HomeEntertainmentFilmThe Flash ရုပ်ရှင်ထဲမှာ Grant Gustin လည်း cameo ပါဝင်လာမယ်လို့ သတင်းထွက်နေ

The Flash ရုပ်ရှင်ထဲမှာ Grant Gustin လည်း cameo ပါဝင်လာမယ်လို့ သတင်းထွက်နေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

DCEU က အသစ်ထွက်ရှိလာမယ့် Flash ရုပ်ရှင်ထဲမှာတော့ Grant Gustin ဟာ နောက်ထပ် Barry Allen အနေနဲ့ cameo ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။

The Flash ရုပ်ရှင်ကားကိုတော့ လူကြိုက်များကြတဲ့ ကောမစ်ဇာတ်လမ်းဖြစ်တဲ့ Flashpoint အကြောင်းကို အခြေခံ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Andy Muschietti က ရိုက်ကူးသွားမှာ ဖြစ်ပြီး Ezra Miller က Flash အနေနဲ့ ပါဝင်လာမှာ ဖြစ်သလို Sasha Calle ကတော့ Supergirl အနေနဲ့ စတင်ပါဝင်လာမှာ ဖြစ်ပြီး Kiersey Clemons ကတော့ Iris West အနေနဲ့ ပြန်လည်ပါဝင်လာဦးမှာပါ။

photo via screenrant

ဒီဇာတ်လမ်းဟာ Flash ရဲ့ အချိန်ခရီးသွားမှုကြောင့် ဖြစ်ပေါ်လာတဲ့ Timeline တွေကို မြင်တွေ့ရမှာ ဖြစ်ပြီး Batman နှစ်ယောက်ကိုလည်း မြင်တွေ့ရဦးမှာပါ။ လောလောဆယ်မှာတော့ အဲ့ဒီ Batman နှစ်ယောက်ဟာ Ben Affleck နဲ့ Michael Keaton တို့ ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုမျိူး ပါဝင်လာမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Illuminerdi သတင်းဌာနရဲ့ ဖော်ပြချက်အရ Grant Gustin ဟာ ဒီရုပ်ရှင်ထဲမှာ‌ cameo အနေနဲ့ ပါဝင်လာမယ်လို့ သိရပါတယ်။ ပရိသတ်တွေအားလုံး မျှော်လင့်ထားတဲ့အတိုင်း Grant ဟာ CW ဇာတ်လမ်းတွဲရဲ့ Flash အနေနဲ့ ပါဝင်လာမှာပါ။ ဒါပေမယ့်လည်း ဘယ်လိုနေရာမျိူးမှာ ပါဝင်လာမလည်းဆိုတာကိုတော့ မသိရသေးပါဘူး။

photo via screenrant

CW က ထုတ်လွှင့်ခဲ့တဲ့ Arrowverse ရဲ့ အကြီးမားဆုံး crossover ဖြစ်တဲ့ Crisis on Infinite Earths ထဲမှာလည်း Ezra နဲ့ Grant တို့ကို Flash အနေနဲ့ အတူတူ မြင်တွေ့ခဲ့ရပါတယ်။ အကယ်၍ ဒီသတင်းသာ မှန်မယ်ဆိုရင်တော့ သူတို့နှစ်ယောက်ကို Flash တွေအနေနဲ့ နောက်ထပ်တစ်ကြိမ် မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

DCEU က အသစ္ထြက္ရွိလာမယ့္ Flash ႐ုပ္ရွင္ထဲမွာေတာ့ Grant Gustin ဟာ ေနာက္ထပ္ Barry Allen အေနနဲ႔ cameo ပါဝင္လာမယ္လို႔ သတင္းထြက္ေနပါတယ္။

The Flash ႐ုပ္ရွင္ကားကိုေတာ့ လူႀကိဳက္မ်ားၾကတဲ့ ေကာမစ္ဇာတ္လမ္းျဖစ္တဲ့ Flashpoint အေၾကာင္းကို အေျခခံ ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ဒါ႐ိုက္တာ Andy Muschietti က ႐ိုက္ကူးသြားမွာ ျဖစ္ၿပီး Ezra Miller က Flash အေနနဲ႔ ပါဝင္လာမွာ ျဖစ္သလို Sasha Calle ကေတာ့ Supergirl အေနနဲ႔ စတင္ပါဝင္လာမွာ ျဖစ္ၿပီး Kiersey Clemons ကေတာ့ Iris West အေနနဲ႔ ျပန္လည္ပါဝင္လာဦးမွာပါ။

photo via screenrant

ဒီဇာတ္လမ္းဟာ Flash ရဲ႕ အခ်ိန္ခရီးသြားမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ Timeline ေတြကို ျမင္ေတြ႕ရမွာ ျဖစ္ၿပီး Batman ႏွစ္ေယာက္ကိုလည္း ျမင္ေတြ႕ရဦးမွာပါ။ ေလာေလာဆယ္မွာေတာ့ အဲ့ဒီ Batman ႏွစ္ေယာက္ဟာ Ben Affleck နဲ႔ Michael Keaton တို႔ ပါဝင္သြားမယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ဘယ္လိုမ်ိဴး ပါဝင္လာမယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။

Illuminerdi သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Grant Gustin ဟာ ဒီ႐ုပ္ရွင္ထဲမွာ‌ cameo အေနနဲ႔ ပါဝင္လာမယ္လို႔ သိရပါတယ္။ ပရိသတ္ေတြအားလုံး ေမွ်ာ္လင့္ထားတဲ့အတိုင္း Grant ဟာ CW ဇာတ္လမ္းတြဲရဲ႕ Flash အေနနဲ႔ ပါဝင္လာမွာပါ။ ဒါေပမယ့္လည္း ဘယ္လိုေနရာမ်ိဴးမွာ ပါဝင္လာမလည္းဆိုတာကိုေတာ့ မသိရေသးပါဘူး။

photo via screenrant

CW က ထုတ္လႊင့္ခဲ့တဲ့ Arrowverse ရဲ႕ အႀကီးမားဆုံး crossover ျဖစ္တဲ့ Crisis on Infinite Earths ထဲမွာလည္း Ezra နဲ႔ Grant တို႔ကို Flash အေနနဲ႔ အတူတူ ျမင္ေတြ႕ခဲ့ရပါတယ္။ အကယ္၍ ဒီသတင္းသာ မွန္မယ္ဆိုရင္ေတာ့ သူတို႔ႏွစ္ေယာက္ကို Flash ေတြအေနနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular