HomeEntertainmentFilmခေတ်သစ် A Christmas Carol ရုပ်ရှင်ကို ဖန်တီးသွားမယ့် Russo Brothers

ခေတ်သစ် A Christmas Carol ရုပ်ရှင်ကို ဖန်တီးသွားမယ့် Russo Brothers

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Avengers: Endgame ကို ရိုက်ကူးခဲ့ကြတဲ့ Russo Brothers ဟာ နာမည်ကြီး ခရစ်စမတ်ဇာတ်လမ်းတစ်ခု ဖြစ်တဲ့ A Christmas Carol ကို ဖန်တီးသွားမယ်လို့ သိရပါတယ်။ A Christmas Carol ကတော့ Charles Dickens ရဲ့ အထင်ကရ ဝတ္ထုတစ်ခု ဖြစ်ပြီး ၁၈၄၃ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

photo via imdb

ဇာတ်လမ်းကတော့ Ebenezer Scrooge ဆိုတဲ့ ကပ်စေးနည်း အဘိုးကြီးတစ်ယောက် အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ သူဟာ ခရစ်စမတ်အကြိုညမှာတော့ အတိတ်၊ အနာဂတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ဝိဉာဉ်တွေနဲ့ တွေ့ဆုံခဲ့ပြီး စာနာသနားတတ်သူ တစ်ယောက်အဖြစ် ပြောင်းလဲသွားတာကို မြင်ရမှာပါ။ ဒီဇာတ်လမ်းကိုတော့ မရေမတွက်နိုင်လောက်အောင် ရုပ်ရှင်တွေ ပြန်လည်ရိုက်ကူးခဲ့ဖူးပြီး Disney ကလည်း သူ့ရဲ့အထင်ကရဇာတ်ကောင်တွေဖြစ်တဲ့ Mickey Mouse တို့ကို အသုံးပြုပြီး animation အဖြစ် ဖန်တီးခဲ့ဖူးပါတယ်။

Friday the 13th နဲ့ Baywatch တို့ကို ရေးသားခဲ့တဲ့ ဇာတ်ညွှန်းရေးသားသူတွေဖြစ်တဲ့ Mark Swift နဲ့ Damian Shannon တို့ဟာ သူတို့ရဲ့တွစ်တာပေါ်မှာ Russo Brothers တို့ဟာ သူတို့ကို A Christmas Carol ခေတ်သစ်ဗားရှင်းကို ဇာတ်ညွှန်းရေးသားစေခဲ့တယ်လို့ တင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီရုပ်ရှင်ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်လာမယ်လို့ မျှော်လင့်လို့ ရပါတယ်။

photo via imdb

A Christmas Carol ဟာ ဇာတ်လမ်းတိုင်းမှာ ၁၉ ရာစု လန်ဒန်မြို့ရဲ့ ခရစ်စမတ်အကြိုညမှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Russo Brothers ကတော့ ခေတ်သစ်ဗားရှင်းကို လိုချင်တာကြောင့် ကျွန်တော်တို့ အရင်တုန်းက ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေနဲ့တော့ အနည်းငယ် ကွာခြားမှုတွေ ရှိနေနိုင်ပါတယ်။ အဲ့ဒါကြောင့်ပဲ မတူညီတဲ့ အရာတွေကို မြင်တွေ့ရပြီး မတူညီတဲ့ ခံစားမှုတွေကိုလည်း ရရှိနိုင်ပါတယ်။ ဒီရုပ်ရှင်အတွက် အခုကတည်းက ဇာတ်ညွှန်းရေးနေပြီ ဖြစ်တာကြောင့် ၂၀၂၁ ခရစ်စမတ်မှာတော့ သေချာပေါက်နီးပါး ကြည့်ရှုနိုင်မယ်လို့ ထင်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

The Avengers: Endgame ကို ႐ိုက္ကူးခဲ့ၾကတဲ့ Russo Brothers ဟာ နာမည္ႀကီး ခရစ္စမတ္ဇာတ္လမ္းတစ္ခု ျဖစ္တဲ့ A Christmas Carol ကို ဖန္တီးသြားမယ္လို႔ သိရပါတယ္။ A Christmas Carol ကေတာ့ Charles Dickens ရဲ႕ အထင္ကရ ဝတၳဳတစ္ခု ျဖစ္ၿပီး ၁၈၄၃ ခုႏွစ္က ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။

photo via imdb

ဇာတ္လမ္းကေတာ့ Ebenezer Scrooge ဆိုတဲ့ ကပ္ေစးနည္း အဘိုးႀကီးတစ္ေယာက္ အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ သူဟာ ခရစ္စမတ္အႀကိဳညမွာေတာ့ အတိတ္၊ အနာဂတ္နဲ႔ ပစၥဳပၸန္တို႔ရဲ႕ ဝိဉာဥ္ေတြနဲ႔ ေတြ႕ဆုံခဲ့ၿပီး စာနာသနားတတ္သူ တစ္ေယာက္အျဖစ္ ေျပာင္းလဲသြားတာကို ျမင္ရမွာပါ။ ဒီဇာတ္လမ္းကိုေတာ့ မေရမတြက္ႏိုင္ေလာက္ေအာင္ ႐ုပ္ရွင္ေတြ ျပန္လည္႐ိုက္ကူးခဲ့ဖူးၿပီး Disney ကလည္း သူ႔ရဲ႕အထင္ကရဇာတ္ေကာင္ေတြျဖစ္တဲ့ Mickey Mouse တို႔ကို အသုံးျပဳၿပီး animation အျဖစ္ ဖန္တီးခဲ့ဖူးပါတယ္။

Friday the 13th နဲ႔ Baywatch တို႔ကို ေရးသားခဲ့တဲ့ ဇာတ္ၫႊန္းေရးသားသူေတြျဖစ္တဲ့ Mark Swift နဲ႔ Damian Shannon တို႔ဟာ သူတို႔ရဲ႕တြစ္တာေပၚမွာ Russo Brothers တို႔ဟာ သူတို႔ကို A Christmas Carol ေခတ္သစ္ဗားရွင္းကို ဇာတ္ၫႊန္းေရးသားေစခဲ့တယ္လို႔ တင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၁ ခုႏွစ္မွာ ထြက္လာမယ္လို႔ ေမွ်ာ္လင့္လို႔ ရပါတယ္။

photo via imdb

A Christmas Carol ဟာ ဇာတ္လမ္းတိုင္းမွာ ၁၉ ရာစု လန္ဒန္ၿမိဳ႕ရဲ႕ ခရစ္စမတ္အႀကိဳညမွာ ဇာတ္အိမ္တည္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Russo Brothers ကေတာ့ ေခတ္သစ္ဗားရွင္းကို လိုခ်င္တာေၾကာင့္ ကြၽန္ေတာ္တို႔ အရင္တုန္းက ၾကည့္ခဲ့ဖူးတဲ့ ဇာတ္လမ္းေတြနဲ႔ေတာ့ အနည္းငယ္ ကြာျခားမႈေတြ ရွိေနႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ မတူညီတဲ့ အရာေတြကို ျမင္ေတြ႕ရၿပီး မတူညီတဲ့ ခံစားမႈေတြကိုလည္း ရရွိႏိုင္ပါတယ္။ ဒီ႐ုပ္ရွင္အတြက္ အခုကတည္းက ဇာတ္ၫႊန္းေရးေနၿပီ ျဖစ္တာေၾကာင့္ ၂၀၂၁ ခရစ္စမတ္မွာေတာ့ ေသခ်ာေပါက္နီးပါး ၾကည့္ရႈႏိုင္မယ္လို႔ ထင္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular