HomeCelebs Update NewsInternationalDisney ရဲ့ ဂန္ထဝင် Animator ကြီး အသက်(၁၁၁)နှစ်အရွယ်မှာ ကွယ်လွန်

Disney ရဲ့ ဂန္ထဝင် Animator ကြီး အသက်(၁၁၁)နှစ်အရွယ်မှာ ကွယ်လွန်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney ရဲ့ ဂန္ထဝင် Animator တစ်ယောက်ဖြစ်တဲ့ Ruthie Tompson ဟာ Disney ရဲ့ အထင်ကရအဖြစ်ဆုံး Animation တွေကို ရေးဆွဲခဲ့သူ ဖြစ်ပြီး ယခုအခါ အသက် (၁၁၁)နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

Ruthie Tompson ဟာ ၁၉၁၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူမဟာ Disney စတူဒီယိုကို တည်ထောင်ခဲ့သူ Walt Disney နဲ့ အလုပ်တွဲလုပ်ခဲ့ဖူးသူတွေထဲက နောက်ဆုံးအသက်ရှင်ကျန်ခဲ့သူလည်း ဖြစ်ပါတယ်။ သူမဟာ Disney စတူဒီယိုမှာ ရာထူးမျိူးစုံနဲ့ နှစ်ပေါင်း (၄၀)ကျော်လောက် အလုပ်လုပ်ခဲ့ပြီး Snow White and the Seven Dwarfs ၊ Pinocchio ၊ Fantasia ၊ Dumbo ၊ Sleeping Beauty ၊ Mary Poppins ၊ The Aristocats နဲ့ Robin Hood တို့လို Animation တွေ ထွက်လာအောင် ဝိုင်းဝန်းကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

photo via screenrant

Ruthie ဟာ Walt နဲ့ Roy Disney တို့နဲ့ ခင်မင်သွားပြီးနောက်မှာ Painter အနေနဲ့ Disney စတူဒီယိုမှာ စတင်အလုပ်ဝင်ခဲ့ပါတယ်။ သူမ ပထမဆုံး ပါဝင်ခဲ့တဲ့ Animation ကတော့ ၁၉၃၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Snow White and the Seven Dwarfs ပဲ ဖြစ်ပါတယ်။

Snow White Animation ကတော့ ထွက်ရှိလာဖို့အတွက် သုံးနှစ်လောက် အချိန်ယူခဲ့ရပြီး သိပ်မကြာခင်မှာပဲ Ruthie က Final Checker အဖြစ် ရာထူးတိုးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ Scene Planner အဖြစ် ရာထူးထပ်တိုးခဲ့ပြီး အဲ့ဒီရာထူးမှာပဲ သူမရဲ့တစ်ဘဝလုံးနီးပါး အလုပ်လုပ်ခဲ့ပါတယ်။

Photo via IMDb

Disney စတူဒီယိုရဲ့ ထုတ်ပြန်ချက်အရ Ruthie Tompson ဟာ အောက်တိုဘာလ (၁၁)ရက်နေ့မှာ အိပ်ပျော်နေရင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ Ruthie ဟာ အသက် (၁၁၁)နှစ် ရှိနေပြီ ဖြစ်ပြီး ရုပ်ရှင်နဲ့ တီဗွီလောကသားတွေရဲ့ အငြိမ်းစားစံအိမ်မှာ နေထိုင်ခဲ့ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Ruthie ဟာ Disney ရဲ့ Legendary Animator တစ်ယောက် ဖြစ်တာကြောင့် ကျွန်တော်တို့ ငယ်ဘဝတုန်းက ကြည့်ရှုခဲ့ရတဲ့ Disney Animation တွေအများစုဟာ သူမရဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Disney ရဲ့ ဂႏၴဝင္ Animator တစ္ေယာက္ျဖစ္တဲ့ Ruthie Tompson ဟာ Disney ရဲ့ အထင္ကရအျဖစ္ဆုံး Animation ေတြကို ေရးဆြဲခဲ့သူ ျဖစ္ၿပီး ယခုအခါ အသက္ (၁၁၁)ႏွစ္အရြယ္မွာ ကြယ္လြန္သြားၿပီလို႔ သိရပါတယ္။

Ruthie Tompson ဟာ ၁၉၁၀ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး သူမဟာ Disney စတူဒီယိုကို တည္ေထာင္ခဲ့သူ Walt Disney နဲ႔ အလုပ္တြဲလုပ္ခဲ့ဖူးသူေတြထဲက ေနာက္ဆုံးအသက္ရွင္က်န္ခဲ့သူလည္း ျဖစ္ပါတယ္။ သူမဟာ Disney စတူဒီယိုမွာ ရာထူးမ်ိဴးစုံနဲ႔ ႏွစ္ေပါင္း (၄၀)ေက်ာ္ေလာက္ အလုပ္လုပ္ခဲ့ၿပီး Snow White and the Seven Dwarfs ၊ Pinocchio ၊ Fantasia ၊ Dumbo ၊ Sleeping Beauty ၊ Mary Poppins ၊ The Aristocats နဲ႔ Robin Hood တို႔လို Animation ေတြ ထြက္လာေအာင္ ဝိုင္းဝန္းကူညီေပးခဲ့သူလည္း ျဖစ္ပါတယ္။

photo via screenrant

Ruthie ဟာ Walt နဲ႔ Roy Disney တို႔နဲ႔ ခင္မင္သြားၿပီးေနာက္မွာ Painter အေနနဲ႔ Disney စတူဒီယိုမွာ စတင္အလုပ္ဝင္ခဲ့ပါတယ္။ သူမ ပထမဆုံး ပါဝင္ခဲ့တဲ့ Animation ကေတာ့ ၁၉၃၄ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Snow White and the Seven Dwarfs ပဲ ျဖစ္ပါတယ္။

Snow White Animation ကေတာ့ ထြက္ရွိလာဖို႔အတြက္ သုံးႏွစ္ေလာက္ အခ်ိန္ယူခဲ့ရၿပီး သိပ္မၾကာခင္မွာပဲ Ruthie က Final Checker အျဖစ္ ရာထူးတိုးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ Scene Planner အျဖစ္ ရာထူးထပ္တိုးခဲ့ၿပီး အဲ့ဒီရာထူးမွာပဲ သူမရဲ့တစ္ဘဝလုံးနီးပါး အလုပ္လုပ္ခဲ့ပါတယ္။

Photo via IMDb

Disney စတူဒီယိုရဲ့ ထုတ္ျပန္ခ်က္အရ Ruthie Tompson ဟာ ေအာက္တိုဘာလ (၁၁)ရက္ေန႔မွာ အိပ္ေပ်ာ္ေနရင္းနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ကြယ္လြန္သြားတယ္လို႔ သိရပါတယ္။ အခုခ်ိန္မွာေတာ့ Ruthie ဟာ အသက္ (၁၁၁)ႏွစ္ ရွိေနၿပီ ျဖစ္ၿပီး ႐ုပ္ရွင္နဲ႔ တီဗြီေလာကသားေတြရဲ့ အၿငိမ္းစားစံအိမ္မွာ ေနထိုင္ခဲ့ပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ Ruthie ဟာ Disney ရဲ့ Legendary Animator တစ္ေယာက္ ျဖစ္တာေၾကာင့္ ကၽြန္ေတာ္တို႔ ငယ္ဘဝတုန္းက ၾကည့္ရွုခဲ့ရတဲ့ Disney Animation ေတြအမ်ားစုဟာ သူမရဲ့ လက္ရာေတြပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular