HomeEntertainmentFilmOcean's Eleven ရုပ်ရှင်သစ်မှာ Margot Robbie နဲ့ တွဲဖက်ဖို့ ဆွေးနွေးနေတဲ့ Ryan Gosling

Ocean’s Eleven ရုပ်ရှင်သစ်မှာ Margot Robbie နဲ့ တွဲဖက်ဖို့ ဆွေးနွေးနေတဲ့ Ryan Gosling

မင်းသား Ryan Gosling ကတော့ Barbie ရုပ်ရှင်မှာ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီး Margot Robbie နဲ့ နောက်ထပ် ရုပ်ရှင်အသစ်မှာ တွဲဖက်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အဲဒါကတော့ နာမည်ကြီးဓားပြရုပ်ရှင် ဖြစ်တဲ့ Ocean’s Eleven franchise မှာ ပါဝင်လာဖို့ ဖြစ်ပါတယ်။

အသက်(၄၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသား Ryan Gosling ဟာ Ocean’s Eleven ရုပ်ရှင်အသစ်မှာ ပါဝင်လာဖို့ ဆွေးနွေးနေတဲ့ အကြောင်းကိုတော့ Variety သတင်းဌာနက ဖော်ပြထားတာ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ထဲမှာတော့ မင်းသမီး Margot Robbie ဟာ ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူနေရာကနေလည်း ပါဝင်သွားဦးမယ်လို့ သိရပါတယ်။

Photo: ryangoslinguk/ Instagram

ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကို မသိရသေးပေမယ့် ခေတ်ဟောင်းကာလမှာ ဇာတ်အိမ်တည်မယ်လို့ သိထားရပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Ocean’s ရုပ်ရှင်တွေထဲက အဖြစ်အပျက်တွေရဲ့ မူလအခြေတည်လာပုံကို ပြသသွားမှာ ဖြစ်ပြီး ၁၉၆၀ ခုနှစ်အလွန် ကာလတွေမှာ ဇာတ်အိမ်တည်မယ်လို့ သိရပါတယ်။

Photo: margotrobbieofficial/ Instagram

ဒီဇာတ်ကားကိုတော့ Bombshell ရုပ်ရှင်ကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာ Jay Roach က ရိုက်ကူးသွားမှာ ဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ Carrie Solomon က ရေးသားပေးမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဟာ တရားဝင် ကြေညာထားခြင်း မရှိသေးပေမယ့် လက်ရှိမှာတော့ ရိုက်ကူးရေး စတင်ဖို့ ပြင်ဆင်မှုတွေကို ပြုလုပ်နေပြီး လာမယ့်နှစ် နွေဦးကာလမှာ ရိုက်ကူးရေး စတင်မယ်လို့ Hollywood Reporter က ဖော်ပြထားပါတယ်။

Ryan Gosling နဲ့ Margot Robbie တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Barbie ရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular