HomeCelebs Update NewsInternationalBlack Widow Origin ကို ဘယ်တုန်းကမှ မရိုက်ချင်ခဲ့ဘူးဆိုတဲ့ Scarlett Johansson

Black Widow Origin ကို ဘယ်တုန်းကမှ မရိုက်ချင်ခဲ့ဘူးဆိုတဲ့ Scarlett Johansson

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာခင်မှာ ထွက်ရှိလာတော့မယ့် Black Widow ရုပ်ရှင်ထဲမှာတော့ Natasha ရဲ့ ထူးဆန်းတဲ့ အတိတ်ဘဝကို မြင်တွေ့ရမှာ ဖြစ်ပေမယ့်လည်း ဒီရုပ်ရှင်ဟာ Black Widow ရဲ့ origin မဟုတ်ပါဘူး။ အကြောင်းကတော့ Scarlett Johansson ကိုယ်တိုင်က Black Widow Origin ကို မရိုက်ကူးချင်လို့ပဲ ဖြစ်ပါတယ်။

Natasha ဟာ မူလ Avengers အဖွဲ့ဝင်တစ်ယောက် ဖြစ်တာကြောင့် Phase 1 ကတည်းက ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာ Phase 4 ပြီးဆုံးသွားတဲ့အထိ ဆိုလိုရုပ်ရှင် မရရှိခဲ့တဲ့အပြင် Avengers: Endgame ထဲမှာတော့ သေဆုံးသွားခဲ့ပါတယ်။

photo via screenrant

MCU ရဲ့ ရုပ်ရှင်တွေထဲမှာတော့ Natasha ရဲ့ အတိတ်ဘဝအကြောင်းကို လုံးဝမပြသခဲ့ပါဘူး။ သူမဟာ Avengers အဖွဲ့ဝင် ဖြစ်မလာခင်တုန်းက ရုရှားစပိုင်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး Nick Fury ရဲ့ အယုံကြည်ရဆုံး လျှို့ဝှက်အေးဂျင့်လည်း ဖြစ်ခဲ့ပါသေးတယ်။ သူမဟာ ဘာစွမ်းအားမှ မရှိတဲ့ သာမန်လူသားတစ်ယောက် ဖြစ်ပေမယ့်လည်း ကမ္ဘာကြီးကို ကာကွယ်ဖို့ဆိုရင် ဂြိုဟ်သားတွေနဲ့တောင် တိုက်ခိုက်ဖို့ ဝန်မလေးသူ ဖြစ်ပါတယ်။ ဒါ့အပြင် Infinity War ထဲမှာ ဖြစ်တည်မှုကနေ ပယ်ဖျောက်ခံလိုက်ရတဲ့ သူမရဲ့ မိတ်ဆွေတွေအားလုံးကို ပြန်ခေါ်နိုင်ဖို့ သူ့ကိုယ်သူ အနစ်နာခံသွားသူလည်း ဖြစ်ပါတယ်။

Natasha ဟာ Endgame ထဲမှာ သေဆုံးသွားပေမယ့်လည်း အခုချိန်မှာတော့ သူမရဲ့ ဆိုလိုရုပ်ရှင်ဖြစ်တဲ့ Black Widow ကို ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Natasha ရဲ့ origin မဟုတ်ဘဲ Civil War နဲ့ Infinity War တို့ကြားက အချိန်မှာ ဇာတ်အိမ်တည်ထားပြီး သူမရဲ့ရုရှားမိသားစုနဲ့ ပြန်လည်တွေ့ဆုံတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Screen Rant ရဲ့ ဖော်ပြချက်အရ Scarlett Johansson ဟာ အနာဂတ်ကိုပဲ စောင့်မျှော်နေပြီး ဝေးကွာလှတဲ့ အတိတ်ကာလကို ပြန်မသွားချင်ဘူးလို့ သိရပါတယ်။

photo via screenrant

“Civil War အပြီးနောက်ပိုင်း အချိန်မှာ ရိုက်ကူးတာက ကောင်းပါတယ်။ ကျွန်မတို့ ဘယ်တုန်းကမှ origin ဇာတ်လမ်းကို ရိုက်ကူးဖို့ မရည်ရွယ်ထားပါဘူး။ ကျွန်မကိုယ်တိုင်ကလည်း ဒီလောက်ဝေးကွာတဲ့ အတိတ်ကာလကို ပြန်မသွားချင်လို့ origin ကို မရိုက်ချင်ပါဘူး။ လောလောဆယ်မှာ အတိတ်ကို ပြန်ပြနေပေမယ့်လည်း ကျွန်မကတော့ အနာဂတ်ကိုပဲ မျှော်လင့်နေပါတယ်။ ဒီရုပ်ရှင်ကို ကြည့်ပြီးရင် ရှင်တို့ နားလည်သွားမှာပါ … “

သူမ ပြောသွားတဲ့ စကားထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ အနာဂတ်ကို မျှော်လင့်နေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ MCU ထဲက Natasha ဟာ သေဆုံးသွားပြီ ဖြစ်ပေမယ့်လည်း Scarlett ရဲ့ ပြောစကားအရ ဆိုရင်တော့ Black Widow ရုပ်ရှင်ဟာ တစ်ကားတည်း ပြီးဆုံးသွားမှာ မဟုတ်ဘဲ နောက်ထပ်ရုပ်ရှင်တွေ ထပ်မံထွက်ရှိလာနိုင်ပါတယ်။ သေချာသိရှိဖို့ ဆိုရင်တော့ ဒီရုပ်ရှင်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ Black Widow ႐ုပ္ရွင္ထဲမွာေတာ့ Natasha ရဲ႕ ထူးဆန္းတဲ့ အတိတ္ဘဝကို ျမင္ေတြ႕ရမွာ ျဖစ္ေပမယ့္လည္း ဒီ႐ုပ္ရွင္ဟာ Black Widow ရဲ႕ origin မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ Scarlett Johansson ကိုယ္တိုင္က Black Widow Origin ကို မ႐ိုက္ကူးခ်င္လို႔ပဲ ျဖစ္ပါတယ္။

Natasha ဟာ မူလ Avengers အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္တာေၾကာင့္ Phase 1 ကတည္းက ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သူမဟာ Phase 4 ၿပီးဆုံးသြားတဲ့အထိ ဆိုလို႐ုပ္ရွင္ မရရွိခဲ့တဲ့အျပင္ Avengers: Endgame ထဲမွာေတာ့ ေသဆုံးသြားခဲ့ပါတယ္။

photo via screenrant

MCU ရဲ႕ ႐ုပ္ရွင္ေတြထဲမွာေတာ့ Natasha ရဲ႕ အတိတ္ဘဝအေၾကာင္းကို လုံးဝမျပသခဲ့ပါဘူး။ သူမဟာ Avengers အဖြဲ႕ဝင္ ျဖစ္မလာခင္တုန္းက ႐ုရွားစပိုင္တစ္ေယာက္ ျဖစ္ခဲ့ဖူးၿပီး Nick Fury ရဲ႕ အယုံၾကည္ရဆုံး လွ်ိဳ႕ဝွက္ေအးဂ်င့္လည္း ျဖစ္ခဲ့ပါေသးတယ္။ သူမဟာ ဘာစြမ္းအားမွ မရွိတဲ့ သာမန္လူသားတစ္ေယာက္ ျဖစ္ေပမယ့္လည္း ကမာၻႀကီးကို ကာကြယ္ဖို႔ဆိုရင္ ၿဂိဳဟ္သားေတြနဲ႔ေတာင္ တိုက္ခိုက္ဖို႔ ဝန္မေလးသူ ျဖစ္ပါတယ္။ ဒါ့အျပင္ Infinity War ထဲမွာ ျဖစ္တည္မႈကေန ပယ္ေဖ်ာက္ခံလိုက္ရတဲ့ သူမရဲ႕ မိတ္ေဆြေတြအားလုံးကို ျပန္ေခၚႏိုင္ဖို႔ သူ႔ကိုယ္သူ အနစ္နာခံသြားသူလည္း ျဖစ္ပါတယ္။

Natasha ဟာ Endgame ထဲမွာ ေသဆုံးသြားေပမယ့္လည္း အခုခ်ိန္မွာေတာ့ သူမရဲ႕ ဆိုလို႐ုပ္ရွင္ျဖစ္တဲ့ Black Widow ကို ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ Natasha ရဲ႕ origin မဟုတ္ဘဲ Civil War နဲ႔ Infinity War တို႔ၾကားက အခ်ိန္မွာ ဇာတ္အိမ္တည္ထားၿပီး သူမရဲ႕႐ုရွားမိသားစုနဲ႔ ျပန္လည္ေတြ႕ဆုံတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Screen Rant ရဲ႕ ေဖာ္ျပခ်က္အရ Scarlett Johansson ဟာ အနာဂတ္ကိုပဲ ေစာင့္ေမွ်ာ္ေနၿပီး ေဝးကြာလွတဲ့ အတိတ္ကာလကို ျပန္မသြားခ်င္ဘူးလို႔ သိရပါတယ္။

photo via screenrant

“Civil War အၿပီးေနာက္ပိုင္း အခ်ိန္မွာ ႐ိုက္ကူးတာက ေကာင္းပါတယ္။ ကြၽန္မတို႔ ဘယ္တုန္းကမွ origin ဇာတ္လမ္းကို ႐ိုက္ကူးဖို႔ မရည္႐ြယ္ထားပါဘူး။ ကြၽန္မကိုယ္တိုင္ကလည္း ဒီေလာက္ေဝးကြာတဲ့ အတိတ္ကာလကို ျပန္မသြားခ်င္လို႔ origin ကို မ႐ိုက္ခ်င္ပါဘူး။ ေလာေလာဆယ္မွာ အတိတ္ကို ျပန္ျပေနေပမယ့္လည္း ကြၽန္မကေတာ့ အနာဂတ္ကိုပဲ ေမွ်ာ္လင့္ေနပါတယ္။ ဒီ႐ုပ္ရွင္ကို ၾကည့္ၿပီးရင္ ရွင္တို႔ နားလည္သြားမွာပါ … “

သူမ ေျပာသြားတဲ့ စကားထဲမွာ စိတ္ဝင္စားစရာ အေကာင္းဆုံးကေတာ့ အနာဂတ္ကို ေမွ်ာ္လင့္ေနတယ္ဆိုတာပဲ ျဖစ္ပါတယ္။ MCU ထဲက Natasha ဟာ ေသဆုံးသြားၿပီ ျဖစ္ေပမယ့္လည္း Scarlett ရဲ႕ ေျပာစကားအရ ဆိုရင္ေတာ့ Black Widow ႐ုပ္ရွင္ဟာ တစ္ကားတည္း ၿပီးဆုံးသြားမွာ မဟုတ္ဘဲ ေနာက္ထပ္႐ုပ္ရွင္ေတြ ထပ္မံထြက္ရွိလာႏိုင္ပါတယ္။ ေသခ်ာသိရွိဖို႔ ဆိုရင္ေတာ့ ဒီ႐ုပ္ရွင္ကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular