HomeCharacterScarlet Witch ဟာ ဘာကြောင့် Doctor Strange လို တတိယမျက်လုံး မရခဲ့တာလဲ?

Scarlet Witch ဟာ ဘာကြောင့် Doctor Strange လို တတိယမျက်လုံး မရခဲ့တာလဲ?

Doctor Strange in the Multiverse of Madness ထဲမှာတော့ Doctor Strange နဲ့ America Chavez တို့ရဲ့ Multiverse တခွင် စွန့်စားခန်းတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Wanda ဟာ Darkhold စာအုပ်ကြောင့် Scarlet Witch ဖြစ်သွားပြီး ဗီလိန်ဖြစ်သွားတာကိုလည်း တွေ့ခဲ့ရပါတယ်။ စိတ်ဝင်စားစရာကတော့ Scarlet Witch ဟာ Darkhold စာအုပ်ကို အသုံးပြုခဲ့ပေမယ့် Doctor Strange လိုမျိူး တတိယမျက်လုံးကို မရရှိခဲ့တာပဲ ဖြစ်ပါတယ်။

photo via screenrant

Darkhold စာအုပ်ကတော့ WandaVision ထဲမှာ စတင်ပါဝင်လာခဲ့ပြီး Agatha Harkness က အရင်ဆုံး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဆုံးသတ်မှာတော့ Wanda ဟာ သူမကို အနိုင်ရရှိသွားပြီး Darkhold စာအုပ်ကိုလည်း ရရှိသွားပါတယ်။ အဲဒီနောက်မှာတော့ Wanda ဟာ Dreamwalk ပြုလုပ်ပြီး Multiverse ထဲက သူမရဲ့ကလေးတွေကို ရှာဖွေပါတော့တယ်။ Darkhold ကို အသုံးပြုတာဟာ အလွန်အန္တရာယ်များပြီး အသုံးပြုသူရဲ့ စိတ်ကိုလည်း ပျက်စီးသွားစေပါတယ်။

Darkhold စာအုပ်ကို အသုံးပြုတာကြောင့် Sinister Strange နဲ့ MCU ရဲ့ အဓိက Timeline ရဲ့ Doctor Strange တို့ဟာ တတိယမျက်လုံးတွေ ပွင့်သွားကြပါတယ်။ Agatha နဲ့ Scarlet Witch တို့ကတော့ Darkhold စာအုပ်ကို အသုံးပြုပြီးနောက်မှာ လက်ချောင်းထိပ်တွေ မည်းသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Darkhold စာအုပ်ဟာ Witch တွေနဲ့ Sorcerer တွေအပေါ်မှာ သက်ရောက်မှု မတူညီတာလည်း ဖြစ်နိုင်ပါတယ်။

photo via screenrant

ဒါ့အပြင် Doctor Strange နဲ့ Scarlet Witch တို့ဟာ Darkhold စာအုပ်ကို အသုံးပြုပုံချင်း မတူညီကြပါဘူး။ Scarlet Witch ကတော့ Chaos Magic ကို အသုံးပြုတာကြောင့် Darkhold ရဲ့ ဘေးထွက်ဆိုးကျိုးဟာလည်း မတူညီတာပါလို့ တချို့ပရိသတ်တွေက ဆိုပါတယ်။

Scarlet Witch ကတော့ Chaos Magic ကို အသုံးပြုတာကြောင့်လည်း ဒီရုပ်ရှင်ထဲမှာ Doctor Strange ထက် ပိုမိုစွမ်းအားကြီးနေတာ ဖြစ်ပါတယ်။ Chaos Magic ကြောင့်ပဲ Scarlet Witch ဟာ Darkhold စာအုပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုကို ပိုပြီး ခံနိုင်ရည်ရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လောလောဆယ်မှာတော့ Darkhold ရဲ့ ဒီလိုမတူညီတဲ့ သက်ရောက်မှုအကြောင်းကို MCU က မရှင်းပြသေးပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular