HomeCelebs Update NewsInternationalSamuel L. Jackson ရဲ့ Nick Fury အဖြစ် ဆက်လက် သရုပ်ဆောင်နေတဲ့ အကြောင်းရင်း

Samuel L. Jackson ရဲ့ Nick Fury အဖြစ် ဆက်လက် သရုပ်ဆောင်နေတဲ့ အကြောင်းရင်း

Samuel L. Jackson ဟာ Marvel Cinematic Universe ထဲမှာ Nick Fury အဖြစ် သရုပ်ဆောင်လာခဲ့တာ (၁၄)နှစ် ကျော်နေပြီ ဖြစ်ပါတယ်။ Jackson ကတော့ Nick Fury အဖြစ် MCU ရုပ်ရှင် (၁၁)ကားမှာ ပါဝင်ခဲ့ပြီး Phase 4 ထဲက ပရောဂျက်သုံးခုမှာလည်း ပါဝင်လာဦးမယ်လို့ အတည်ပြုထားပါတယ်။ Disney+ က ပြသသွားမယ့် Secret Invasion ဇာတ်လမ်းတွဲနဲ့ The Marvels ၊ Ant-Man and the Wasp: Quantumania ရုပ်ရှင်တို့မှာလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

photo via screenrant

Jackson ဟာ ဟောလိဝုဒ်ရဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး MCU ထဲမှာ ပါဝင်လာခြင်းကလည်း ယခုအချိန်မှာ အောင်မြင်နေတဲ့ MCU ကြီး ဖြစ်လာဖို့အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူများစွာ ဖြစ်စေခဲ့ပါတယ်။ သူ့ရဲ့ Screen Time ကတော့ Cameo လောက်ပဲ ပါဝင်ရတာ ရှိသလို Captain Marvel လိုမျိူး အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ရတာမျိူးလည်း ရှိပါတယ်။

Collider သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ Jackson ဟာ ဘာကြောင့် ဒီလောက် အချိန်အကြာကြီး Nick Fury အနေနဲ့ သရုပ်ဆောင်နေတာလည်း ဆိုတာကို ပြောပြခဲ့ပါတယ်။

“ဒါပေါ့။ Nick fury ကို ကြိုက်တာပေါ့ဗျာ။ သူက စွမ်းအားတွေရှိတဲ့ လူတွေကို ဦးဆောင်နေတဲ့ စွမ်းအားမရှိတဲ့ လူတစ်ယောက်လေ။ ဒီအချက်ကပဲ သူ့ကို ထူးခြားစေတာဗျ။ ကျွန်တော် ကလေးဘဝတုန်းက အချိန်တွေ အကြာကြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ ကမ္ဘာကြီးထဲမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ရတာက တကယ် စိတ်ကျေနပ်ဖို့ကောင်းပါတယ်။ အခုချိန်ထိလည်း ကောမစ်တွေ ဝယ်ပြီး ဖတ်နေတုန်းပါပဲ …”

photo via screenrant

ဒါ့အပြင် Nick Fury အဖြစ် သရုပ်ဆောင်ရခြင်းရဲ့ မှော်ဆန်တဲ့ အချက်ကတော့ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ စူပါဟီးရိုးအဖွဲ့ထဲမှာတောင် သူဟာ ဘောင်မဝင်သလို ခံစားရတာမျိုး မရှိဘူးလို့ ပြောပြခဲ့ပါသေးတယ်။ လောလောဆယ်မှာတော့ Nick Fury နောက်ဆုံးပါဝင်ထားတဲ့ ပရောဂျက်ဟာ Spider-Man: Far From Home ဖြစ်ပြီး Credit Scene မှာတော့ သူဟာ အာကာသထဲကို ရောက်နေတာ မြင်တွေ့ခဲ့ရပါတယ်။ အသစ်ထပ်ထွက်လာမယ့် Phase 4 ပရောဂျက်တွေထဲမှာလည်း Nick Fury ကို ဘယ်လိုပုံစံမျိူး မြင်တွေ့ရဦးမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular