HomeEntertainmentFilmဝမ်းနည်းစရာဇာတ်လမ်းနဲ့ Horror ရုပ်ရှင်ကား(၇)ကား

ဝမ်းနည်းစရာဇာတ်လမ်းနဲ့ Horror ရုပ်ရှင်ကား(၇)ကား

Horror ရုပ်ရှင်ကားကောင်းတွေကတော့ ကြည့်ပြီးသွားရင် အိမ်သာတောင် မသွားရဲလောက်အောင် ဖြစ်စေတဲ့အထိ ကြောက်လန့်စေကြပါတယ်။ ဒါပေမယ့်လည်း တချို့ Horror ရုပ်ရှင်တွေကတော့ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းပြီး ပရိသတ်တွေကို ကြောက်လန့်စေသလို ဝမ်းနည်းစရာ အဖြစ်အပျက်တွေ ပါဝင်နေတာမျိူးလည်း ရှိတတ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဝမ်းနည်းစရာ အကောင်းဆုံးဇာတ်လမ်းနဲ့ Horror ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Lake Mungo

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Alice ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ရေကူးနေရင်း မတော်တဆ ရေနစ်သေဆုံးသွားရာက စတင်ပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ကျန်ခဲ့တဲ့မိသားစုဟာ ပုံမှန်အားဖြင့် ရှင်းပြလို့ မရနိုင်တဲ့ အဖြစ်အပျက်ဆန်းတေွကို ကြုံလာရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Talia Zucker ၊ Martin Sharpe နဲ့ Rosie Traynor တို့ ပါဝင်ထားပါတယ်။

(6) The Final Girls

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိခင်ဖြစ်သူ ဆုံးပါးသွားတာကြောင့် ဝမ်းနည်းပူဆွေးနေတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့မိခင် သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးရုပ်ရှင်ကားထဲကို ရောက်ရှိသွားပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ အဲဒီရုပ်ရှင်ထဲက လူသတ်သမားတစ်ယောက်နဲ့ ရင်ဆိုင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Taissa Farmiga ၊ Nina Dobrev ၊ Malin Akerman နဲ့ Adam DeVine တို့ ပါဝင်ထားပါတယ်။

(5) His House

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.5) ရရှိထားတဲ့ Nerflix original ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စစ်ဖြစ်နေတဲ့ ဆူဒန်နိုင်ငံက ဒုက္ခသည်အတွဲတစ်တွဲဟာ အသက်လုပြီး နိုင်ငံတွင်းက ထွက်ပြေးလာခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ အင်္ဂလန်နိုင်ငံရဲ့ မြို့တစ်မြို့မှာ အခြေချဖို့ ကြိုးစားကြရင်း မထင်မှတ်ထားတာတွေကို ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sope Dirisu ၊ Wunmi Mosaku နဲ့ Matt Smith တို့က အဓိက ပါဝင်ထားပြီး BAFTA ဆုတစ်ဆု ရရှိထားပါတယ်။

(4) Midsommar

photo via screenrant

ဒီရုပ်ရှင်ကလည်း ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အတွဲတစ်တွဲဟာ သူတို့သူငယ်ချင်းရဲ့ ဆွီဒင်နိုင်ငံက မွေးရပ်မြေဖြစ်တဲ့ ကျေးလက်ဒေသတစ်ခုကို သွားရောက် လည်ပတ်ကြပါတယ်။ အဲဒီဒေသရဲ့ နွေရာသီမှာ ကျင်းပလေ့ရှိတဲ့ နာမည်ကြီးပွဲတော်တစ်ခု ရှိတာကြောင့်လည်း အခုလို သွားရောက်လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီလို ပျော်စရာကောင်းတဲ့ ပွဲတော်ကြီးဟာ နောက်ပိုင်းမှာတော့ ထူးထူးဆန်းဆန်းနဲ့ ကြောက်စရာဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာတော့……။ အဓိက သရုပ်ဆောင်တွေအနေနဲ့ Florence Pugh ၊ Will Poulter ၊ Jack Reynor နဲ့ Isabelle Grill တို့က အဓိက ပါဝင်ထားပါတယ်။

(3) The Orphanage

photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၇ ခုနှစ်က ထွက်ထားပြီးတော့ IMDb (7.4) ရရှိထားပြီး ဒီဇာတ်ကားကို ရိုက်ကူးဖို့အတွက် အချိန်(၁၁)နှစ် ကြာမြင့်အောင် ဇာတ်ညွှန်းရေးသားခဲ့ရပါတယ်။ ဇာတ်လမ်းကတော့ အမျိုးသမီးတစ်ယောက်ဟာ မိသားစုနဲ့အတူ ငယ်ငယ်ကနေခဲ့တဲ့အိမ်ကို ပြန်လာခဲ့ပါတယ်။ အဲဒီအိမ်ဟာ အရင်တုန်းက မိဘမဲ့ဂေဟာတစ်ခု ဖြစ်ခဲ့ပြီး အဲဒီကိုပြောင်းလာပြီးတဲ့ နောက်မှာတော့ သူမွေးစားထားတဲ့ သားလေးဟာ သူမ,မမြင်နိုင်တဲ့ လူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပါတယ်။ အဲဒီနောက်မှာတော့ ဘယ်လိုကြောက်စရာ ဖြစ်ရပ်တွေ ဆက်ပြီး ဖြစ်လာမလည်းဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေကတော့ Belen Rueda ၊ Fernando Cayo နဲ့ Roger Princep တို့ ပါဝင်ထားကြပါတယ်။

(2) Carrie

photo via screenrant

ဒီဇာတ်လမ်းကတော့ ၁၉၇၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (7.4) ရရှိထားပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်ကားရှိပေမယ့် မူရင်းဇာတ်ကားကိုတော့ မမှီခဲ့ပါဘူး။ ဇာတ်လမ်းကတော့ Carrie ဆိုတဲ့ ကောင်မလေးဟာ ရှက်ကြောက်တတ်ပြီးတော့ သူငယ်ချင်းလည်း မရှိတာကြောင့် ကျောင်းမှာဆိုရင် အမြဲလိုလို အနိုင်ကျင့်ခံနေရပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာတော့ သူမမှာ စိတ်စွမ်းအားတွေ ရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့……။ Sissy Spacek ၊ Piper Laurie ၊ William Kat နဲ့ John Travolta တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(1) The Sixth Sense

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Malcolm Crowe ဆိုတဲ့ ကလေးစိတ်ရောဂါ အထူးကုတစ်ယောက်ဟာ ကောင်လေးတစ်ယောက်ကို ဆေးကုသပေးရာက စတင်ပါတယ်။ အဲဒီကောင်လေးဟာ ဝိဉာဉ်တွေနဲ့ ဆက်သွယ်နိုင်သူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Bruce Willis ၊ Toni Collette နဲ့ Haley Joel Osment တို့ အဓိက ပါဝင်ထားပြီး အော်စကာ (၆)ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular