HomeEntertainmentFilmAmerican Horror Story ကို နှုတ်ဆက်ဖို့ ဖြစ်လာနိုင်တယ်ဆိုတဲ့ Sarah Paulson 

American Horror Story ကို နှုတ်ဆက်ဖို့ ဖြစ်လာနိုင်တယ်ဆိုတဲ့ Sarah Paulson 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် အမေရိကန် Horror ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ American Horror Story ရဲ့ ပင်တိုင်သရုပ်ဆောင်ဖြစ်တဲ့ မင်းသမီး Sarah Paulson ဟာ ရှိုးကနေ ထွက်ခွာတာမျိုး ဖြစ်လာနိုင်တယ်လို့ ပြောလာပါတယ်။

အသက်(၄၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Sarah Paulson ဟာ American Horror Story ဇာတ်လမ်းတွဲရဲ့ Season 1 ကနေ လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ Season 10 အထိ တောက်လျှောက် ပါဝင်သရုပ်ဆောင်လာခဲ့သူ ဖြစ်ပါတယ်။ သို့သော်လည်း သူမဟာ ဒီစီးရီးရဲ့ နောက်ဆုံး ဇာတ်သိမ်း Season အထိတော့ ဆက်လက် ပါဝင်သရုပ်ဆောင်နိုင်ဦးမလားဆိုတာ အခုအချိန်မှာတော့ မရေရာတဲ့ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။

Photo via IMDb

ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၅)ရက်နေ့က ‘Watch What Happens Live with Andy Cohen’ ရှိုးကို ဧည့်သည်အဖြစ် လာရောက်တုန်းက ပြောသွားတာ ဖြစ်ပါတယ်။ FX ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေပြီး ဒါရိုက်တာ Ryan Murphy ဖန်တီးထားတဲ့ ဒီရှိုးမှာ သူမရဲ့အနာဂတ် ဘယ်လိုရှိနေတယ်ဆိုတာ မေးမြန်းစဉ်မှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“မသိဘူးရှင့်။ ပြောရရင် ကျွန်မကိုယ်တိုင်တောင် သေသေချာချာ မသိတာ သုံးနှစ်လောက် ရှိနေပြီ။ ကျွန်မထင်တာတော့ ဒါက ကျွန်မရဲ့ နောက်ဆုံး season ပဲ ဖြစ်မယ်ထင်ပါတယ်။ ပြောချင်တာ ကျွန်မလည်း မသိဘူး။ သူက ကျွန်မဆီကို ထူးဆန်းတဲ့ ကာရိုက်တာတွေနဲ့ ရောက်လာတိုင်း ကျွန်မကလည်း လုပ်ကြစို့ဆိုတာမျိုး ဆိုတော့လေ။ အဲ့တော့ အခုက ပထမဆုံးအကြိမ်ပေါ့။ ဘာမှမသိရသေးတာ။ စောင့်ကြည့်ရမှာပေါ့ … ” လို့ Sarah က ဆိုထားပါတယ်။

Photo via IMDb

American Horror Story ဟာ ၂၀၁၁ ခုနှစ်က စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး Season 1 က အစပြုလို့ Sarah ဟာ မတူကွဲပြားတဲ့ ဇာတ်ရုပ်မျိုးစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စုန်းမတစ်ယောက်ရဲ့ ဇာတ်ရုပ်ကနေ ကိုယ်ချင်းဆက်အမွှာဇာတ်ရုပ်အထိ ပီပြင်စွာ သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

တကယ်တော့ Sarah ဟာ ဖန်တီးသူ ဒါရိုက်တာ Ryan Murphy နဲ့ အခြားရှိုးတွေမှာလည်း လက်တွဲ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အဲဒါကတော့ Feud ၊ Ratched နဲ့ American Crime Story တို့ပဲ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်တော့ Impeachment: American Crime Story ဇာတ်လမ်းတွဲထဲမှာ Linda Tripp ဆိုတဲ့ ဇာတ်ကောင်နေရာမှာလည်း ပါဝင်သရုပ်ဆောင်နေပါသေးတယ်။

Photo via IMDb

အများစုကတော့ American Horror Story ဟာ Season 10 မှာပဲ အဆုံးသတ်တော့မယ်လို့ ထင်နေခဲ့ကြပေမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာပဲ FX ရုပ်သံလိုင်းဟာ ဒီရှိုးကို နောက်ထပ် Season (၃)ခု ထပ်မံ သက်တမ်းတိုးထားပါသေးတယ်။ အဲဒါကြောင့် Sarah တစ်ယောက် ပြန်ပါလာဖို့လည်း ဖြစ်နိုင်ချေများစွာ ရှိနေပါသေးတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

နာမည္ေက်ာ္ အေမရိကန္ Horror ဇာတ္လမ္းတြဲတစ္ခု ျဖစ္တဲ့ American Horror Story ရဲ့ ပင္တိုင္သ႐ုပ္ေဆာင္ျဖစ္တဲ့ မင္းသမီး Sarah Paulson ဟာ ရွိုးကေန ထြက္ခြာတာမ်ိဳး ျဖစ္လာနိုင္တယ္လို႔ ေျပာလာပါတယ္။

အသက္(၄၆)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ Sarah Paulson ဟာ American Horror Story ဇာတ္လမ္းတြဲရဲ့ Season 1 ကေန လက္ရွိ ထုတ္လႊင့္ျပသေနတဲ့ Season 10 အထိ ေတာက္ေလၽွာက္ ပါဝင္သ႐ုပ္ေဆာင္လာခဲ့သူ ျဖစ္ပါတယ္။ သို႔ေသာ္လည္း သူမဟာ ဒီစီးရီးရဲ့ ေနာက္ဆုံး ဇာတ္သိမ္း Season အထိေတာ့ ဆက္လက္ ပါဝင္သ႐ုပ္ေဆာင္နိုင္ဦးမလားဆိုတာ အခုအခ်ိန္မွာေတာ့ မေရရာတဲ့ ေမးခြန္းတစ္ခု ျဖစ္ေနပါတယ္။

Photo via IMDb

ဒီအေၾကာင္းကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ(၁၅)ရက္ေန႔က ‘Watch What Happens Live with Andy Cohen’ ရွိုးကို ဧည့္သည္အျဖစ္ လာေရာက္တုန္းက ေျပာသြားတာ ျဖစ္ပါတယ္။ FX ႐ုပ္သံလိုင္းက ထုတ္လႊင့္ျပသေနၿပီး ဒါရိုက္တာ Ryan Murphy ဖန္တီးထားတဲ့ ဒီရွိုးမွာ သူမရဲ့အနာဂတ္ ဘယ္လိုရွိေနတယ္ဆိုတာ ေမးျမန္းစဥ္မွာ အခုလို ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

“မသိဘူးရွင့္။ ေျပာရရင္ ကၽြန္မကိုယ္တိုင္ေတာင္ ေသေသခ်ာခ်ာ မသိတာ သုံးႏွစ္ေလာက္ ရွိေနၿပီ။ ကၽြန္မထင္တာေတာ့ ဒါက ကၽြန္မရဲ့ ေနာက္ဆုံး season ပဲ ျဖစ္မယ္ထင္ပါတယ္။ ေျပာခ်င္တာ ကၽြန္မလည္း မသိဘူး။ သူက ကၽြန္မဆီကို ထူးဆန္းတဲ့ ကာရိုက္တာေတြနဲ႔ ေရာက္လာတိုင္း ကၽြန္မကလည္း လုပ္ၾကစို႔ဆိုတာမ်ိဳး ဆိုေတာ့ေလ။ အဲ့ေတာ့ အခုက ပထမဆုံးအႀကိမ္ေပါ့။ ဘာမွမသိရေသးတာ။ ေစာင့္ၾကည့္ရမွာေပါ့ … ” လို႔ Sarah က ဆိုထားပါတယ္။

Photo via IMDb

American Horror Story ဟာ ၂၀၁၁ ခုႏွစ္က စတင္ထုတ္လႊင့္ခဲ့တာ ျဖစ္ၿပီး Season 1 က အစျပဳလို႔ Sarah ဟာ မတူကြဲျပားတဲ့ ဇာတ္႐ုပ္မ်ိဳးစုံမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ စုန္းမတစ္ေယာက္ရဲ့ ဇာတ္႐ုပ္ကေန ကိုယ္ခ်င္းဆက္အမႊာဇာတ္႐ုပ္အထိ ပီျပင္စြာ သ႐ုပ္ေဆာင္ထားတာလည္း ျဖစ္ပါတယ္။

တကယ္ေတာ့ Sarah ဟာ ဖန္တီးသူ ဒါရိုက္တာ Ryan Murphy နဲ႔ အျခားရွိုးေတြမွာလည္း လက္တြဲ လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ အဲဒါကေတာ့ Feud ၊ Ratched နဲ႔ American Crime Story တို႔ပဲ ျဖစ္ပါတယ္။ လက္ရွိမွာဆိုရင္ေတာ့ Impeachment: American Crime Story ဇာတ္လမ္းတြဲထဲမွာ Linda Tripp ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာလည္း ပါဝင္သ႐ုပ္ေဆာင္ေနပါေသးတယ္။

Photo via IMDb

အမ်ားစုကေတာ့ American Horror Story ဟာ Season 10 မွာပဲ အဆုံးသတ္ေတာ့မယ္လို႔ ထင္ေနခဲ့ၾကေပမယ့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာပဲ FX ႐ုပ္သံလိုင္းဟာ ဒီရွိုးကို ေနာက္ထပ္ Season (၃)ခု ထပ္မံ သက္တမ္းတိုးထားပါေသးတယ္။ အဲဒါေၾကာင့္ Sarah တစ္ေယာက္ ျပန္ပါလာဖို႔လည္း ျဖစ္နိုင္ေခ်မ်ားစြာ ရွိေနပါေသးတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular