HomeCelebs Update NewsInternationalVecna ရဲ့လက်က ကယ်တင်ပေးနိုင်မယ့် Taylor Swift သီချင်းကို ပြောပြလာတဲ့ Sadie Sink

Vecna ရဲ့လက်က ကယ်တင်ပေးနိုင်မယ့် Taylor Swift သီချင်းကို ပြောပြလာတဲ့ Sadie Sink

*** SPOILER ALERT ***

Stranger Things သရုပ်ဆောင် မင်းသမီးလေး Sadie Sink ကတော့ season 4 ထဲက သူမရဲ့ဇာတ်ကောင် Max ကို Vecna ဆီကနေ လွတ်မြောက်စေခဲ့တဲ့ သီချင်းလိုပဲ သူမရဲ့တကယ့်ဘဝမှာလည်း အလားတူ လွတ်မြောက်စေမယ့် သီချင်းကို ပြောပြလာပါတယ်။ အဲဒါကတော့ Sadie ဟာ Taylor Swift ရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်တာနဲ့အညီ သူမအတွက် အရေးပါတဲ့ Taylor Swift ရဲ့သီချင်းနှစ်ပုဒ်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။

အသက်(၂၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Sadie Sink ဟာ Stranger Things season 4 ထဲမှာတော့ “Dear Billy” ဆိုတဲ့အပိုင်းမှာ သူမရဲ့ အရေးကြီးတဲ့ ဇာတ်ဝင်ခန်း‌တွေ ပါဝင်ခဲ့ပါတယ်။ ထူးဆန်းစွာပဲ Vecna ရဲ့အန္တရာယ်က သူမကို လွတ်မြောက်စေခဲ့တာကတော့ သူမရဲ့အကြိုက်ဆုံး သီချင်းတစ်ပုဒ် ဖြစ်နေပါတယ်။

Photo Credit: Netflix

Sadie ဟာ မကြာသေးခင်ကပဲ Netflix ရဲ့ Tudum ဝက်ဘ်ဆိုဒ်မှာ သူမကို လွတ်မြောက်စေမယ့် အကြိုက်ဆုံးသီချင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီသီချင်းကတော့ Taylor Swift ရဲ့ “august” လို့ သိရပါတယ်။ “အရိုးသားဆုံး ပြောပြရရင် အဲဒီသီချင်းလေးက ကျွန်မကို ဘယ်လိုအရာမျိုးကနေမဆို ပြန်ပြီးနိုးကြားလာအောင် လုပ်ပေးနိုင်ပါတယ် …” လို့ ဆိုထားပြီး ၂၀၂၁ ခုနှစ်အတွင်း သူမအများဆုံး နားထောင်တဲ့ သီချင်းကတော့ Taylor Swift ရဲ့ “the 1” လို့ သိရပါတယ်။

Stranger Things Season 4 ရဲ့ Vol. 1 ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထွက်ရှိလာခဲ့ပြီး ဒီထဲမှာတော့ Max ရဲ့ဇာတ်ကောင်ဟာလည်း အရေးပါတဲ့နေရာက ပါဝင်လာပါတယ်။ အပိုင်းတစ်ပိုင်းမှာတော့ Max ဟာ သဘာဝလွန်ဗီလိန်တစ်ယောက် ဖြစ်တဲ့ Vecna ရဲ့သားကောင်အဖြစ် ပစ်မှတ်ဖြစ်သွားပါတယ်။ Vecna ကတော့ Hawkins မြို့က စိတ်ဒဏ်ရာနဲ့ ဆယ်ကျော်သက်တွေကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Photo Credit: Netflix

Max ကတော့ သူမရဲ့အစ်ကိုဖြစ်သူ Billy ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး အပြစ်ရှိသလို ခံစားနေရတာကြောင့် Vecna ရဲ့သားကောင် ဖြစ်လာတာပါ။ Vecna ဟာ တခြားသော ဆယ်ကျော်သက်တွေလိုပဲ Max ကို အန္တရာယ်ပြုတော့မယ့် အချိန်မှာပဲ သူမရဲ့သူငယ်ချင်းတွေဟာ သူမရဲ့အကြိုက်ဆုံး သီချင်းတစ်ပုဒ်က Vecna ဆီကနေ သူမကို ကယ်တင်နိုင်မယ့်အကြောင်း သိရှိသွားကြပါတယ်။

စိတ်လှုပ်ရှားစရာအကောင်းဆုံး ဒီအခိုက်အတန့်လေးမှာတော့ Max ရဲ့အကြိုက်ဆုံးသီချင်းဟာ ၁၉၈၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အဆိုတော် Kate Bush ရဲ့ Running Up That Hill (A Deal with God) ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဒီသီချင်းဟာလည်း ထွက်ရှိခဲ့ပြီးတာ (၃၇)နှစ်ကျော် ကြာမြင့်ခဲ့ပြီးမှ Stranger Things ထဲမှာ အခုလို ဇာတ်ဝင်တေးအဖြစ် အသုံးပြုခံရပြီး iTunes မှာ နံပါတ်(၁)ချိတ်နေပြီ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

ဇာတ်လမ်းထဲမှာတော့ Max ဟာ Kate Bush ရဲ့ပရိသတ်တစ်ယောက် ဖြစ်ပြီး သရုပ်ဆောင် Sadie Sink ကတော့ Taylor Swift ရဲ့ ပရိသတ်တစ်ယောက် ဖြစ်နေပါတယ်။ ဒါ့အပြင် Sadie ဟာ Taylor Swift ရဲ့ဇာတ်လမ်းတိုဖြစ်တဲ့ All Too Well ထဲမှာလည်း မင်းသား Dylan O’Brien နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ပါသေးတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular