HomeCelebs Update NewsInternationalRobert Pattinson ကိုဗစ်အကူးခံလိုက်ရပြီလို့ သတင်းထွက်နေ

Robert Pattinson ကိုဗစ်အကူးခံလိုက်ရပြီလို့ သတင်းထွက်နေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Vanity Fair သတင်းဌာနရဲ့ ဖော်ပြချက်အရ မင်းသား Robert Pattinson ဟာ ကိုဗစ်အကူးခံလိုက်ရပြီလို့ သိရပါတယ်။

The Batman ရုပ်ရှင်ကို လန်ဒန်မြို့မှာ ရိုက်ကူးရေးတွေ ပြန်လည်စတင်ပြီး ရက်အနည်းငယ် အကြာမှာပဲ အခုလိုကိစ္စပေါ်ပေါက်လာတဲ့အတွက် ရုပ်ရှင်ရိုက်ကူးရေးကို ထပ်မံရပ်ဆိုင်းလိုက်ရပြီ ဖြစ်ပါတယ်။ Warner Brothers ကတော့ စက်တင်ဘာလ(၃)ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစ်ခု ထုတ်ပြန်ထားပါတယ်။

Photo: robertpattinsonofficial/ Instagram

“The Batman ရိုက်ကူးရေးအဖွဲ့ထဲက လူတစ်ယောက်မှာ ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတဲ့အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း သီးခြားစောင့်ကြည့် ခွဲထားပြီး ဖြစ်ပါတယ်။ ရိုက်ကူးရေးကတော့ ယာယီ ရပ်နားထားပါတယ်… ” လို့ Warner Brothers က ကြေညာချက်မှာ ပြောထားပြီး ကူးစက်ခံရသူဟာ ဘယ်သူဘယ်ဝါလို့တော့ အမည်တပ်ထားခြင်း မရှိပါဘူး။

သို့ပေမယ့် Vanity Fair သတင်းဌာနကတော့ အဆိုပါ ကူးစက်ခံရသူဟာ Robert Pattinson ဖြစ်တယ်လို့ အတိအကျ ဆိုထားပါတယ်။ လက်ရှိအချိန်မှာတော့ ကျန်သတင်းဌာနတွေကလည်း Robert ရဲ့ ကိုယ်စားလှယ်ဆီက မှတ်ချက်တစ်ခုခုနဲ့ အတည်ပြုချက် ရယူဖို့ ကြိုးစားနေကြပေမယ့် လောလောဆယ်အထိကတော့ ဒီလောက်ပဲ သိရပါသေးတယ်။

Photo: robertpattinsonofficial/ Instagram

Robert ရဲ့ ဇာတိမြေဖြစ်တဲ့ ယူကေမှာတော့ စက်တင်ဘာလ(၃)ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူပေါင်း သုံးသိန်းလေးသောင်းကျော် ရှိနေပြီး အသက်ဆုံးရှုံးရသူ (၄၁,၆၁၅)ယောက် ရှိပြီလို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

The Batman ရုပ်ရှင်ဟာ ကိုဗစ်ကပ်ရောဂါ အမြင့်မားဆုံး ဖြစ်ခဲ့တဲ့ မတ်လမှာ အခြားသော ဖျော်ဖြေရေးနယ်ပယ်က လုပ်ငန်းများနည်းတူ ရိုက်ကူးရေးတွေ ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ အချိန်အတောအတွင်းမှာတော့ Robert ဟာ လန်ဒန်က သူ့ရဲ့နေအိမ်မှာ ချစ်သူ Suki Waterhouse နဲ့အတူ ကွာရန်တင်း နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလမှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့ကိုတောင် Robert ဟာ နေအိမ်မှာပဲ ချစ်သူနဲ့အတူ ကျင်းပခဲ့တာပါ။

Photo: robertpattinsonofficial/ Instagram

ဒါဟာ The Batman ရုပ်ရှင်ရဲ့ ပထမဆုံးထွေလာ ထွက်ရှိပြီး နှစ်ပတ်ခန့်အကြာမှာ Robert ရဲ့ ကိုဗစ်ကူးစက်ခံရတဲ့ သတင်းကို ကြားသိလိုက်ရတာ ဖြစ်ပါတယ်။ The Batman ဟာ ၂၀၂၁ခုနှစ်အတွင်းမှာ ရုံတင်ပြသဖို့ စီစဉ်ထားပေမယ့် ရက်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး။ လောလောဆယ် အခြေအနေတွေအရ ရုံတင်ရက်ဟာ ထပ်ပြီး နောက်ဆုတ်ရဖို့ ရှိမရှိဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Vanity Fair သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မင္းသား Robert Pattinson ဟာ ကိုဗစ္အကူးခံလိုက္ရၿပီလို႔ သိရပါတယ္။

The Batman ႐ုပ္ရွင္ကို လန္ဒန္ၿမိဳ႕မွာ ႐ိုက္ကူးေရးေတြ ျပန္လည္စတင္ၿပီး ရက္အနည္းငယ္ အၾကာမွာပဲ အခုလိုကိစၥေပၚေပါက္လာတဲ့အတြက္ ႐ုပ္ရွင္႐ိုက္ကူးေရးကို ထပ္မံရပ္ဆိုင္းလိုက္ရၿပီ ျဖစ္ပါတယ္။ Warner Brothers ကေတာ့ စက္တင္ဘာလ(၃)ရက္ေန႔ ေန႔စြဲနဲ႔ ေၾကညာခ်က္တစ္ခု ထုတ္ျပန္ထားပါတယ္။

Photo: robertpattinsonofficial/ Instagram

“The Batman ႐ိုက္ကူးေရးအဖြဲ႕ထဲက လူတစ္ေယာက္မွာ ကိုဗစ္ေရာဂါ ကူးစက္ခံလိုက္ရတဲ့အတြက္ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း သီးျခားေစာင့္ၾကည့္ ခြဲထားၿပီး ျဖစ္ပါတယ္။ ႐ိုက္ကူးေရးကေတာ့ ယာယီ ရပ္နားထားပါတယ္… ” လို႔ Warner Brothers က ေၾကညာခ်က္မွာ ေျပာထားၿပီး ကူးစက္ခံရသူဟာ ဘယ္သူဘယ္ဝါလို႔ေတာ့ အမည္တပ္ထားျခင္း မရွိပါဘူး။

သို႔ေပမယ့္ Vanity Fair သတင္းဌာနကေတာ့ အဆိုပါ ကူးစက္ခံရသူဟာ Robert Pattinson ျဖစ္တယ္လို႔ အတိအက် ဆိုထားပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ က်န္သတင္းဌာနေတြကလည္း Robert ရဲ႕ ကိုယ္စားလွယ္ဆီက မွတ္ခ်က္တစ္ခုခုနဲ႔ အတည္ျပဳခ်က္ ရယူဖို႔ ႀကိဳးစားေနၾကေပမယ့္ ေလာေလာဆယ္အထိကေတာ့ ဒီေလာက္ပဲ သိရပါေသးတယ္။

Photo: robertpattinsonofficial/ Instagram

Robert ရဲ႕ ဇာတိေျမျဖစ္တဲ့ ယူေကမွာေတာ့ စက္တင္ဘာလ(၃)ရက္ေန႔အထိ ကိုဗစ္ကူးစက္ခံရသူေပါင္း သုံးသိန္းေလးေသာင္းေက်ာ္ ရွိေနၿပီး အသက္ဆုံးရႈံးရသူ (၄၁,၆၁၅)ေယာက္ ရွိၿပီလို႔ သတင္းထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

The Batman ႐ုပ္ရွင္ဟာ ကိုဗစ္ကပ္ေရာဂါ အျမင့္မားဆုံး ျဖစ္ခဲ့တဲ့ မတ္လမွာ အျခားေသာ ေဖ်ာ္ေျဖေရးနယ္ပယ္က လုပ္ငန္းမ်ားနည္းတူ ႐ိုက္ကူးေရးေတြ ရပ္နားခဲ့ရတာ ျဖစ္ပါတယ္။ အဆိုပါ အခ်ိန္အေတာအတြင္းမွာေတာ့ Robert ဟာ လန္ဒန္က သူ႔ရဲ႕ေနအိမ္မွာ ခ်စ္သူ Suki Waterhouse နဲ႔အတူ ကြာရန္တင္း ေနထိုင္ေနခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေမလမွာ က်ေရာက္ခဲ့တဲ့ သူ႔ရဲ႕ေမြးေန႔ကိုေတာင္ Robert ဟာ ေနအိမ္မွာပဲ ခ်စ္သူနဲ႔အတူ က်င္းပခဲ့တာပါ။

Photo: robertpattinsonofficial/ Instagram

ဒါဟာ The Batman ႐ုပ္ရွင္ရဲ႕ ပထမဆုံးေထြလာ ထြက္ရွိၿပီး ႏွစ္ပတ္ခန႔္အၾကာမွာ Robert ရဲ႕ ကိုဗစ္ကူးစက္ခံရတဲ့ သတင္းကို ၾကားသိလိုက္ရတာ ျဖစ္ပါတယ္။ The Batman ဟာ ၂၀၂၁ခုႏွစ္အတြင္းမွာ ႐ုံတင္ျပသဖို႔ စီစဥ္ထားေပမယ့္ ရက္အတိအက်ေတာ့ မသတ္မွတ္ရေသးပါဘူး။ ေလာေလာဆယ္ အေျခအေနေတြအရ ႐ုံတင္ရက္ဟာ ထပ္ၿပီး ေနာက္ဆုတ္ရဖို႔ ရွိမရွိဆိုတာကိုေတာ့ ဆက္လက္ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular