HomeCelebs Update NewsKoreaK-Drama တွေထဲက Chemistry အမိဆုံး Second Lead စုံတွဲများ

K-Drama တွေထဲက Chemistry အမိဆုံး Second Lead စုံတွဲများ

ဒရာမာတွေထဲမှာတော့ main couple တွေရဲ့ သရုပ်ဆောင်ထိမိမှုတွေက ပရိသတ်တွေကို အဖမ်းစားဆုံးပါပဲ။ သို့သော်လည်း second lead couple တွေကြားထဲက chemistry တွေဟာလည်း ပရိသတ်တွေကို ပြီးပြည့်စုံတဲ့ ခံစားမှုရသကို ပေးစွမ်းပါသေးတယ်။ ဒါကြောင့်ပဲ ဒရာမာတွေထဲမှာ ကြည့်ရှုသူပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားအောင် ဖြစ်စေခဲ့တဲ့ chemistry အမိဆုံး second lead couple တွေကို ဖော်ပြပေးလိုက်ပါတယ်။

Goblin ထဲက Sunny နဲ့သေမင်း

Photo via soompi

ကိုရီးယားဒရာမာပရိသတ်တွေကြားမှာတော့ Goblin ဇာတ်လမ်းတွဲထဲက Sunny နဲ့သေမင်းတို့အတွဲကို အားပေးသူ အမြောက်အများ ရှိပါတယ်။ ဇာတ်လမ်းကတော့ Kim Shin ဆိုတဲ့ နှစ်ပေါင်းကိုးရာသက်တမ်းရှိတဲ့ မှင်စာတစ်ယောက်ဟာ သူ့ရင်ဘတ်မှာစိုက်နေတဲ့ ဓားကို ဆွဲနှုတ်ပေးနိုင်မယ့် လူသားသတို့သမီးတစ်ယောက်ကို ရှာဖွေနေတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ အဲဒီသတို့သမီးကတော့ Ji Eun Tak ဆိုတဲ့ ကောင်မလေး ဖြစ်နေပါတယ်။

Kim Shin နဲ့ Ji Eun Tak တို့ရဲ့ အချစ်ဇာတ်လမ်းနဲ့အပြိုင်ပဲ Ji Eun Tak ရဲ့သူဌေး ကြက်ကြော်ဆိုင်ပိုင်ရှင် Sunny ကို အရူးအမူးချစ်ကြိုက်နေတဲ့ သေမင်းတို့နှစ်ယောက်ကြားက ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို တခဲနက် အားပေးခဲ့ကြပါတယ်။

Run On ထဲက Lee Young Hwa နဲ့ Seo Dan Ah

Photo via soompi

Seo Dan Ah ကတော့ စိတ်ဓာတ်ခိုင်မာတဲ့ အမှီအခိုကင်းသူ ဖြစ်ပြီး အားကစားအေဂျင်စီတစ်ခုရဲ့ စီအီးအို ဖြစ်ပါတယ်။ ဒီလိုကောင်မလေး Seo Dan Ah ဟာ တစ်နေ့မှာတော့ အနုပညာကျောင်းသားလေး Lee Young Hwa နဲ့ တွေ့ဆုံမိသွားပါတယ်။ သူတို့နှစ်ယောက်ဟာ personality ချင်း မတူညီကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိပ်ကိုချစ်ခင်မိသွားကြတဲ့ ချစ်သူနှစ်ယောက် ဖြစ်သွားပုံလေးက ပရိသတ်တွေအတွက်လည်း နွေးထွေးတဲ့ ခံစားမှုကို ရရှိစေခဲ့ပါတယ်။

Descendants of the Sun ထဲက Yoo Myung Joo နဲ့ Suh Dae Young

Photo via soompi

classic ဒရာမာတစ်ခုလို့ ပြောလို့ရတဲ့ Descendants of the Sun ထဲမှာတော့ Kim Ji Won က Yoo Myung Joo အဖြစ် သရုပ်ဆောင်ထားပြီး Jin Goo ကတော့ Suh Dae Young အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်လုံးဟာ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေကြသူတွေ ဖြစ်ပြီး Myung Joo ကတော့ စစ်ဘက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတည်းက သူတို့နှစ်ယောက်ဟာ ချစ်နေကြတာ ဖြစ်ပေမယ့် မတူညီတဲ့ လူမှုရေးနောက်ခံ အသိုင်းအဝိုင်းတွေရဲ့ ဖိအားကြောင့် ကွဲကွာနေခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းကတော့ တခါတရံမှာ အသည်းကွဲရသလို တခါတရံမှာတော့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ဖြစ်ပါတယ်။

A Business Proposal ထဲက Cha Sung Hoon နဲ့ Jin Young Seo

Photo Credit: Kakao Entertainment

A Business Proposal ထဲမှာတော့ main couple နှစ်ယောက်ရဲ့ ဆွဲဆောင်မှုကောင်းလွန်းတဲ့ အချစ်ဇာတ်လမ်းက ပရိသတ်အားလုံးရဲ့ အာရုံတွေကို ဖမ်းစားထားပေမယ့်လည်း second lead couple နှစ်ယောက်ဖြစ်တဲ့ Cha Sung Hoon နဲ့ Jin Young Seo တို့ရဲ့ ဇာတ်လမ်းလေးဟာလည်း ကောင်းမွန်နေပါတယ်။ ဇာတ်ရှိန်တဖြည်းဖြည်း မြင့်တက်လာတာနဲ့အမျှ သူတို့နှစ်ယောက်ကြားက အချစ်ရေးဟာလည်း အရှိန်မြင့်တက်ပြီး အချစ်ပန်းတွေ ဘယ်လိုတောင် ပွင့်ဖူးလာတယ်ဆိုတာ ကြည့်ရှုသူတွေ တခဲနက် အားပေးခဲ့ကြတာက သက်သေပါပဲ။

High Society ထဲက Lee Ji Yi နဲ့ Yoo Chang Soo

Photo via soompi

High Society ထဲက ဒီ second lead couple နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာလည်း ပရိသတ်တွေကို အသည်းတယားယား ဖြစ်စေတာ အမှန်ပါပဲ။ Lee Ji Yi ကတော့ ဆင်းရဲတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပြီး သူမရဲ့ဘဝနဲ့ အချစ်ရေးနဲ့ ပတ်သက်လာရင် လက်တွေ့ကျတာကိုပဲ နှစ်သက်သူ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ သူမရဲ့ကုမ္ပဏီစီအီးအို Yoo Chang Soo က သူမဘဝထဲကို ဝင်လာပြီး သူမကို ချစ်မိသွားတဲ့အခါမှာတော့ လက်တွေ့သမားလေး Lee Ji Yi အတွက် အခက်တွေ့စရာ ဖြစ်လာရပါတယ်။ အဆင့်အတန်း၊ အခြေအနေ ကွာခြားလွန်းတဲ့ သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို ကြည့်ရှုရတာဟာ ပရိသတ်တွေအတွက်တော့ တကယ်ကို ရင်တဖိုဖို ဖြစ်စေမှာပါပဲ။

Crash Landing On You ထဲက Gu Seung Jun နဲ့ Seo Dan

Photo via soompi

Crash Landing On You ထဲမှာတော့ အဓိကဇာတ်ကောင်နှစ်ယောက် ဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ကြားက ဆွတ်ပျံ့လွမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းကို ပရိသတ်တိုင်း မေ့လို့ရကြမှာ မဟုတ်ပါဘူး။ အလားတူပဲ second lead နှစ်ယောက်ဖြစ်တဲ့ Seo Ji Hye နဲ့ Kim Jung Hyun တို့ သရုပ်ဆောင်ထားတဲ့ Gu Seung Jun နဲ့ Seo Dan တို့စုံတွဲကြားက အချစ်ဇာတ်လမ်းလေးဟာလည်း သူ့အနေအထားနဲ့သူ ကြည့်လို့ကောင်းပါတယ်။

ဒါကတော့ k-drama တွေထဲက chemistry သိပ်မိကြတဲ့ second lead couple တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အလားတူ အခြားသော second lead couple တွေ ရှိရင်လည်း ကောမန့်မှာ ပြန်လည်ဝေမျှပေးခဲ့ပါဦး။

Vancouver
RELATED ARTICLES

Most Popular