HomeEntertainmentFilmTitanic ဇာတ်ကားကို ကြိုက်နှစ်သက်တယ်ဆိုရင် ကြည့်သင့်တဲ့ ဇာတ်ကားများ

Titanic ဇာတ်ကားကို ကြိုက်နှစ်သက်တယ်ဆိုရင် ကြည့်သင့်တဲ့ ဇာတ်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Titanic ဇာတ်ကားဟာ တော်တော်လေးကို နာမည်ကြီးပြီးတော့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် အော်စကာဆုပေါင်း (၁၁) ဆုကို ဆွတ်ခူးထားနိုင်တဲ့ ဇာတ်ကား ဖြစ်ပြီးတော့ ပရိသတ်တွေအမြောက်အများလည်းပိုင်ဆိုင်ထားပါသေးတယ်။ ဒါကြောင့် သင်သာ Titanic ဇာတ်ကားကို ကြိုက်နှစ်သက်တယ်ဆိုရင် ကြည့်သင့်တဲ့ ရိုမာန့်စ်ဒရာမာ ဇာတ်ကားလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Blue Valentine
photo via screenrant

ဒီကားကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပြီး IMDb (7.4) ရရှိထားတဲ့ ရိုမန့်စ်ဒရာမာ အမျိုးအစား ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အိမ်ထောင်တစ်ခုရဲ့ ငြီးငွေ့ဖွယ်ရာကောင်းမှု၊ တစ်ဘက်နဲ့တစ်ဘက် တင်းမာမှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ချစ်သူနှစ်ဦးရဲ့ တွဲကာစ ကြည်နူးဖို့ကောင်းတဲ့အချိန်နဲ့ ပြိုပျက်တော့မယ့် အိမ်ထောင်ရေးတစ်ခုရဲ့ အခြေအနေတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

(6) The Big Sick
photo via screenrant

ဒီကားကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ထားခဲ့ပြီးတော့ IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ပါကစ်စတန်လူမျိုးကောင်လေးတစ်ယောက်နဲ့ အမေရိကန်လူမျိုးကောင်မလေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အချင်းချင်းချစ်ကြိုက်ပြီး လက်တွဲခဲ့ကြပေမယ့်လည်း သူတို့ရဲ့မိဘတွေကတော့ လူမျိုးမတူတာနဲ့ ဘာသာမတူတို့ကို မကြိုက်တာကြောင့် သူတို့နှစ်ယောက်ရဲ့အချစ်ဟာ ထင်ထားတာထက်ပိုပြီးတော့ ရှုပ်ထွေးလာကာ ပြဿနာတွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။

(5) Love Actually
photo via screenrant

ဒီကားကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ခရစ်စမတ်ကာလကို အခြေခံရိုက်ကူးထားတဲ့ အချစ်ဟာသ ဇာတ်လမ်းလေးဖြစ်ပါတယ်။ လန်ဒန်မြို့မှာရှိတဲ့ စုံတွဲ (၈) တွဲဟာ သူတို့စုံတွဲတွေရဲ့ ဆက်ဆံရေးကို ဘယ်လိုထိန်းသိမ်းကြသလဲဆိုတာကို ရိုက်ပြထားတာ ဖြစ်ပြီးတော့ ဒီဇာတ်ကားလေးဟာ သင့်ကို ခံစားချက်မျိုးစုံကို ခံစားရစေမှာပါ။ ဒါ့အပြင် ဒီဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေအကုန်လုံးဟာလည်း နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြပါတယ်။

(4) Brokeback Mountain
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ထားတာဖြစ်ပြီး IMDb (7.7) ရထားပါတယ်။ ဇာတ်လမ်းကတော့ cowboy နှစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အဲ့ဒီခေတ်တုန်းက လိင်တူချင်း ချစ်ကြိုက်ကြတယ်ဆိုတဲ့အရာဟာ ပတ်ဝန်းကျင်ကလက်ခံထားတဲ့ခေတ်တစ်ခုမဟုတ်ပါဘူး။ အဲ့လိုအချိန်မှာ မွေးဖွားလာတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ သူ့တို့ရဲ့ဘဝကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားတဲ့ LGBT ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။

(3) 500 Days Of Summer
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.7) ရထားပါတယ်။ ဇာတ်လမ်းလေးကတော့ Tom ဆိုတဲ့ကောင်လေးနဲ့ Summer ကောင်မလေးတို့ နှစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Summer ဆိုတဲ့ကောင်မလေးဟာ အချစ်ဆိုတဲ့အရာကို အယုံအကြည်မရှိဘဲ ချစ်သူရည်းစားဆိုတာကို အပျော်သက်သက်လို့ပဲ မှတ်ယူထားသူ တစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ Tom ဆိုတဲ့ကောင်လေးကတော့ အဲ့ဒီကောင်မလေးကို ချစ်မိသွားခဲ့ပါတယ်။

(2) Atonement
photo via screenrant

ဒီကားကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီးတော့ IMDb (7.8) ရထားပါတယ်။ Briony Tallis ဆိုတဲ့ကောင်မလေးဟာ သူ့အမရဲ့ကောင်လေးကို သံသရဖြစ်စရာကောင်းတဲ့ အခြေအနေတစ်ခုမှာ တွေ့သွားပြီးတော့ သူ့ကို ရာဇဝတ်မှုတစ်ခုနဲ့ စွပ်စွဲခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာလည်း သူမကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုအတွက် သံသရရှိခံခဲ့ရပြီးနောက်ပိုင်းမှာ ဘယ်လိုတွေ ဆက်ဖြစ်မလည်းဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပါ။

(1) Eternal Sunshine Of The Spotless Mind
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (8.3) ရထားပါတယ်။ Jim Carrey ဟာ ဟာသကားတွေ ရိုက်တာများပေမယ့် ဒီကားလေးကတော့ သူရိုက်ခဲ့ဖူးတဲ့ တစ်ခြားဇာတ်ကားတွေနဲ့ တော်တော်လေးကို ကွာခြားပြီးတော့ Kate Winslet နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ Joel ဆိုတဲ့ကောင်လေးနဲ့ Clementine ဆိုတဲ့ကောင်မလေးနှစ်ယောက်ဟာ ခရီးတစ်ခုသွားဖို့အတွက် ရထားစီးနေရင်းနဲ့ နှစ်ယောက်ဟာ ရင်းနှီးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက်ဟာ ပိုပြီးတော့ သံယောဇဉ်ဖြစ်လာခဲ့တဲ့အပြင် သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့တစ်ယောက် ဟိုးအရင်တည်းက သိကျွမ်းခဲ့သလို ခံစားလာရပါတော့တယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Titanic ဇာတ္ကားဟာ ေတာ္ေတာ္ေလးကို နာမည္ႀကီးၿပီးေတာ့ ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ဒါ့အျပင္ ေအာ္စကာဆုေပါင္း (၁၁) ဆုကို ဆြတ္ခူးထားႏိုင္တဲ့ ဇာတ္ကား ျဖစ္ၿပီးေတာ့ ပရိသတ္ေတြအေျမာက္အမ်ားလည္းပိုင္ဆိုင္ထားပါေသးတယ္။ ဒါေၾကာင့္ သင္သာ Titanic ဇာတ္ကားကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ ၾကည့္သင့္တဲ့ ႐ိုမာန႔္စ္ဒရာမာ ဇာတ္ကားေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Blue Valentine
photo via screenrant

ဒီကားကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိထားတာျဖစ္ၿပီး IMDb (7.4) ရရွိထားတဲ့ ႐ိုမန႔္စ္ဒရာမာ အမ်ိဳးအစား ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ အိမ္ေထာင္တစ္ခုရဲ႕ ၿငီးေငြ႕ဖြယ္ရာေကာင္းမႈ၊ တစ္ဘက္နဲ႔တစ္ဘက္ တင္းမာမႈေတြကို ခံစားရမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ခ်စ္သူႏွစ္ဦးရဲ႕ တြဲကာစ ၾကည္ႏူးဖို႔ေကာင္းတဲ့အခ်ိန္နဲ႔ ၿပိဳပ်က္ေတာ့မယ့္ အိမ္ေထာင္ေရးတစ္ခုရဲ႕ အေျခအေနေတြကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

(6) The Big Sick
photo via screenrant

ဒီကားကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ထားခဲ့ၿပီးေတာ့ IMDb (7.5) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ပါကစ္စတန္လူမ်ိဳးေကာင္ေလးတစ္ေယာက္နဲ႔ အေမရိကန္လူမ်ိဳးေကာင္မေလးတစ္ေယာက္တို႔ရဲ႕ အခ်စ္ဇာတ္လမ္းကို ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အခ်င္းခ်င္းခ်စ္ႀကိဳက္ၿပီး လက္တြဲခဲ့ၾကေပမယ့္လည္း သူတို႔ရဲ႕မိဘေတြကေတာ့ လူမ်ိဳးမတူတာနဲ႔ ဘာသာမတူတို႔ကို မႀကိဳက္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္ဟာ ထင္ထားတာထက္ပိုၿပီးေတာ့ ရႈပ္ေထြးလာကာ ျပႆနာေတြလည္း ျဖစ္ေပၚလာခဲ့ပါတယ္။

(5) Love Actually
photo via screenrant

ဒီကားကေတာ့ ၂၀၀၃ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ခရစ္စမတ္ကာလကို အေျခခံ႐ိုက္ကူးထားတဲ့ အခ်စ္ဟာသ ဇာတ္လမ္းေလးျဖစ္ပါတယ္။ လန္ဒန္ၿမိဳ႕မွာရွိတဲ့ စုံတြဲ (၈) တြဲဟာ သူတို႔စုံတြဲေတြရဲ႕ ဆက္ဆံေရးကို ဘယ္လိုထိန္းသိမ္းၾကသလဲဆိုတာကို ႐ိုက္ျပထားတာ ျဖစ္ၿပီးေတာ့ ဒီဇာတ္ကားေလးဟာ သင့္ကို ခံစားခ်က္မ်ိဳးစုံကို ခံစားရေစမွာပါ။ ဒါ့အျပင္ ဒီဇာတ္ကားေတြထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ သ႐ုပ္ေဆာင္ေတြအကုန္လုံးဟာလည္း နာမည္ႀကီး သ႐ုပ္ေဆာင္ေတြျဖစ္ၾကပါတယ္။

(4) Brokeback Mountain
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၅ ခုႏွစ္မွာ ထြက္ထားတာျဖစ္ၿပီး IMDb (7.7) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ cowboy ႏွစ္ေယာက္အေၾကာင္းကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ အဲ့ဒီေခတ္တုန္းက လိင္တူခ်င္း ခ်စ္ႀကိဳက္ၾကတယ္ဆိုတဲ့အရာဟာ ပတ္ဝန္းက်င္ကလက္ခံထားတဲ့ေခတ္တစ္ခုမဟုတ္ပါဘူး။ အဲ့လိုအခ်ိန္မွာ ေမြးဖြားလာတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးနဲ႔ သူ႔တို႔ရဲ႕ဘဝကို စိတ္ဝင္စားစရာေကာင္းေအာင္ ႐ိုက္ျပထားတဲ့ LGBT ဇာတ္ကား တစ္ကား ျဖစ္ပါတယ္။

(3) 500 Days Of Summer
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.7) ရထားပါတယ္။ ဇာတ္လမ္းေလးကေတာ့ Tom ဆိုတဲ့ေကာင္ေလးနဲ႔ Summer ေကာင္မေလးတို႔ ႏွစ္ေယာက္ရဲ႕အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Summer ဆိုတဲ့ေကာင္မေလးဟာ အခ်စ္ဆိုတဲ့အရာကို အယုံအၾကည္မရွိဘဲ ခ်စ္သူရည္းစားဆိုတာကို အေပ်ာ္သက္သက္လို႔ပဲ မွတ္ယူထားသူ တစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာ Tom ဆိုတဲ့ေကာင္ေလးကေတာ့ အဲ့ဒီေကာင္မေလးကို ခ်စ္မိသြားခဲ့ပါတယ္။

(2) Atonement
photo via screenrant

ဒီကားကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီးေတာ့ IMDb (7.8) ရထားပါတယ္။ Briony Tallis ဆိုတဲ့ေကာင္မေလးဟာ သူ႔အမရဲ႕ေကာင္ေလးကို သံသရျဖစ္စရာေကာင္းတဲ့ အေျခအေနတစ္ခုမွာ ေတြ႕သြားၿပီးေတာ့ သူ႔ကို ရာဇဝတ္မႈတစ္ခုနဲ႔ စြပ္စြဲခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာလည္း သူမက်ဴးလြန္ခဲ့တဲ့ျပစ္မႈတစ္ခုအတြက္ သံသရရွိခံခဲ့ရၿပီးေနာက္ပိုင္းမွာ ဘယ္လိုေတြ ဆက္ျဖစ္မလည္းဆိုတာကို စိတ္ဝင္တစားနဲ႔ ၾကည့္ရႈရမွာပါ။

(1) Eternal Sunshine Of The Spotless Mind
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၄ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.3) ရထားပါတယ္။ Jim Carrey ဟာ ဟာသကားေတြ ႐ိုက္တာမ်ားေပမယ့္ ဒီကားေလးကေတာ့ သူ႐ိုက္ခဲ့ဖူးတဲ့ တစ္ျခားဇာတ္ကားေတြနဲ႔ ေတာ္ေတာ္ေလးကို ကြာျခားၿပီးေတာ့ Kate Winslet နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ထားပါတယ္။ Joel ဆိုတဲ့ေကာင္ေလးနဲ႔ Clementine ဆိုတဲ့ေကာင္မေလးႏွစ္ေယာက္ဟာ ခရီးတစ္ခုသြားဖို႔အတြက္ ရထားစီးေနရင္းနဲ႔ ႏွစ္ေယာက္ဟာ ရင္းႏွီးသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ဟာ ပိုၿပီးေတာ့ သံေယာဇဥ္ျဖစ္လာခဲ့တဲ့အျပင္ သူတို႔ႏွစ္ေယာက္လုံးဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ဟိုးအရင္တည္းက သိကြၽမ္းခဲ့သလို ခံစားလာရပါေတာ့တယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular