HomeCelebs Update NewsInternationalSeason 5 အပြီးမှာ Stranger Things ကို နှုတ်ဆက်ရမှာ ဝမ်းနည်းတယ်ဆိုတဲ့ Sadie Sink

Season 5 အပြီးမှာ Stranger Things ကို နှုတ်ဆက်ရမှာ ဝမ်းနည်းတယ်ဆိုတဲ့ Sadie Sink

ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ Netflix ရဲ့ Stranger Things ဇာတ်လမ်းတွဲကတော့ Season 5 နဲ့ ဇာတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Season 5 ဟာ အဓိကသရုပ်ဆောင်တွေ အားလုံးကို နောက်ဆုံးအကြိမ်အနေနဲ့ တစုတစည်းတည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Max Mayfield အဖြစ် သရုပ်ဆောင်ထားတဲ့ Sadie Sink ကတော့ Season 5 အပြီးမှာ Stranger Things ကို နှုတ်ဆက်ရမှာ အလွန်ဝမ်းနည်းဖို့ ကောင်းပါတယ်လို့ ဆိုပါတယ်။

Sadie Sink ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Today Show ထဲမှာ ဒီအကြောင်းတွေကို ပြောသွားတာ ဖြစ်ပါတယ်။ Stranger Things ကို နှုတ်ဆက်ရတာဟာ “ဝမ်းနည်းစရာ”၊ “ကြောက်စရာ” ဖြစ်ပြီး “ဆိုးရွားလွန်းပါတယ်” လို့ ပြောပါတယ်။ ဒါပေမယ့်လည်း Stranger Things အပြီးမှာ သူမဘဝရဲ့ နောက်ထပ် Chapter တစ်ခုကို သွားရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့လည်း ဆိုပါတယ်။

photo via screenrant

“ဒါက နောက်ဆုံး Season ဆိုတာကို ကျွန်မတို့ သိပါတယ်။ အဲ့တော့ ဝမ်းနည်းစရာကောင်းမယ်ဆိုတာ သေချာပေါက်ပါပဲ။ Spoiler မပါအောင် ပြောရရင်တော့ Season 4 အပြီးမှာ ကျွန်မရဲ့ ဇာတ်ကောင်က ဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာ မသိပါဘူး။ ဒါပေမယ့် ကျွန်မ ဆက်လက်ပါဝင်နေဦးမှာပါ။

ဒီကလေးတွေ၊ သရုပ်ဆောင်တွေအားလုံးနဲ့ အဖွဲ့သားတွေအားလုံးက မိသားစုပါ။ လူတွေက ဒီစကားကို အချိန်တိုင်းပြောနေပေမယ့် ကျွန်မကတော့ တကယ်စိတ်ရင်းနဲ့ မိသားစုလို သဘောထားတာပါ။ ဒါတွေ အားလုံးကို နှုတ်ဆက်ရတော့မယ်ဆိုတော့ ဝမ်းနည်းဖို့ရော၊ ကြောက်ဖို့ရော ကောင်းပါတယ်။ ဒါပေမယ့် နောက်ထပ် Chapter တစ်ခုကို သွားရမှာကလည်း စိတ်လှုပ်ရှားစရာတော့ ကောင်းပါတယ် …”

photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ Season 5 ဟာ ဇာတ်သိမ်း ဖြစ်တာကြောင့် အဓိကဇာတ်ကောင်တွေထဲက အနည်းဆုံး တစ်ယောက်လောက်တော့ သေဆုံးသွားနိုင်ချေ ရှိပါတယ်။ ဒါ့အပြင် Duffer Brothers နှစ်ယောက်က Season 5 ကို Pitch တဲ့အချိန်မှာ Netflix ရဲ့ အကြီးအကဲတွေတောင် ငိုခဲ့ကြတယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာ တစ်ခုကတော့ Season 5 ကလည်း ပရိသတ်တွေအတွက် စောင့်မျှော်ရကျိူးနပ်စေမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular