HomeEntertainmentFilmJurassic World Franchise မှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ ပါဝင်လာမယ့် Scarlett Johansson

Jurassic World Franchise မှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ ပါဝင်လာမယ့် Scarlett Johansson

Jurassic World Franchise မှာ သရုပ်ဆောင်ချင်ခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပြီဆိုတဲ့ Scarlett Johansson

လေးကားမြောက် ထွက်ရှိလာမယ့် Jurassic World ရုပ်ရှင်မှာတော့ နာမည်ကျော် မင်းသမီးချော Scarlett Johansson က ခေါင်းဆောင်အနေနဲ့ ပါဝင်သွားမှာ ဖြစ်ပါတယ်။

Scarlett ဟာ Jurassic World နဲ့ Jurassic Park ရုပ်ရှင်တွေရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်ပြီး ဒီ universe ထဲမှာ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ချင်ခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပြီလို့ ဆိုပါတယ်။ Jurassic universe ကို ရူးသွပ်လွန်းသူဖြစ်ပြီး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီရုပ်ရှင်တွေထဲမှာ ပါဝင်ချင်ခဲ့သလို ကားစစချင်း (၁၅)မိနစ်လောက်မှာတင် tay သွားရမယ်ဆိုရင်တောင် ပါချင်တယ်လို့ ပြောထားပါတယ်။

“ဒီ franchise ထဲမှာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပါရဖို့ ကြိုးစားခဲ့တာ ဆယ်နှစ်ကျော်ပါပြီ။ ကျွန်မက Jurassic Park ရဲ့ တကယ့် fan အကြီးစားပါ။ ကျွန်မရုပ်ရှင်ရုံထဲမှာ စကြည့်ဖူးပြီး မှတ်မိနေတဲ့ ရုပ်ရှင်တွေထဲမှာ ဒီကားလည်းပါတယ် …”

“တကယ်ကို စိတ်ဝင်တစား ကြည့်ခဲ့တာ မှတ်မိနေသေးတယ်။ ပြောရရင် အဲ့ကားက ကျွန်မအတွက် ဘဝကိုပြောင်းလဲပေးခဲ့တဲ့ ကားလို့ ပြောလို့ရတယ်။ တကယ့်ကို အံ့ဩမှင်သက်ခဲ့တာပေါ့။ အခုလည်း ဘယ်လောက်ထိ စိတ်လှုပ်ရှားနေလည်းဆိုတာ ပြောတောင်မပြောပြတတ်ဘူး …”

“ကျွန်မက ဒီ franchise ရဲ့ တကယ့် fan အကြီးစားပါ။ ကိုယ့်ကိုယ်ကိုတောင် မယုံနိုင်ဘူး။ ဆွဲဆိတ်ကြည့်ရသေးတယ် …” လို့ Scarlett က ပြောပါတယ်။

Jurassic World 4 ကိုတော့ The Creator နဲ့ Rouge One ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Gareth Edwards ကို ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ ပထမဆုံး Jurassic Park ရုပ်ရှင်နှစ်ကားကို ရေးသားပေးခဲ့တဲ့ David Koepp က ရေးသားပေးမှာ ဖြစ်ပါတယ်။

Jurassic World 4 ထဲမှာတော့ Scarlett Johansson အပြင် Jonathan Bailey ၊ Manuel Garcia-Rulfo ၊ Rupert Friend ၊ Mahershala Ali အစရှိတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်သွားမှာပါ။

Vancouver

Source: THR

RELATED ARTICLES

Most Popular