HomeCelebs Update NewsInternationalသရုပ်ဆောင်ဘဝက အနားယူပြီး ရေခဲမုန့်ရောင်းဖို့ စဉ်းစားခဲ့ဖူးတဲ့ Rupert Grint

သရုပ်ဆောင်ဘဝက အနားယူပြီး ရေခဲမုန့်ရောင်းဖို့ စဉ်းစားခဲ့ဖူးတဲ့ Rupert Grint

Harry Potter Franchise ထဲမှာ Ron Weasley အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Rupert Grint ကတော့ Harry Potter ဇာတ်လမ်းအပြီးမှာ ရေခဲမုန့်ရောင်းဖို့အတွက် သရုပ်ဆောင်ဘဝက အနားယူဖို့တောင် စဉ်းစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ Rupert ကတော့ အသက်(၁၁)နှစ်အရွယ်မှာ သရုပ်ဆောင်ဘဝကို စတင်ခဲ့တာ ဖြစ်ပြီး Harry Potter Franchise မှာ ဆယ်နှစ်ခန့် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

photo via screenrant

Rupert ဟာ Harry Potter အပြီးမှာတော့ Cross of Honour ၊ Postman Pat: The Movie ၊ The ABC Murders ၊ Servant စတဲ့ ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် Netflix က ရိုက်ကူးသွားမယ့် ဖန်တီးသူ Guilermo del Toro ရဲ့ Cabinet of Curiosities ဇာတ်လမ်းတွဲမှာလည်း ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။ Harry Potter ရဲ့ အဓိကသရုပ်ဆောင် သုံးယောက်ထဲမှာ ပါဝင်တဲ့ Rupert ဟာ Daniel Radcliffe နဲ့ Emma Watson တို့လိုပဲ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။

ဒီလိုနဲ့ Harry Potter ရုပ်ရှင်တွေ ပြီးဆုံးသွားတဲ့ အချိန်မှာတော့ Rupert ဟာ လူကြီးသရုပ်ဆောင်အဖြစ် လုပ်နိုင်ပါ့မလားလို့ စိတ်ပူခဲ့တဲ့အချိန် ရှိခဲ့ပါတယ်။ သူဟာ Ron အဖြစ်နဲ့ ဘယ်လို သရုပ်ဆောင်ရမလည်းဆိုတာ သိပေမယ့်လည်း တခြားဇာတ်ကောင်တွေအနေနဲ့ သရုပ်ဆောင်နိုင်ပါ့မလားဆိုတာ သူ့ကိုယ်သူ မသေချာခဲ့ပါဘူး။ ဒါကြောင့်ပဲ သူဟာ Harry Potter ရိုက်ကူးရေးရဲ့ နောက်ဆုံးနေ့မှာတော့ အဖြူရောင်နဲ့ ပန်းရောင် စပ်ထားတဲ့ ရေခဲမုန့်ကားတစ်စီးကို ဝယ်ယူပြီး အဲ့ဒီကားနဲ့ပဲ အိမ်ပြန်သွားခဲ့ပါတယ်။

photo via screenrant

ဒါ့အပြင် အဲ့ဒီအချိန်တုန်းကတော့ ရေခဲမုန့်ပဲ ရောင်းတော့မယ်လို့ စဉ်းစားထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ သရုပ်ဆောင်ဘဝက တစ်နှစ်လောက် အနားယူပြီး ပြန်လည် ကြိုးစားကြည့်တဲ့အချိန်မှာတော့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ Rupert ဟာ The New York Times မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။ Rupert အနေနဲ့ ယခုလို စဉ်းစားခဲ့တာကတော့ ဇာတ်ကောင်ပုံစံ တစ်မျိုးတည်းကိုပဲ ထပ်ခါထပ်ခါ သရုပ်ဆောင်ရတဲ့ Type Cast မဖြစ်သွားချင်လို့ဆိုတာ သိသာပေမယ့်လည်း ဘာကြောင့် ရေခဲမုန့်ရောင်းဖို့ စဉ်းစားခဲ့တာလည်း ဆိုတာကိုတော့ မပြောပြခဲ့ပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular