HomeEntertainmentFilmGame of Thrones ဇာတ်လမ်းတွဲထဲက ဝမ်းနည်းစရာအကောင်းဆုံး အခိုက်အတန့်များ

Game of Thrones ဇာတ်လမ်းတွဲထဲက ဝမ်းနည်းစရာအကောင်းဆုံး အခိုက်အတန့်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Game of Thrones ဇာတ်လမ်းတွဲဟာ ရေပန်းအစားဆုံးနဲ့ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေကို ရရှိထားတဲ့ ဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ပုံမှန်ဇာတ်လမ်းတွဲတွေမှာ မတွေ့ရတဲ့ အရာအများစုကို ပေါင်းစည်းထားပါတယ်။ သာမန်တွေ့နေကျ ဇာတ်လမ်းတွဲတွေနဲ့ မတူညီတဲ့ ပြကွက်တွေ၊ ဇာတ်လမ်းအချိုးအကွေ့တွေကြောင့် ကြည့်ရှုသူတွေအတွက် မတူညီတဲ့ ခံစားချက်မျိူးစုံကို ရရှိစေခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Game of Thrones ဇာတ်လမ်းတွဲထဲက ဝမ်းနည်းစရာအကောင်းဆုံး အခိုက်အတန့်တွေကို ဖော်ပြပေးချင်ပါတယ်။

Season 1: Ned Stark ရဲ့ သေဆုံးမှု
photo via screenrant

Game of Thrones ရဲ့ ပထမဆုံး season ထဲမှာတော့ ပရိသတ်တွေကို ဇာတ်ကောင်များစွာရဲ့ စရိုက်၊ အပြုအမူတွေနဲ့ စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ Season 1 ထဲမှာတော့ fantasy အမျိူးအစား ဆိုတာထက် ဒရာမာနဲ့ နိုင်ငံရေးအကြောင်းတွေကို ပိုပြီးအသားပေး ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကို စတင်ကြည့်ရှုသူတိုင်းဟာ Ned Stark ကို အဓိက ဇာတ်ကောင်တစ်ယောက်လို့ ထင်မှတ်ခဲ့ကြပါတယ်။ အဲ့ဒီအချက်ကြောင့်လည်း ဒီ season ရဲ့ နောက်ဆုံးမှာ Ned Stark သေဆုံးသွားတဲ့အချိန်မှာတော့ ပရိသတ်တွေအတွက် ရှော့ခ်ရသွားသလို အတော်လေးလည်း ဝမ်းနည်းခဲ့ရပါတယ်။

Season 2: Joffrey ပြုသမျှ နုနေရတဲ့ Sansa
photo via screenrant

ဒုတိယ season မှာတော့ ပရိသတ်တွေဟာ Stannis က Renly ကို သတ်ခဲ့ပုံ၊ နဂါးတွေနဲ့ White Walker တွေကို မြင်တွေ့ခဲ့ရပြီး ပထမ season ထက် ပိုပြီး fantasy ဆန်လာပါတယ်။ ဒါ့အပြင် လူသားတွေရဲ့ ဆိုးရွားမှုတွေကို ကွက်ကွက်ကွင်းကွင်း ပြသခဲ့ပါတယ်။ Ned Stark သေဆုံးသွားပြီး နောက်မှာတော့ Sansa ဟာ ဘုရင့်နေပြည်တော်မှာ ဓားစာခံအဖြစ် ဖမ်းခံထားရပြီး Joffrey ကတော့ Sansa ကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ နှိပ်စက်ခဲ့ပါတယ်။ ဒီ season တွေထဲမှာတော့ Joffrey ဟာ အဓိကဗီလိန် ဖြစ်လာခဲ့ပါတယ်။

Season 3: Red Wedding
photo via screenrant

Ned Stark ရဲ့ သေဆုံးမှုက သင့်အတွက် ရှော့ခ်ရစရာ ဖြစ်ခဲ့မယ်ဆိုရင် Red Wedding ကတော့ သင့်ကို heart attack တောင် ဖြစ်သွားစေနိုင်ပါတယ်။ ပရိသတ်အများစုဟာ Rob ကို ဟီးရိုးတစ်ယောက်အဖြစ် ရှုမြင်ခဲ့ကြပြီး Lannister တွေကိုတောင် အနိုင်ရတော့မယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Red Wedding ထဲမှာတော့  Rob နဲ့ သူ့ရဲ့အမျိူးသမီးနဲ့အတူ ဗိုက်ထဲက ကလေးအပြင် သူ့ရဲ့အမေနဲ့ သူ့ရဲ့စစ်တပ်တစ်ခုလုံးဟာ မင်္ဂလာဆောင်မှာ လုပ်ကြံခံလိုက်ရပါတယ်။ ဒီအချက်ကတော့ အတော်လေးကို ဝမ်းနည်းဖို့ကောင်းသလို ပရိသတ်တွေကိုလည်း အံ့အားသင့်စေခဲ့ပါတယ်။

Season 4: Oberyn ရဲ့ သေဆုံးမှု
photo via screenrant

Season 4 ထဲမှာတော့ ဇာတ်လမ်းအစတည်းက ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ အချိန်ကို ရောက်ရှိလာခဲ့ပါတယ်။ ရက်စက်တဲ့ ဘုရင်ဖြစ်သူ Joffrey ဟာ Margaery Tyrell နဲ့ လက်ထပ်ပွဲမှာ အဆိပ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့သေဆုံးသွားတဲ့ ပုံစံကြောင့် Purple Wedding လို့တောင် ခေါ်ကြပါတယ်။ ဒီအချိန်ကတော့ ပရိသတ်အများစု ပျော်ခဲ့ရတဲ့အချိန် ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ အံ့ဩဖို့ကောင်းတဲ့ Oberyn Martell ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ Tyrion ကတော့ Joffrey ကို သတ်လိုက်တယ်လို့ စွပ်စွဲခံခဲ့ရပြီး တရားခွင်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီမှာတင် Tyrion ဟာ သူသေကိုယ်သေ တိုက်ခိုက်ပွဲနဲ့ တရားရင်ဆိုင်မှုကို တောင်းဆိုခဲ့ပြီး Oberyn က Tyrion ဘက်က တိုက်ခိုက်ပေးခဲ့ပါတယ်။ The Mountain နဲ့ တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ရတဲ့ ဒီပွဲမှာတော့ Oberyn ဟာ နိုင်မလို ဖြစ်နေပြီးမှ ဆိုးဆိုးရွားရွား အရေးနိမ့်ကာ အသက်ပျောက်ခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းဟာလည်း ပရိသတ်တွေကို အံ့ဩသွားစေတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။

Season 5: Sansa ရဲ့ အိမ်ထောင်ရေး
photo via screenrant

ပရိသတ်တွေ မုန်းတီးကြတဲ့ Joffrey ဟာ season 4 ထဲမှာ သေဆုံးသွားပြီး နောက်မှာတော့ နောက်ထပ် လူမုန်းများတဲ့ ဗီလိန်တစ်ယောက် season 5 မှာ ပါဝင်လာပါတယ်။ အဲ့ဒါကတော့ Ramsay ဖြစ်ပြီး Joffrey ထက် ပိုပြီးရက်စက်တတ်တဲ့ ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။

အစောပိုင်းမှာတည်းက Ramsay ဟာ သူ့ရဲ့ ရက်စက်မှုတွေကို Theon အပေါ်မှာ ပြသခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် ပိုပြီး ဝမ်းနည်းဖို့ကောင်းတဲ့ အချက်ကတော့ Sansa ဟာ Ramsay နဲ့ လက်ထပ်လိုက်ရတာပဲ ဖြစ်ပါတယ်။ Ramsay ဟာ Sansa ကို အဓမ္မကျင့်ခဲ့တဲ့အပြင် အဲ့ဒီလုပ်ရပ်ကိုလည်း Theon ကို ကြည့်ခိုင်းခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းဟာလည်း ဒီဇာတ်လမ်းတွဲထဲက ကြည့်ရှုဖို့ ခက်ခဲတဲ့ ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ပါတယ်။

Season 6: Hold The Door
photo via screenrant

Season 6 ကတော့ Game of Thrones ရဲ့ အဆုံးသတ်အတွက် အစပဲ ဖြစ်ပါတယ်။ ဒီ season ထဲမှာတော့ လူသားတွေရဲ့ တိုက်ပွဲတွေထက် White Walker တွေနဲ့ လူသားတွေရဲ့ တိုက်ပွဲအတွက် စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဒီ season ထဲမှာလည်း သေဆုံးခဲ့သူတွေ ရှိပေမယ့် အားလုံးထဲမှာတော့ Hodor ရဲ့ သေဆုံးမှုဟာ ဝမ်းနည်းစရာ အကောင်းဆုံးနဲ့ အံ့ဩစရာအကောင်းဆုံး ဖြစ်ပါတယ်။

Hodor ရဲ့ တစ်ဘဝလုံးဟာ သူ့ရဲ့ သေဆုံးမှုကြောင့် ဖြစ်တည်လာတာလို့တောင် ပြောလို့ရပါတယ်။ Bran ဟာ အတိတ်က Hodor ကို ထိန်းချုပ်နေရင်းနဲ့ ပစ္စုပ္ပန်မှာ လွတ်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့်လည်း Hodor ရဲ့ တစ်ဘဝလုံးဟာ ကျပ်မပြည့်သလို ဖြစ်သွားပြီး နောက်ဆုံးမှာလည်း Bran လွတ်မြောက်ဖို့အတွက် သူ့ကိုယ်သူ အသက်ပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

Season 7: Viserion ရဲ့ သေဆုံးမှု
photo via screenrant

Season 7 ကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး ဒီ season ဟာ ဇာတ်သိမ်းကို ရောက်ဖို့အတွက် လောလွန်းနေတယ်လို့ အများစုက ယုံကြည်ခဲ့ပါတယ်။ ဇာတ်လမ်းအတွက် အရေးကြီးတဲ့ အချက်တွေနဲ့ လိုအပ်တဲ့ ဇာတ်ကောင်စရိုက် ပြောင်းလဲမှုတွေကို သေသေချာချာ မပြခဲ့ဘူးလို့လည်း ဝေဖန်ခံခဲ့ရပါတယ်။

ဒီထဲက Beyond The Wall အပိုင်းထဲမှာတော့ Cersei ယုံကြည်သွားအောင် သက်သေပြဖို့ Jon နဲ့ လူတစ်စုဟာ White Walker တစ်ယောက်ကို ဖမ်းဆီးဖို့အတွက် နံရံတစ်ဘက်ခြမ်းကို သွားခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့တွေဟာ ပိတ်မိသွားပြီး Daenerys ကတော့ သူမရဲ့ နဂါးသုံးကောင်နဲ့ လာကယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Night King ရဲ့ လက်ချက်ကြောင့် Daenerys ရဲ့ နဂါးတစ်ကောင်ဖြစ်တဲ့ Viserion က သေဆုံးသွားခဲ့ပါတယ်။ ဒီအချက်ကတော့ ဝမ်းနည်းစရာထက် အံ့ဩသွားစေတယ်ဆိုရင် ပိုပြီးမှန်မယ် ထင်ပါတယ်။

Season 8: Jon and Daenerys
photo via screenrant

ဒီ season ဟာလည်း လိုအပ်ချက်တွေနဲ့ အရေးကြီးတဲ့ ဇာတ်ကောင်စရိုက် ပြောင်းလဲမှုတွေကို မပြသခဲ့ဘူးလို့ ဝေဖန်ခံခဲ့ရပါတယ်။ အကြောင်းကတော့ ဒီ season ထဲမှာ Daenerys ဟာ ချက်ချင်းကြီး ဗီလိန်တစ်ယောက်လိုမျိူး ဖြစ်သွားတယ်လို့ ယူဆကြလို့ပဲ ဖြစ်ပါတယ်။ အခုလိုမျိူး ပရိသတ်တွေက ဝေဖန်ခဲ့ကြပေမယ့်လည်း Kit Harrington နဲ့ Emilia Clarke တို့ရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် ဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။

ဒါကတော့ Game of Thrones ဇာတ်လမ်းတွဲထဲက ဝမ်းနည်းစရာအကောင်းဆုံး အခိုက်အတန့်လေးတွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ ခံစားမိတဲ့ တစ်ခြားဝမ်းနည်းစရာ အခိုက်အတန့်တွေ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Game of Thrones ဇာတ္လမ္းတြဲဟာ ေရပန္းအစားဆုံးနဲ႔ ေကာင္းမြန္တဲ့ ေဝဖန္ခ်က္ေတြကို ရရွိထားတဲ့ ဇာတ္လမ္းတြဲ တစ္ခု ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ ပုံမွန္ဇာတ္လမ္းတြဲေတြမွာ မေတြ႕ရတဲ့ အရာအမ်ားစုကို ေပါင္းစည္းထားပါတယ္။ သာမန္ေတြ႕ေနက် ဇာတ္လမ္းတြဲေတြနဲ႔ မတူညီတဲ့ ျပကြက္ေတြ၊ ဇာတ္လမ္းအခ်ိဳးအေကြ႕ေတြေၾကာင့္ ၾကည့္ရႈသူေတြအတြက္ မတူညီတဲ့ ခံစားခ်က္မ်ိဴးစုံကို ရရွိေစခဲ့ပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Game of Thrones ဇာတ္လမ္းတြဲထဲက ဝမ္းနည္းစရာအေကာင္းဆုံး အခိုက္အတန႔္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Season 1: Ned Stark ရဲ႕ ေသဆုံးမႈ
photo via screenrant

Game of Thrones ရဲ႕ ပထမဆုံး season ထဲမွာေတာ့ ပရိသတ္ေတြကို ဇာတ္ေကာင္မ်ားစြာရဲ႕ စ႐ိုက္၊ အျပဳအမူေတြနဲ႔ စတင္ မိတ္ဆက္ေပးခဲ့ပါတယ္။ Season 1 ထဲမွာေတာ့ fantasy အမ်ိဴးအစား ဆိုတာထက္ ဒရာမာနဲ႔ ႏိုင္ငံေရးအေၾကာင္းေတြကို ပိုၿပီးအသားေပး ႐ိုက္ကူးခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲကို စတင္ၾကည့္ရႈသူတိုင္းဟာ Ned Stark ကို အဓိက ဇာတ္ေကာင္တစ္ေယာက္လို႔ ထင္မွတ္ခဲ့ၾကပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္လည္း ဒီ season ရဲ႕ ေနာက္ဆုံးမွာ Ned Stark ေသဆုံးသြားတဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြအတြက္ ေရွာ့ခ္ရသြားသလို အေတာ္ေလးလည္း ဝမ္းနည္းခဲ့ရပါတယ္။

Season 2: Joffrey ျပဳသမွ် ႏုေနရတဲ့ Sansa
photo via screenrant

ဒုတိယ season မွာေတာ့ ပရိသတ္ေတြဟာ Stannis က Renly ကို သတ္ခဲ့ပုံ၊ နဂါးေတြနဲ႔ White Walker ေတြကို ျမင္ေတြ႕ခဲ့ရၿပီး ပထမ season ထက္ ပိုၿပီး fantasy ဆန္လာပါတယ္။ ဒါ့အျပင္ လူသားေတြရဲ႕ ဆိုး႐ြားမႈေတြကို ကြက္ကြက္ကြင္းကြင္း ျပသခဲ့ပါတယ္။ Ned Stark ေသဆုံးသြားၿပီး ေနာက္မွာေတာ့ Sansa ဟာ ဘုရင့္ေနျပည္ေတာ္မွာ ဓားစာခံအျဖစ္ ဖမ္းခံထားရၿပီး Joffrey ကေတာ့ Sansa ကို စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာပါ ႏွိပ္စက္ခဲ့ပါတယ္။ ဒီ season ေတြထဲမွာေတာ့ Joffrey ဟာ အဓိကဗီလိန္ ျဖစ္လာခဲ့ပါတယ္။

Season 3: Red Wedding
photo via screenrant

Ned Stark ရဲ႕ ေသဆုံးမႈက သင့္အတြက္ ေရွာ့ခ္ရစရာ ျဖစ္ခဲ့မယ္ဆိုရင္ Red Wedding ကေတာ့ သင့္ကို heart attack ေတာင္ ျဖစ္သြားေစႏိုင္ပါတယ္။ ပရိသတ္အမ်ားစုဟာ Rob ကို ဟီး႐ိုးတစ္ေယာက္အျဖစ္ ရႈျမင္ခဲ့ၾကၿပီး Lannister ေတြကိုေတာင္ အႏိုင္ရေတာ့မယ္လို႔ ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း Red Wedding ထဲမွာေတာ့  Rob နဲ႔ သူ႔ရဲ႕အမ်ိဴးသမီးနဲ႔အတူ ဗိုက္ထဲက ကေလးအျပင္ သူ႔ရဲ႕အေမနဲ႔ သူ႔ရဲ႕စစ္တပ္တစ္ခုလုံးဟာ မဂၤလာေဆာင္မွာ လုပ္ႀကံခံလိုက္ရပါတယ္။ ဒီအခ်က္ကေတာ့ အေတာ္ေလးကို ဝမ္းနည္းဖို႔ေကာင္းသလို ပရိသတ္ေတြကိုလည္း အံ့အားသင့္ေစခဲ့ပါတယ္။

Season 4: Oberyn ရဲ႕ ေသဆုံးမႈ
photo via screenrant

Season 4 ထဲမွာေတာ့ ဇာတ္လမ္းအစတည္းက ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ အခ်ိန္ကို ေရာက္ရွိလာခဲ့ပါတယ္။ ရက္စက္တဲ့ ဘုရင္ျဖစ္သူ Joffrey ဟာ Margaery Tyrell နဲ႔ လက္ထပ္ပြဲမွာ အဆိပ္ခံခဲ့ရၿပီး ေသဆုံးသြားခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ေသဆုံးသြားတဲ့ ပုံစံေၾကာင့္ Purple Wedding လို႔ေတာင္ ေခၚၾကပါတယ္။ ဒီအခ်ိန္ကေတာ့ ပရိသတ္အမ်ားစု ေပ်ာ္ခဲ့ရတဲ့အခ်ိန္ ျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ အံ့ဩဖို႔ေကာင္းတဲ့ Oberyn Martell ကို ပရိသတ္ေတြနဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ Tyrion ကေတာ့ Joffrey ကို သတ္လိုက္တယ္လို႔ စြပ္စြဲခံခဲ့ရၿပီး တရားခြင္ကို ရင္ဆိုင္ခဲ့ရပါတယ္။ ဒီမွာတင္ Tyrion ဟာ သူေသကိုယ္ေသ တိုက္ခိုက္ပြဲနဲ႔ တရားရင္ဆိုင္မႈကို ေတာင္းဆိုခဲ့ၿပီး Oberyn က Tyrion ဘက္က တိုက္ခိုက္ေပးခဲ့ပါတယ္။ The Mountain နဲ႔ တစ္ေယာက္ခ်င္း ရင္ဆိုင္တိုက္ခိုက္ရတဲ့ ဒီပြဲမွာေတာ့ Oberyn ဟာ ႏိုင္မလို ျဖစ္ေနၿပီးမွ ဆိုးဆိုး႐ြား႐ြား အေရးနိမ့္ကာ အသက္ေပ်ာက္ခဲ့ရပါတယ္။ ဒီဇာတ္ဝင္ခန္းဟာလည္း ပရိသတ္ေတြကို အံ့ဩသြားေစတဲ့ အခိုက္အတန႔္တစ္ခု ျဖစ္ပါတယ္။

Season 5: Sansa ရဲ႕ အိမ္ေထာင္ေရး
photo via screenrant

ပရိသတ္ေတြ မုန္းတီးၾကတဲ့ Joffrey ဟာ season 4 ထဲမွာ ေသဆုံးသြားၿပီး ေနာက္မွာေတာ့ ေနာက္ထပ္ လူမုန္းမ်ားတဲ့ ဗီလိန္တစ္ေယာက္ season 5 မွာ ပါဝင္လာပါတယ္။ အဲ့ဒါကေတာ့ Ramsay ျဖစ္ၿပီး Joffrey ထက္ ပိုၿပီးရက္စက္တတ္တဲ့ ဗီလိန္တစ္ေယာက္ ျဖစ္ပါတယ္။

အေစာပိုင္းမွာတည္းက Ramsay ဟာ သူ႔ရဲ႕ ရက္စက္မႈေတြကို Theon အေပၚမွာ ျပသခဲ့ၿပီးသား ျဖစ္ပါတယ္။ ဒါ့အျပင္ ပိုၿပီး ဝမ္းနည္းဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ Sansa ဟာ Ramsay နဲ႔ လက္ထပ္လိုက္ရတာပဲ ျဖစ္ပါတယ္။ Ramsay ဟာ Sansa ကို အဓမၼက်င့္ခဲ့တဲ့အျပင္ အဲ့ဒီလုပ္ရပ္ကိုလည္း Theon ကို ၾကည့္ခိုင္းခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းဟာလည္း ဒီဇာတ္လမ္းတြဲထဲက ၾကည့္ရႈဖို႔ ခက္ခဲတဲ့ ဇာတ္ဝင္ခန္းတစ္ခု ျဖစ္ပါတယ္။

Season 6: Hold The Door
photo via screenrant

Season 6 ကေတာ့ Game of Thrones ရဲ႕ အဆုံးသတ္အတြက္ အစပဲ ျဖစ္ပါတယ္။ ဒီ season ထဲမွာေတာ့ လူသားေတြရဲ႕ တိုက္ပြဲေတြထက္ White Walker ေတြနဲ႔ လူသားေတြရဲ႕ တိုက္ပြဲအတြက္ စတင္ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ ထုံးစံအတိုင္း ဒီ season ထဲမွာလည္း ေသဆုံးခဲ့သူေတြ ရွိေပမယ့္ အားလုံးထဲမွာေတာ့ Hodor ရဲ႕ ေသဆုံးမႈဟာ ဝမ္းနည္းစရာ အေကာင္းဆုံးနဲ႔ အံ့ဩစရာအေကာင္းဆုံး ျဖစ္ပါတယ္။

Hodor ရဲ႕ တစ္ဘဝလုံးဟာ သူ႔ရဲ႕ ေသဆုံးမႈေၾကာင့္ ျဖစ္တည္လာတာလို႔ေတာင္ ေျပာလို႔ရပါတယ္။ Bran ဟာ အတိတ္က Hodor ကို ထိန္းခ်ဳပ္ေနရင္းနဲ႔ ပစၥဳပၸန္မွာ လြတ္ေျမာက္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ေၾကာင့္လည္း Hodor ရဲ႕ တစ္ဘဝလုံးဟာ က်ပ္မျပည့္သလို ျဖစ္သြားၿပီး ေနာက္ဆုံးမွာလည္း Bran လြတ္ေျမာက္ဖို႔အတြက္ သူ႔ကိုယ္သူ အသက္ေပးခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

Season 7: Viserion ရဲ႕ ေသဆုံးမႈ
photo via screenrant

Season 7 ကေတာ့ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကို ခံခဲ့ရၿပီး ဒီ season ဟာ ဇာတ္သိမ္းကို ေရာက္ဖို႔အတြက္ ေလာလြန္းေနတယ္လို႔ အမ်ားစုက ယုံၾကည္ခဲ့ပါတယ္။ ဇာတ္လမ္းအတြက္ အေရးႀကီးတဲ့ အခ်က္ေတြနဲ႔ လိုအပ္တဲ့ ဇာတ္ေကာင္စ႐ိုက္ ေျပာင္းလဲမႈေတြကို ေသေသခ်ာခ်ာ မျပခဲ့ဘူးလို႔လည္း ေဝဖန္ခံခဲ့ရပါတယ္။

ဒီထဲက Beyond The Wall အပိုင္းထဲမွာေတာ့ Cersei ယုံၾကည္သြားေအာင္ သက္ေသျပဖို႔ Jon နဲ႔ လူတစ္စုဟာ White Walker တစ္ေယာက္ကို ဖမ္းဆီးဖို႔အတြက္ နံရံတစ္ဘက္ျခမ္းကို သြားခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ေတြဟာ ပိတ္မိသြားၿပီး Daenerys ကေတာ့ သူမရဲ႕ နဂါးသုံးေကာင္နဲ႔ လာကယ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Night King ရဲ႕ လက္ခ်က္ေၾကာင့္ Daenerys ရဲ႕ နဂါးတစ္ေကာင္ျဖစ္တဲ့ Viserion က ေသဆုံးသြားခဲ့ပါတယ္။ ဒီအခ်က္ကေတာ့ ဝမ္းနည္းစရာထက္ အံ့ဩသြားေစတယ္ဆိုရင္ ပိုၿပီးမွန္မယ္ ထင္ပါတယ္။

Season 8: Jon and Daenerys
photo via screenrant

ဒီ season ဟာလည္း လိုအပ္ခ်က္ေတြနဲ႔ အေရးႀကီးတဲ့ ဇာတ္ေကာင္စ႐ိုက္ ေျပာင္းလဲမႈေတြကို မျပသခဲ့ဘူးလို႔ ေဝဖန္ခံခဲ့ရပါတယ္။ အေၾကာင္းကေတာ့ ဒီ season ထဲမွာ Daenerys ဟာ ခ်က္ခ်င္းႀကီး ဗီလိန္တစ္ေယာက္လိုမ်ိဴး ျဖစ္သြားတယ္လို႔ ယူဆၾကလို႔ပဲ ျဖစ္ပါတယ္။ အခုလိုမ်ိဴး ပရိသတ္ေတြက ေဝဖန္ခဲ့ၾကေပမယ့္လည္း Kit Harrington နဲ႔ Emilia Clarke တို႔ရဲ႕ သ႐ုပ္ေဆာင္ေကာင္းမႈေၾကာင့္ ဝမ္းနည္းဖို႔ေကာင္းတဲ့ ဇာတ္ဝင္ခန္းတစ္ခု ျဖစ္သြားခဲ့ပါတယ္။

ဒါကေတာ့ Game of Thrones ဇာတ္လမ္းတြဲထဲက ဝမ္းနည္းစရာအေကာင္းဆုံး အခိုက္အတန႔္ေလးေတြကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ခံစားမိတဲ့ တစ္ျခားဝမ္းနည္းစရာ အခိုက္အတန႔္ေတြ ရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular