HomeCelebs Update NewsInternationalအကောင်းဆုံး မင်းသမီးဆုအတွက် Scarlett Johansson ကို Campaign လုပ်ပေးနေတဲ့ Disney

အကောင်းဆုံး မင်းသမီးဆုအတွက် Scarlett Johansson ကို Campaign လုပ်ပေးနေတဲ့ Disney

မကြာခင်တုန်းကပဲ Disney နဲ့ Scarlett Johansson တို့ဟာ Black Widow ရုပ်ရှင်အတွက် တရားစွဲဆိုမှု ပြေငြိမ်းသွားကြပါပြီ။ အခုချိန်မှာတော့ Disney ဟာ Black Widow ရုပ်ရှင်နဲ့ Scarlett Johansson ကို အကောင်းဆုံး မင်းသမီး အော်စကာဆုအတွက် Campaign ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ Scarlett Johansson ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ Iron Man 2 ထဲမှာ Natasha အဖြစ် စတင်ပါဝင်လာခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ Black Widow မှာတော့ သူမရဲ့ အခန်းကဏ္ဍဟာ ပြီးဆုံးသွားခဲ့ပါတယ်။

photo via screenrant

သူမရဲ့ နောက်ဆုံး MCU ရုပ်ရှင်ဖြစ်တဲ့ Black Widow ကတော့ ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေများစွာ ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးမှာတော့ ၂၀၂၁ ခုနှစ် ဇူလိုင် (၉) ရက်နေ့မှာ ရုံတင်နိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ရုပ်ရှင်ရုံမှာရော Disney+ မှာပါ တစ်ရက်တည်း ပြသခဲ့ပြီး အဲ့ဒီအချက်ကြောင့်ပဲ Scarlett Johansson ဟာ Disney ကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း အခုချိန်မှာတော့ MCU ရဲ့ ရုပ်ရှင်အသစ်တွေကို (၄၅) ရက်အကြာမှသာ Disney+ မှာ ပြသနေတာ ဖြစ်ပါတယ်။

Disney ရဲ့ For Your Consideration Webpage မှာတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားတဲ့ MCU ရုပ်ရှင်တွေကို အော်စကာဆုအတွက် Campaign ပြုလုပ်ထားပါတယ်။ အဲ့ဒီထဲမှာတော့ Shang-Chi and the Legend of Ten Rings ၊ Eternals တို့အပြင် Black Widow ရုပ်ရှင်လည်း ပါဝင်နေပါတယ်။ Black Widow ရုပ်ရှင်ကိုတော့ Scarlett Johansson အတွက် Best Actress အတွက် Campaign ပြုလုပ်ထားပြီး Florence Pugh ၊ Olga Kurylenko ၊ Rachel Weisz ၊ David Harbour ၊ O-T Fagbenle ၊ William Hurt နဲ့ Ray Winstone တို့ကိုလည်း Best Supporting Actor နဲ့ Actress အတို့အတွက် Campaign ပြုလုပ်ထားပါတယ်။

photo via screenrant

Black Widow ရုပ်ရှင်ကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Cate Shortland ကိုလည်း Best Director အဖြစ် ထည့်သွင်းထားပြီး Black Widow ရုပ်ရှင်ကိုတော့ Best Picture နေရာတို့မှာ ထည့်သွင်းထားပါတယ်။ Scarlett Johansson ဟာ ဒီဇာတ်ကောင်နဲ့ အော်စကာ ရသွားမလား ဆိုတာတော့ မသေချာပေမယ့်လည်း Disney က သူတို့နှစ်ဦးနှစ်ဖက်ရဲ့ အဆင်မပြေမှုတွေကို ဘေးဖယ်ထားနိုင်ပြီး အခုလို ပြုလုပ်ပေးတာကတော့ ဝမ်းမြောက်စရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular