HomeCelebs Update NewsInternational(၅၄)နှစ်ပြည့်သွားပေမယ့် မပြယ်တဲ့အလှနဲ့ လှပနေဆဲ မင်းသမီးကြီး Salma Hayek 

(၅၄)နှစ်ပြည့်သွားပေမယ့် မပြယ်တဲ့အလှနဲ့ လှပနေဆဲ မင်းသမီးကြီး Salma Hayek 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့ မင်းသမီးချောတစ်လက်ဖြစ်တဲ့ Salma Hayek ဟာ မနေ့က စက်တင်ဘာလ(၂)ရက်နေ့မှာ အသက်(၅၄)နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။ သူမဟာ ပွဲဦးထွက် သရုပ်ဆောင်ဘဝတည်းက ယနေ့အချိန်အထိ အိုမင်းရင့်ရော်သွားတယ်လို့ မရှိဘဲ တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားများစွာနဲ့ ပရိသတ်ရဲ့ ချစ်ခြင်းကို ရရှိနေဆဲ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

သူမဟာ ၁၉၉၀ခုနှစ် အစောပိုင်းကာလမှာ လော့စ်အိန်ဂျလိစ်မြို့ကို စတင်ရွှေ့ပြောင်းလာတည်းက ရုပ်ရှင်ထုတ်လုပ်သူတွေက မျက်စိကျခဲ့ရသူတစ်ယောက် ဖြစ်ပါတယ်။ သူမကို ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် မြှင့်တင်ပေးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ၁၉၉၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Desperado ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Salma Hayek ဟာ အဆိုပါ ဇာတ်ကားမှာ အဲ့ဒီ့ခေတ်အခါက ထိတ်ထိတ်ကြဲ မင်းသား Antonio Banderas နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပြီး ဆွဲဆောင်မှုပြင်းတဲ့ အမျိုးသမီးဇာတ်ကောင်အဖြစ် လူကြိုက်များလာခဲ့သူလည်း ဖြစ်ပါတယ်။

Photo: salmahayek/ Instagram

Desperado ရုပ်ရှင်ရဲ့ အောင်မြင်မှုကြောင့်ပဲ From Dusk Till Dawn ၊ Wild Wild West နဲ့ Dogma စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဆက်တိုက်ဆိုသလို အဓိကဇာတ်ကောင်နေရာကနေ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီလိုနဲ့ ၂၀၀၂ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Frida ရုပ်ရှင်ဇာတ်ကားမှာတော့ မက္ကဆီကန် ပန်းချီဆရာမ Frida Kahlo ရဲ့နေရာကနေ သရုပ်ဆောင်ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ အော်စကာ စံကာတင်ဝင်ခဲ့သလို ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိခဲ့ပါတယ်။

Salma ဟာ သဘာဝအတိုင်း ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ရုံတင်မက အသက်အရွယ် ကြီးရင့် အိုမင်းမှုကိုလည်း နည်းနည်းလေးမှ စိုးရွံ့တုန်လှုပ်မှု မရှိတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ “ကျက်သရေရှိရှိနဲ့ အိုမင်းသွားနိုင်တယ်ဆိုတဲ့ အကြောင်းကို ကျွန်မအမေက သက်သေပြပြီးသားပါ။ အမေရော၊ အဘွားရောက အိုမင်းလာတာကို နည်းနည်းလေးမှ စိုးရွံ့တုန်လှုပ်ကြသူတွေ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ကျွန်မမှာလည်း အိုမင်းသွားမှာကို ကြောက်ရွံ့တဲ့စိတ် မရှိပါဘူး… ” လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက InStyle မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

Photo: salmahayek/ Instagram

အဲ့ဒီ့အင်တာဗျူးမှာပဲ ၂၀၂၀ခုနှစ်မှာ ထွက်ရှိလာတဲ့ Like A Boss ရုပ်ရှင်ဇာတ်ကားအတွက် botox ထိုးဖို့ စဉ်းစားခဲ့ရတဲ့အကြောင်းကို ပြောပြခဲ့ပါသေးတယ်။ Salma ဟာ အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ အလှအပဂုရုကြီး Claire Luna အဖြစ် သရုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ကာရိုက်တာရဲ့ လိုအပ်ချက်အရ ဆံပင်အနီရောင်နဲ့ နှုတ်ခမ်းထူထူတို့ကို ပြောင်းလဲဖို့ ဖြစ်လာခဲ့ပါတယ်။

ကာရိုက်တာကို ပီပြင်စေချင်တဲ့အတွက် သူမအနေနဲ့ လုံးဝမစဉ်းစားခဲ့ဖူးတဲ့ botox ထိုးဖို့ကို ဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ “အရင်က ဒါမျိုး လုံးဝမလုပ်ခဲ့ဖူးပေမယ့် အစကတော့ နှုတ်ခမ်းထူသွားဖို့ကို botox ထိုးဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် botox က ထိုးပြီးသွားရင် ပြန်ထုတ်ဖို့ မဖြစ်နိုင်တဲ့အတွက် filler ထိုးဖို့ကိုပဲ ရွေးချယ်ခဲ့ရပါတယ်… ” လို့ Salma က ဆိုပါတယ်။

Photo: salmahayek/ Instagram

သဘာဝအလှတရားနဲ့ သရုပ်ဆောင်လည်းကောင်းတဲ့ မင်းသမီးကြီးရဲ့ ပုံရိပ်တွေကတော့ ငယ်စဉ်ကအတိုင်းပဲ ညို့ငင်စွမ်းအပြည့်နဲ့ လှပနေဆဲဆိုတာ တင်ပြရင်း … ။

Glasgow

Source: hollywood life

(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕ မင္းသမီးေခ်ာတစ္လက္ျဖစ္တဲ့ Salma Hayek ဟာ မေန႔က စက္တင္ဘာလ(၂)ရက္ေန႔မွာ အသက္(၅၄)ႏွစ္ ျပည့္သြားၿပီ ျဖစ္ပါတယ္။ သူမဟာ ပြဲဦးထြက္ သ႐ုပ္ေဆာင္ဘဝတည္းက ယေန႔အခ်ိန္အထိ အိုမင္းရင့္ေရာ္သြားတယ္လို႔ မရွိဘဲ တည္ၿငိမ္ရင့္က်က္တဲ့ အလွတရားမ်ားစြာနဲ႔ ပရိသတ္ရဲ႕ ခ်စ္ျခင္းကို ရရွိေနဆဲ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။

သူမဟာ ၁၉၉၀ခုႏွစ္ အေစာပိုင္းကာလမွာ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ကို စတင္ေ႐ႊ႕ေျပာင္းလာတည္းက ႐ုပ္ရွင္ထုတ္လုပ္သူေတြက မ်က္စိက်ခဲ့ရသူတစ္ေယာက္ ျဖစ္ပါတယ္။ သူမကို ထိပ္တန္းမင္းသမီးတစ္လက္အျဖစ္ ျမႇင့္တင္ေပးခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားကေတာ့ ၁၉၉၅ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Desperado ႐ုပ္ရွင္ပဲ ျဖစ္ပါတယ္။ Salma Hayek ဟာ အဆိုပါ ဇာတ္ကားမွာ အဲ့ဒီ့ေခတ္အခါက ထိတ္ထိတ္ႀကဲ မင္းသား Antonio Banderas နဲ႔ တြဲဖက္သ႐ုပ္ေဆာင္ခဲ့ရတာ ျဖစ္ၿပီး ဆြဲေဆာင္မႈျပင္းတဲ့ အမ်ိဳးသမီးဇာတ္ေကာင္အျဖစ္ လူႀကိဳက္မ်ားလာခဲ့သူလည္း ျဖစ္ပါတယ္။

Photo: salmahayek/ Instagram

Desperado ႐ုပ္ရွင္ရဲ႕ ေအာင္ျမင္မႈေၾကာင့္ပဲ From Dusk Till Dawn ၊ Wild Wild West နဲ႔ Dogma စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ဆက္တိုက္ဆိုသလို အဓိကဇာတ္ေကာင္ေနရာကေန ကမ္းလွမ္းခံခဲ့ရပါတယ္။ ဒီလိုနဲ႔ ၂၀၀၂ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Frida ႐ုပ္ရွင္ဇာတ္ကားမွာေတာ့ မကၠဆီကန္ ပန္းခ်ီဆရာမ Frida Kahlo ရဲ႕ေနရာကေန သ႐ုပ္ေဆာင္ၿပီး အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုနဲ႔ ေအာ္စကာ စံကာတင္ဝင္ခဲ့သလို ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ႕ ခ်ီးက်ဴးမႈေတြကိုလည္း ရရွိခဲ့ပါတယ္။

Salma ဟာ သဘာဝအတိုင္း ေခ်ာေမာလွပတဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္႐ုံတင္မက အသက္အ႐ြယ္ ႀကီးရင့္ အိုမင္းမႈကိုလည္း နည္းနည္းေလးမွ စိုး႐ြံ႕တုန္လႈပ္မႈ မရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ပါတယ္။ “က်က္သေရရွိရွိနဲ႔ အိုမင္းသြားႏိုင္တယ္ဆိုတဲ့ အေၾကာင္းကို ကြၽန္မအေမက သက္ေသျပၿပီးသားပါ။ အေမေရာ၊ အဘြားေရာက အိုမင္းလာတာကို နည္းနည္းေလးမွ စိုး႐ြံ႕တုန္လႈပ္ၾကသူေတြ မဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ ကြၽန္မမွာလည္း အိုမင္းသြားမွာကို ေၾကာက္႐ြံ႕တဲ့စိတ္ မရွိပါဘူး… ” လို႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက InStyle မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။

Photo: salmahayek/ Instagram

အဲ့ဒီ့အင္တာဗ်ဴးမွာပဲ ၂၀၂၀ခုႏွစ္မွာ ထြက္ရွိလာတဲ့ Like A Boss ႐ုပ္ရွင္ဇာတ္ကားအတြက္ botox ထိုးဖို႔ စဥ္းစားခဲ့ရတဲ့အေၾကာင္းကို ေျပာျပခဲ့ပါေသးတယ္။ Salma ဟာ အဆိုပါ ႐ုပ္ရွင္ဇာတ္ကားမွာ အလွအပဂု႐ုႀကီး Claire Luna အျဖစ္ သ႐ုပ္ေဆာင္ခဲ့ရတာျဖစ္ၿပီး ကာ႐ိုက္တာရဲ႕ လိုအပ္ခ်က္အရ ဆံပင္အနီေရာင္နဲ႔ ႏႈတ္ခမ္းထူထူတို႔ကို ေျပာင္းလဲဖို႔ ျဖစ္လာခဲ့ပါတယ္။

ကာ႐ိုက္တာကို ပီျပင္ေစခ်င္တဲ့အတြက္ သူမအေနနဲ႔ လုံးဝမစဥ္းစားခဲ့ဖူးတဲ့ botox ထိုးဖို႔ကို ဆရာဝန္တစ္ေယာက္နဲ႔ တိုင္ပင္ၾကည့္ခဲ့တယ္လို႔ ဆိုပါတယ္။ “အရင္က ဒါမ်ိဳး လုံးဝမလုပ္ခဲ့ဖူးေပမယ့္ အစကေတာ့ ႏႈတ္ခမ္းထူသြားဖို႔ကို botox ထိုးဖို႔ စဥ္းစားခဲ့ပါေသးတယ္။ ဒါေပမယ့္ botox က ထိုးၿပီးသြားရင္ ျပန္ထုတ္ဖို႔ မျဖစ္ႏိုင္တဲ့အတြက္ filler ထိုးဖို႔ကိုပဲ ေ႐ြးခ်ယ္ခဲ့ရပါတယ္… ” လို႔ Salma က ဆိုပါတယ္။

Photo: salmahayek/ Instagram

သဘာဝအလွတရားနဲ႔ သ႐ုပ္ေဆာင္လည္းေကာင္းတဲ့ မင္းသမီးႀကီးရဲ႕ ပုံရိပ္ေတြကေတာ့ ငယ္စဥ္ကအတိုင္းပဲ ညိဳ႕ငင္စြမ္းအျပည့္နဲ႔ လွပေနဆဲဆိုတာ တင္ျပရင္း … ။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular