဆံဆိုတာကို ဂ႐ုစိုက္စရာကို မလိုတဲ့ DC Universe ထဲက အခ်မ္းသာဆုံးေသာ ကာ႐ိုက္တာေတြအေၾကာင္း ျဖစ္ပါတယ္။ ဘယ္သူက အခ်မ္းသာဆုံး ျဖစ္ေနမလည္းဆိုတာ ၾကည့္လိုက္ၾကရေအာင္။

(7) Maxwell Lord – (၃.၈)ဘီလ်ံ
photo via cbr

Maxwell Lord ဟာ နာမည္ႀကီး ဗီလိန္တစ္ေယာက္ျဖစ္ၿပီး Justice League အဖြဲ႕ကို စိတ္ညႇိဳ႕ႏိုင္ခဲ့တဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ ဘီလ်ံနာတစ္ေယာက္ ျဖစ္ၿပီးေတာ့ ျပႆနာေတြ ေတာ္ေတာ္မ်ားမ်ားကို ပိုက္ဆံနဲ႔ ေျဖရွင္းတတ္သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ ခ်မ္းသာတဲ့ မိသားစုမွာ ေမြးဖြားႀကီးျပင္းလာၿပီး Checkmate ဆိုတဲ့ ႏိုင္ငံတကာအဖြဲ႕အစည္းတစ္ခုရဲ႕ ဦးေဆာင္သူ ျဖစ္ပါတယ္။ Maxwell ဟာ သူပိုင္တဲ့ ခ်မ္းသာႂကြယ္ဝမႈေတြနဲ႔ သူ႔ရဲ႕စိတ္စြမ္းအားကို အသုံးျပဳၿပီး ရာဇဝတ္မႈေတြကို ျပဳလုပ္ေလ့ ရွိပါတယ္။

(6) Blue Beetle – (၅) ဘီလ်ံ
photo via cbr

သူ႔ရဲ႕ နာမည္အရင္းက Ted Kord ျဖစ္ၿပီး ဒုတိယေျမာက္ Blue Beetle ျဖစ္ပါတယ္။ ဂ်ီးနီးယက္စ္ သိပၸံပညာရွင္တစ္ေယာက္ျဖစ္ၿပီး သူ႔အေဖေသဆုံးသြားၿပီးေနာက္မွာ Kord စီးပြားေရးလုပ္ငန္းစုကို အေမြဆက္ခံခဲ့ပါတယ္။ သူ႔ရဲ႕စီးပြားေရးကို နည္းပညာအသစ္ေတြ တီထြင္ဖန္တီးဖို႔ အသုံးျပဳၿပီး  Blue Beetle အျဖစ္နဲ႔ ျပန္လည္အသုံးခ်ေလ့ ရွိပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ပိုမိုတိုးပြားလာတဲ့ အျမတ္အစြန္း ေငြေၾကးေတြနဲ႔ စူပါဟီး႐ိုးအလုပ္ကို အာ႐ုံစိုက္လုပ္ကိုင္ႏိုင္ဖို႔ Kord စီးပြားေရးလုပ္ငန္းစုကို Bruce Wayne ပိုင္တဲ့ Wayne Enterprises ဆီကို ေရာင္းခ်ခဲ့ပါတယ္။

(5) Green Arrow – (၇)ဘီလ်ံ
photo via cbr

Oliver Queen ဟာ ဘီလ်ံနာတစ္ေယာက္ျဖစ္ၿပီး Queen စီးပြားေရးလုပ္ငန္းစုရဲ႕ စီအီးအိုတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေပမဲ့လည္း Oliver Queen ဟာ သူ႔ရဲ႕အခ်ိန္ေတြကို အကူအညီလိုအပ္ေနသူေတြကို Green Arrow အျဖစ္နဲ႔ ကူညီရင္းနဲ႔ပဲ ကုန္ဆုံးပါတယ္။ နတ္ဘုရားတစ္ေယာက္လို သန္မာတဲ့ စြမ္းအားေတြ ရွိေနသူေတြၾကားထဲမွာ Oliver Queen ဟာ သူ႔ရဲ႕ေလးနဲ႔ျမားကို အသုံးျပဳၿပီး သူ႔ရဲ႕ကြၽမ္းက်င္မႈတစ္ခုတည္းနဲ႔ အခက္အခဲေတြ အားလုံးကို ရင္ဆိုင္တတ္သူလည္း ျဖစ္ပါတယ္။ သူဟာ အႀကိမ္ေပါင္းမ်ားစြာ ေငြေၾကးေတြ ဆုံးရႈံးသြားလိုက္၊ ျပန္ရလာလိုက္ ျဖစ္ခဲ့ဖူးေပမယ့္ ေငြေၾကးေတြ ရွိေနတဲ့အခ်ိန္တိုင္းမွာေတာ့ တစ္ျခားအရာေတြထက္ အကူအညီလိုအပ္ေနသူေတြအတြက္ ေပးကမ္းစြန႔္ႀကဲေလ့ ရွိပါတယ္။

(4) Ozymandias – (၇)ဘီလ်ံ
photo via cbr

Adrian Veidt ကေတာ့ တစ္ျခားသူေတြနဲ႔ ေတာ္ေတာ္ေလးကို ကြာျခားပါတယ္။ အေၾကာင္းကေတာ့ သူဟာ ခ်မ္းသာတဲ့ မိသားစုမွာ ေမြးဖြားလာၿပီး သူရမယ့္ အေမြေတြအကုန္လုံးကို ပရဟိတလုပ္ဖို႔အတြက္ လႉဒါန္းလိုက္ပါတယ္။ ဘာမွမရွိတဲ့ အေျခအေနမွ သူ႔ရဲ႕ ထူးျခားလြန္းတဲ့ ဉာဏ္ရည္ကို အသုံးခ်ၿပီးေတာ့ အရင္က သူခ်မ္းသာခဲ့တာထက္ကို ပိုၿပီးခ်မ္းသာလာေအာင္ လုပ္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။

သူဟာ ကမာၻေပၚက ဉာဏ္အေကာင္းဆုံး လူေတြထဲကတစ္ေယာက္ ျဖစ္ၿပီးေတာ့ သူ႔ရဲ႕ ပိုက္ဆံေတြကို ေကာင္းတဲ့ေနရာမွာပဲ အသုံးခ်ခဲ့ပါတယ္။ အကယ္၍ သူသာ နယူးေယာ့ခ္ၿမိဳ႕က လူသုံးသန္းကို မသတ္ခဲ့ဘူးဆိုရင္ Adrian Veidt ဟာ ေတာ္ေတာ္ေလးကို စံနမူနာထားရေလာက္တဲ့ လူတစ္ေယာက္ ျဖစ္မွာပါ။

(3) Lex Luthor – (၇၅)ဘီလ်ံ
photo via cbr

Lex Luthor ဟာ ကိုယ့္ထူးကိုယ္ခြၽန္ ဘီလ်ံနာတစ္ေယာက္ ျဖစ္ၿပီးေတာ့ စီးပြားေရးအျပင္ တစ္ျခားနယ္ပယ္ေတာ္ေတာ္မ်ားမ်ားမွာလည္း ႏွံ႔စပ္သူတစ္ေယာက္ ျဖစ္ပါတယ္။ တီထြင္သူတစ္ေယာက္ျဖစ္သလို ပရဟိတသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ အၿမဲတမ္း Superman ကို ျဖဳတ္ခ်ဖို႔အတြက္နဲ႔ သူ႔ကိုယ္သူ ပိုက္ဆံ၊ အာဏာနဲ႔ ပါဝါေတြ တိုးတက္လာဖို႔အတြက္ အၿမဲႀကံစည္ေနတတ္သူ ျဖစ္ပါတယ္။ သူပိုင္တဲ့ စည္းစိမ္ဥစၥာေတြနဲ႔ ေဖာင္ေဒးရွင္းေတြ၊ ပရဟိတလုပ္ငန္းေတြလည္း ထူေထာင္ထားသလို အာကာသ အင္ဂ်င္နီယာပညာရပ္ဆိုင္ရာလုပ္ငန္းမ်ား၊ စက္သုံးဆီနဲ႔ အိမ္ၿခံေျမေစ်းကြက္ စတာေတြမွာလည္း ပိုင္ဆိုင္မႈေတြ လက္ညိဳးထိုးမလြဲရွိသူ ျဖစ္ပါတယ္။

(2) Batman – (၈၀)ဘီလ်ံ
photo via cbr

Bruce Wayne ကေတာ့ အခ်မ္းသာဆုံး ကာ႐ိုက္ေတြရဲ႕ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး Wayne Enterprises ကို အေမြရထားသူတစ္ေယာက္ ျဖစ္ပါတယ္။ Bruce Wayne ဟာ သူ႔ရဲ႕ခ်မ္းသာႂကြယ္ဝမႈကို အသုံးျပဳၿပီး ပိုမိုေကာင္းမြန္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ေတြ၊ ေဆးဝါးထုတ္လုပ္မႈေတြ၊ သဘာဝပတ္ဝန္းက်င္အက်ိဳးျပဳ စြမ္းအင္စနစ္ေတြနဲ႔ ဇီဝသိပၸံနည္းပညာေတြကို လုပ္ေပးထားသူ ျဖစ္ပါတယ္။ ဒါတင္မက သူ႔ရဲ႕ Wayne ေဖာင္ေဒးရွင္းကေနၿပီးေတာ့ ဆင္းရဲမြဲေတမႈ ပေပ်ာက္ဖို႔နဲ႔ မႈခင္းေတြ ေလ်ာ့က်ဖို႔ကိုပါ အက်ိဳးျပဳထားပါေသးတယ္။

သူ႔ခ်မ္းသာမႈေတြကို ျပည္သူလူထုေတြအတြက္သာမက Batman အျဖစ္ တာဝန္ထမ္းေဆာင္ဖို႔ လိုအပ္တဲ့ နည္းပညာေတြ ထုတ္လုပ္ရာမွာလည္း ေငြလမ္းခင္းထားပါေသးတယ္။ Batman အတြက္ လိုအပ္တဲ့ ကိရိယာတန္ဆာပလာေတြ၊ ကိုယ္ပိုင္ၿဂိဳဟ္တုေတြ၊ ကိုယ္ပိုင္ကြန္ယက္စနစ္ အသုံးျပဳထားတဲ့ မိုဘိုင္းလ္ဖုန္း၊ ေလယာဥ္နဲ႔ အျခားေသာ ယာဥ္ေပါင္းမ်ားစြာကို တီထြင္ရာမွာ အသုံးျပဳထားပါတယ္။

(1) Aquaman – (၁၅၀)ႀတီလ်ံ
photo via cbr

Aquaman ကို နံပါတ္တစ္ေနရာမွာ ျမင္လိုက္ရတဲ့အတြက္ အနည္းငယ္ အံ့ဩရင္ အံ့ဩသြားပါလိမ့္မယ္။ ဒါေပမယ့္ သူဟာ Atlantis ရဲ႕ ဘုရင္ျဖစ္တာေၾကာင့္ ကမာၻရဲ႕ (၇၀)ရာခိုင္ႏႈန္းေသာ ေရထုကို ႀကီးစိုးပိုင္ဆိုင္ပါတယ္။ ဒါေၾကာင့္ ကမာၻေပၚက သမုဒၵရာေတြအားလုံးထဲမွာ ရွိေနတဲ့ အရာအားလုံးကို ပိုင္ဆိုင္တယ္လို႔ ေျပာလို႔ရပါတယ္။ ဒါဟာ ပင္လယ္ထဲမွာ ရွိတဲ့ စိန္ေ႐ႊရတနာ ေက်ာက္သံပတၱျမားေတြနဲ႔ ေရနံလို တြင္းထြက္ေတြ အားလုံးကိုပါ ပိုင္ဆိုင္တယ္လို႔ ဆိုလိုတာပါ။

ျမဳပ္သြားတဲ့ သေဘၤာေတြက ရတနာေတြကိုပဲ တြက္ၾကည့္ရင္ေတာင္ ခန႔္မွန္းေခ် ေဒၚလာ(၆၀)ဘီလ်ံေလာက္ ရွိႏိုင္ပါတယ္။ တကယ္တမ္းမွာ Aquaman ရဲ႕ ပိုင္ဆိုင္မႈအတိအက်ကို ရွာေဖြဖို႔ရန္ မလြယ္ကူဘဲ လက္ရွိေ႐ႊေပါက္ေစ်းနဲ႔ သမုဒၵရာေတြမွာ ရွိေနႏိုင္တဲ့ ေ႐ႊအေလးခ်ိန္ေတြကို တြက္ဆခန႔္မွန္းၾကည့္ရာက အနီးစပ္ဆုံး ေဒၚလာ(၁၅၀)ႀတီလ်ံ ရွိေနမယ္လို႔ ခန႔္မွန္းထားၾကတာ ျဖစ္ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular