HomeEntertainmentMusicHailey အပေါ်ထားတဲ့ အချစ်တွေကို MV အသစ်နဲ့ ဖော်ပြလိုက်တဲ့ Justin Bieber 

Hailey အပေါ်ထားတဲ့ အချစ်တွေကို MV အသစ်နဲ့ ဖော်ပြလိုက်တဲ့ Justin Bieber 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Justin Bieber ဟာ Anyone (On The Road) လို့ အမည်ရတဲ့ music video တစ်ပုဒ်ကို ဇန်နဝါရီလ (၂၈)ရက်နေ့ညပိုင်းက ထွက်ရှိလိုက်ပါတယ်။

အဆိုပါ MV ထဲမှာတော့ Justin ဟာ သူ့ရဲ့ဇနီးသည် Hailey Bieber အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း ဖော်ပြထားသလို နှစ်ယောက်သား ချစ်ကြည်နူးနေတဲ့ ခပ်ဟော့ဟော့ ပုံရိပ်တွေကိုလည်း MV ထဲမှာ အဖြူအမည်းဗားရှင်းနဲ့ ထည့်သွင်းပြထားပါတယ်။

Photo: justinbieber/ Instagram

Anyone လို့ အမည်ရတဲ့ ဒီသီချင်းဟာ ဇန်နဝါရီလ(၁)ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပြီး အခုကတော့ (On The Road) ဆိုပြီး Justin နဲ့ Hailey တို့ နှစ်ယောက်အတူ သွားခဲ့ဖူးတဲ့ ခရီးတွေက ပုံရိပ်တွေနဲ့ နောက်ထပ် ဗားရှင်းတစ်ခု ထပ်မံထွက်ရှိလိုက်တာ ဖြစ်ပါတယ်။ ဒီ MV အသစ်ထဲမှာတော့ JB ကို တက်တူးအမိုက်စားတွေ အပါအဝင် အောက်ခံဘောင်းဘီတစ်ခုတည်းနဲ့တောင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Photo: justinbieber/ Instagram

JB ကတော့ ဒီသီချင်းသစ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာ စာမျက်နှာမှာ အသိပေးခဲ့ပါသေးတယ်။ “၂၀၂၀ကို ကျောခိုင်းပြီး ၂၀၂၁ကို ပွေ့ဖက်ဖို့ရာ သီချင်းသစ် ထွက်ရှိပြီး ကမ္ဘာပေါ်က ကျွန်တော့်ပရိသတ်တွေ အားလုံးနဲ့ မျှဝေခံစားဖို့ထက် ကောင်းတဲ့နည်းလမ်းကို ရှာမတွေ့ပါဘူး။ ဒီနှစ်ထဲမှာ ကျွန်တော်တို့အားလုံးအတွက် ဂီတဟာ အရေးကြီးတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။ ကျွန်တော့်တစ်ယောက်တည်း အတွက်ဆိုရင်လည်း ဂီတဟာ ကုစားပေးနိုင်တဲ့ ဆေးတစ်ခွက်ဖြစ်ပြီး ပြုပြင်ပြောင်းလဲနိုင်စေတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ် ….” လို့ JB က ဆိုထားပါတယ်။

ယခုအသစ်ထွက်ရှိလာတဲ့ MV ကို ကြည့်ရှုခံစားလိုက်မယ်ဆိုရင်တော့ Hailey အပေါ်ထားတဲ့ JB ရဲ့ လေးနက်တဲ့ ချစ်ခြင်းနဲ့ ယုံကြည်ကိုးစားခြင်းတွေကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။

Linda December
(Zawgyi Version)

Justin Bieber ဟာ Anyone (On The Road) လို႔ အမည္ရတဲ့ music video တစ္ပုဒ္ကို ဇန္နဝါရီလ (၂၈)ရက္ေန႔ညပိုင္းက ထြက္ရွိလိုက္ပါတယ္။

အဆိုပါ MV ထဲမွာေတာ့ Justin ဟာ သူ႔ရဲ႕ဇနီးသည္ Hailey Bieber အေပၚထားတဲ့ ခ်စ္ျခင္းေမတၱာေတြကိုလည္း ေဖာ္ျပထားသလို ႏွစ္ေယာက္သား ခ်စ္ၾကည္ႏူးေနတဲ့ ခပ္ေဟာ့ေဟာ့ ပုံရိပ္ေတြကိုလည္း MV ထဲမွာ အျဖဴအမည္းဗားရွင္းနဲ႔ ထည့္သြင္းျပထားပါတယ္။

Photo: justinbieber/ Instagram

Anyone လို႔ အမည္ရတဲ့ ဒီသီခ်င္းဟာ ဇန္နဝါရီလ(၁)ရက္ေန႔က ထြက္ရွိခဲ့တာျဖစ္ၿပီး အခုကေတာ့ (On The Road) ဆိုၿပီး Justin နဲ႔ Hailey တို႔ ႏွစ္ေယာက္အတူ သြားခဲ့ဖူးတဲ့ ခရီးေတြက ပုံရိပ္ေတြနဲ႔ ေနာက္ထပ္ ဗားရွင္းတစ္ခု ထပ္မံထြက္ရွိလိုက္တာ ျဖစ္ပါတယ္။ ဒီ MV အသစ္ထဲမွာေတာ့ JB ကို တက္တူးအမိုက္စားေတြ အပါအဝင္ ေအာက္ခံေဘာင္းဘီတစ္ခုတည္းနဲ႔ေတာင္ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Photo: justinbieber/ Instagram

JB ကေတာ့ ဒီသီခ်င္းသစ္နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ဆိုရွယ္မီဒီယာ စာမ်က္ႏွာမွာ အသိေပးခဲ့ပါေသးတယ္။ “၂၀၂၀ကို ေက်ာခိုင္းၿပီး ၂၀၂၁ကို ေပြ႕ဖက္ဖို႔ရာ သီခ်င္းသစ္ ထြက္ရွိၿပီး ကမာၻေပၚက ကြၽန္ေတာ့္ပရိသတ္ေတြ အားလုံးနဲ႔ မွ်ေဝခံစားဖို႔ထက္ ေကာင္းတဲ့နည္းလမ္းကို ရွာမေတြ႕ပါဘူး။ ဒီႏွစ္ထဲမွာ ကြၽန္ေတာ္တို႔အားလုံးအတြက္ ဂီတဟာ အေရးႀကီးတဲ့ေနရာကေန ပါဝင္ခဲ့ပါတယ္။ ကြၽန္ေတာ့္တစ္ေယာက္တည္း အတြက္ဆိုရင္လည္း ဂီတဟာ ကုစားေပးႏိုင္တဲ့ ေဆးတစ္ခြက္ျဖစ္ၿပီး ျပဳျပင္ေျပာင္းလဲႏိုင္ေစတဲ့ အရာတစ္ခုလည္း ျဖစ္ပါတယ္ ….” လို႔ JB က ဆိုထားပါတယ္။

ယခုအသစ္ထြက္ရွိလာတဲ့ MV ကို ၾကည့္ရႈခံစားလိုက္မယ္ဆိုရင္ေတာ့ Hailey အေပၚထားတဲ့ JB ရဲ႕ ေလးနက္တဲ့ ခ်စ္ျခင္းနဲ႔ ယုံၾကည္ကိုးစားျခင္းေတြကို ျမင္ေတြ႕ခံစားရမွာ ျဖစ္ပါတယ္။

Linda December

 

 

RELATED ARTICLES

Most Popular