HomeEntertainmentFilmBatman ဇာတ်ရုပ်အတွက် ရေကိုတောင် ဝအောင်မသောက်ခဲ့တဲ့ Robert Pattinson 

Batman ဇာတ်ရုပ်အတွက် ရေကိုတောင် ဝအောင်မသောက်ခဲ့တဲ့ Robert Pattinson 

Robert Pattinson ကတော့ The Batman ဇာတ်ကားထဲက Bruce Wayne ဇာတ်ရုပ်အတွက် လိုအပ်တဲ့ ကိုယ်ခန္ဓာအနေအထား ရရှိဖို့ ပြင်းထန်တဲ့ diet တွေကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အသက်(၃၅)နှစ်အရွယ် Robert Pattinson ကတော့ ဒီအကြောင်းကို People မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။ အဲဒါကတော့ သူဟာ The Batman ဇာတ်ကား မရိုက်ကူးခင် လအနည်းငယ်ပဲ အချိန်ရခဲ့ပြီး အဲဒီအချိန်အတောအတွင်းမှာ Bruce Wayne ရဲ့ ခန္ဓာကိုယ်ကို ရရှိဖို့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

Photo Credit: Warner Bros. Pictures/ DC Films

ရိုက်ကူးရေးမစခင် အချိန်သုံးလသာ ရရှိခဲ့တာကြောင့် Robert ဟာ Bruce Wayne ရဲ့ ခန္ဓာကိုယ်ကို ရရှိဖို့ ပရော်ဖက်ရှင်နယ်တွေ အသုံးပြုတဲ့ fitness လျှို့ဝှက်ချက်တွေကို အသုံးပြုခဲ့ပြီး အဲဒီထဲက တစ်နည်းကတော့ ရေကိုတောင် ဝအောင်မသောက်ဘဲ ဘယ်နှငုံပဲ သောက်ရမယ်ဆိုပြီး ရေတွက်သောက်သုံးခဲ့တယ်လို့ သိရပါတယ်။

“ရိုက်ကူးရေးမစခင် အချိန်သုံးလပဲ ရခဲ့တာလေ။ အဲဒီတော့ အလုပ်မသွားခင်ရော၊ အလုပ်ပြီးသွားတဲ့ အချိန်မှာရော work out တွေ လုပ်ရတော့တာပေါ့ဗျာ။ အင်္ကျီချွတ်နဲ့ အခန်းတချို့ မလာခင်မှာ ခန္ဓာကိုယ်ကို ကိုယ်ရေစစ်ချသွားအောင် တစ်ဆင့်ချင်းစီ လုပ်သွားရတယ်လေ။ ပြီးတော့ ရေကို ဘယ်နှငုံဆိုတာ ရေတွက်ပြီး သောက်ရတာပေါ့ … ” လို့ Robert က ဆိုပါတယ်။

Photo Credit: Warner Bros. Pictures/ DC Films

ရေကို ဘယ်နှငုံပဲ သောက်ရမယ်ဆိုပြီး ရေတွက် သောက်သုံးတဲ့ နည်းစနစ်ဟာ အပျော်တမ်း နပန်းသမားတွေ ဝိတ်ချဖို့ အသုံးပြုလေ့ရှိတဲ့ နည်းတစ်ခု ဖြစ်ပြီး တကယ်အရေးကြီးတဲ့ ရှိုးတွေ၊ ရိုက်ကူးရေးတွေ မစတင်ခင်မှာ bodybuilder တွေ အသုံးပြုလေ့ ရှိတဲ့ နည်းတစ်ခုလည်း ဖြစ်ပါတယ်။

Fitness ပညာရှင်တွေရဲ့ အကြံပေးချက်ကတော့ အရေးကြီးတဲ့ နေ့ရက်တွေမှာ bodybuilder တွေအနေနဲ့ ရေအနည်းငယ်ကိုသာ သောက်သုံးသင့်တယ်လို့ ဆိုထားပါတယ်။ Robert ကလည်း ဒီနည်းလမ်းကိုပဲ အသုံးပြုပြီး Batman ရဲ့ ကျစ်လျစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ရရှိအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Photo: robertpattinsonofficial/ Instagram

ဘော်ဒီအတွက် ရိုက်ကူးရေးမစခင် သုံးလပဲ အချိန်ရခဲ့ပေမယ့် Batman ရဲ့ ဘော်ဒီကို အရယူနိုင်ခဲ့တာကတော့ ရှက်လို့ပါလို့ Robert က ဆိုထားပါတယ်။ “ကျွန်တော့်အတွက် ရာနှုန်းပြည့် မိုတီကတော့ အရှက်တရားပါပဲ … ” လို့ Robert က ဆိုပါတယ်။

Glasgow

Source: dailymail

RELATED ARTICLES

Most Popular