HomeEntertainmentFilmတကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ အားကစား ရုပ်ရှင်များ

တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ အားကစား ရုပ်ရှင်များ

ဟောလိဝုဒ်ရုပ်ရှင်တွေကတော့ အမျိူးအစားမျိူးစုံ ရှိပြီး အဲဒီထဲမှာ အားကစားတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေလည်း ရှိပါတယ်။ ဒီရုပ်ရှင်တွေထဲမှာတော့ အားကစားတွေအကြောင်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် စိတ်လှုပ်ရှားစရာလည်း ကောင်းပြီး ကြည့်ရှုသူတွေကို စိတ်အပန်းပြေစေမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ အားကစားရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Coach Carter

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ နည်းပြ Carter ဟာ သူတက်ရောက်ခဲ့တဲ့ အထက်တန်းကျောင်းရဲ့ ဘတ်စကတ်ဘောအသင်းကို ပိုမိုကောင်းမွန်လာအောင် ပြုလုပ်ဖို့ ပြန်လာခဲ့ပါတယ်။ သူ့ရဲ့တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ နည်းစနစ်တွေကြောင့် ဒီအသင်းဟာ ဆက်တိုက်အနိုင်ရရှိလာပေမယ့် ကစားသမားတွေရဲ့ ကျောင်းကအဆင့်တွေကတော့ တဖြည်းဖြည်း ကျဆင်းလာပါတယ်။

ဒါကြောင့်ပဲ သူဟာ Championship Season ကို ပိတ်ချခဲ့ပြီး ဒီလုပ်ရပ်ကတော့ ကစားသမားတွေနဲ့ မိဘတွေအကြားမှာ အငြင်းပွားစရာ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Samuel L. Jackson ၊ Channing Tatum နဲ့ Rick Gonzalez တို့ ပါဝင်ထားပါတယ်။

(6) A League of Their Own

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ညီအစ်မနှစ်ယောက်ဟာ ပထမဆုံး ပရော်ဖက်ရှင်နယ် အမျိူးသမီး ဘေ့စ်ဘော League ကို ဝင်ရောက်လာခဲ့ပြီး အောင်မြင်မှုတွေ ရရှိလာဖို့အတွက် ကြိုးစားရုန်းကန်ရပုံတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Hanks ၊ Geena Davis နဲ့ Madonna တို့ ပါဝင်ထားပါတယ်။

(5) The Blind Side

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Michael Oher ဆိုတဲ့ အိမ်ခြေရာမဲ့ လူတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူဟာ အိမ်ခြေရာမဲ့တစ်ယောက်ဘဝကနေ All-American Football ကစားသမားတစ်ယောက် ဖြစ်လာတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Sandra Bullock ၊ Quinton Aaron နဲ့ Lily Collins တို့ ပါဝင်ထားပြီး အော်စကာ(၁)ဆု ရရှိထားပါတယ်။

(4) Money Ball

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Oakland Athletics ဆိုတဲ့ ဘေ့စ်ဘောအသင်းရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့ Billy Beane ဟာ ဘတ်ဂျက်အနည်းငယ်နဲ့ ကစားသမားအသစ်တွေကို အသုံးပြုပြီး သူ့အသင်းကို အောင်မြင်အောင် ဘယ်လို ပြုလုပ်သွားမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Brad Pitt ၊ Jonah Hill နဲ့ Chris Pratt တို့ ပါဝင်ထားပြီး အော်စကာ (၆)ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(3) Remember the Titans

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၇၁ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး အဲဒီကာလဟာ လူဖြူလူမည်း အသားအရောင်ခွဲခြားတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ လူမည်းနည်းပြတစ်ယောက်ဟာ ကျောင်းတစ်ကျောင်းရဲ့ ဘောလုံးအသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်ဖို့ တာဝန်ကျလာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Denzel Washington ၊ Ryan Gosling နဲ့ Hayden Panettiere တို့ ပါဝင်ထားပါတယ်။

(2) The Fighter

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အတွေ့အကြုံ သိပ်မရှိသေးတဲ့ လက်ဝှေ့သမား Micky Ward ရဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့အစ်ကိုကတော့ ပိုပြီးအောင်မြင်ကျော်ကြားတဲ့ လက်ဝှေ့သမားတစ်ယောက် ဖြစ်တာကြောင့် သူဟာ သူ့အစ်ကိုရဲ့ လောင်းရိပ်အောက်က ရုန်းထွက်ပြီး အောင်မြင်မှုတွေ ရရှိလာဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Christian Bale ၊ Mark Wahlberg နဲ့ Melissa Leo တို့ ပါဝင်ထားပြီး အော်စကာ (၂)ဆု ရရှိထားပါတယ်။

(1) Cinderella Man

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လက်ဝှေ့သမား James J. Braddock ရဲ့ အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သူဟာ အကြောင်းကြောင်းကြောင့် အောင်မြင်မှုတွေ မရရှိတော့တဲ့ နောက်မှာတော့ Heavyweight Championship ထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အကြောင်းကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Russell Crowe ၊ Renee Zellweger နဲ့ Paul Giamatti တို့ ပါဝင်ထားပြီး အော်စကာဆု (၃)ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular