HomeEntertainmentFilmRobert Pattinson ရဲ့ Underrated ဖြစ်နေတဲ့ ရုပ်ရှင်ကားကောင်းများ

Robert Pattinson ရဲ့ Underrated ဖြစ်နေတဲ့ ရုပ်ရှင်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္္ပါ။

သရုပ်ဆောင်အများစုဟာ ဟောလိဝုဒ်လောကမှာ အောင်မြင်လာဖို့အတွက် နာမည်ကြီး Franchise တစ်ခုခုမှာ အရေးပါတဲ့ ဇာတ်ကောင်နေရာက ပါဝင်ချင်ကြပါတယ်။ အဲ့ဒါမှ နောက်ပိုင်းမှာ တခြားနာမည်ကြီး ဇာတ်ကောင်တွေနေရာမှာ ပါဝင်ဖို့အတွက် ပိုပြီးအခွင့်အရေးများမှာပဲ ဖြစ်ပါတယ်။ Robert Pattinson ကတော့ Harry Potter နဲ့ Twilight တို့လို Franchise တွေမှာ ပါဝင်ခဲ့ဖူးပြီး တခြားရုပ်ရှင်ကားကောင်းတွေမှာလည်း သရုပ်ဆောင်ထားပါတယ်။ ဒီတစ်ခါမှာတော့ Robert ရဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ Underrated ဖြစ်နေတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) High Life
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (5.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာကာသထဲက အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကြောင့် Monte နဲ့ သူ့ရဲ့သမီးလေးပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ ဘယ်သူမှမရှိတဲ့ အာကာသကြီးထဲမှာ ဆက်လက် အသက်ရှင်သန်နိုင်ဖို့ ကြိုးစားကြရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Robert Pattinson ၊ Juliette Binoche နဲ့ Mia Goth တို့ ပါဝင်ထားပါတယ်။

(6) The Lost City of Z
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Percival Fawcett ဆိုသူဟာ သူ့ရဲ့မိသားစုနဲ့အတူ ပျောက်ဆုံးနေတဲ့ မြို့တော်ကြီးကို ရှာဖွေဖို့အတွက် အမေဇုန်တောထဲကို စွန့်စားခန်းထွက်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Charlie Hunnam ၊ Robert Pattinson နဲ့ Tom Holland တို့ ပါဝင်ထားပါတယ်။

(5) The Devil All The Time
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အကျင့်ပျက်ခြစားမှုတွေနဲ့ လောကကြီးထဲမှာ လူငယ်တစ်ယောက်ဟာ သူချစ်တဲ့လူတွေကို ကာကွယ်ဖို့ ကြိုးစားရင်း မထင်မှတ်ထားတာတွေ ဖြစ်ကုန်တာကို ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေကတော့ Tom Holland ၊ Robert Pattinson ၊ Sebastian Stan နဲ့ Bill Skarsgard တို့ ပါဝင်ထားပါတယ်။

(4) The King
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.2) ရရှိထားပါတယ်။ Hal ဟာ အင်္ဂလန်ဘုရင်မင်းမြတ်ရဲ့သားတော် ဖြစ်ပြီး တစ်ရက်မှာတော့ ဖခင်ဖြစ်သူ သေဆုံးသွားတာကြောင့် သူဟာ King Henry V အဖြစ်နဲ့ ထီးနန်း ဆက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဘုရင်တစ်ပါးအနေနဲ့ နိုင်ငံရေးတွေနဲ့ သူ့အဖေ ချန်ရစ်ခဲ့တဲ့ စစ်ပွဲတွေကို ဆက်လက်ဦးဆောင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Timothee Chalamet ၊ Robert Pattinson နဲ့ Lily Rose-Depp တို့ ပါဝင်ထားပါတယ်။

(3) Good Time
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဓားပြတိုက်မှုဟာ ထင်ထားသလို ဖြစ်မလာတာကြောင့် Connie ရဲ့ ညီဖြစ်သူ Nick ဟာ အဖမ်းခံလိုက်ရပြီး ထောင်ကျသွားပါတယ်။ ဒါကြောင့်ပဲ Connie ဟာ သူ့ရဲ့ ညီကို ထောင်ထဲကနေ လွတ်မြောက်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Robert Pattinson ၊ Benny Safdie နဲ့ Jennifer Jason Leigh တို့ ပါဝင်ထားပါတယ်။

(2) Tenet
photo via screenrant

ဒီရုပ်ရှင်ကလည်း ၂၀၂၀ ခုနှစ်မှာပဲ ထွက်ရှိထားတာ ဖြစ်ပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဟာ တစ်နေ့မှာ အံ့ဩမှင်သက်ဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခုကို သိလိုက်ရပါတယ်။ အဲ့ဒါကတော့ အနာဂတ်ကာလက လူသားတွေဟာ အလွန်မြင့်မားတဲ့ နည်းပညာတွေကို အသုံးပြုနေကြပြီး တတိယကမ္ဘာစစ် ဖြစ်ဖို့အတွက် နီးကပ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီ့အေးဂျင့်ဟာ အန္တရာယ်များလွန်းတဲ့ မစ်ရှင်ကို ပြုလုပ်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ John David Washington ၊ Elizabeth Debicki နဲ့ Robert Pattinson တို့က အဓိက ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(1) The Lighthouse
photo via screenrant

ဒီရုပ်ရှင်ကလည်း ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီး IMDb (7.5) ရရှိထားပါတယ်။ ထူးခြားတဲ့အချက်ကတော့ ဟိုးအရင်ခေတ်တုန်းကလိုမျိုး အဖြူအမည်းနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၈၉၀ နောက်ပိုင်းလောက်မှာ အင်္ဂလန်နိုင်ငံထဲက လူသူမနီးတဲ့ ကျွန်းတစ်ခုမှာ ရှိနေတဲ့ မီးပြတိုက်စောင့် အရာရှိနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီကျွန်းမှာရှိတဲ့ မီးပြတိုက်ထဲမှာ သူတို့နှစ်ယောက်ပဲ ရှိတာကြောင့် နှစ်ယောက်လုံးဟာ အသိစိတ်ရှိနေစေဖို့အတွက် ကြိုးစားကြရပါတော့တယ်။ Robert Pattinson ၊ Willem Dafoe ၊ Valeriia Karaman နဲ့ Logan Hwakes တို့က အဓိက ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

ဒါကတော့ Robert Pattinson ရဲ့ ဇာတ်ကားများစွာထဲက နာမည်ကြီးသင့်သလောက် မကြီးတဲ့ ဇာတ်ကားကောင်း(၇)ကားပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်ကားတွေရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

သ႐ုပ္ေဆာင္အမ်ားစုဟာ ေဟာလိဝုဒ္ေလာကမွာ ေအာင္ျမင္လာဖို႔အတြက္ နာမည္ႀကီး Franchise တစ္ခုခုမွာ အေရးပါတဲ့ ဇာတ္ေကာင္ေနရာက ပါဝင္ခ်င္ၾကပါတယ္။ အဲ့ဒါမွ ေနာက္ပိုင္းမွာ တျခားနာမည္ႀကီး ဇာတ္ေကာင္ေတြေနရာမွာ ပါဝင္ဖို႔အတြက္ ပိုၿပီးအခြင့္အေရးမ်ားမွာပဲ ျဖစ္ပါတယ္။ Robert Pattinson ကေတာ့ Harry Potter နဲ႔ Twilight တို႔လို Franchise ေတြမွာ ပါဝင္ခဲ့ဖူးၿပီး တျခား႐ုပ္ရွင္ကားေကာင္းေတြမွာလည္း သ႐ုပ္ေဆာင္ထားပါတယ္။ ဒီတစ္ခါမွာေတာ့ Robert ရဲ႕ ပရိသတ္ေတြအတြက္ သူ႔ရဲ႕ Underrated ျဖစ္ေနတဲ့ ႐ုပ္ရွင္ကားေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) High Life
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (5.8) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အာကာသထဲက အႏၲရာယ္မ်ားတဲ့ မစ္ရွင္တစ္ခုေၾကာင့္ Monte နဲ႔ သူ႔ရဲ႕သမီးေလးပဲ အသက္ရွင္က်န္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ ဘယ္သူမွမရွိတဲ့ အာကာသႀကီးထဲမွာ ဆက္လက္ အသက္ရွင္သန္ႏိုင္ဖို႔ ႀကိဳးစားၾကရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Robert Pattinson ၊ Juliette Binoche နဲ႔ Mia Goth တို႔ ပါဝင္ထားပါတယ္။

(6) The Lost City of Z
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.6) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Percival Fawcett ဆိုသူဟာ သူ႔ရဲ႕မိသားစုနဲ႔အတူ ေပ်ာက္ဆုံးေနတဲ့ ၿမိဳ႕ေတာ္ႀကီးကို ရွာေဖြဖို႔အတြက္ အေမဇုန္ေတာထဲကို စြန႔္စားခန္းထြက္တာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Charlie Hunnam ၊ Robert Pattinson နဲ႔ Tom Holland တို႔ ပါဝင္ထားပါတယ္။

(5) The Devil All The Time
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အက်င့္ပ်က္ျခစားမႈေတြနဲ႔ ေလာကႀကီးထဲမွာ လူငယ္တစ္ေယာက္ဟာ သူခ်စ္တဲ့လူေတြကို ကာကြယ္ဖို႔ ႀကိဳးစားရင္း မထင္မွတ္ထားတာေတြ ျဖစ္ကုန္တာကို ၾကည့္ရႈရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Tom Holland ၊ Robert Pattinson ၊ Sebastian Stan နဲ႔ Bill Skarsgard တို႔ ပါဝင္ထားပါတယ္။

(4) The King
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.2) ရရွိထားပါတယ္။ Hal ဟာ အဂၤလန္ဘုရင္မင္းျမတ္ရဲ႕သားေတာ္ ျဖစ္ၿပီး တစ္ရက္မွာေတာ့ ဖခင္ျဖစ္သူ ေသဆုံးသြားတာေၾကာင့္ သူဟာ King Henry V အျဖစ္နဲ႔ ထီးနန္း ဆက္ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဘုရင္တစ္ပါးအေနနဲ႔ ႏိုင္ငံေရးေတြနဲ႔ သူ႔အေဖ ခ်န္ရစ္ခဲ့တဲ့ စစ္ပြဲေတြကို ဆက္လက္ဦးေဆာင္ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Timothee Chalamet ၊ Robert Pattinson နဲ႔ Lily Rose-Depp တို႔ ပါဝင္ထားပါတယ္။

(3) Good Time
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.4) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ဓားျပတိုက္မႈဟာ ထင္ထားသလို ျဖစ္မလာတာေၾကာင့္ Connie ရဲ႕ ညီျဖစ္သူ Nick ဟာ အဖမ္းခံလိုက္ရၿပီး ေထာင္က်သြားပါတယ္။ ဒါေၾကာင့္ပဲ Connie ဟာ သူ႔ရဲ႕ ညီကို ေထာင္ထဲကေန လြတ္ေျမာက္ႏိုင္ဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Robert Pattinson ၊ Benny Safdie နဲ႔ Jennifer Jason Leigh တို႔ ပါဝင္ထားပါတယ္။

(2) Tenet
photo via screenrant

ဒီ႐ုပ္ရွင္ကလည္း ၂၀၂၀ ခုႏွစ္မွာပဲ ထြက္ရွိထားတာ ျဖစ္ၿပီး IMDb (7.4) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ လွ်ိဳ႕ဝွက္ေအးဂ်င့္တစ္ေယာက္ဟာ တစ္ေန႔မွာ အံ့ဩမွင္သက္ဖို႔ေကာင္းတဲ့ အေၾကာင္းအရာတစ္ခုကို သိလိုက္ရပါတယ္။ အဲ့ဒါကေတာ့ အနာဂတ္ကာလက လူသားေတြဟာ အလြန္ျမင့္မားတဲ့ နည္းပညာေတြကို အသုံးျပဳေနၾကၿပီး တတိယကမာၻစစ္ ျဖစ္ဖို႔အတြက္ နီးကပ္ေနတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ အဲ့ဒီ့ေအးဂ်င့္ဟာ အႏၲရာယ္မ်ားလြန္းတဲ့ မစ္ရွင္ကို ျပဳလုပ္ဖို႔အတြက္ အေၾကာင္းဖန္လာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ John David Washington ၊ Elizabeth Debicki နဲ႔ Robert Pattinson တို႔က အဓိက ပါဝင္ထားၿပီး ေအာ္စကာတစ္ဆု ရရွိထားပါတယ္။

(1) The Lighthouse
photo via screenrant

ဒီ႐ုပ္ရွင္ကလည္း ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိထားတာ ျဖစ္ၿပီး IMDb (7.5) ရရွိထားပါတယ္။ ထူးျခားတဲ့အခ်က္ကေတာ့ ဟိုးအရင္ေခတ္တုန္းကလိုမ်ိဳး အျဖဴအမည္းနဲ႔ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ၁၈၉၀ ေနာက္ပိုင္းေလာက္မွာ အဂၤလန္ႏိုင္ငံထဲက လူသူမနီးတဲ့ ကြၽန္းတစ္ခုမွာ ရွိေနတဲ့ မီးျပတိုက္ေစာင့္ အရာရွိႏွစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒီကြၽန္းမွာရွိတဲ့ မီးျပတိုက္ထဲမွာ သူတို႔ႏွစ္ေယာက္ပဲ ရွိတာေၾကာင့္ ႏွစ္ေယာက္လုံးဟာ အသိစိတ္ရွိေနေစဖို႔အတြက္ ႀကိဳးစားၾကရပါေတာ့တယ္။ Robert Pattinson ၊ Willem Dafoe ၊ Valeriia Karaman နဲ႔ Logan Hwakes တို႔က အဓိက ပါဝင္ထားၿပီး ေအာ္စကာတစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ထားပါတယ္။

ဒါကေတာ့ Robert Pattinson ရဲ႕ ဇာတ္ကားမ်ားစြာထဲက နာမည္ႀကီးသင့္သေလာက္ မႀကီးတဲ့ ဇာတ္ကားေကာင္း(၇)ကားပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဇာတ္ကားေတြရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular