HomeEntertainmentFilmAvengers စူပါဟီးရိုးေတြရဲ႕ ေၾကာက္ခမန္းလိလိ သရုပ္ေဆာင္ေၾကးမ်ား

Avengers စူပါဟီးရိုးေတြရဲ႕ ေၾကာက္ခမန္းလိလိ သရုပ္ေဆာင္ေၾကးမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

ကမာၻႀကီးကို ကယ္တင္ရတာဟာ လြယ္ကူတဲ့အလုပ္ေတာ့ မဟုတ္ပါဘူး။ ဒါေၾကာင့္လည္း စြမ္းစြမ္းတမံ အနစ္နာခံၿပီး ကမာၻႀကီးကို ကာကြယ္ေပးတဲ့ Avengers စူပါဟီးရိုးေတြရဲ႕ သရုပ္ေဆာင္ေၾကးေတြဟာလည္း မိုးေလာက္ကို ျမင့္မားေနတာ ျဖစ္ပါတယ္။

Photo: pinterest

Disney က ထုတ္လုပ္လိုက္တဲ့ Marvel စီးရီးရုပ္ရွင္ေတြထဲက ေလးကားေျမာက္ျဖစ္တဲ့ Avengers: End Game ဟာ ပထမရက္သတၱပတ္မွာတင္ပဲ box office ရဲ႕ စံခ်ိန္ေတြကို ခ်ိဳးသြားပါတယ္။ ရုပ္ရွင္ျပသတဲ့ ပထမအပတ္မွာတင္ တစ္ကမာၻလုံးအေနနဲ႔ (၁.၂)ဘီလ်ံေဒၚလာ ၀င္ေငြရရိွထားၿပီး ယူအက္စ္ တစ္ႏိုင္ငံတည္းမွာေတာ့ ေဒၚလာ သန္း(၃၅၀) ရရိွထားပါတယ္။

Photo: pinterest

မၾကာေသးခင္ကမွ ထုတ္ျပန္လိုက္တဲ့ Hollywood Reporter ရဲ႕ အစီရင္ခံစာအရ Avengers: End Game ထဲက သရုပ္ေဆာင္အခ်ိဳ႕ရဲ႕ သရုပ္ေဆာင္ေၾကးေတြကိုလည္း ေဖာ္ျပထားပါတယ္။

၂၀၁၀ခုႏွစ္က ရုပ္ရွင္ငါးကား စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ Chris Hemsworth (Thor) ဟာ Avengers: Infinity War မွာ ျပန္လည္ညိွႏိႈင္းၿပီးသကာလ ရုပ္ရွင္တစ္ကားကို ေဒၚလာ(၁၅)သန္းနဲ႔ သန္း(၂၀)ၾကားမွာ ရရိွတယ္လို႔ ဆိုပါတယ္။ အလားတူပဲ ရုပ္ရွင္ငါးကား စာခ်ဳပ္ခ်ဳပ္ထားတဲ့ Chris Evans (Captain America) ဟာလည္း Chris Hemsworth နဲ႔ ေၾကးအတူတူပဲ ရရိွတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ဒီေၾကးဟာ Chris Evans အတြက္ေတာ့ ဧည့္သည္သရုပ္ေဆာင္ခ မပါတဲ့ ေၾကးျဖစ္ပါတယ္။ တကယ္လို႔ Marvel ရုပ္ရွင္ေတြမွာပဲ အခန္းအနည္းငယ္ ပါ၀င္ရဦးမယ္ဆိုရင္ Captain ကို ထပ္ေဆာင္းေပးရဦးမွာ ျဖစ္ပါတယ္။

Photo: pinterest

လက္ရိွ Avengers ရုပ္ရွင္ေတြမွာ ပါ၀င္ၿပီး ၂၀၂၀ခုႏွစ္ ဆိုလိုရုပ္ရွင္ ထြက္လာဖို႔ရိွတဲ့ Scarlett Johansson (Black Widow) ကေတာ့ လာမယ့္ဆိုလိုရုပ္ရွင္မွာဆို ေဒၚလာ သန္း(၂၀)ပတ္၀န္းက်င္ ရရိွႏိုင္မယ္လို႔ ဆိုထားပါတယ္။

Photo: pinterest

Tony Stark အျဖစ္ သရုပ္ေဆာင္ထားတဲ့ Robert Downey Jr. ကေတာ့ Iron Man ရုပ္ရွင္အားလုံးမွာ ဆက္တိုက္သရုပ္ေဆာင္လာခဲ့တာ ၂၀၀၈ခုႏွစ္တည္းကျဖစ္လို႔ ဆယ္စုႏွစ္တစ္ခု ရိွေနခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Robert ဟာ ေနာက္ပိုင္းမွာ studio chief ျဖစ္သူ Kevin Feige နဲ႔ ညိွႏိႈင္းခဲ့ၿပီး ရုပ္ရွင္ရဲ႕အျမတ္ေငြေပၚ မူတည္ၿပီး ရာခိုင္ႏႈန္းနဲ႔ သရုပ္ေဆာင္ေၾကးေပးဖို႔ သေဘာတူခဲ့ပါတယ္။ Infinity War ရုပ္ရွင္အၿပီး Robert ရရိွတဲ့ အႏုပညာေၾကးဟာ အနည္းဆုံး ေဒၚလာ (၇၅)သန္း ရိွပါတယ္။ ၂၀၁၇ခုႏွစ္မွာ ထြက္ရိွခဲ့တဲ့ Spider-man: Homecoming ရုပ္ရွင္မွာ သုံးရက္တည္း ပါ၀င္သရုပ္ေဆာင္ခဲ့ၿပီး ေဒၚလာ (၁၅)သန္း ရရိွခဲ့တာကလည္း အ့ံၾသစရာေတာ့ မရိွေတာ့ပါဘူး။

Avengers သရုပ္ေဆာင္ေတြရဲ႕ သရုပ္ေဆာင္ေၾကးေတြကို သိရၿပီးေနာက္မွာေတာ့ infinity stone ေတာင္ အဲ့ဒီ့ေလာက္ တန္ဖိုးရိွမွာ မဟုတ္ဘူးလို႔သာ ေတြးမိလိုက္ပါေတာ့တယ္။

Xei

Source: eonline.com

(Unicode Version)

ကမ္ဘာကြီးကို ကယ်တင်ရတာဟာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း စွမ်းစွမ်းတမံ အနစ်နာခံပြီး ကမ္ဘာကြီးကို ကာကွယ်ပေးတဲ့ Avengers စူပါဟီးရိုးတွေရဲ့ သရုပ်ဆောင်ကြေးတွေဟာလည်း မိုးလောက်ကို မြင့်မားနေတာ ဖြစ်ပါတယ်။

Photo: pinterest

Disney က ထုတ်လုပ်လိုက်တဲ့ Marvel စီးရီးရုပ်ရှင်တွေထဲက လေးကားမြောက်ဖြစ်တဲ့ Avengers: End Game ဟာ ပထမရက်သတ္တပတ်မှာတင်ပဲ box office ရဲ့ စံချိန်တွေကို ချိုးသွားပါတယ်။ ရုပ်ရှင်ပြသတဲ့ ပထမအပတ်မှာတင် တစ်ကမ္ဘာလုံးအနေနဲ့ (၁.၂)ဘီလျံဒေါ်လာ ဝင်ငွေရရှိထားပြီး ယူအက်စ် တစ်နိုင်ငံတည်းမှာတော့ ဒေါ်လာ သန်း(၃၅၀) ရရှိထားပါတယ်။

Photo: pinterest

မကြာသေးခင်ကမှ ထုတ်ပြန်လိုက်တဲ့ Hollywood Reporter ရဲ့ အစီရင်ခံစာအရ Avengers: End Game ထဲက သရုပ်ဆောင်အချို့ရဲ့ သရုပ်ဆောင်ကြေးတွေကိုလည်း ဖော်ပြထားပါတယ်။

၂၀၁၀ခုနှစ်က ရုပ်ရှင်ငါးကား စာချုပ်ချုပ်ဆိုခဲ့တဲ့ Chris Hemsworth (Thor) ဟာ Avengers: Infinity War မှာ ပြန်လည်ညှိနှိုင်းပြီးသကာလ ရုပ်ရှင်တစ်ကားကို ဒေါ်လာ(၁၅)သန်းနဲ့ သန်း(၂၀)ကြားမှာ ရရှိတယ်လို့ ဆိုပါတယ်။ အလားတူပဲ ရုပ်ရှင်ငါးကား စာချုပ်ချုပ်ထားတဲ့ Chris Evans (Captain America) ဟာလည်း Chris Hemsworth နဲ့ ကြေးအတူတူပဲ ရရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီကြေးဟာ Chris Evans အတွက်တော့ ဧည့်သည်သရုပ်ဆောင်ခ မပါတဲ့ ကြေးဖြစ်ပါတယ်။ တကယ်လို့ Marvel ရုပ်ရှင်တွေမှာပဲ အခန်းအနည်းငယ် ပါဝင်ရဦးမယ်ဆိုရင် Captain ကို ထပ်ဆောင်းပေးရဦးမှာ ဖြစ်ပါတယ်။

Photo: pinterest

လက်ရှိ Avengers ရုပ်ရှင်တွေမှာ ပါဝင်ပြီး ၂၀၂၀ခုနှစ် ဆိုလိုရုပ်ရှင် ထွက်လာဖို့ရှိတဲ့ Scarlett Johansson (Black Widow) ကတော့ လာမယ့်ဆိုလိုရုပ်ရှင်မှာဆို ဒေါ်လာ သန်း(၂၀)ပတ်ဝန်းကျင် ရရှိနိုင်မယ်လို့ ဆိုထားပါတယ်။

Photo: pinterest

Tony Stark အဖြစ် သရုပ်ဆောင်ထားတဲ့ Robert Downey Jr. ကတော့ Iron Man ရုပ်ရှင်အားလုံးမှာ ဆက်တိုက်သရုပ်ဆောင်လာခဲ့တာ ၂၀၀၈ခုနှစ်တည်းကဖြစ်လို့ ဆယ်စုနှစ်တစ်ခု ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Robert ဟာ နောက်ပိုင်းမှာ studio chief ဖြစ်သူ Kevin Feige နဲ့ ညှိနှိုင်းခဲ့ပြီး ရုပ်ရှင်ရဲ့အမြတ်ငွေပေါ် မူတည်ပြီး ရာခိုင်နှုန်းနဲ့ သရုပ်ဆောင်ကြေးပေးဖို့ သဘောတူခဲ့ပါတယ်။ Infinity War ရုပ်ရှင်အပြီး Robert ရရှိတဲ့ အနုပညာကြေးဟာ အနည်းဆုံး ဒေါ်လာ (၇၅)သန်း ရှိပါတယ်။ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spider-man: Homecoming ရုပ်ရှင်မှာ သုံးရက်တည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒေါ်လာ (၁၅)သန်း ရရှိခဲ့တာကလည်း အံ့သြစရာတော့ မရှိတော့ပါဘူး။

Avengers သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ကြေးတွေကို သိရပြီးနောက်မှာတော့ infinity stone တောင် အဲ့ဒီ့လောက် တန်ဖိုးရှိမှာ မဟုတ်ဘူးလို့သာ တွေးမိလိုက်ပါတော့တယ်။

Xei

Source: eonline.com

 

RELATED ARTICLES

Most Popular