HomeEntertainmentFilm2023 မှာ ထွက်ရှိလာဖို့ အတည်ပြုလိုက်တဲ့ Saw 10

2023 မှာ ထွက်ရှိလာဖို့ အတည်ပြုလိုက်တဲ့ Saw 10

နာမည်ကျော် horror franchise တစ်ခုဖြစ်တဲ့ Saw ဟာ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ franchise တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Lionsgate စတူဒီယိုကတော့ Saw 10 ထွက်ရှိလာဖို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ လာမယ့် ၂၀၂၃ ခုနှစ် ဟောလိုးဝင်းပွဲတော်ကာလမှာ ရုံတင်ပြသဖို့ လျာထားကြောင်း သိရပါတယ်။

Saw 10 ကိုတော့ Saw 6 နဲ့ 7 ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Kevin Greutert က ပြန်လည် ရိုက်ကူးပေးသွားမှာ ဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ Saw franchise ရဲ့ ဝါရင့်ဇာတ်ညွှန်းရေးဆရာ Josh Stolberg ကပဲ ရေးသားပေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူတွေကတော့ ပရိသတ်တွေ တောင်းဆိုနေတဲ့အရာကို ပုံဖော်အသက်သွင်းပေးမယ်လို့ ပြောထားပြီး Saw ပရိသတ်တွေရော၊ horror ပရိသတ်တွေပါ နှစ်သက်မယ့် ဇာတ်ကားတစ်ကားအဖြစ် မြင်တွေ့ရမယ်လို့လည်း ပြောထားပါတယ်။

Photo Credit: Twisted Pictures/ Lionsgate Film

ဒါဟာ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ သရုပ်ဆောင်ကြီး Tobin Bell ကို ပြန်လည် မြင်တွေ့ရဖို့ ရည်ညွှန်းတာလား ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ ဇာတ်ညွှန်းရေးဆရာ Stolberg ဟာ Tobin Bell ရဲ့ Jigsaw ပြန်ပါလာနိုင်ချေ ရှိတယ်လို့လည်း ပြောထားတာကြောင့် ရင်ခုန်စရာ ဖြစ်နေပါတယ်။

Saw 10 ကိုတော့ လာမယ့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့မှာ ရုံတင်ပြသမယ်လို့ ကြေညာထားပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular