HomeEntertainmentFilmRyan Gosling နဲ့ Emily Blunt တို့ ပါဝင်သွားမယ့် ရုပ်ရှင်သစ် Fall Guy

Ryan Gosling နဲ့ Emily Blunt တို့ ပါဝင်သွားမယ့် ရုပ်ရှင်သစ် Fall Guy

Universal စတူဒီယိုက ထုတ်လုပ်သွားမယ့် The Fall Guy ရုပ်ရှင်သစ်ထဲမှာတော့ Ryan Gosling နဲ့ Emily Blunt တို့ ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကိုတော့ Deadpool 2 ၊ Bullet Train ၊ John Wick Franchise တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David Leith က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ David Leith ကတော့ စတန့်သမားဘဝကနေ ဒါရိုက်တာဖြစ်လာသူ ဖြစ်ပြီး ပထမဆုံးအကြိမ် ဒါရိုက်တာအနေနဲ့ ပါဝင်ခဲ့တာကတော့ John Wick ရုပ်ရှင်ထဲမှာ ဖြစ်ပြီး Credit တော့ မရရှိခဲ့ပါဘူး။

photo via screenrant

The Fall Guy ရုပ်ရှင်ကတော့ လောလောဆယ်မှာ ပြင်ဆင်မှုတွေ စတင်နေပြီ ဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းမှာ ရိုက်ကူးရေး စတင်သွားဖို့ စီစဉ်ထားပါတယ်။ ဇာတ်ညွှန်းနေရာမှာတော့ Drew Pearce က ပါဝင်လာမှာ ဖြစ်ပြီး ၁၉၈၀ ကျော်တုန်းက ABC ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့ Fall Guy ဆိုတဲ့ ဇာတ်လမ်းတွဲကို Inspire ယူပြီး ဖန်တီးသွားမယ်လို့ သိရပါတယ်။ အဲဒီဇာတ်လမ်းတွဲထဲမှာတော့ ဟောလိဝုဒ် စတန့်သမားသုံးယောက်ဟာ ကြားပေါက်အလုပ်အနေနဲ့ Bounty Hunter ပြုလုပ်ကြပြီး ဒီရုပ်ရှင်ထဲမှာတော့ ဒါရိုက်တာ David Leith ရဲ့ စတန့်သမား ပြုလုပ်တုန်းက အတွေ့အကြုံတွေကိုလည်း မြင်တွေ့ရမှာပါ။

ယခုအချိန်မှာတော့ The Wasp သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီရုပ်ရှင်ထဲမှာ Emily Blunt ကလည်း ထပ်မံပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ မကြေညာသေးပေမယ့်လည်း ရုံတင်သွားမယ့် ရက်ကိုတော့ ကြေညာပြီးသားပဲ ဖြစ်ပါတယ်။ ထွက်ရှိလာမယ့် ရက်ကတော့ ၂၀၂၄ ခုနှစ် မတ်လ (၁)ရက်နေ့မှာ ရုံတင်ဖို့ လျာထားကြောင်း ကြေညာထားပါတယ်။

photo via screenrant

လောလောဆယ်အထိတော့ ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ ကြေညာထားတဲ့ သရုပ်ဆောင်နှစ်ယောက်ပဲ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာလည်း Franchise တစ်ခုအနေနဲ့ တည်ဆောက်သွားနိုင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင် သုံးယောက် ပါဝင်လာနိုင်ပြီး လောလောဆယ်မှာတော့ သရုပ်ဆောင်နှစ်ယောက်ပဲ ကြေညာသေးတာကြောင့် နောက်ထပ် နာမည်ကြီး သရုပ်ဆောင်တစ်ယောက်လည်း ပါဝင်သွားဦးမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular